Friday, August 13, 2010

အဆင်မပြေလိုက်ပုံများကတော့

အဆင်မပြေလိုက်ပုံများကတော့ မြ၀တီ မဲဆောက် တံတား ပိတ်လိုက်တည်းက ကိုယ့်အနာဂတ်က ရေပေါ်ကို လမ်းလျှောက်ရသလိုပါပဲ ။ လခက မရေမရာ ဘော့စ်ကလည်း အလုပ်သစ်ရှာရင် ရှာကြတော့တဲ့ ပြုံးစိစိနဲ့ တကယ်ပြောတာလားမသိတော့ မချိသွားဖြဲနဲ့ “ဟဲဟဲ ” လုပ်လိုက်ရတယ်။ အလုပ်က ၄ ရက်ဆက်ပိတ်တော့ အိမ်ပြန်ကြတဲ့သူတွေများတယ် သူတို့က နီးနီးနားနားဆိုတော့လည်းကောင်းတာပေါ့လေ ကိုယ့်မှာသာ တစ်ယောက်တည်းဘယ်သွားရမှန်းလည်းမသိ။ စိတ်ညစ်ညစ်နဲ့ ညက စိမ်ထားတဲ့ အ၀တ်တွေ လျှော်ဖို့ လုပ်တော့ အရမ်းကြိုက်တဲ့ အင်္ကျီအဖြူလေးက အနီရောင်ကိုဖြစ်လို့ ဟမ်း ဆေးရောင်ကျမယ့် အ၀တ်သစ်ကလည်းတစ်ထည်မှမရှိပါဘူးလို့ ဘယ်ဟုတ်မလဲ အကြမ်းပုဆိုးက ဆေးရောင်တွေ ခုထိကျတုန်း အော် ပြည်တွင်းဖြစ် ပြည်တွင်းဖြစ် ...................။

တစ်နေ့ညက ယောကျာ်းဆိုတာ မလုပ်ဖူးတာမရှိရဘူးတဲ့ အဲ့စကားကြားဖူးတာပဲ အဲ့ ပေါက်ကရတွေ လိုက်လုပ်တာမဟုတ်ဘူးနော် ထိုင်းသူငယ်ချင်းတွေနဲ့ မြို့ပြင်မှာရှိတဲ့ ညကလပ်ကိုရောက်သွားတယ် ။ အာပါးပါးအလန်းတွေ လန်းလွန်းလို့ မျက်လုံးတွေပြာကုန်တယ် ဘီယာလောက်ပဲ သောက်တတ်တဲ့ကိုယ် အရက်ပြင်းကြီးတွေမော့ရတာလည်ချောင်းတွေပါနာတယ် ။ သီချင်းကလည်း မြူးတော့မြူးတယ် ဒါပေမယ့် တစ်လုံးမှနားမလည်တဲ့သီချင်းတွေ သူငယ်ချင်းတွေကတော့ မူးမူးနဲ့ ကလိုက်ကြတာ ကိုယ်တစ်ယောက်တည်း ငေါင်တောင်တောင် ။ ညာဘက်ဝိုင်းက ပန်းရောင် ဂါဝန်တိုလေးဝတ်ထားတဲ့ တစ်ယောက်က ကိုယ့်ကို စွေကြည့် စွေကြည့်နဲ့ မိုက်တော့မိုက်တယ်ဗျး) ကြိုးပျောက်နဲ့ တာ့တာ့ လှမ်းပြတယ် ဘာရယ်မဟုတ်ဘူး တာ့တာ့ပြန်ပြလိုက်တယ် ခဏနေတော့ ဖုန်းထိုးပေတယ် “ အလိုင်နား ” ဆိုတော့ ဖုန်းနံပါတ်တဲ့ ချောက်တွန်းတာ သူငယ်ချင်းဖုန်းနံပါတ်ကြီး နှိပ်ထည့်ပေးလိုက်တယ် ။

နောက်နေ့ ရုံးရောက်တာနဲ့ သူငယ်ချင်းက ဆဲလိုက်လေခြင်း ဘာဖြစ်လို့လဲဆိုတော့ ပန်းရောင် ဂါဝန်တိုလေး က အခြောက်ကြီးတဲ့ သိမှမသိတာ မသိဘူးလို့ ငါကမင်းအကြိုက်ပုံလေးဆိုတော့ မင်းဖုန်းနံပါတ်ပေးလိုက်တာ ပြောလိုက်တယ် ။ အဲ့ကိုသွားတာ သတင်းကြားသွားတဲ့ ဘော့စ်က အကျင့်တွေ ပျက်နေင်္ပြီး ချောင်ချောင် သတိထားတဲ့ “ခပ် ” လို့နာခံလိုက်တယ်း) ။
ပိတ်ရက်မှာ အိပ်လိုက် စားလိုက် လုပ်ရတာများတော့ အားနည်းနေလို့ ဈေးကြီးပေးရတဲ့ ငှက်သိုက်ဗူး ဖောက်သောက်တာ တောသားဆိုတော့ မဖွင့်တတ်ဘူးရယ် ဓားတွေနဲ့ ကလော် ကပ်ကြေးတွေနဲ့ ကလော် ဘယ်လိုမှမပွင့် ညာလက်ခလယ် လက်ထိပ် ဓားထိသွားကော ဓားထိသွားမှပဲ လှည့်ဖွင့်ကြည့်တာ လွယ်၂ပွင့်သွားတယ် အော် ဖြစ်ရလေ စောနက အသားကုန် ကလော်ထုတ်နေတော့ မပွင့်ဘူး အခုကျတော့ ပွင့်တယ် ခု နာနာနဲ့ လက်ညှိုးနဲ့ လက်မပဲ သုံးပြီး ပို့စ်အသစ်မတင်ရတာကြာတော့
လာတင်တာ ဘလော့ဂါလုပ်ရတာမလွယ်တာ ဘာတဲ့ ဟိုအစ်ကိုကြီးပြောတဲ့ ရင်လှိုက်ပိုးလား ရင်ကိုက်ပိုးလား အဲ့ပိုးက မသေတော့လည်း ကိုယ့် ဒွတ်ခ ကိုယ်ရှာပေါ့ ။

ပျင်းလို့ ကိုရီးယား ကားတွေကြည့်မလို့ လုပ်တာ ကွန်နက်ရှင်ကနှေးနေတယ် ကြည့်မရ ။ ဒါနဲ့ပဲ ချစ်သူဆီကိုပို့ဖို့ ကဗျာတွေ အင်တာနင်က ခိုးကူးမလို့ လိုက်ကြည့်နေတုန်း စိတ်ကြိုက်တွေ့တဲ့ ကိုလင်းဒီပ ဆီက ကဗျာလေး ကူးမလို့ လုပ်တုန်း ဘောပင်အသစ်ကြီးက မှင်မထွက်ဘူး ***** တက်နင်းချပစ်လိုက်တယ် အဲ့လောက်တောင် လွဲချင်အုံးး မိုးအေးအေးနဲ့ တက်အိပ်တာပဲကောင်းတယ် ။



8 comments:

ယွန်း said...

ဟဟဟ.. ရီလိုက်ရတာ ... ဖြစ်ရမယ်.. :p

Anonymous said...

ဟ ဟာ ဟားးးးးးးးးးးးးးP

Unknown said...

:))

ချစ်ကြည်အေး said...

တော်တော်ရီရတဲ့ မောင်မျိုး၊ ပန်းရောင်လေးက အခြောက်ကြီးလား...ဟဟ မတ်ပလိုင်ခ... အစိုလေး လာအုံးမှာပါလေ....:P

သက်ဝေ said...

ထင်တယ်... ထင်တယ်...
ခေါင်းစဉ်ဖတ်လိုက်ထဲက တို့ မောင်မျိုးတယောက်တော့ တခုခုတော့
လွဲပြန်ပဟ လို့... ငှက်သိုက်ဗူး ဖေါတ်နေတဲ့ပုံကို တွေးပြီး ရယ်သွားတယ်...

အားကုန်ရင် ငှက်သိုက် မသောက်ရဘူး...
ပျားအုံကို တုတ်နဲ့ထိုးရတယ် ဟ...း))

blackroze said...

ပန်းရောင်လေးကအခြောက်ဆိုပါလား
မောင်မျိုးရေ...သတိထားနော်..တော်ကြာ
ဒွတ်ခဖြစ်နေမယ်..ဟင်းဟင်းဟင်း :P

emayarKhin said...

ဖြစ်တတ်ပါတယ်..တိုတိုမောင်မျိုးရယ်..။။

nyein nyein chan kyaw said...

လွဲချက်ကတော့ ကမ်းကုန်ပါပဲလား... ဖြစ်တုန်းကတော့ သူဘယ်လိုခံစားရတယ် မသိပေမယ့် ဖတ်ရတာတော့ တော်တော်ရယ်ရတယ်....

LinkWithin

Related Posts Plugin for WordPress, Blogger...