Friday, August 27, 2010

လွှတ်ချခွင့်ပြုပါ အမေ

သို့ /
အမေ

အမေချစ်တဲ့သား အမေ့ကိုချစ်တဲ့သား အဝေးတစ်နေရာမှာ ခလုတ်တိုက်တော့အမိတဆိုသလို အခုဖြစ်နေပြီး လျှောက်နေတဲ့လမ်းမှာ ခဏခဏ ခလုတ်တိုက်မိနေလို့ ခြေလှမ်းတွေကို လှမ်းဖို့ တောင်ကြောက်နေမိပြီး ရှေ့ဆက်ရမှာလည်း ပျော်စရာတွေ စတေးရမယ်ဆိုတာ သိနေတယ် နောက်ဆုတ်သွားရင်ကော ကျနော်တို့ လို လူတန်းစားတွေအတွက်မရှိမဖြစ်အရာတွေ ရှားပါးမယ့်နေရာ မစဉ်းစားချင်တော့လောက်အောင် ခေါင်းထဲမီးတောက်နေပြီး အခုတော့ အလယ်တည့်တည့်မှာရပ်နေတုန်းပါ ။ ရွာနွားက မြက်ရွာနွားမစားချင်လို့  မြက်နုရာကိုလာခဲ့မိတာ သိလားအမေ ဒီနေရာမှာ သူ့ ထက်ငါ ဗိုလ်လုပ်ချင်ကြတဲ့ကျားရဲတွေပေါတယ်ဆိုတာ လျှင်သူစားကြေးဆိုတဲ့ ၂၁ ရာစုခေတ်ကြီးပေါ့။ မြှောက်ပင့်တယ် ဆွဲချတယ် အဆင်းဘီးတပ်တယ် ခြေထိုးခံတယ် နဂါးမျက်စောင်းတွေ ပေါသလို အစွယ်တစ်မြှားမြှားနဲ့  ဆင်ရိုင်းတွေလည်းပေါတယ် ဒီတောနက်ကြီးထဲမှာ ကျနော်က ဘာအစွမ်းစမှမရှိတော့တဲ့ ယုန်သူငယ်တစ်ကောင်ပါပဲ........။

ဘ၀ဆိုတာ သမ၀ါယမ ခေတ်ကလို ဆပ်ပြာတစ်တုံးလိုချင်ရင် အပ်ချည်ဆွေးဆွေးတစ်လုံးပါတွဲယူရတယ်တဲ့ မှန်လိုက်တဲ့စကား ကျနော်သိလိုက်တဲ့ ဘ၀ ဆိုတာကတော့ ပြောင်းလဲမှုပေါင်းများစွာပေါင်းစုနေတဲ့ အက္ခရာလေး ၂ လုံး သူက ဘ၀ ပေါ့ .။ အခု ကျနော် နေထွက်လာတာလည်းမသိဘူး နေ၀င်သွားတဲ့ ညနေခင်းကိုလည်းမခံစားတက်ဘူး နာရီတွေလည်နေတာလည်းကျနော်နဲ့ မဆိုင်သလို။ အဖေ က အမေ့ကိုပြောဖူးတဲ့ စကား “ နင့်သားက ပျော့မလိုလိုနဲ့  မာပါတယ် အဖွားကြီးရယ်” တဲ့ ဟုတ်လား အမေ ကျနော်လည်း ကိုယ့်ကိုယ်ကို အဲ့လိုပဲထင်မိခဲ့တာ တကယ်မဟုတ်မှန်း အခုမှကျနော်သိတော့တယ် ။ နွေ မိုး ဆောင်း ဥတုသုံးပါးစလုံး ရိရွဲရွဲ ခမောက်ကိုစောင်း တစ်နာရီပြည့်အောင် မနားဖူးတဲ့ မောတယ် စိတ်ညစ်တယ်လို့  မပြောဖူးဘူး တဲ့ အသက် ၆၀ နီးပါး အဖေ ကိုမှ အားမနာ ကျနော်က အခုမောနေမိပြီး..။ ကိုယ်မထင်မှတ်ထားတဲ့ အခြေတစ်ခု ဘွား ခနဲ ပေါ်လာတဲ့အခိုက် ရင်ဆိုင်လိုက်ရတာ အသက်ရှူရပ်မတက်ပဲ။ “ အမေ မသေသေးခင်တော့ နင်တို့ ကိုရှာကျွေးနိုင်ပါသေးတယ်” အမေ့စကား အမေရှိရင် ငွေရှိတယ် အချိန်တန်ရင်တော့ အိုးထဲမှာ ပေါ်ဆန်းမဟုတ်ပေမယ့် ထမင်းပူပူလေးတွေကတော့ ရှိမြဲပါ။

တကယ်တော့ လက်ငါးလုံးစာလောက်ပဲရှိတဲ့ ကျနော့်အစာအိမ်က တစ်နေ့ မှ ထမင်း ၂ နပ်ပဲစားတာလေ ပိုပြီးလည်းမစားနိုင်ပါဘူးဗျာ ကိုယ့်အစာ ကိုယ်ရှာစားမှပဲ မြိုချလို့ ကိုမရတော့လောက်အောင် စိတ်ဓာတ်တွေက......................။ ဘယ်သူ့ ကိုမှတာဝန်မယူနိုင်ပေမယ့် ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်မယ်ဆိုတဲ့ မာနတွေ အခုတော့ ပျောက်ရှပြီး အားတွေလည်းပြတ်လို့ ပေါ့ အမေရာ ကျနော် သိပ်ပျော့ညံ့သွားသလားးး ရေခြားမြေခြားဆိုရင် သားက ဖျားဖျားချင်လာပြီး မေတ္တာတွေလည်းငတ်နေပြီး လူပေါင်း သန်း ၆၀ ကျော်တောင် ရှားပါတယ်ဆိုတဲ့ နေရာမှာ အသက်ရှင်နိုင်သေးတာပဲ ကျနော့်တစ်ယောက်တည်းအတွက်တော့ ပိုပြီးရှားနေတော့မယ်မထင်။ဒီ့ထက်လည်း ဘ၀မှာဒုက္ခမရောက်တော့ပါဘူးလို့ ထင်မိတာပဲ ။ကျနော်ကအမေ့အတွက် သား ရတာနာ ဖြစ်သွားရတဲ့အတွက်တော့ ပြောစရာစကားတွေမရှိတော့ပါဘူးလေ ဒီတစ်ခါတော့ သားဆွဲထားရတဲ့ အထုတ်ကြီးတစ်ထုတ်ကို လွှတ်ချခွင့်ပြုပါ အမေ.........။


ဘယ်လိုမှကို
ပြောမပြတတ်အောင်ပါပဲ................

ဒီတော့လည်း
ပြောပြမနေတော့ဘူး
ပြန်လာရင်ပြဖို့တော့
အထပ်ထပ်ထုပ်သိမ်းထားလိုက်တယ်
ရှင်းရောပေါ့.............

အဲသလိုပါပဲ
အမေ့ကိုလွမ်းတဲ့အမေ့သားက
တစ်ခါတစ်လေတော့လည်း
လွမ်းရေးထက် ၀မ်းရေးပိုခက်နေတယ် ။







11 comments:

လင်းဒီပ said...

ဒီဥစ္စာ အရင်ဘလောဂ်မှာ တင်ပြီးသား မဟုတ်လား ။ ဖတ်ဖူးတယ် ....။

မောင်မျိုး said...

သိရင် တိတ်တိတ်နေး)

ဒီအစ်ကိုကြီး ဘာမှရေးချစ်စိတ်မရှိလို့ အဟောင်းတွေပြန်တင်ပါတယ်ဆို

မေပယ်လ် said...

လာ..တူတူကစို့
လွမ်းနေပြီလား
လာ..တူတူငိုစို့
လွှတ်ချလိုက်ပြီလား
လာ...တူတူပေါ့ပါးစို့

Anonymous said...

စာဖတ်သူတွေက စာကျေတယ်နော်

စာရေးတဲ့သူ ကောင်းကောင်းနေပါ

:P said...

မနိုင်ရင် ၂ ခါခွဲသယ် သားရယ်....

Anonymous said...

အင်း ပြန်တင်တော့လဲ ပြန်ဖတ် အမေ့ကို သတိရသွားပြန်တာပေါ့ဗျာ... အားလုံး အဆင်ပြေပါစေ


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

အစ်ကို ဘာ အထုပ်ကြီးလဲ ?
ပိုက်ဆံထုတ်ကြီးဆိုရင်တော့ လွတ်ချဖို့စာရေးမနေလောက်ပါဘူး :P ဆိုင်ရောက်သွားရောပေါ့ :P

မိုးယံ said...

ငါ့သားကြီး မောနေရင် လွတ်ချလိုက်ပါတော့ကွယ်။

ငါ့သား ဘ၀ကို အဒိတ်ပါယ် ဖွင့်တာမှားနေပြီထင်တယ်။
တစ်ကယ်တော့သားရယ် ဘ၀ဆိုတာ

ဘ = ဘီယာ
ဝ = ၀က်နံရိုးကင်
ဘ၀ = ဘီယာနဲ့ဝက်နံရိုးကင်ပါကွယ်

ဟီဟိ

ငြိမ်းချမ်းပါစေ
သယ်ရင်းမိုးယံ

ကိုအောင်(ပျူနိုင်ငံ) said...

လွှတ်တော့မချပါနဲ့ တနေ့နေ့တော့ ကုန်ဆုံး
လွန်မြောက်သွားမှာပါ။

Anonymous said...

အစားအတွက် အသက်မရှင်နဲ့ အသက်ရှင်ဖို့အတွက်ပဲ စားပါတဲ့.....

အော် အော် လူ့ဘ၀ လူ့ဘဝ

နေ့အိပ်မက် said...

ဟိုးငယ်ငယ်က လွှတ်ချလိုက်ရမလား ဆိုတဲ့ သရဲပုံပြင်ကိုသွားသတိရတယ်။ လွှတ်ချလိုက်၊ လွှတ်ချလိုက် :P

LinkWithin

Related Posts Plugin for WordPress, Blogger...