Sunday, August 29, 2010

MaeSot Overviews (5)

ပြီးခဲ့တဲ့ရက်က စိတ်က အချဉ်ပေါက်ပေါက်နဲ့ မဲဆောက်ကဗျာလေးရေးလိုက်တာ လာဖတ်တဲ့သူတွေက ၀င်နှောသွားတာတွေ့တော့ သဘောကျသွားတယ် ။ ဒါကြောင့် ဒီနေ့တော့ ကျနော်သိသသလောက် ကျနော် မြင်တဲ့အမြင်နဲ့ မဲဆောက်အကြောင်းလေးရေးဖို့စိတ်ကူးမိတယ် ။ မဲဆောက်ဆိုတာနဲ့ ထိုင်း-မြန်မာ နယ်စပ်က မြို့လေးတစ်မြို့ဆိုတာ လူတိုင်းသိကြမှာပါ ။ဘယ်နေရာကိုကြည့်ကြည့်တောင်တွေက ၀ိုင်းနေသလိုနဲ့ ရာသီဥတုလည်း သင့်တင့်မျှတဲ့တဲ့ မြို့လေးတစ်မြို့ပါ ဈေးရောင်းဈေးဝယ်လုပ်လို့ကောင်းတယ် အလုပ်အကိုင်အခွင့်အလမ်းပေါများတယ် ။အရင်တုန်းကတော့ မဲဆောက်မှာ မွန်ပြည်နယ် ကရင်ပြည်နယ်ဘက်က နယ်ခံတွေများပေမယ့် ခုတော့ မြန်မာပြည်အနှံ့ပြားက သူတွေကိုပါတွေ့ရပါတယ် ။

ရောက်စတုန်းကတော့ လူမျိုးရေးခွဲခြားမှုတွေရှိသေးတယ်လို့ထင်ရပေမယ့် နေတာကြာသွားလို့ပဲလားတော့မသိ အဲ့ဒီအစွဲပျောက်သွားတယ် ။ ထိုင်း သူငယ်ချင်းတစ်ချို့ကလည်း ဗမာ တွေဘာတွေလုပ်နေပါဘူး လူချင်းအတူတူပါပဲတဲ့ လေးစားဖို့ကောင်းတယ် ခေတ်လူငယ်တစ်ချို့နဲ့ ခင်မင်ခွင့်ရတာ ကျနော်ကံကောင်းတယ်လို့ပြောရမယ် ။ မဲဆောက်မှာ စက်ရုံလုပ်သားကတော့ အဓိကဖြစ်ပြီး ကျန်တာကတော့အရောင်းဝယ်ပါ ကျောက် ၊ အထည် ၊ စက်ပစ်စည်း နဲ့ စားသောက်ကုန်တွေက အဓိက ကုန်စည်တွေပါ ။မြ၀တီ မဲဆောက်ကို ချစ်ကြည်ရေးတံတားအပါအ၀င် အောက်ဂိတ်လို့ခေါ်တဲ့ လှေနဲ့ ကုန်သည်လို့ရတဲ့ လက်မှတ်အခက်အခဲရှိသောတိုင်းရင်းသားများအတွက် ဖွင့်လှစ်ထားတဲ့ ဂိတ် ၁၇ ဂိတ်ကျော်ရှိပါတယ် (ကျနော်သိသလောက်ပါ ) ။

မဲဆောက်က မြန်မာလုပ်သားများအတွက် အားကိုးအားထားရတစ်ခုတော့ ကျန်းမာေ၇းနဲ့ပက်သက်ရင် အချိန်မရွေးကုသခွင့် ဘတ် ၃၀ ပဲ လတ်မှတ်ခ ပေးရပြီး မတတ်နိုင်၇င်လည်း အလကားလုပ်ပေးတဲ့ မယ်တော်ဆေးခန်းဆိုတာလည်းရှိပါတယ် ။ ကိုယ်ဝန်သည်များ မြန်မာဘက်က ဆေးဖိုးမတတ်နိုင်လို့တကူးတက လာရောက်ကုသကြတဲ့ သူများ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရလို့ လာရောက်ကုန်သသူများနဲ့ အမြဲတမ်းလူများနေတဲ့ ဆေးခန်းတစ်ခုပါ ။မဲဆောက်မှာ မြန်မာ လူသုံးကုန်များ မရှိဘူးဆိုတာမရှိသလောက်ပါပဲ ကွမ်းသီး ၊ ကွမ်းမှအစ မြန်မာဆေးမျိုးစုံလည်းရနိုင်ပါတယ် ။ လုပ်အားခကတော့ ကျနော့်အထင် နည်းကြမယ်ထင်ပါတယ် ကျနော်ဆို စားဖို့သောက်ဖို့ကလွဲပြီး အကြွေးတောင် တင် နေလို့ခက်နေတာ ဟဲဟဲ တော်ပြီး ပြောတော့ဘူး ။ အိမ်အကူ အလုပ်သမားတစ်ယောက်ကို တစ်လ 2000 အများဆုံးပဲပေးကြပါတယ် ဒါကလည်း အပြစ်လို့တော့မဆိုနိုင်ပါဘူး ကြိုက်ရာအလုပ်သမားကို အချိန်မရွေးခေါ်နိုင်တော့ သူဌေးတွေက သိပ်အလေးမထားတာလည်းပါ ပါတယ် ။

မြန်မာစကားကို မွှတ်နေအောင်တတ်တဲ့ ထိုင်း တွေနဲ့ ထိုင်းစကားကို အရည်ကျိုသောက်မတတ်ပြောနိုင်တဲ့ မြန်မာတိုင်းရင်းသားမျိုးစုံလည်းရှိပါတယ် တစ်ချို့ဆိုထိုင်းကျောင်းပါနေခွင့်ရတဲ့သူတွေရှိပါတယ် ။ မဲဆောက်မှာ လာအလုပ်လုပ်ကြရင်း ဒီမှာပဲ ညားကြ ပြီးတော့ ခလေးတွေရကြရင် အဲ့ခလေးတွေက ထိုင်းစကားကို မြန်မာစကားထပ်ပိုကျွမ်းကျင်သွားတာတွေ့ရပါတယ် ။ ယဉ်ကျေးမှုချင်းကတော့သိပ်ကွာခြားတယ်ပြောလို့မရပေမယ့် ကျနော်တို့လူမျိုးတွေဆိုရင် ဘုန်းကြီးကြွလာတယ်ဆိုရင် နိမ့်တဲ့နေရာမှာဆင်းထိုင်ပြီး အရိုသေပေးကြပေမယ့် ဒီမှာကတော့ ဘုန်းကြီးလည်း ခုံပေါ်ထိုင် သူတို့လည်း ခုံပေါ်ထိုင် ပြီးရင်လက်အုပ်လေးချီပြီးတရားနာတာလောက်ပါပဲ ဘာသာရေးထပ် ဘုရင်ကိုကိုးကွယ်မှုလွန်ကဲနေတဲ့ စနစ်လို့ထင်ပါတယ်။ အနောက်တိုင်းရဲ့ လွှမ်းမိုးမှုကြောင့်ပဲလားတော့မသိ ချစ်ေ၇းချစ်ရာများ အိမ်ထောင်ေ၇းတွေကတော့ ကိုယ်တွေစိတ်နဲ့လုံးလုံးဆန့်ကျင်နေတာပါပဲ မြန်မာအမျိုးသမီးတစ်ယောက် ရည်းစားများရင် ရပ်ကွက်ထဲမှာ ပြောစရာတွေဖြစ်ပေမယ့် ဒီမှာကျတော့ ဘယ်သူကမှ အရေးမထားတဲ့ ဖြစ်ရပ်မျိုးကိုတွေ့ရပါတယ် ။

အပေါ်က စရိုက်မျိုးကို ဘယ်လိုနေရာမှာထင်ထင်ရှားရှားတွေ့ရသလဲဆိုတော့ အိမ်ထောင်ရှိလျှက်နဲ့ နောက်ရည်းစားထားရင် အဲ့အသုံးနှုန်းကို ““ကစ်””လို့ခေါ်ပါတယ် (ဘာကစ်တာလဲတော့မသိ ) အဲ့ ““ကစ်”” ထပ် နောက်ထပ်တစ်ယောက်ဆိုရင် “ကာ့” လို့ခေါ်ပါတယ်တဲ့ ။ ပြီးတော့ တရားဝင်လူသိရှင်ကြားလပ်မထပ်သေးကြပေမယ့် တူတူနေတဲ့သူတစ်ချို့ကိုလည်း တွေ့ရပါတယ် တရားဝင်ယောက်ျားကို “ ဖူဝယ်” ၊ တရားဝင်ဇနီးကို “မြား ” လို့ခေါ်ဆိုကြပြီး မင်္ဂလာမဆောင်ရသေးပဲတူတူနေကြသူတွေကိုတော့ “ဖန် ” ချစ်သူ လို့ပဲ သတ်မှတ်ကြတာကို ထူးထူးခြားခြားတွေ့ရပါတယ် ။ပညာရေးစနစ် ကိုလည်း အစိုးရကအများကြီးထောက်ပံ့ထားပေမယ့် ထိုင်းကျောင်းသားတွေက ကျနော်ကတော့ ညံ့တယ်လို့ထင်ပါတယ် အထက်တန်းအောင်ထားတဲ့ အလူုပ်ကသူငယ်ချင်းတစ်ယောက်ဟာ Happy Birthday ကိုတောင် မှန်အောင်မပေါင်းနိုင်တာဟာလည်း ထူးခြားဖြစ်စဉ်တစ်ခုပါပဲ ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မိခင်မွေးရပ်မြေမဟုတ်ပေမယ့် နွေးနွေးထွေးနွေးအမြဲကြိုဆိုပေးနေတဲ့ မဲဆောက် မြို့ ကလေးကို ကျနော်ကတော့ချစ်ပါတယ် နောက်များလည်း အဆင်သင့်ရင် ဆက်ရေးပါအုံးမယ် နောက်ထပ်လည်း ရေးစရာတွေအများကြီးရှိပါသေးတယ် ကြက်ပေါင်အကြောင်း အပါအ၀င်ပေါ့ ။မဲဆောက်မြို့ ပုံတစ်ချို့ကိုတော့ ကျနော့်ဆြာ ကိုသင်္ကြန်ရိုက်ထားတဲ့ ပုံတွေကို တင်ပေးလိုက်ပါတယ် အားလုံးကျေးဇူး ။




ကားဂိတ်၊ ဆိုင်ကယ်ဂိတ်တွေဆိုက်တာနဲ့ မြင်ရတဲ့ မဲဆောက်ဈေးအ၀င်ဝပုံပါ ။
မဲဆောက်စာတိုက်ပါ ဒီပုံကိုကြည့်ပြီး ဓာတ်ပုံရိုက်တော်တဲ့ ဆြာ့ကိုလေးစားသွားတယ် ကျနော်သာရိုက်ရင်တစ်ပိုင်းပဲပေါ်မှား)
မဲဆောက်ဆေးရုံပါ အစိုးရဆေးရုံမဟုတ်တော့ ဈေးကြီးတယ်လို့ကြားဖူးတယ် ။
မဲဆောက်မှာ ထိုင်းတရုတ်တွေလည်းများပါတယ် ဒီပုံကတော့ မြို့လယ်က တရုတ်ဘုံကျောင်းပါ ။
အာရှလမ်းမပေါ်မှာရှိတဲ့ မဲဆောက်ပန်းခြံပါ ။
ပန်းခြံအ၀င်ဝ
မဲဆောက်ဈေးအနီးတစ်နေရာ မြေညီထပ်တွေကို ဆိုင်ခန်းဖွင့်ထားကြတာများပါတယ် ။





7 comments:

မိုးခါး said...

တချို့ပုံတွေက မန်းလေးလိုလို ဘာလိုလိုနော် ..း)

မေပယ်လ် said...

အမယ်..
တယ်ဟုတ်ပါလားဟ အကိုရ...။
စာတစ်ပုဒ်ဖြစ်အောင် အဆင်ပြေပြေ
ရေးတတ်နေရင် နောက်ဆို အိမ်တွင်း
ရေးလေးပါ ရေးပေးနော်.:P
ပုံလေးတွေကို ထည့်ပြသွားတာလဲ
ပညာသားပါတယ်.။

ချစ်ကြည်အေး said...

မဲစောက် မရောက်ဖူးသေးဘူး အလည်လာချင်တယ်၊ ချင်းမိုင်က တဆင့်လာရမယ် ထင်တယ်နော်... အမျိုးသား အလုပ်က ခွင့်ယူဖို့ ခက်လွန်းလို့... ကြိုစီစဉ်မှ ရတာလေ....

နေ၀သန် said...

မရောက်ဖူးတဲ့ မြို့လေးမို့ စိတ်ဝင်စားဖို့ကောင်းတယ် ကြောင်မျိုး...း)))


ခင်မင်တဲ့
နေ၀သန်

blackroze said...

မဲဆောက်တော့မရောက်ဖူးသေးဘူး
Hot Pot ဆိုင်တွေရောမ၇ှိဘူးလား..
မဲဆောက်မှာလေ...ယိုးဒယားHot pot
အရမ်းစားကောင်းလို့ပါ..

Anonymous said...

မဲဆောက်က ဓါတ်ပုံတွေကိုတွေ့ရတာ မဲဆောက်မြန်မာဘုန်းကြီးကျောင်းပုံ လေးတွေလဲ တင်ပေးစေချင်တယ်.....

Unknown said...

p8b87z4q62 t2m24x2x63 x0d94r9j77 e4t79h1x61 f5l96q7t47 q4r55m5f94

LinkWithin

Related Posts Plugin for WordPress, Blogger...