Saturday, August 7, 2010

စာ



ရိုးသားမှုတွေနဲ့ ထင်ဟပ်နေ ၊
ချစ်စရာ ပုံရိပ်လေးတွေကို မြင်ယောင်မိတယ်
အားကိုလိုမှုတွေနဲ့  မလှပတဲ့ လက်ရေး
မှင်ရောင်တွေကစုံလင် ၊
ခြစ်ရာ ဖျက်ရာတွေနဲ့  ကြိုးကြိုးစားစား ရေးလိုက်တဲ့စာ..............................။




(၁)
ချစ်ရသော ဦးသားလေး ..........
သတိရစွာဖြင့် သား စာရေးလိုက်ပါတယ် ဦးသားလေး နေကောင်းရဲ့လား အလုပ်အကိုင်ကောအဆင်ပြေရဲ့လား ..........
အဖေ နဲ့  အမေ စကားကိုလည်း သားနားထောင်ပါတယ် စားလည်းကြိုးစားတယ် ကျောင်းပိတ်ရက်တွေမှာ ဆိုင်မှာအရင်က ဦးသားလေး အလုပ်တွေကို သား နဲ့  ကိုကြီးက ၀ိုင်းလုပ်ပါတယ်။ သားတို့  မိသားစုလည်း နေကောင်းပါတယ် သားစာကြိုးစားပြီး ပညာတက်ကြီးဖြစ်ရင် အဖေ အမေ နဲ့  ဦးသားလေး ကို ပြန်ရှာကျွေးပါ့မယ်။
ဦးသားလေး အလုပ်အဆင်ပြေပါစေလို့  သား ဆုတောင်းလိုက်ပါတယ် ။ ကျောင်းတွေ ဖွင့်တော့မယ်လေ ဦးသားလေး သားကို နာရီ ၊ ဖိနပ် အ၀တ်စားတွေ ၀ယ်ပေးလိုက်နော် မ၀ယ်ပေးလိုက်ရင်လည်း ဦးသားလေး မအားလို့  မ၀ယ်ပေးနိုင်တာ ဖြစ်မှာပါ။

သတိရစွာဖြင့်
( ******** )

( ၂)
ဦးသားလေး မီး စားရေလိုက်တယ်။
ဦးသားလေး နေကောင်းပါစေလို့  ဆုတောင်းပါတယ်။
အမေ ပြောတော့ ကျောင်းတက်ရင် ထီးအသစ်လေး နဲ့  ဂါဝန်အသစ်လေးတွေ ၀ယ်ပေးမယ်ဆိုပြီး မ၀ယ်ပေးသေးဘူး လွယ်အိတ်ကလည်း ပြဲနေပြီး ဦးသားလေး မီး ကို ၀ယ်ပေးလိုက်နော် ။
မီး ...ဒါပဲပြောမယ် ။
(********* )

အပေါ်က စာနှစ်စောင်ကတော့ တစ်နေ့ က လူကြုံနဲ့  အိမ်က တူလေး နဲ့  တူမအငယ်ဆုံးလေး ကျနော့်ဆီကို ရေးလိုက်တာပါ လက်ရေးလေးတွေက မလှမပ ၊စာလုံးပေါင်းတွေကလည်းမှား ၊ ဖျက်ရာတွေနဲ့  စာရွက်ကလည်း ပေလူးနေတာပဲး) ပြီးတော့ ထမင်းလုံးနဲ့  ကပ်ပြီး သူတို့ ရဲ့ ချစ်လှစွာသော ဦးသားလေး ကို အားကိုးတစ်ကြီးနဲ့  ပို့ လိုက်တာလေ ဖတ်ပြီး ရယ်နေရတာ အရမ်းပဲ စာလုံးပေါင်းလေးတွေ ပြင်ပြီး သူတို့ ရေးလိုက်တဲ့အတိုင်း အမှတ်တရအနေနဲ့ တင်လိုက်တာပါ ။ ဒီနှစ်မှ (၁၀) တန်းတက်မယ့် တူအကြီးဆုံးက ရည်းစားထားတက်နေပြီးတဲ့ ဦးလေး ဆီကို စာရေးဖို့ တောင်သတိမရတော့ဘူးလို့  အစ်မ ကပြောတယ် ။ တယ်တော်တဲ့ ငါ့တူပါလားဟ ဦးလေးနဲ့  များကွာပါ့ ပြန်မှ နားရင်းကို (၃) ချက်လောက် အုပ်ပစ်လိုက်အုံးမယ် ဟဲဟဲ ငါတောင်မရသေးဘူး မင်းက ထားစရာလား ( မနာလိုတာ ) ဦးလေးဆိုတဲ့ ပါဝါက နည်းတာမှတ်လို့  နိုင်လို့ ရတဲ့သူကိုပဲနိုင်ရတာလေး) ။





ပြန်စာ။ ။ ခလေး တို့ ရေ့ အခုတော့ ဦးသားလေး လည်း ငတ်ပြတ်နေလို့  နောက်တော့ ပို့ ပေးလိုက်မယ်နော့်း)

8 comments:

Anonymous said...

တူတူမလေးတွေ ရဲ့ စာ က ချစ်စရာ ကောင်းလိုက်တာ... သူတို့ လေးတွေက ငယ်သေးတော့
ပူဆာထားတာတွေ က တော်သေးတယ် ... အမ တူ က
လိုချင်လို့ မှာတဲ့ပစ္စည်းက အိုင်ဖုန်း ဖိုး ဖြစ်ဖြစ် .. သရီးဂျီအက်စ် ဖြစ်ဖြစ် တဲ့ ... ဒုက္ခ ကိုယ် တောင် မသုံးနိုင်သေးဘူး...း)

လင်းဒီပ said...

ဦးသားလေးဆီ အဲလို စာရေးပြီး... အဲ... email ပို့ပြီး ပူဆာဦးမှ..။ :P

:P said...

ဒီမယ်ဦးသားလေး...
ဦးသားလေး ပြင်ပေးလိုက်တဲ့သတ်ပုံက သားတို့ မီးတို့ ရေးလိုက်တဲ့သတ်ပုံထက် ပိုမှားနေပါတယ်...ဟင်းဟင်း


sdl

khin oo may said...

:D

blackroze said...

အော်..ဦးသားလေးရဲ့ပြန်စာကလည်းနော်
ဒွတ်ခပါဘဲ...
ကလေးတွေဖတ်ပြီးငိုကုန်တော့မှာဘဲ..လေ

nu-san said...

ကလေးတွေ ပူဆာထားတာလေး ဖတ်ရတာ အမတော့ ကြည်နူးလိုက်တာ.. မောင်မျိုးကတော့ မျက်ခုံးတွေ လှုပ်နေမှာပဲ.. :D ဦးသားလေးရယ်.. လခထုတ်ရင် ၀ယ်ပို့ပေးလိုက်ပါနော်.. :)))

အမမှာ တူဝမ်းကွဲလေး တစ်ယောက်ရှိတယ်.. အခုမှ သူငယ်တန်း တက်ရတာပါ.. ပူဆာရင် သိန်း ၃၀ လောက်ပို့ပေးပါ ဟန်းဖုန်းဝယ်ချင်လို့ ဆိုပဲ.. အိမ်ကို ၀င်ထွက်နေတဲ့ လူကြီးတွေ ကိုင်တာ မြင်ဖူးတော့ ပူဆာတတ်တာ ပြောပါတယ်.. ဘေးကလည်း သင်ပေးလားတော့ မပြောတတ်ဘူး... အမကတော့ နင့်ကို ငါ သိမ်းထားတဲ့ ပိုက်ဆံ ၃၀ ပေးမယ်လို့ ပြောလိုက်တယ်.. :D

ShwunMi- said...

သတိရလို့ စာရေးတယ်ပဲ အောက်မေ့လိုက်ပါ ဦးသားလေးရယ် =)

ywartharlay-ytu said...

ဘမျိုးဘိုတူ ချိုကလေးနဲ့တဲ့

ဦးသားလေးက ဒီလောက်မှားမှတော့ ကလေးတွေလည်း တန်းစီ မှားတော့မပေါ့

LinkWithin

Related Posts Plugin for WordPress, Blogger...