Wednesday, June 30, 2010

သူငယ်ချင်း ပေးတဲ့ ကဗျာ

ပြောလက်စ စကားတွေမကုန်ခင်
ရေးလက်စ စာတွေမဆုံးခင်
ဆိုလက်စတေးသွားလေး မဆုံးခင်
ဆွဲလက်စ စုတ်ချက်တွေ မပီပြင်သေးခင်
ငါတို့တွေ ဝေးဝေးသွား…။
သူငယ်ချင်းရေ …
ကျန်းမာရေးဂရုစိုက်ပါ
နွေးနွေးထွေးထွေးနေပါ
အစားအသောက်ဆင်ခြင်ပါ။
မင်းအားငယ်နေတဲ့အခါ
ငါပြောဘူးတဲ့ စိတ်အဟာရဆေးတွေကိုတိုက်ကျွေးပါ။
မင်းဘေးမှာငါမရှိလည်း ငါပြောခဲ့တဲ့စကားတွေက
အရိပ်လိုမင်းဘေးမှာရှိနေတယ်။
မင်း
ဖမ်းဆုပ်လိုက် အားငယ်နေတာတွေ ပျောက်ရှသွားအောင်
ရှုရှိုက်လိုက်ပါ။
ဘ၀ဆိုတာက
ဝိုင်းကြီးပက်ပက်လေ
ငါတို့တွဲခဲ့တဲ့လက်တွေဖြုတ်မချသ၍
ဘ၀က ဒူဝေေ၀ဖြစ်နေမှာပဲ။
မင်းနဲ့ငါက
ခဏလေးဝေးတာပါ
မင်းရင်မှာငါဆိုတဲ့
အတ္တကြီးတဲ့ကောင်လေးရှိနေသလို။
ငါ့ရင်မှာလည်း အရမ်းအားငယ်တတ်တဲ့
ချစ်ဖို့ကောင်းတဲ့
သူငယ်ချင်းလေးရှိနေရဲ့လေ။
တစ်ခါတစ်ခါ
သံယောဇဉ်တွေကိုစည်းကမ်းပိုပိုချတတ်တဲ့ငါက
မင်းထင်သလို မင်းအပေါ်သံယောဇဉ်တွေ
လျှော့သွားမှာမဟုတ်ပါဘူးကွာ
ငါက ၂၄ နာရီပတ်လုံး
အဆင်မပြေမှုတွေနဲ့ထွေးလုံးရစ်ပတ်
ဝေဒနာနဲ့ ခံစားချက်တွေက
နှံပြည်စုတ်နဲ့ မိုးကောင်းကင်လိုမမျှတဘူး
ကြေကွဲဖြစ်တိုင်း
နာကျင်မိတိုင်း
တစ်ကိုယ်တော်အဆွေးသီချင်းတွေဟစ်ဟစ်အော်
ငါ့လည်ချောင်းတွေလည်းကွဲရှနေခဲ့ပြီ
ပြောလက်စစကားတွေမကုန်ခင်
နေ၀င်ဆည်းဆာကပိုလို့တောက်ပလာရဲ့
သူငယ်ချင်း
မင်းနဲ့ငါက
ပေတီးတူတူ မလှိမ့်ဘူးပါဘူး
သရေကွင်းလည်းတူတူမပစ်ဘူးပါဘူး
တူတူပုန်းတမ်းလည်းမကစားဘူးပါဘူး
ဒါပေမဲ့..
ငါ့နံနက်ခင်းတိုင်းမှာမင်းရှိတယ်
ညနေခင်းတိုင်းမှာလည်း မင်းတွဲခိုတယ်
ညခင်းတိုင်းမှာလည်း မင်းကလင်းရှင်းတယ်
ငါ့အပေါ်မင်းအရိပ်တွေက ထီးလိုမိုးထားရဲ့ဆိုတာ
မင်းယုံကြည်ပါ။
ငယ်ငယ်တည်းက
နှုတ်ဆက်လက်ပြဖို့ဆိုရင်မဆိုင်ရဲခဲ့တဲ့ကောင်က
နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရမယ်ဆိုတော့
တုန်လှုပ်နေခဲ့တာကိုမင်းသိမှသိပါလေစ။
ငါ့ကိုခွှင့်လွှတ်ပါ...
ငါမင်းကိုဘယ်တော့မှနှုတ်မဆက်ဘူး။
သွားမှာသာသွားပါ
မင်းစိတ်ချလက်ချသွားပါ
မင်းကျောခိုင်းခဲ့တဲ့အရပ်ကနေ
မင်းကျောပြင်ကိုငေးရင်း
ငါမင်းအတွက်ဆုတောင်းပေးနေမယ်။
မင်းခြေချတဲ့အရပ်မှာ
မင်းခြေထောက်ကိုအောင်မြင်မှု့တွေကညင်သာစွာနမ်းရှိုက်ပါစေ..
အောင်မြင်မှု့တွေက ထွေးပွေ့နှုတ်ဆက်နေပါစေ
အောင်မြင်မှု့တွေက သီးပွင့်ဝေဆာနေပါစေ...
တစ်စုံတစ်ရာက မင်းအတွက်ကံကောင်းခြင်းတံခါးကို
အဆင်သင့်ကြိုဖွင့်ထားပါစေ...
အဲ့ဒီလိုနဲ့ငါတို့
ပြောလက်စစကားတွေမကုန်ခမ်းခင်
ရေးလက်စ စာကြောင်းတွေမဆုံးခင်။
လိုက်ကာက ကျလုပြီ
ဆည်းဆာကခမ်းလုပြီ..
မင်းကျောခိုင်းမဲ့ဟော့ဒီအရပ်မှာ
မင်းအတွက် ဆုတောင်းပေးနေမဲ့သူငယ်ချင်းများစွာ
မင်းကိုစိတ်ချလိုက်ပါရစေဆိုတဲ့
အကြင်နာမျက်ဝန်းပေါင်းများစွာ။
သူငယ်ချင်းရေ…..
မင်းကိုငါ နှုတ်မဆက်တော့ဘူး။
ငါတို့တွေပြန်ဆုံမဲ့တစ်နေ့မှာ
ငါတို့တွေ အောင်မြင်မှု့တွေနဲ့သီးပွင့်ဝေဆာရင်း
အပြုံးတွေဖလှယ်။
မင်းကိုငါဘယ်လောက်လွမ်းကြောင်း
ငါ့ကိုမင်းဘယ်လောက်သတိရကြောင်း
အဲ့ဒီလိုပေါင်းခံရင်း...
ပခုံးချင်းဖက်ရင်း
လက်ဆွဲနှုတ်ဆက်ရင်း အမိမြေရဲ့ရှင်းသန့်တဲ့လေကို
မင်းနဲ့အတူတူ
တစ်ဝကြီးရှုရှိုက်ကြပါဦးမယ်။
ငါ ……
နှုတ်မဆက်တော့ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။ ။




အရမ်းခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရေးပေးတဲ့ ကဗျာလေးပါ သူငယ်ချင်းဆို တာ အရင်းကနေ အဖျားထိချိုတဲ့ ကြံနဲ့တူပါတယ် ပျော်ရွှင်နေတဲ့အချိန် ကျနော့်အတွက် ဟာသဇတ်ကားတစ်ကားမလိုပါဘူး ။ စိတ်ပျက်အားငယ်နေတဲ့ အချိန် သူငယ်ချင်းရဲ့ အပြုံးတစ်ချက် ကျနော့်ပခုံးပေါ်တင်လိုက်တဲ့ သူရဲ့လက်တွေကြားမှာ ကျနော် အားတက်ခဲ့ဖူးတယ် ။ အဆင်ပြေရဲ့လားလို့ စိုးရိမ်တကြီးမေးတတ်တဲ့ အားပေးစကားတွေကြားမှာ ယိုင်နဲ့သွားတဲ့ ခြေထောက်တွေ ပြန်ပြီးတည့်မတ်ခဲ့ဖူးပါတယ် ။ ဘ၀တကွေ့မှာကျနော်တို့ဆုံခဲ့တယ် တနေ့နေ့တချိန်ချိန် တနေရာရာမှာ ပြန်ဆုံနိုင်ဖို့ မျှော်လင့်မိပါတယ် ကျေးဇူးပါ သူငယ်ချင်းရေ ။

Sunday, June 27, 2010

မိုးရာသီဇတ်လမ်း

မိုးရာသီအမှတ်တရတွေကတော့ အများကြီးပါ ခင်ရတဲ့ ညီလေးရှင်းသန့်က ထူးထူးဆန်းဆန်း မိုးရာသီအကြောင်းရေးပေးပါတဲ့ တဂ်တယ်လည်းမဟုတ် ကြောင်တောင်တောင် အဲ့ကောင်လေးကြောင့် ငယ်ဂုဏ်လေးတွေဖော်ရတော့မှာပေါ့။

ရွာမှာတုန်းက မိုးရာသီဆို လယ်ကွင်းတွေက ရေတွေကိုပြည့်လို့ ကျွဲကျောင်းသွားတဲ့ အစ်ကို့နောက်လိုက်လိုက်သွားတယ် ပြီးတော့ ချောင်းနက်နက်ကြီးထဲမှာ ရေမကူးတက် ကူးတက်နဲ့ သစ်တုံးကြီးတစ်တုံးတက်ခွပြီး ကိုယ့်ကိုယ်ကို ရေကူးချန်ပီယံပေါ့ အမြင်မတော်တဲ့ ရွာက အသိလူကြီးတစ်ယောက်ယောက်က ပြန်တိုင်လိုက်၇င်တော့ အိမ်ရောက်တာနဲ့ ညီအစ်ကိုနှစ်ယောက် ဆော်ခံထိတော့တာပဲ ။ မိုးအေးအေးမှာ အမေ့နားဝင်ကွေးပြီး အမေ့ကိုဖက်ထားရတဲ့ အရသာလောက် ဘယ်တော့မှ မချိုမြိန်ဖူးပါဘူး အမေ့ရဲ့ ကိုယ်ငွေ့နံ့ သနပ်ခါးနံ့ ပြီးတော့ စောင်ကြမ်းကြီးရဲ့ထိရှမှု အခုနေ ပြန်တမ်းတမိပါရဲ့ ။

မိုးရေဖွေးဖွေး လယ်ကွင်းကြားတွေထဲ ကျနော်တို့ သူငယ်ချင်းတစ်စု ခရုကောက်ထွက် ပြီးတော့ ခုလိုမိုးဦးမှာထွက်တတ်တဲ့ မျှစ်တွေကို လိုက်တူးရတာလည်း ပျော်စရာတစ်မျိုးပါ ။ ကျောင်းသားဘ၀ရောက်လာတော့ ဖိနပ်ကြီးတဘလက်ဘလက်နဲ့ လုံချည်နောက်ခြမ်းတစ်ခုလုံး ဗွက်တွေစင်အောင် လမ်းလျှောက်တတ်လို့ ဆူခံရတာလည်း ခဏခဏပါပဲ ။ မိုးတွင်းမှာ ပျော့စိစိ ချွဲကျွိကျွိတွေမြင်ရင် ခဏခဏ နေမကောင်းဖြစ်တတ်လွန်းလို့ အမေက မကြာမကြာ မှာတယ် “ မိုးကရွာရွာ မရွာရွာ အဲ့ထီးကိုဖွင့်စောင်းထား စိတ်ထင့်တဲ့နေရာဆို အဲ့ထီကိုကွယ်ပြီးလျှောက် ” တဲ့ ။ အဲ့လို မိုးတွင်း အကျင့်ပါသွားပြီး ထီးကို ငိုက်ငိုက်စောင်း လမ်းလျှောက်မိတဲ့ အဆောင်ကနေ ကျောင်းတလျှောက် သူ့ကိုယ်သူ တော်တော်ချောနေတာကျလို့ လို့ပြောခံရပေါင်းလည်းများပြီး ။



ဟိုးလွန်ခဲ့တဲ့ ၈ နှစ်ကျော်ကျော်က မိုးတွင်းဘက်မှာ မာမားပြုတ်ပူပူလေး တထုတ်ပြုတ်ပြီး လွန်းထားထားရဲ့ အချစ်ဝတ္ထုတွေဖတ်တတ်တဲ့ ကျနော်က ခုလို မိုးညတစ်ညမှာတော့ ကီးဘုတ်ပေါ်မှာ အသက်မပါတော့တဲ့ လက်ကွက်တွေကို ပျင်းဆွဲဆွဲရိုက်ရင်း မိုးသံတွေကို နားစွင့်နေလေရဲ့ မိုးမိုးဘာလို့ရွာ ဖားအော်လို့ရွာ ဖားဖား ဘာလို့အော် ဈေးဦးမပေါက်လို့အော် အဲ့ ဟုတ်ပါဘူး အကြွေးမရလို့အော်း) ။မိုးရာသီသီချင်းတွေ မိုးရာသီဇတ်လမ်းတွေကို သဘောကျပေမယ့် မိုးတွင်းဆိုအပြင်ထွက်ရမှာတော့ ပျင်းပါ့ စောင်ခြုံထဲကွေး ပြီးတော့ ခေါင်းအုံးကြီးရင်ဝယ်ပိုက်လို့ ချစ်သူကိုတမ်းတ လွမ်စ နွမ်းလျှစွာနဲ့ ခလော ခလော အဲ့လို အိပ်ပျော်သွားပါတယ်ခင်ဗျား :P ။

ရှင်းသန့်ရေ............ရေးပြီးပြီးနော် မင်းပြောတဲ့ အတိုင်း မကြီးမိုင်ရာ ကို ဆက်ရေးခိုင်းလိုက်ဆိုတဲ့အတိုင်း ဒေါ်မိုင်ရာရေ နင်ပျင်းတာ ငါသိပေမယ့် ခလေးစိတ်ချမ်းသာအောင် မိုးရာသီအချစ်ဇတ်လမ်းလေးတစ်ပုဒ်လောက် လုပ်လိုက်စမ်းပါ ကြာသလားလို့ နော့် သယ်ရင်း :)

တကျော့ပြန်

စကားလုံးတွေဆွံ့အ
ထုံကျင်နေတဲ့ရင်ခွင်နဲ့
ပျော်စရာကမ္ဘာလေးကိုတောင် သော့ခတ်ပစ်လိုက်မိတယ်။
ဟုတ်သား....ကိုယ့်ဘ၀ ကိုနားမလည်မိတော့လည်း
နောင်တတွေသာ တပွေ့တပိုက်
အောက်တန်းစားက အောက်တန်းစား စိတ်ဓာတ်ကိုပိုင်ဆိုင်
မဖြူရတဲ့အထဲ မဲညစ်ညစ်အရည်တွေ သွန်းလောင်းပြီး
အဖြုထည်ပါလို့ ဟန်ရေးပြဖို့
တစ်ကျော့ပြန် ကွင်းပြင်ထဲ ဆင်းခဲ့ပြန်ပြီး.
ဘာမှမဖြစ်ခဲ့သလို ဘာမှမခံစားရသလို
ဟန်ဆောင်လက်စနဲ့ပဲ
အရင်တုန်းကလို ဟီးဟီးဟားဟား
ငိုနေတဲ့ မျက်ဝန်းတွေကို မျက်မှန်မဲကြီးတပ်ပစ်လိုက်တယ်။
မင်းဘာကောင်လဲ မောင်မျိုး
ဒီတပ်ထဲမှာ အားလုံးက (၃)ပွင့်ကြီးပဲ
ရိုးရိုးတပ်သားလောက်နဲ့တော့ ပါဝါမပြချင်နဲ့
ဖက်ထိပ်သွားလိုက်အုံး ပြန်လာရင် ပဲဟင်းနဲ့ ဘရိတ်ဒန့်ကပစ်လိုက်
ချွေးထွက်သွားရင် အားလုံး ကောင်းသွားလိုက်မယ်





အရင်တုန်းက ငယ်စိတ်လေးနဲ့ ရေးခဲ့ဖူးတဲ့ ကဗျာလေးပါ တခါခါ သူငယ်ချင်းတွေကို သတိရရင် ရခဲ့ဖူးတဲ့ ကော့မန့်လေးတွေကို ပြန်ပြန်ဖတ်ဖြစ်တယ် ပြီးတော့ မေ့သွားကြတဲ့ ခွဲခွာသွားကြတဲ့ သူတွေကိုအလွမ်းပြေပေါ့ ခင်မင်မှုတွေစစ်မှန်ရင် တစ်နေ့နေ့တော့ ပြန်ဆုံးအုံးမှာပါ ။ အမှတ်တရ ရခဲ့ဖူးတဲ့ ကော့မန့်လေးတွေပါတင်လိုက်ပါတယ် ။





Blogger မောင်ရှင်းသန့် said...

ကိုကြီးမျိုး ဖက်ထိပ် ပြန်ဆင်းပြီပေါ့ ဟဲဟဲ ........ ။ အားလုံး က သုံးပွင့်ချည်း ပဲဆိုပါလား ....... ။ ငါ့အကိုကြီးလည်း လိုချင်ရင်ပြောနော် ကျနော် စစ်ကိုင်းက အော်ဒါမှာ ပေးမယ်။ အပွင့် တင်မဟုတ်ဘူး အခက်တွေရော...... အခိုင်တွေရော ဟီဟိ ။

February 14, 2009 10:27 AM
Blogger SoeMoe said...

(၃)ပွင့်များ..... :P

February 14, 2009 10:34 AM
Anonymous မမသီရိ said...

ငိုစရာ ရှိရင် ငိုလိုက် တော့ လဲ..
ပြီးသွား တာပါ ပဲ ကွာ..
မျက်မှန်မဲ ကြီး နဲ့တော့ လှမဲ့ ပုံ မမြင်...း(...

February 14, 2009 10:51 AM
Blogger Welcome said...

အထက်နဲ့အောက် ဆိုတာ သဟဇာတ မဖြစ်တတ်ပါဘူး၊ အမြဲ ပဋိပက္ခပါပဲ
အဆင်ပြေအောင် နေနိုင်ပါစေဗျာ

February 14, 2009 10:55 AM
Anonymous Anonymous said...

ကြောင်စုတ်ကြောင်နာ.. ဒိုင်းဒိုင်း...
တစ်ခုခုစိတ်ဆိုးပြီး ပိတ်တာကိုများ ဘလော့ပျက်သွားတာတဲ့...ဟွန်း....နာမယ်...။
အောက်တန်းစားလို့ ကိုယ့်ကိုယ်ကိုယ် မရေးစမ်းပါနဲ့....
အဲဒီစကားလုံးက မောင်ရင့်လို သာမည်ညောင်ည
အတွက်မဟုတ်ဘူး.....ငှင်းငှင်း......။

sdl

February 14, 2009 10:56 AM
Blogger khinmyatnwe said...

အဲဒီအပွင့်တွေ...လိုရင်ပြော..
ဆူးလေပါတ်ဝန်းကျင်မှာ..အော်ဒါမှာလို့ရတယ်..
လမ်းညွန်ပေးမယ်...နောက်တာ...
ကိုယ့်ပျော်စရာ..ကမ္ဘာကို..
ိုဘယ်တော့မှသော့မခတ်နဲ့..
ဟင်းးးးးးးးငိုတာများအဆန်းမှတ်လို့...
Fatigue များများလုပ်ပေးတော့...
ကိုယ်ခံအားကောင်းတာပေါ့လို့...
ဟုတ်ဘူးလား...
ဆက်လုပ်...ရဲဘော်...

February 14, 2009 10:57 AM
Blogger sin dan lar said...

ဒီ နောက်ခံရောင်ကြီး.... လှဝူးးးး

sdl

February 14, 2009 10:57 AM
Anonymous mtj said...

ညီတော်မောင်
ဘလော့ဂ်ပြန်ဖွင့်လိုက်ပီပေါ့။ ကောင်းတယ် ညီလေး။
လောကမှာ ဘာကြီးဖြစ်ဖြစ် ချီးမွန်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက် ပါပဲ။
စိတ်ထဲ ဒါဏ်ရာ တခုခု ဖြစ်သွားချိန်မှာ ခံစားရတာတော့ ဓမ္မတာပါပဲ။
ဘာမှ အားငယ်စရာမလိုဘူး ၀မ်းနည်းစရာ မလိုဘူး။

ညီကို အကို တစ်ယောက်အနေနဲ့ ပြောချင်တာလေးတွေရှိတယ်။
ညီက ထိရှလွယ်တယ်။ ခံစားလွယ်တယ်။
ဒါပေမယ့် ညီ တကယ်တန်းမှာ အရာအားလုံးဟာ ထင်သလောက် မဟုတ်ပါဘူး။
ဥပမာ။ လွန်ခဲ့တဲ့ တစ်လ လောက်က ညီမှာ ၀မ်းသာစရာ ဖြစ်ဖြစ် စိတ်ဆိုးစရာ ဖြစ်ဖြစ်
တခုခု ဖြစ်ခဲ့တယ် ဆိုပါတော့ .... အခုချိန်မှာ အဲဒီ ကိစ္စကို ပြန်စဉ်းစားကြည့်ရင် အဲဒီအချိန်ကလောက် မခံစားရတော့မှာ အသေအချာပဲ။
ဒါကြောင့်ညီရေ အသေးအမွှားကို အလေး မထား စမ်းပါနဲ့။

February 14, 2009 11:01 AM
Anonymous Anonymous said...

ဘာတွေဖြစ်နေသတုန်း...
အသီး ကွဲနေတာလား...
အချိန်နဲ့ အတူတူနေလိုက်...
ပျောက်သွားလိမ့်မယ်...
ATN

February 14, 2009 11:36 AM
Anonymous စိတ်စမ်းရေ said...

အားပေးနေပါတယ် ကိုမျိုးရေ..

February 14, 2009 12:04 PM
Blogger layma said...

မောင်မျိုးကို တစ်ခြမ်းနဲ့  တစ်ပွင့်အဖြစ် ရာထိုးတိုးပေးလိုက်သည်..။ ပဲဟင်းနဲ့  ဘရိတ်ဒန့် မကနဲ့ ..။ ဘာဂါစားပြီး နိုက်ကလပ်တက်ပစ်လိုက်...။

February 14, 2009 12:22 PM
Blogger ဆောင်းယွန်းလ said...

ညီမောင်မျိုး...
ကိုယ့်ညီ တစ်စုံတစ်ရာကို ကြေကြေကွဲကွဲခံစားနေရပုံရတယ်
မြိုသိပ်မထားပဲ ခုလိုကဗျာလေးနဲ့ဖွင့်ချလိုက်တော့ ခံစားနေရတာတွေ ပေါ့မသွားဘူးလား....

ချမ်းမြေ့ပါစေညီလေးရေ...

February 14, 2009 1:24 PM
Blogger Nyo Htet Nyo said...

ခေတ်ပြိုင်စကားလုံးလေးတွေ ဖတ်သွားပါတယ်။ အဆင်ပြေပါစေ ညီ

February 14, 2009 3:03 PM
Blogger Theint said...

ဒီဘလော့ခ်ကိုစဖတ်မိတဲ့နေ့ကစလို့ နေ့တိုင်းလိုလိုဖွင့်ဖတ်ဖြစ်တယ်။ ကဗျာလေးတွေကိုလည်း တော်တော်သဘောကျတယ်။ အခုရက်ပိုင်းအတွင်းမှာ ဖွင့်မရတော့ စိတ်မကောင်းဖြစ်မိတယ်။ တစ်ခုခုကြောင့်ပိတ်ထားတယ်လို့ သဘောပေါက်ပေမယ့် ပြန်မဖွင့်မှာကို စိုးပြီး စောင့်နေတာ အခုပြန်ဖွင့်ထားတာတွေ့တော့ ဝမ်းသာပါတယ်။ ဆက်လက်အားပေးနေမယ့် စာဖတ်ပရိသတ် သက်သက်တွေရှိနေတာမို့ အရှိန်မပျက် ဆက်လက်ချီတက်နိုင်ပါစေ။ လောကဓံ ဆိုတာကတော့.........လောကဓံ ပေါ့လေ။

February 14, 2009 3:10 PM
Anonymous Anonymous said...

အနာဂတ်ကိုပဲ ရေးတဲ့သယ်ရင်းကြီးရေ့..။
အနာဂတ်အကြောင်းရေးမယ့် စာတွေ တစ်သီကြီး
မျှော်နေမယ်..ဟ..နော။

ဒီကဗျာကနေ တစ်ခုခုတော့လှမ်းမြင်လိုက်တယ်။

mirror

February 14, 2009 5:14 PM
Blogger ဖိုးဂျယ် said...

blog မပိတ်ရဘူးလေ ညေင်မျိုးရ
ငါ့ကို ပြောပြီး ရက်တောင်ကူးရဲ့လားဟ
ဘာလဲ Blog ပိတ်တိုင်း ကစားနေတာ
ဝင်ပါတာလား ဟ ဟ

February 14, 2009 5:16 PM
Blogger Mhaw Sayar said...

ဘယ်လိုဖြစ် ညီမောင်မျိုး.

အတက်အကျတွေ များနေပုံထောက်တော့ သရဲရထား စီးနေပုံရတယ်. ..

ပဲဟင်းတွေရော၊ ၃ ပွင့်တွေရော. ရှုပ်ရှက်ခတ်နေပါလား

အားလုံး ရှင်းသွားအောင် ကလပ် တစ်ရက်လောက် သွားတက်လိုက်. :P (မလေးမနဲ့ ဆို တိုက်တွန်းသူ ၂ ယောက် ရှိသွားပြီ)

February 14, 2009 6:12 PM
Blogger ၀ှိုက်ဝှိုက် said...

အားပေးနေပါတယ်ရှင်

February 14, 2009 8:11 PM
Blogger ကိုတိုး said...

အားတော့ပေးနေတယ် နောက်ခံအရောင်ကြီးမလှဘူး။ ပြန်ပြောင်းပေးအုံး ငိုစရာရှိရင် ငိုချလိုက် ရင်ထဲမှာထားရင် မောပန်းတယ်နော်။

February 14, 2009 8:32 PM
Blogger တန်ခူး said...

မောင်မျိုးရေ… ဘလော့ပြန်ဖွင့်တာ တွေ့ ရလို့ ဝမ်းသာပါတယ်…
ဒါကပဲ အရှူံးမပေးခြင်းတမျိုးမိုလား…
တန်ဖိုးဖြတ်မှုတွေက လူတဦးနဲ့ တဦး မတူကြပါဘူး… တချိန်ကျရင် မောင်မျိုးရဲ့ တန်ဖိုးတွေကို စစ်မှန်စွာ တန်ဖိုးထားနိုင်တဲ့သူနဲ့ တွေ့ လာမှာပါ… လူတိုင်းက အညွန့် တလူလူနဲ့ ပါ… ဆက်ကြိုးစားငါ့မောင်ရေ….

February 14, 2009 11:15 PM
Blogger အိုင်လွယ်ပန် said...

ဟုတ်ပဗျာ...ချွေးထွက်သွားရင်
အားလုံးကောင်းသွားလိမ့်မယ် ......

February 15, 2009 2:00 AM
Blogger BLACK DREAM said...

ဒါကြောင့်ပြောတာ...။ ကြောင်ကြာကြာရေမငုပ်ပါဘူးလို့ :P အခုတော့ပြန်ပေါ်လာပြီ :P

February 15, 2009 2:12 AM
Blogger လွမ်းလုင် said...

ဘာကြီါ်တုန်းဟ... ဒါပေမယ့်... သုံးပွင့်ကြီးပဲ... အဟတ်ဟတ်

February 15, 2009 4:37 PM
Blogger ရွှန်းမီ said...

နောက်ဆုံးတော့လည်း ဘာမှမဖြစ်ခဲ့သလို ပါပဲ။

February 15, 2009 5:07 PM
Blogger မွန် said...

တကေါာ့ပြန်ကွင်းပြင်ထဲဆင်းခဲ့ပြီ ဒီကွင်းပြင်ထဲမှာ ဘာပွင့်တွေပဲဖစ်ြနေနေ သတ္တိရှိဖို့အလိုဆုံးပါ အားလုံးကောင်းသွားလိမ့်မယ် လိုက်မယ်မဟုတ်ဘူး ပြင်ဦး

February 16, 2009 6:40 PM
Blogger မိုးသောက် said...

ပိတ်လိုက်တာရော ဖွင့်လိုက်တာရော မသိလိုက်ဘူး
ပုံမှန်ပဲ နေပါ မောင်မျိုးရယ် ..
တစ်ဖက်ကို မှန်းကြည့်မနေနဲ့ ကိုယ့်ကိုကိုယ်သာ ကြည့်
အခုလို ပြန်ရေးတာ သိရတဲ့အတွက် ၀မ်းသာပါတယ်ဗျာ

February 17, 2009 6:35 AM
Blogger Mhu Darye said...

ဘလော့ဂ်ဝင်မရလို့ ဘာဖြစ်လဲ မေးမလို့ဟာ.. သူက ဘာမှ မဖြစ်ခဲ့သလို ဆိုတော့..။ အင်း ချွေးထွက်သွားရင် အားလုံးကောင်းသွားမှာပါ။ အိုကေ?







Saturday, June 26, 2010

မီး

မီး


သူ့ ဘ၀တစ်ခုလုံး မဟုတ်ဘူး သူ့ ရဲ့မိသားစုတစ်ခုလုံး အလဲလဲအပြိုပြိုဖြစ်သွားရအောင်တိုက်စားသွားတဲ့ မီးပင်လယ် ၊တိုက်ခတ်သွားသော မီးမုန်တိုင်း သူအခုချိန်ထိ ညညအိပ်မက်ထဲမှာ မီးဆိုတဲ့ အရာကြီးက သူ့ ကိုခြောက်လှန့် နေတယ် ။မီး မီး အရမ်းကို ကြောက်မက်ဖွယ်ကောင်းတယ် သူ( မီး ) က လူသားတွေ အတွက် အကျိုးပြုတာလား ၊ ရန်သူလား ၊မိတ်ဆွေလား သူဘာကိုမှမသိတော့ပါဘူး သူသိတာ မီးဆိုတဲ့ အသံ ၊ မီးဆိုတာကို တွေ့ ရရင် ခန္ဒာတစ်ခုလုံး တုန်ပြီး အသိအာရုံတွေ ပျောက်ပျောက်သွားတတ်တယ် ပြီးတော့ သူ့ ရဲ့ မေမေ ၊ သူချစ်တဲ့ မိသားစုတွေ ၊ အားလုံးအားလုံး သူ့ နားကပျောက်ကွယ်သွားကုန်ပြီး အခုသူ့ နားမှာ မျက်မမြင် ဖခင်ကြီး အမေ့ ကိုအရမ်းချစ်တဲ့ ရိုးသားတဲ့ အစ်ကိုကြီးက သာမန်လူတစ်ယောက်မှာ ရှိသင့်တဲ့ အသိအာရုံတွေ မရှိတော့ဘူး ပတ်ဝန်ကျင်က ပြောကြတာ အစ်ကိုကြီးက ရူးနေပြီးတဲ့ ၊ ဘာမှနားမလည်သေးတဲ့ အမြဲတမ်း အားငယ်နေတတ်တဲ့ သူ့ ရဲ့ ညီမလေး သူဘာဆက်လုပ်ရမလဲ ၊ ဘာဆက်လုပ်သင့်သလဲ ပြောကြပါအုံးဗျာ...................။

ဝန်ထမ်း အလုပ်နဲ့ ရိုးသား ကြိုးစားတဲ့ အဖေ ၊ သားသမီးတွေ များပေမယ့် ဈေးရောင်းဈေဝယ် အလုပ်နဲ့  အရမ်းကြိုးစား တတ်တဲ့ သူတို့ ဘ၀ရဲ့ ပဲ့ကိုင်ရှင်အမေ့ ကြောင့် သူတို့ ဘ၀တွေ အေးချမ်းခဲ့တာပေါ့ ။သူတို့  မိသားစုတွေ တစ်နေ့တော့ အမေ့ ရဲ့ မွေးရပ် နယ်မြို့ လေးတစ်မြို့ ကို ပြောင်းခဲ့ကြတယ် ။ အမေကတော့ သူ့ ရဲ့ ဆွေမျိုးတွေ နဲ့  နီးနီးနားနား နေရတော့မှာမို့  အရမ်းကိုပျော်နေတယ်လေ သူတို့ အရင်နေခဲ့တဲ့ မြို့ ကရောင်းချခဲ့တဲ့ ငွေကြေးလေးတွေက နယ်မြို့ လေးတစ်မြို့ မှာ ပိုပိုလျှံလျှံနဲ့  နေထိုင်နိုင်ပါတယ် ။ အိမ်ခြံကောင်းကောင်းလေး တစ်နေရာစာ နောက်ပြီးတော့ အမေ့ ဘက်က မိဘတွေ လုပ်ကိုင်ခဲ့တဲ့ လက်္ဘရည်ဆိုင် လုပ်ငန်ကို အမေက ခွဲယူပြီး လုပ်ကိုင်စားသောက်ကြပါတယ် ။ အစ်ကိုအကြီးဆုံးက မုန့် ဆရာ၊ ကိုလတ်က ဖျော်ဆရာ၊ အစ်မကြီးက အိမ်မှုကိစ္စတာဝန်ယူ၊ ကိုလေးနဲ့ သူကတော့ ဆိုင်မှာ ၀ိုင်းကူကြတယ် ။ ညီမလေးကတော့ ဘာမှနားမလည်သေးပါဘူး ညဘက် ဆိုင်သိမ်းချိန်ရောက်ရင်တော့ မိဘတွေ ၊ ညီမလေးနဲ့ သူကတော့ ဆိုင်မှာအိပ်ကြပြီး ။ အစ်ကို အစ်မတွေကတော့ အိမ်မှာ အိပ်ကြတယ် အိမ် နဲ့  ဆိုင်ကလဲမလှမ်းမကမ်းလေးပါပဲ ။

တစ်နေ့  မီးဆိုတဲ့ ကြောက်စရာသတ္တ၀ါကြီး က သူတို့ ဘ၀ကို ၀ါးမြိုသွားမယ်ဆိုတာ သူတို့ တစ်မိသားစုလုံး လုံးဝ မထင်မှတ်ခဲ့ကြပါဘူး ။ ဆောင်းတွင်းရဲ့ ညသန်ခေါင်ယံတစ်ခုမှ ကြောက်မက်ဖွယ် မီးလုံးကြီးတွေ ၊ သံချောင်းခေါက်သံတွေ ၊ လူသံတွေနဲ့  သူလန့် နိုးခဲ့တယ် ။ အမေ့ရဲ့ ငိုသံကိုကြားမှ သူသတိထားမိတာ ကြောက်စရာ မီးလုံးကြီးတွေ ၀ါးမျိုနေတာ သူတို့ ရဲ့အိမ်ကြီးပဲ ။ မီးငြိမ်းဖို့  ကြိုးစားနေကြတဲ့ အစ်ကိုတွေ ၊ အိမ်နားဝန်းကျင်ကသူတွေ ၊ ဘေးအိမ်တွေက ငိုမြည်းနေတဲ့ မိန်းမကြီးတွေရဲ့အသံတွေ ငရဲခန်းတစ်မျှပါပဲ။ ခေတ်မှီတိုးတတ်လှပါတယ်ဆိုတဲ့ သူတို့ ရဲ့ ရွှေပြည်ကြီးက မီးသတ်စနစ်ကတော့ သူတို့ အိမ်ကြီး ပြာကျသွားမှပဲ မြောက်မြားလှတဲ့ ပုဒ်မတွေနဲ့  ဒဏ်ရိုက်ဖို့ ရောက်လာကြပါပြီး တော်တော်လဲ သံဝေဂ ရစရာကောင်းပါလားနော် ။ ဆုံးရှုံသွားတဲ့ အရာတွေကို တရားနဲ့ မဖြေနိုင် သူ့ အတွက်မဟုတ်ပါဘူးတဲ့ သူ့ ရဲ့သားသမီးတွေအတွက်ပါဆိုပြီး ဖြေမနိုင်တဲ့ အမေ မီးလောင်မှုဖြစ်ပွားပြီး ( ၆ ) လအကြာမှာ သူတို့ ကို ကျောခိုင်းသွားခဲ့တယ် ။

စိတ်ညစ်စရာတွေ များလွန်းတယ်ဆိုပြီး ကိုလတ်နဲ့ ကိုလေးက ထွက်သွားလိုက်တာ အခုချိန်ထိ သူတို့ အနားကို ပြန်မရောက်လာတော့ပါဘူး ၊ ဘယ်လိုစဉ်းစားစိတ်နဲ့ များဒီလိုတွေးသလဲတော့မသိဘူး အစ်မကတော့ ယောက်ျားနောက်ကောက်ကောက်ပါအောင် လိုက်သွားပါပြီး.....။ မုန်းဖို့ ကောင်းလိုက်တာ သူ ၊ သူ့ ရဲ့ အစ်ကိုတွေ အစ်မတွေ ကိုအရမ်းမုန်းတယ် ။ အခုတော့ မိသားစု တစ်ခုလုံးရဲ့ တာဝန်တွေက သူ့ ပေါ်ကိုကျရောက်လာပါပြီး သူ ကတော့ ဘ၀ကိုအရှုံးမပေးပဲ ရှေ့ဆက်ရဲ့ဝံစွာနဲ့  ဆက်လျှောက်နေပါတယ် ။ ဒါပေမယ့် သူ မီးဆိုတာကို အရမ်းကြောက်တယ်။

Thursday, June 24, 2010

လိုနေတာ ဒါပဲ

ဝတ်ချင်တာ ၀တ်
ဖြစ်ချင်တာ ဖြစ်
ချစ်ချင်တာ ချစ်
အနိစ္စ ဒုက္ခ အနတ္တ
မြဲချင်မြဲ
မမြဲချင်နေ
မသေခင်တော့ ကဲချင်တာကဲမယ် :)
လိုနေတာ ဒါပဲ ။

Tuesday, June 22, 2010

အိမ်

အိမ်ဆိုတာ အမိုး ၊အကာ ၊နေဒဏ် မိုးဒဏ် ခံနိုင်ယုံနဲ့ အိမ်လို့ဆိုနိုင်သလားးး ကျနော်ကတော့ အိမ်ဆိုတာ နွေးထွေးတဲ့ ရင်ငွေ့တွေနဲ့ ချစ်စရာဆည်းလည်းလေးတွေ ဇနီးရဲ့ ဂရုဏာသံ သမီးကြီးရဲ့ စာကျက်သံ သမီးငယ်လေးရဲ့ တီတီတာတာ ချစ်စရာစကားလေးတွေကြားမှာ ကျနော့်ရဲ့ အိမ် ကလေးကတော့ လှပအသက်ဝင်နေပါတယ် ။ ဒီအိမ်ကလေးမှာ စီးဖို့ အတွက် ဒန်း မရှိ၊ လှပတဲ့ ပန်းအိုးတွေလည်းမရှိ ခြံဝန်းထဲက အဆောင်ယောင်ဆိုလို့ ကျနော်ပျိုးထောင်ထားတဲ့ ငှက်ပျော်ပင်တစ်ချို့သာ ။ ခံစားတက်ရင်တော့ ဒါတွေကလည်း သဘာဝအလှတရားတွေပါပဲ ။အိမ်တွင်း ပရိဘောဂတွေကတော့ သေတ္တာတစ်လုံး ကျနော့် မိသားစုအ၀တ်ထည်တစ်ချို့ အိုးခွက်ပန်းကန် အနည်းငယ်က ကျနော်ပိုင်ဆိုင်သမျှ အရာအားလုံးပါပဲ ။ကျနော့်နာမည် “လှဝင်း”ပါ အသက်ကတော့ ၃၀ ကျော်လို့ ၅ နှစ်နီးပါ စွန်းပြီပေါ့ နာမည်နဲ့ မလိုက်ဖက်စွာ ကျနော့် ဘ၀ကတော့ မလှခဲ့တာအမှန် မွေးကတည်းက အဖေ အမေ ဘယ်သူဆိုတာမသိခဲ့ရဘူး ။ကျနော့် မွေးစားဖခင်ရဲ့ ကျေးဇူးကြောင့် သာ ခုချိန်ထိ အသက်ရှင်နေနိုင်တာပါ။


မိသားစုမေတ္တာကို ငတ်မွတ်နေတဲ့ ကျနော့်အတွက် လှပတဲ့ စိတ်ကူးယဉ် အိပ်မက်လေးတွေ လက်တွေ့ မှာ တကယ်ဖြစ်ခဲ့တယ် ။ သိပ်ချစ်ဖို့ကောင်းပြီး နားလည်မှု အပြည့်ရှိတဲ့ ကျနော့်ဇနီး “မိသန်း” ။တစ်ချို့တွေက ပြောတယ် ကျနော့်ဇနီးကမလှဘူးတဲ့ ဒါပေမယ့် ကျနော့်မျက်စိထဲမှာတော့ သူမက အလှဆုံးပါပဲ ပြီးတော့ သူမရဲ့အတွင်းစိတ်ထဲက အလှတရားကို ကျနော်က သေချာမြင်နိုင်တယ်ဆိုရင်တော့ ကိုယ့်ဇနီးမို့ ကြွားတယ်ထင်ကြအုံးမယ် ။ သူမ ကျနော့်အပေါ် ဘယ်လောက်နားလည်သလဲဆိုရင် ညနေပိုင်းအလုပ်ပင်ပန်းလို့ အပန်းဖြေစရာ တောအရက်တစ်ပုလင်းကို ကိုယ်တိုင်အသင့်ဝယ်ထားပေးတက်တယ် ကြက်ကြော်မဟုတ်ပေမယ့် ကြက်သွန်နီလေးပါးပါးလှီး ပဲလှော်လေးနဲ့ သုတ်ထားပေးတက်တယ် စကားပြောစရာအဖော်လား ကျနော် ပြောသမျှကို မငြီးမငြူနဲ့ နားထောင်ပေးတက်တဲ့ အဖော်က ကျနော့်ဇနီးပဲပေါ့ သူမက ကျနော်နဲ့ အတူ လောကဓံ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲဘက် ခံစားချက်တွေ မျှဝေခံစားပေးတက်တဲ့ သူငယ်ချင်းကောင်း မိခင်မေတ္တာတွေလည်း ပေစွမ်းနိုင်တဲ့ ဘ၀အတွက်အရေးပါတဲ့ လူသားတစ်ယောက်ပေါ့ ကျနော်သူမကိုသိပ်ချစ်တယ်။


အိမ်ရဲ့ ဆည်းလည်းလေးတွေ အဖြစ် “စု” ဆိုတဲ့ ၅ နှစ်သမီးလေး၊ နှင်းပွင့်လေးလိုသိပ်ကိုလှတဲ့ “ဖြူနှင်း”ဆိုတဲ့ ၃ နှစ်သမီးလေးကို ကျနော်ပိုင်ဆိုင်ထားတယ် ရွှေပေါ်မြတင် မမွေးခဲ့ရပေမယ့် သူတို့လေးတွေက ကျနော့်အတွက်တော့ အဖိုးဖြတ်မရတဲ့ ရတနာလေးတွေပါ။ကျနော်ပေါက်လိုက်တဲ့ ပေါက်တူးသွားတွေပေါ်မှာ သမီးလေးတွေရဲ့ အနာဂတ်တွေပါတယ် ချွေးစက်လေးတွေကျတိုင်း သူတို့အတွက် လာမယ့်နွေဦးအတွက် ချစ်စရာ ဂါဝန်လေးတွေ ဆင်မြန်းနိုင်ဖို့လို့ ကျနော် ခံစားရတယ် ။ ကြမ်းရှရှကျနော့် လက်တွေကို ဇနီးသည်က ကြည့်ပြီး မျက်ရည်ကျနေတာတွေ့တော့ အားပေးရသေးတယ် “ ဒို့တွေ အနာဂတ်လှဖို့ ဒီလက်ကြမ်းတာလောက်လေးကို မျက်ရည်ကျလို့ ဘယ်ဖြစ်မလဲမိန်းမရယ် မင်း ဒီထက်ကြမ်းတဲ့ အခြေနေမျိုးတွေ ရင်ဆိုင်နိုင်ဖို့ ကြိုးစားစမ်းပါ ” ။ တစ်မြန်နှစ်က ကွမ်းဈေးတွေကောင်းတော့ ကျနော်တို့မိသားစုလည်း စွန့်စားလိုက်တယ် လိုအပ်တဲ့ ကွမ်းတိုင် မြက်ရှင်းခ လူငှားခတွေ မလောက်တော့ ရှိတော့တန်ဆာ မရှိတော့ ၀မ်းစာဆိုတဲ့အတိုင်း မိန်းမ နားကပ်၊ သမီးကြီး နဲ့ သမီးငယ် နားကပ်လေးကို ရောင်းလိုက်ရတယ် ။ အဲ့ဒီနေ့ကပေါ့ သိပ်လှချင်တဲ့ ကျနော့်သမီးငယ်လေးက သူ့ရဲ့နားကပ်လေးကို ကြည့်ပြီး အသံမထွက် နှုတ်ခမ်းတွေ တစပ်စပ်တုန်နေပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာလိုက်တာ ကျနော့်ရင်ထဲ သံချွှန်တွေနဲ့ ထိုးခံရသလို (မငိုပါနဲ့ သမီးရယ် မငိုပါနဲ့တော့ အဖေ့ရင်တွေ ကွဲတော့မယ်-- အသံတိတ် ရင်တွင်းစကား) ။အသုံးမကျတဲ့ မင်းအဖေ၊ တာဝန်မကျေတဲ့ အဖေကို ခွင့်မလွှတ်ပါနဲ့ကွာ။

ကံမကောင်းခြင်းတွေ ကျနော့်ဆီကို မကြာမကြာရောက်လာတက်တယ်ဆိုရင် ခင်ဗျားတို့ ယုံကြည်နိုင်ပါ့မလား။ ရှိသမျှအရင်းလေးတွေ ပုံအောလိုက်ရပေမယ့် ကျနော့်တို့ရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ ကွမ်းပင်တွေက ပြီးခဲ့တဲ့မေလ နာဂစ်အောက်မှာ ပြားပြားဝပ်သွားခဲ့ရတယ် ။ ဘာနဲ့စားရမလဲ ဘာဆက်လုပ်ရမလဲ ဒီတစ်ခါ ဘ၀ကို အရှုံးပေးဖို့ကြိုးစားနေတဲ့ ကျနော့်ကို ဇနီးသည်က အားပေးခဲ့တယ် ။ရွာထဲကို အချေးငှာ မထွက်တက်သော လူများများနဲ့ ရောထွေးရတဲ့ အလုပ်တွေကို မရဲဝံသော ၊ အိမ်ထောင်စကျပြီးတည်းက မိဘဆီက လက်ဖြန့်မတောင်းတက်တဲ့ ဇနီးက ဒီတစ်ခါတော့ သူ့မိဘတွေကို အကူညီတောင်းဖို့ဆိုပြီး သမီးငယ်ကို လက်ဆွဲ ယောက်ခမတွေရွာကို နှစ်ညအိပ် ခရီးထွက်သွားလိုက်တယ်။ အသင့်တင့်ပြေလည်တယ်လို့ဆိုရမယ့် သဘောကောင်းတဲ့ ယောက်ခမတွေက အရင်းနှီးလေး ၁သိန်းကျော်ကျော် ထုတ်ပေးလိုက်တယ်။


ဒီနှစ်ရွာမှာ လူတိုင်းလိုလို အဆင်ပြေနေကြတဲ့ ပုရစ် ကောက်တဲ့ အလုပ်ကအဆင်ပြေနေတာဆိုတော့ ကျနော်လည်း မီးစက်လေးတစ်လုံးဝယ်လိုက်တယ်။ပြီးတော့ လိုအပ်တာလေးတွေဝယ် ၀မ်းရေးကအဆင်မပြေဘူးဆိုတော့ ငရဲကြီးတာတွေ ဘာတွေ မသိတော့ပါဘူး ကျနော့် မိသားစု စားရဖို့အတွက်ဆိုရင်ခိုးကျွေးရ ကျွေးရ နောက်ဆုံး ဓားပြတိုက်သင့်တိုက်ရမှာပဲ ဒါ ခင်ပွန်းတစ်ယောက်ရဲ့ အတ္တ ဖခင်တစ်ယောက်ရဲ့လောဘပဲ ။လသာတဲ့ ညဆို ပရစ်တွေအရမ်းကျတာပေါ့ မီးစက်မောင်းထားတဲ့ အနီး ပိတ်ဖြူဖြူတွေကို ရိုက်ခတ်တဲ့အသံတွေနဲ့ ပရစ်တွေက တဘုတ်ဘုတ် ။ အိမ်က ယူခဲ့တဲ့ ဖျာကြမ်းနဲ့ စောင်ကိုခြုံပြီး သမီးငယ်လေးက အိပ်ပျော်နေတယ် မိသားစု ၃ ယောက် ကောက်လိုက်တာ တစ်ကောင် ၂၀ကျပ်လောက်ရတဲ့ ပရစ် တစ်ညတည်း ကောင်ရေ ၃ ထောင်ကျော်ရလိုက်တော့ တော်တော်ကိုအဆင်ပြေသွားတယ်။ ယောက်ခမတွေဆီကလှည့်ထားတဲ့ ငွေလည်း ပြန်ဆပ်နိုင်ပြီး မိန်းမ နဲ့သမီးလေးတွေအတွက် နာကပ်လေးတွေလည်း ကျနော်ပြန်ဝယ်ပေးနိုင်ခဲ့တဲ့အတွက် သိပ်ကိုပျော်နေတယ် ။ ဒီ့ထက်ပျော်စရာကောင်းတာက ကော်ပေတံလေးကိုင်ချင်ပေမယ့် ကျနော်ကိုယ်တိုင်လုပ် ၀ါးခြမ်းပြားပေတံ ၊ စုပေါင်းစပ်ပေါင်း စာရွက်ပေါင်းချုပ် ၊ ညစ်နွမ်းနွမ်းကျောင်းစိမ်းဝတ်စုံ ဘဲဥကြော် တစ်လုံးနဲ့ ထမင်းထုတ်ပြီး ဆင်းဆင်းရဲရဲ ကျောင်းတက်နေရတဲ့ ကျနော့်သမီးကြီးက သူ့အတန်းမှာ ပထမရတယ်တဲ့ ။

ဒီနေ့ သမီးကြီး ဆုပေးပွဲသွားကြမယ် မနက်အဆာပြေ ချဉ်ပေါင်းဟင်းချိုးနဲ့ ငါးခြောက်ကြော်စားအပြီးတော့ သွားဖို့ပြင်ဆင်ကြတယ် ။ တစ်နှစ်လောက်နေလို့မှ အ၀တ်သစ်တစ်စုံမ၀ယ်ပေးနိုင်တဲ့ ဇနီးကို စိတ်မကောင်းဖြစ်စွာ ကြည့်မိတော့ မင်္ဂလာမဆောင်ခင် ကျနော်ဝယ်ထားပေးတဲ့ ပါတိတ်ဝမ်းဆတ်လေးနဲ့ သိပ်ကိုလှနေပါလား မနေ့ကမှ သူ့အမေ ၀ယ်ထားပေးတဲ့ ကျောင်းစိမ်းဂါဝန်လေးနဲ့ သမီးကြီးက ပိတိ မျက်ဝန်းတွေနဲ့ သမီးငယ်ကတော့ မကြီးဟာက မလှဘူး မီးဟာက လှတာ ဆိုပြီး အားကျမခံ နှုတ်ခမ်းကလေးထော်ပြီး အလိုမကျတဲ့ မျက်နှာလေးနဲ့။မခမ်းနားပေမယ့် ရွာက မူးလတန်းကျောင်း ခန်းမထဲမှာတော့ ကျောင်းသားမိဘ၊ ကျောင်းသားတွေနဲ့ စည်ကားနေတယ်။ သိပ်မကြာခင် ဆုပေးပွဲကြေငြာတဲ့ ဆရာမတစ်ယောက်ရဲ့ မိုက်ပေါ်က ထွက်လာတဲ့အသံက


“သူငယ်တန်း ပထမဆုရရှိသော အဘ “ ဦးလှဝင်း” ရဲ့ သမီး “မစုမြတ်ဝင်း” ဆုယူရန် ဆင်မြင့်ပေါ်သို့ကြွပါ”

ကြေငြာသံအဆုံး လက်ခုပ်သံတွေကြားလိုက်ရတဲ့အခိုက် ကြက်သီးမွေးညင်းတွေထပြီး ၀မ်းသာလွန်းလို့ ဂုဏ်ယူမိလွန်းလို့ စိတ်နဲ့လူနဲ့မကပ်တော့သလို သတိထားမိလိုက်တော့ မှတ်မိစအရွယ်ထဲက မကျတက်တဲ့ ကျနော့် မျက်ဝန်းထဲက မျက်ရည်တွေ စီးကျနေပါလား ဒါ ပိတိမျက်ရည်ပေါ့ ။ကျနော် ကြိုးစားရမယ် အဆင်းမရှိတဲ့ အိမ်ကလေး တန်ဆာတွေ ကင်းမဲ့တဲ့ အိမ်ကလေးကို မှီခိုနေကြတဲ့ ဇနီးနဲ့ သမီးတွေ အတွက် ကြိုးစားရမယ် ။ ကျနော်က ဒီအိမ်ကလေးရဲ့ ခင်ပွန်းတစ်ယောက် ဖခင်တစ်ယောက်ဖြစ်နေလို့ပါပဲ ကျနော့် အိမ် ကလေး တစ်စစ အသက်ဝင်လာပြီးးးးးးးးးးးးးးးးးးးးးးးး။ ကျေဇူးပါ ကံကြမ္မာ ငါ့ကို မျက်နှာသာပေးတဲ့အတွက် အမြဲတမ်းကျေးဇူးပါ ။



P>S = ကျနော် ဒီဝတ္ထုလေးကိုရေးဖူးတာကြာပါပြီး ပျက်သွားတဲ့ဘလော့မှာပြန်မရပေမယ့် ဖိုးဝမှာတင်ဖူးထားတာလေး ပြန်ကူးတင်လိုက်တာပါ ။

Sunday, June 20, 2010

ချိနေတယ်

ချိနေတယ်
တက်ကြွနေတဲ့ လူတစ်ယောက်ကနေ တုံးအောက်ကဖားလို
ချိနေတယ်
နှလုံးသားက ငါးပြင်မ ဆားထိသလို ခုန်ဆွခုန်ဆွ
ချိနေတယ်
ဘတ်ဈေးတွေမကောင်းလို့ အလုပ်လုပ်ချင်စိတ်တွေ
ချိနေတယ်
ဂေါ်ဘီ ပဲသီး ခရမ်းသီး အသက်မပါတော့ ...... ဟာတိဟာတာဖြစ်နေတဲ့ လျှာက
ချိနေတယ်
အားလုံးနဲ့ ၀လကလ ဖြစ်ချင်ပေမယ့် ရှောင်လွဲမရလောကကြီးမှာ
ချိနေတယ်
မနက် အိပ်ယာထတဲ့ အချိန်ကစ မျက်လုံးပိတ်တဲ့အထိ
ချိနေလွန်းလို့ နာမည်သာပြောင်းလိုက်ချင်မိ
ကျနော့် နာမည်
မောင်ချိ




ခက်ဆစ် ။ ။ ၀လကလ = ဝေးလေ ကောင်းလေ

Thursday, June 17, 2010

အချစ်ဆိုသော ဧည့်သည်

image from yenta4.com

အချစ် ဆိုတာကိုယ့်အတွက်တော့ အမေ့ခံနှလုံးသားနဲ့ တည်ဆောက်ထားတဲ့ ဖော့ဖယောင်းအိမ်ကလေးတစ်လုံးပါ ။ အဲ့ဒီအိမ်လေးမှာ မသေချာခြင်းတွေရှိတယ် ချစ်သူနှစ်ဦးအတွက် ဘယ်တော့မှ မဆုံမယ့် လမ်းပြိုင်နှစ်ကြောင်းနဲ့ အတ္တမာနတွေရှိတယ် ။ ကိုယ့်အတွက်ကတော့ ချစ်သူကိုချစ်နေရခြင်းဆိုတဲ့ အတ္တနဲ့ မရှိသင့်တဲ့ မရှိမာနတွေရှိတယ် ။ ဖော့ဖယောင်းအိမ်လေးမှာ ချစ်သူအတွက် ပျော်ရွှင်ခြင်းတွေ အမှတ်တရတွေကို သိမ်းဆည်းထားတဲ့ နှုတ်ခမ်းပဲ့ စုဗူးတစ်လုံးရှိတယ် ။ တကယ်တော့ ချစ်သူကို ချစ်ခဲ့ရခြင်းဟာလည်း အိပ်မက်ထဲ ထီပေါက်ရသလိုပါပဲ မိုးလည်းလင်းကော ခြေခြေမြစ်မြစ် ဘာမှမရှိတော့ဘူး။

အရင်က “ မောင်....ရှင် ကျမကို ဒီနေ့ချစ်တယ်မပြောရသေးဘူးနော် ” အဲ့လို ဂျစ်တိုက်တတ်တဲ့ ကောင်မလေးက အခုတော့ “ ကျမ အလုပ်တွေရှုပ်နေတယ် မောင် ” တဲ့ အချစ်ဆိုတာလည်း အချိန်နဲ့အမျှ ပြောင်းလည်းတတ်ပါလားဆိုတာ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပေးလိုက်တဲ့ သင်ခန်းစာပါပဲ ။ “ ကျနော့်အစာအိမ် ပြန်နာနေလို့ ” အဲ့လိုစကားလေးကြားလိုက်တာနဲ့ စိတ်ပူတဲ့မျက်နှာကလေးနဲ့ ချက်ချင်း ကျနော့်နှဖူးပေါ်သူ့လက်နွေးနွေးလေးရောက်လာတတ်တယ် ပြီးတော့ ချစ်သူ့ရဲ့ စိတ်ပူးတဲ့လေသံလေးနဲ့မေးတဲ့ “ ဆေးသောက်ထားရဲ့လား အရမ်းများနာနေသလားမောင် ဒါမှမဟုတ် နွားနို့ပူပူလေးတစ်ခွက်လောက်သောက်ထားလိုက်ပါလား ” အဲ့စကားလေးတွေနဲ့တင် ကျနော့်ရောဂါ 100% လောက်ပျောက်ခဲ့ရတယ်ဆိုတာ ခုတော့ ချစ်သူက မေ့ချင်ယောင်ဆောင်ခဲ့ပြီလေ ချစ်သူပြောတဲ့ ၀တ္တရားကျေ စကားက “ အင်းးး ဆေးသောက်ထားလားတဲ့ ” ။

ခင်ဗျား အဲ့လို စကပ်တိုတိုလေးတွေဝတ်ထားတော့ ဘိုးတော်ကြီးတွေက ငမ်းငမ်းတတ်ကြည့်ကြတော့မှာပေါ့ဗျ” စကပ်တိုတိုဝတ်တိုင်း စကားများရတဲ့ သူနဲ့ ကျနော့်အတွက် စိတ်ဆိုးရင် ခင်ဗျားလို့ ခပ်ကြမ်းကြမ်းခေါ်တတ်တဲ့ ကျနော့်စကားတွေမှာ ဟိုတုန်းကတော့ချစ်သူက ကျေနပ်စွာနဲ့ “ အင်းပါ မောင် မကြိုက်ရင် နောက်မ၀တ်တော့ဘူး တကယ်ပြောတာ ” ။ ခုတော့ “ဟေး မင်းအဲ့တာကြီးဝတ်သွားမလို့လား ” မေးမိတဲ့ကျနော့်အပြစ် ချစ်သူရဲ့ တန်ပြန်စကားတစ်ခွန်းက ဓားသွားလိုချွှန်မြလျှက် “ တော်စမ်းပါ အရေးမပါတာတွေ အရင်တိုင်းပြောတတ်တုန်းပဲ ” တဲ့ ။ ချစ်သူရယ် မင်းမို့ပြောရက်တယ် ။ “ ခြေထောက်တွေ နာနေတယ်ဆို ဒေါက်မြင့်ဖိနပ်တွေ မစီးနဲ့ ” ကျနော့်ရဲ့ ဂရုတစိုက်စကားတွေကြားမှာ ချစ်သူက ပြုံးလို့ တစ်ခွန်းတည်း “ ဟုတ်ကဲ့ ” တဲ့ ချစ်သူရဲ့ နှာခေါင်းချွန်ချွန်လေးကို ဆွဲလိမ်ပစ်လိုက်တယ် ။

လေထုတွေကပဲ ပြောင်းလဲသွားသလား အချစ်အလေးချိန်တွေကပဲ ၀ိတ်ကျသွားသလားမသိ ချစ်သူ ဒေါက်မြင့်ဖိနပ်စီးလို့ ကျနော်ဆွေကြည့်လိုက်ရင် “ ဒီဖိနပ် ဘယ်လောက်တန်လဲ သိလို့လား ” ။ “စာတွေ အဲ့လောက်ကျက်နေရတာ ပင်ပန်းမှာပေါ့ နားနားနေနေ နေစမ်းပါလို့ ” ပြောလိုက်မိရင် “ညဏ်ရည်မမှီတိုင်း လာပြောမနေနဲ့ ” တဲ့ ဟုတ်ပါပြီး အဲ့လို သူမရဲ့ ခနဲ့တဲ့တဲ့စကားတွေကြားရင် ကျနော့်ရဲ့ ယောက်ျားမာနတွေအစွယ်တမြှားမြှားနဲ့ မင်းကိုငါ ချစ်နေသေးလို့ပေါ့ကွာလို့ အကျယ်ကြီး အော်ပစ်လိုက်ချင်တယ် ။ ချစ်သူနဲ့ ကျနော့်အတွက် တံတိုင်းတွေခြားသွားခဲ့ပြီး ပြီးတော့ တယောက်နဲ့တယောက် ကျောချင်းကပ်လျှက်ကနေ တလှမ်းချင်း မျက်နှာချင်းဆိုင်အရပ်ကို ဦးတည်နေကြပြီးဆိုတာ နှစ်ဦးစလုံးသိနေလျှက်နဲ့ ပြန်ဆုံဖို့မဖြစ်နိုင်တော့တာ ....................။

အချစ်ကသင်ပေးလိုက်တာ ကဗျာတစ်ပုဒ်ထွက်လာတယ်ဝါကျမလှတဲ့အချစ်ကဗျာလေးတစ်ပုဒ်ပေါ့...............



အချစ်ဆိုတာ
မခေါ်ပဲလာတဲ့ ဧည့်သည်ပါပဲ
စားချင်တာစားသွား
ပြောချင်တာပြောသွားတဲ့
အလိုက်ကန်းဆိုးမသိတဲ့
ဧည့်သည်ဆိုး.............။

Wednesday, June 16, 2010

ပျော့ညံ့ညံ့ ဇတ်မင်းသား

အားမာန် အပြည့်နဲ့  ကြိုလင့်နေမယ့် လက်များ အခုတော့ အားတွေ ပျော့လို့ ပါလား ဟုတ်တယ် အချိန်ဆိုတာ လူကိုမစောင့်တဲ့ သူ့ အတွက် ဘာမှမဟုတ်လိုက်တဲ့ အခိုက်တန့် လေးက ဇရာဆိုတာကို ကြံကြံခံနေတဲ့ လူသားနှစ်ဦ့း အတွက် တော်တော်ကြီးကို ယိုယွင်းသွားခဲ့ရပြီးး ။ အပြန်ခရီးမှာ ပျော်ရွှင်မှုတွေ မသယ်ဆောင်လာနိုင်ခဲ့သလို ပြီးပြည့်စုံတဲ့ အရာတွေလည်း သူ့ မှာတစ်ခုမှ ပါမလာခဲ့ဘူးး အမေ့အတွက် စိန်နာကပ်ကြီးတစ်ရံမပါသလို အဖေ့အတွက် အကောင်းစားမျက်မှန်တစ်လက်လည်း ပါမသွားခဲ့ဘူး ။ ဒါပေမယ့် သူ့ ရဲ့ ချွေးနည်း စာလေးပေါ့ဗျာ အဲ့ဒီအဖိုးအခလေးမှာ သည်းခံခဲ့ရခြင်းတွေပါတယ် ၊ နှဖူးကချွေး ခြေမ မကျခဲ့ရပေမယ့် စိတ်ဓာတ်တွေ ထိုးထိုးကျခဲ့ဖူးပြီး ရှာခဲ့ရတဲ့ မဖြစ်စလောက် အဖိုးအခလေးနဲ့  အမေ သိပ်ကြိုက်တဲ့ ကြက်သွေးရောင် ထမီလေးတစ်ထည်၊ အဖေ့အတွက် အဖော်ပြုစရာ ရေဒီယိုလေးတစ်လုံး ထိုနှစ်ခုသာ ။


တစ်ချိန်က ဖျတ်လတ်တက်ကြွနေတဲ့ အဖေ အခုတော့ အားတွေတောင် ကုန်ခမ်းနေသလို အဖေ့ရဲ့ ရုပ်သွင်က မမေးပါပဲ ဖော်ပြနေပြီးး ။ အဖေ ပေါက်နေတဲ့ ပေါက်တူးကို ယူပြီး လုပ်ပေးချင်ပေမယ့် မပေါက်တက်ဘူး အဖေ သားမွေးထားတော့ အားဆိုရင် ဒီအားကတော့ အဖေ အတွက် သုံးစားမရတဲ့ အားတစ်ခုပါ အဲ့ဒီအတွက် ခွင့်လွှတ်ပါလို့  တောင်းဆိုပါရစေ ။ တစ်ချိန်က အသားညိုညိုနဲ့  အရမ်းလှပါတယ်ဆိုတဲ့ အမေ အခုတော့ မလှပနိုင်တော့ဘူးးး အမြဲတမ်းမွှေးမြနေတဲ့ ပါးပြင်ပေါ်က သနပ်ခါးဆိုတာတော့ အဝေးကိုရောက်လို့  အုန်ဆီ မွှေးမွှေးကို ခေါင်းအမြဲလိမ်း ဘီးစဘတ်နဲ့ ကျက်သရေရှိစွာ လှပနေတဲ့ အမေ အခုတော့ တစ်ခေါင်းလုံး စွတ်စွတ်ကိုဖြူနေပြီး အရင်ကအတိုင်း မပြောင်းလဲပဲ သူတို့ မှာရှိတော့တာဆိုလို့သားသမီးတွေအတွက် မပြောင်းလဲတဲ့ မေတ္တာစမ်းရေတွင်းင်္ကြီးပါပဲ။

(၅၂၈) မေတ္တာတရားတွေကလည်း လောဘတွေ ဒေါသတွေကြားမှာ ပျောက်ဆုံးခဲ့ကြပြီး သီချင်းစာသားလေးတစ်ခုလိုပေါ့ ဒါတွေကို “ မသိဟန်ဆောင်ခဲ့ပါတယ် ၊ မသိသလိုနေခဲ့ပါတယ် ” ။သူ့ ဘက်ကိုယ့်ဘက်ဆိုတာတွေ ကို သူကမှစိတ်မ၀င်စားတာ သူ့အတွက် အားထားရာ ဆိုလို့ ဒီလူသားနှစ်ဦးပဲ ဝေတ္တရားကျေ ဖော်ရွေမှုတွေနဲ့သုံးစားမရတဲ့ ဟန်ဆောင်အပြုမူတွေကို လျှောက်ခဲ့တဲ့လမ်းတွေက သင်ပေးထားလို့  အလွတ်ရနေပြီး ။ ၀မ်းသာလို့ ကျတဲ့ အမေ့ပါးပြင်က မျက်ရည်စတွေ အတွက် စိတ်မကောင်းဘူး “ ဒါ ကျမ သား အငယ်ဆုံးလေ အသက်ကဖြင့် ၂၀ ကျော်ပြီး သူ့ ကိုယ်သူ ခလေးထင်နေတယ် ” ဆိုတဲ့ မာန်လေးနဲ့ ကြွားနိုင်သေးတဲ့ အမေ့စကားအဆုံးမှာတော့ အသုံးမကျတဲ့ ဒီသားက ပြုံးနေမိတယ် ( အပြုံးတုတစ်ခုပေါ့ ဘာကြောင့်ဆို သူက အမေ့အတွက်ကြွားလောက်စရာ သားတစ်ယောက်မှမဖြစ်ခဲ့တာပဲ ) ။

အမေ့အနားမှာ ပူပူးကပ်ကပ်မနေနိုင်ကြတော့ အမေ့မျက်ရည်တွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါသေးတယ်ဆိုရင် ဒီစကားက လွဲလို့ သူ့ မှ စကားလုံးတွေ ရှားပါးနေပါပြီဗျာ။ အတောင်ပံစုံလို့  ပြန်သွားကြတဲ့ ငှက်တွေကတော့ သူတို့ အသိုက်မြုံလေးမှာ ရုန်ကန်လှုပ်ရှားနေကြတုန်း သူကတော့ အတောင်မစုံပေမယ့် အဝေးကို ပြန်ချင်တဲ့ ငှက်တစ်ကောင်ပါ ...အဲ့ ငှက်ကလေးလည်း တကယ်ဆို နီးနီးနားနား သစ်ပင်ကြီးမှာပဲ ခိုနားချင်တာပေါ့ ဒါပေမယ့် ဆွေးမြည့် နေတဲ့ သစ်ပင်အိုကြီးမှာ နားဖို့ ကို စိတ်မပါဘူးဆိုရင်တော့ ငှက်မိုက်လို့ ဆိုနိုင်သလား ။အခု သူနားနေတဲ့ သစ်ပင်ကြီးမှာ သူပေးရင် ပေးနိုင်သလောက် မေတ္တာတရားတွေ ပြန်ရနိုင်တယ် သူ့ တစ်ကောင်စာအတွက် လောက်ငှအောင် သူရှာစားနိုင်တယ်။ပြဇတ်တွေရယ် တကယ်ဆို သူနယ်လှည့် ကနေတဲ့ ဇတ်မင်းသားတစ်ယောက် မဖြစ်ချင်ခဲ့ပါဘူး သူရဲ့ ရွာကလေးမှာပဲ ပျော်ပျော်ပါးပါးနဲ့  ကချင်ခဲ့တာ ။ဝန်မခံချင်ပေမယ့် သူသိနေတယ် သူဟာ ပျော့ညံ့ညံ့ ဇတ်မင်းသားတစ်ယောက်ပါဆိုတာကို ။

Sunday, June 13, 2010

စီအက်စ် 2 ဆိုင်ကလေး

စီအက်စ် -2 ဆိုင်ကလေးပါ မြို့ပေါ်ရပ်ကွက်ခွဲတစ်ခုရဲ့ လမ်းမတန်းလေးမှာ ဖွင့်ထားပါတယ်။ လူလတ်တန်းစားတစ်ချို့နေထိုင်ကြတဲ့ ဒီရပ်ကွက်လေးမှာတော့ ဒီဆိုင်လေးက ညနေခင်းပိုင်းဆို လူစည်ကားပါတယ်။ ပေ (၅၀)၀န်းကျင်း သံဇကာ ကာထားပြီး အတွင်းပိုင်းမှာတော့ ပလတ်စတစ်အကြည်စားတစ်ထပ် ထပ်ကပ်ထားပြီး သန့်ရှင်းတဲ့ အသင့်တင့်ဆိုင်ကလေးပါ။ အတွင်းမှာတော့ ရိုးရိုးအရက်ဖြူတစ်ချို့ ခိုးရောင်းရတဲ့ လေးထောင့် Run ပြား အနည်းငယ် ၊ ၀ီစကီပုလင်းတစ်ချို့ ဈေးပေါပေါ ရှောက်ပေါင်း အရက်တွေကို ဆိုင်ရဲ့ မျက်နှာစာ မှန်ဘီရိုအသေးစားလေးထဲ ထည့်ထားပါတယ် ။ကာလသားအကြိုက် အရက်ကြော်ငြာ မင်းသမီးတွေရဲ့ ရေစိုနေတဲ့ ငါးရံ့အလှပြက္ခဒိန် ကိုဆိုင်နံရံမှာကပ် တစ်ချို့မှာတော့
*အကြွေးသီးခံပါ
*ငွေလက်ငင်းရှင်းပါ
*စကားတိုးတိုးပြောပါ
*သန့်ရှင်းမှုဖြင့်ကူညီပါ

ရရှိနိုင်သော အမြည်းများ
*ကြက်ခြေတောက်ခေါင်းဟင်း/ အမဲသွေးကြော်/ ငါးချဉ်သုတ်/ဖားကြော်/ လက်ဖက်သုတ်/ ၀က်ကလီဇာ နဲ့ အခြားဟင်းအမည် ၄-၅ မျိုးခန့် သင့်တင့်ပြီး ဈေးပေါပေါ ဟင်းတွေပါပဲ ဒီလိုရပ်ကွက်လေးမှာ တော်ရုံ သောက်သုံးသူတွေက ဈေးကြီးတာကိုမ၀ယ်စားနိုက်ကြတာ များတဲ့ အတွက် သူတို့ဆိုင်လေးမှာက ဈေးပေါပြီး အမြတ်စူးတဲ့ ဟင်းအမည်များသာ။ဒီဆိုင်လေးကို ဖွင့်ထားတာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က တစ်ခြားအလုပ်ပြောင်းလုပ်ချင်ပေမယ့် ဒီလို အမြတ်များဖို့ဆိုတာကမလွယ်ဘူး မကောင်းမှန်းသိပေမယ့်လည်း လက်ရှိအလုပ်လေးနဲ့ ဟန်မပျက်နေနိုင်တာမို့ ဒီအလုပ်ကိုပဲ ဆက်လုပ်ဖြစ်ကြတယ်။ စီအက်စ် -2 လိုင်စင်ရဖို့ဆိုတာက အခုနေ မလွယ်တော့တဲ့ ကိစ္စပါ ။စီးပွားရေးအကွက်မြင်တဲ့ လုပ်ငန်းရှင်တစ်ချို့ တောင်းဝယ်ပေမယ့် သူတို့တွေမရောင်းဖြစ်ကြဘူး။

မနက်စောစော ဈေးသွားတဲ့သူသွား၊ ဆိုင်သန့်ရှင်းရေး လုပ်တဲ့ ကောင်လေးတစ်ယောက်ကိုတော့ဆိုင်မှာငှားထားတယ် ၊ ထမင်းအိုးတည် ဈေးကပြန်လာရင် ချက်စရာဟင်းတွေအဆင်သင့်ဖြစ်အောင် ငရုပ်သီးကို ညက်နေအောင်ထောင်းထား ဆီပူကစင်၊အိုးမဲကပေနဲ့ ပူလောင်လောင် မူးဖိုချောင်ကနေ တစ်မနက်တာ လုပ်ငန်းခွင်ကတော့ နေ့လည် (၁၁) နာရီလောက်မှ ပြီးတယ်ဒါက ကျောင်းပိတ်ရက် ။ကျောင်းဖွင့်ရက်တွေဆိုရင်တော့
သူကျောင်းတက်ခါနီး နံ့စော်နေတဲ့ အသားနံ့ဟင်းနံ့တွေကို ရွှေဝါဆပ်ပြာတုံးနဲ့ ကမန်းကတမ်း တိုက်ပြီး အ၀တ်စားလဲ ကျောင်းကိုပြေး ဒါကနေ့စဉ် သူ့ရဲ့ကျောင်းမသွားခင်လုပ်ငန်းပေါ့ ။ ဆိုင်ကလေးက သူ့ကို ပညာတွေတက်အောင် အခိုင်မာဆုံးကူညီပေးခဲ့တာဆိုရင်လည်းမမှား။

“နံပါတ် ၃ ၀ိုင်း ပိုက်ဆံရှင်းမယ် ”
“အစ်မရေ့....၁၀၀၀ တန် ၂၅၀ ပြန်အမ်းပေးပါ”
“ဟိုဝိုင်းက ပိုက်ဆံမပါခဲ့လို့ အကြွေးတဲ့ မရရင် နာရီချွတ်ပေးခဲ့မယ်ပြောတယ် ”
“ဟားး...ဟိုလူကြီး အန်ပြန်ပြီး ရွံပါတယ်ဆိုဗျာ ”
“ခလေးရေ့ ပန်ကန်တွေ သွားဆေးလိုက်ပါအုံး ”
ဒီစကားသံတွေကတော့ ညနေစောင်းနဲ့ ညဦးပိုင်းမှာ ဆိုင်ကလေးရဲ့ လှပတဲ့ကကွက်လေးပေါ့ ။ တစ်ခါခါ ပျော်ရတယ် တစ်ခါခါတော့ စိတ်ညစ်ရတယ် ။လူ့ဘ၀ရဲ့ ပြယုဂ်တစ်ချို့ကိုလည်း ဆိုင်ကလေးမှာ မြင်တတ်ရင်တွေ့နိုင်သေးတယ် ။ တစ်ချို့ကပျော်လို့သောက်ကြတယ် ၊ တစ်ချို့က မိန်းမနဲ့အဆင်မပြေလို့သောက်ကြတယ် ခံစားချက်တွေကို သူတို့ အကျယ်လောင်ဆုံးဖွင့်ချကြတယ် သေချာတာက အမူးသမားတစ်ယောက်ဟာ မမူးပဲ ကောက်ကျစ်တဲ့သူတွေထက်တော့ သာသေးတယ်ဆိုတာ။

ဆိုင်ကလေးရဲ့ မိုးဦးမတိုင်ခင် အမိုး မိုးတဲ့နေ့ဆိုရင်တော့ လုပ်အားပေးမလိုပဲ နာရီးပိုင်းအတွင်းပြီးသွားတတ်တယ် အကြောင်းက ဖောက်သည် ဦးလေးကြီးတွေရဲ့ ကျေးဇူးကြောင့် ။ဆိုင်ကလေးရဲ့ အုပ်ထိန်းသူကတော့ သောက်သုံးသူ ရိုင်းရိုင်းပြောရရင် အရက်သမားကြီးတွေကို သူတို့ရဲ့ ထမင်းရှင် တဲ့ ။ဟုတ်ပါတယ် သူတို့တွေ ဘ၀ရဲ့ ဒဏ်တွေကြောင့်သာ အပန်းဖြေစရာ ယမကာကိုသောက်ကြပေမယ့် သူတို့တွေမှာ ငွေနဲ့ ပေးဝယ်လို့မရတဲ့ အတွေ့ကြုံတွေအများကြီး သူက တိုက်ကြီးပေါ်မှာနေ ကားကိုယ်တိုင်မောင်းနေတဲ့ လူချမ်းသာတစ်ယောက်ရဲ့ ဘ၀ထပ် ဘီအီး ၅၀ ဖိုးတစ်ခွက် ရှောက်သီးစိတ်လေးကို ဆားနဲ့တို့ပြီး ပြောပြချင်နေတဲ့ ဦးလေးကြီးတစ်ယောက်ရဲ့ဘ၀အကြောင်းကို နားထောင်ရတာ ပိုနှစ်သက်တယ်။

စိတ်ညစ်စရာတွေနဲ့ ၀င်လာကြတယ် ယစ်မူးစွာနဲ့ ပြန်ထွက်သွားကြတယ် ပျော်စရာတွေနဲ့ဝင်လာ ပျော်စရာတွေ ပြန်ယူသွားကြတဲ့ ဆိုင်ကျဉ်ကလေးမှာ လူပေါင်းများစွာရဲ့ ခြေရာတွေက အထပ်ထပ် ။ ဆိုင်ကလေးကတော့ အားလုံးကို လက်ကမ်းကြိုနေမြဲ လာခဲ့ပါ ဒီမှာ ဘ၀ရဲ့ ခါးသက်မှုတွေကို ဖြေသိမ့်နိုင်ဖို့ အခါးရည်တွေနဲ့ မျှောချလိုက်ရအောင် :)

Friday, June 11, 2010

သို့ / အမေ

အမေ
ဘယ်လိုမှကို
ပြောမပြတတ်အောင်ပါပဲ

ဒီတော့လည်း
ပြောပြမနေတော့ဘူး
အချိန်တန်ရင် ရှင်းပြဖို့တော့
အထပ်ထပ်ထုပ်သိမ်းထားလိုက်တယ်
ရှင်းရောပေါ့

အဲသလိုပါပဲ
အမေ့ကိုလွမ်းတဲ့အမေ့သားက
တစ်ခါတစ်လေတော့လည်း
မျက်မှန်နက်ကြီး မချွတ်ပဲ တပ်ထားမိတယ် ။

ခွန်ထိုင်း



ဒီသီချင်းလေးကို တစ်နေ့က သတင်းမလာခင်လေး နားထောင်လိုက်ရတယ် ကြည့်ပြီး စိတ်ထဲကြည်နူးသွားသလိုလို သေဆုံးသွားတဲ့သူတွေအတွက် လူသားချင်းစာနာမိသွားသလိုလို ကြီး၂ကျယ်၂ စိတ်တွေဖြစ်သွားမိတယ် ။ သီချင်းလေးကတော့ ထိုင်းနိုင်ငံရဲ့ မတည်ငြိမ်ဖြစ်သွားတဲ့ အဖြစ်ပျက်တွေအတွက် အရင်လို ပျော်၂ရွှင်၂ပြန်နေကြပါစို့ ဆိုတဲ့ အဓိပါယ်လေးနဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် မင်းသား မင်းသမီးတွေ အဆိုတော် ၊ဟာသအစီစဉ်မှ လူရွှင်တော်တွေ သတင်းကြေညာသူ အင်တာဗျူးသမား အားလုံးပေါင်းရာကျော်လောက်က သီချင်းလေးကို ခံစားချက်အပြည့်နဲ့ သီဆိုသွားတာကိုတွေ့ရပါတယ် ။

စဉ်းစားမိတာလေးက ထိုင်းနိုင်ငံသားတွေ ဘာကြောင့်များမကျေနပ်တာလည်းဆိုတာကို ကျနော့်လိုတိုင်းတစ်ပါးသားတစ်ယောက်က နားမလည်ပါဘူး ။ ဒါပေမယ့် စိတ်ထဲဖြစ်သွားမိတာက “သြော် .. သူတို့တွေ အလုပ်ကိုင်တွေလည်း အဆင်ပြေနေပါလျှက် ၊ အစိုးရက ကျန်းမာရေးစောင့်ရှောက်မှု ပညာရေးပိုင်းတွေကို အပြည့်အ၀ ဆောင်ရွက်ထားပေးတာတောင် မကျေနပ်ဘူးဆိုတော့ အင်းးးး ရွှေပြည်ကြီးမှာသာဆို ကိုယ့်အားကိုယ်ကိုး လမ်းတံတား ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ပိုက်ဆံရှိမှ အသက်အတွက် အာမခံချက်ပေးနိုင်တာတွေ ။ သူတို့မှာ ကျောင်းမပြီးပဲ လုပ်ငန်းခွင်အာမခံချက်တွေရှိတယ် ကျနော်တို့မှာ ဘွဲ့တစ်ခုရပြီး ဆိုက္ကားနင်းစားနေရတဲ့သူတွေများတယ် အင်း ပြောရင်တော့ အရှည်ကြီးပါ တော်ပါပြီး မကြာခင် ဒီမိုးက တကယ်ရေစီးမလားဆိုတာတော့ စောင့်ကြည့်ရအုံးမှာပေါ့နော့်း) သီချင်းလေးနားထောင်ကြည့်ကြပါအုံး ။

Wednesday, June 9, 2010

ညီအစ်ကို (၃) ယောက်

တစ်ဝမ်းတည်းကနေ အတူတူ မွေးဖွားလာကြတယ် တစ်သွေးထဲပေါ့ ဒါပေမယ့် စရိုက်ချင်းကတော့ တစ်ယောက် နဲ့ တစ်ယောက် လုံးဝမတူတာ အံ့သြစရာ ကိုကြီးက မိန်းမလှလှလေးတွေကို ကြိုက်တယ် ၊ ကိုငယ်က အကောင်းစာ အရက်တွေကို နှစ်သက်တယ် သူကကော ...ဟင်အင်းး ဘာကိုကြိုက်လဲ ဆိုတာ ဒီနေ့ထိ မသိဘူး ငွေလား အငယ်လေးတုန်းကတော့ ငွေကြောင့်စိတ်နာစရာတွေများလို့ လိုချင်တက်မက်မိခဲ့တာတော့ အမှန်ပဲ အဲ့ဒီငွေကြောင့်ပဲ မိတ်ဆွေတစ်ချို့ ရှားပါးခဲ့သလို ဆွေးမျိုးတစ်ချို့ အသိမှတ်မပြုတာ တစ်ခါခါတော့ ငွေဆိုတဲ့ အသံကြားရင် သူ့နှုတ်ခမ်းက အလိုလို ကွေးညွန့်သွားတယ် ။

ကိုကြီး....

သူ့ကြောင့် မျက်နှာပွင့်တာလား မျက်နှာ ငယ်ရတာလား အရှက်ရစေခဲ့တာလားဆိုတာ မသိဘူး ။ သူ့ညီမှန်းသိရင် အစ်မလှလှလေးတွေက မုန့်တွေအများကြီး ၀ယ်ကျွေးတယ် ပွဲသွားတော့မယ်ဆို သနပ်ခါးလူး ပေးတယ် ။ တစ်ခါခါ အိမ်ကိုရောက်လာတတ်ပြီး စားစရာတွေ အများကြီးပါပဲ ။များလွန်းလို့ ဘယ်အစ်မက ကိုကြီး ချစ်သူမှန်းတောင် မသိတော့ဘူး ဘာပဲသိလဲဆိုတော့ စားရရင်တော်ပြီး ။ ဟုတ်ကဲ့ ပတ်ဝန်းကျင်က ပြောသလို သူက လူချောတစ်ယောက်ဖြစ်တာတော့အမှန်ပဲ စမတ်စ်ကျကျ နေထိုင်ပြောဆိုတတ်ပြီး အထာနပ်နေတဲ့ မုဆိုးတစ်ယောက်အသွင်နဲ့ သမင်ပေါင်းများစွာကို သူက လိမ်မာ ပါးနပ်စွာ သိမ်းသွင်းနိုင်ခဲ့တယ် ။ အိမ်မှာ အဘက လွဲပြီး သူမှားနေသလား မှန်နေသလား လို့ ဝေဖန်ရဲတဲ့သူတစ်ယောက်မှမရှိခဲ့ဖူး ဟိုကောင်လေးဆို သူစွေကြည့်လိုက်တာနဲ့ သေးထွက်တယ်ဆိုတာကို သူကတစ်ခါခါ ဟာသလုပ်ပြီး ရယ်တယ်။ အင်း...သူဆိုးတာက ဘယ်လိုဆိုးနည်းလဲ ဖဲရိုက်တာလား --နိုး / အရက်သောက်တာကြောင့်လား ဒါလည်းမဟုတ်ပြန်ပြီး အမည်ဖော်မရတဲ့ ဆိုးနည်းတွေနဲ့ မိသားစုကို မျက်နှာပျက်စေတာကတော့ အမှန်ပဲ အခုလား သူ့ဘ၀လေးမှာတော့ သူက ပျော်မြူးနေတတ်ပြီး ဘာကိုမှမတွေးပဲ ရေပေါ်ဆီလို ( ဒါကို..တစ်ယောက်သောသူကတော့ တစ်ကိုယ်ကောင်းဆန်တယ်တဲ့ )သူ့နာမည်ကြားရင် တစ်ချို့က မဲ့သွားကြတယ် ဘာကြောင့်ပါလိမ့် ???

ကိုငယ်
သူကတော့ ပေါ်တင်ဆိုးတယ် သွေးဆိုးလွန်းလို့ အမေ၀ယ်စုထားတဲ့ ကြွေပန်းကန် လှလှလေးတွေက တစ်စစီဖြစ်သွားရတဲ့ အကြိမ်းပေါင်းမနည်းဘူး ။ ကောင်းနေတဲ့အချိန်ဆိုရင်တော့ အ အတစ်ယောက်လိုပါပဲ ။
ဒါမယ့် သူ့မှာ သနားတတ်တဲ့ စိတ်တစ်စုံနဲ့အနစ်နာခံတတ်တဲ့ အကျင့်လေးကတော့ ကိန်းအောင်းနေတယ်။ ဘ၀ကို ဘယ်တော့မှ စိတ်ပျက်အားမငယ်နေပဲ ကြမ်းတမ်းစွာ ဖြတ်သန်းနေတုန်း ။ သူချစ်တဲ့သူတွေကိုတော့ လိုရင် သွေးပါဖောက်ပေးမယ့် လူစားမျိုး ကံဆိုးစွာနဲ့ လက်တွဲဖော် ဆိုးဆိုးကို ပိုင်ဆိုင်မိလို့ အစွန့်ပယ်ခံရပေမယ့် သူကတော့ အားလုံးကို ဘယ်တော့မှမမေ့ဘူး ။ တစ်ခါခါတော့ လုံချည်ကပေါင်စထဲထည့်ပြီး ၀ှက်ယူလာတဲ့ အသားဟင်းလေးတစ်ခွက်လောက်ကတော့ ထမင်းဝိုင်းမှာ မိဘအတွက် ရောက်ရောက်လာတတ်တယ် ။

ကျန်တစ်ယောက်သောသူကတော့ ကိုကြီးနဲ့ ရုပ်ချင်းတူတယ်လို့ပြောခံရတိုင်း ဘာမဆိုင် ညာမဆိုင် ဒေါသကထွက်သေး ။ သူများအကြောင်းကိုလည်း သိအောင် ဘယ်တော့မှမကြိုးစားသလို ကိုယ့်သမိုင်းကိုလည်း ကိုယ်ပြန်ဖတ်ရမှာ ပျင်းတယ် ။မထီမဲ့မြင် ပြုတတ်တဲ့ ငုံစိတ်ကလေးက ရှိနေတတ်ပြီး ခဏခဏ လည်းစိတ်ဆိုး စိတ်ကောက်တတ်တယ် ။ သူ့အကြောင်းတွေကို အားလုံးနီးပါ သိမယ်ထင်ပေမယ့် တကယ့်တမ်း တွေးကြည့်ရင်တော့ အားလုံးကေ၀၀ါးသွားတယ် သေချာတာကတော့ သူက လူကြီးမဆန်သေးတဲ့ လူကြီးတစ်ယောက်ပါပဲ ။ တစ်ချို့တွေက ဒီပုပ်ထဲက ဒီပဲ ငှက်ပျော်ပင်စိုက် အမျိုးလိုက်မို့ (.....) ညီဆိုတော့ သူ့အစ်ကိုတွေတိုင်းပဲလာမှာပါ ၊ မင်းက (...) ညီလားလို့မေးခံရရင်တော့ ရွဲ့တတ်တဲ့ အကျင့်လေးက မာမာကျောကျော နဲ့ “အဲ့တာ ကျနော်နဲ့ ဘာဆိုင်လဲ ” ၊“ ဘာလုပ်ရမလဲ ” ဒီလို ဘုတော စကား ။ အစ်မတွေဆိုရင် ဒီနေ့ထိ ပေါင်ပေါ်ခေါင်းတင် ဆံပင်ကြမ်းတွေကို ခလေးတစ်ယောက်လို နှုတ်ပေးဖို့ ပူဆာတတ်ပေမယ့် အစ်ကိုတွေအကြောင်းပြောကြတဲ့ စကားဝိုင်းထဲကတော့ ချက်ချင်းထထ သွားတတ်တာ ထူးဆန်းပါ့ ။သူ့အကြောင်းကို သိချာသိဖို့ကြိုးစားပါအုံးမယ် ။

ကွာပြားခြားနားချက်တွေများတဲ့ ညီအစ်ကို (၃)ယောက်မှာ တူညီတဲ့ အချက် (၃) ချက်ကိုတော့သတိထားမိတယ် သူတို့အားလုံး ငွေရဲ့ သားကောင်တွေဖြစ်မှန်းမသိဖြစ်သွားတာ ၊ အမေက ချစ်ပြီး အမေ့ကိုချစ်တဲ့သားတွေဖြစ်ပြီး အားလုံး က အမေနဲ့ဝေးရာ တစ်ယောက်တစ်နယ်စီမှာ ။ ညီအစ်ကို (၃) ယောက် ခုဆို မဆုံတာ ဆယ်စုနှစ်တစ်ခုနီးပါးရှိတော့မယ် ။သူတို့တွေအားလုံး ၀န်မခံပေမယ့် သိနေကြတာက သူတို့(၃)ယောက်စလုံး တစ်ယောက်ကို တစ်ယောက် အသွေးသားထဲက တကယ်ကိုချစ်ကြတယ်ဆိုတာပါပဲ ။ဖွဲ့ဖွဲ့နွဲ့နွဲ့ စကားတွေမဆိုကြပေမယ့် လေလှိုင်းထဲက အသံတွေကြားမှာတော့ တစ်ယောက်က တစ်ယောက်ကို ပြောတဲ့ စကားက “အိမ်ပြန်တော့ ” တဲ့ ။

Monday, June 7, 2010

ပြဇတ်

ဒီပုံက ကိုရွာသားရိုက်ထားတဲ့ဓာတ်ပုံဆိုဒ်က ယူသုံးထားတာပါ ။


ဒီပြဇတ်မှာ ကြိုတင်လေ့ကျင့်မှုတွေမပါ ဘာတွေဖြစ်လာမလဲ ဆိုတာတွေလည်း ကြိုတင်မစဉ်းစားသလို ဖြစ်ခဲ့ပြီးတာတွေကို ပြန်တွေးပြီး သူဝမ်းမနည်းနေ ၀မ်းနည်းနေဖို့  အချိန်ဆိုတာလည်း သူ့ မှာမရှိ မနက်စောစော အိပ်ယာထ ညနေစောင်း လူကျချိန်မှာ ပေ(၅၀)၀န်းကျင်း ဆိုင်သေးသေးလေးမှာ ခြေသလုံးနာကျင်အောင် စာပွဲထိုးရ လျှောက်ရလွန်းလို့  နာကျင်နေတယ် စာကျက်ချိန်ဆိုတာ နည်းပါးလွန်း ပညာရေးထပ် သူ့ ရဲ့ ၀မ်းစာရေးကို အရင်ဖြည့်ရမယ်လေ ။ တစ်ခါခါ စားသုံးသူတွေရဲ့ အော်ငေါက်တာကို ခံရ ခပ်ဆိုးဆိုး ဦးလေးကြီးတွေရဲ့  စကားလုံးကြမ်းကြမ်းတွေက နေ့ စဉ်ကြားနေကြ သီချင်းတစ်ပုဒ်အလား ဒါတွေက ကြားပါများတော့ သာရည်ထူနေတဲ့ ကျွဲတစ်ကောင်လိုမနာတက်တော့ဘူး အဓိက က သူအစာဝဖို့ အရေးကြီးတယ် ။

ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်မှာ ဒီအလုပ်က ရှက်စရာလို့ တစ်ခါမှမတွေးမိဘူး တစ်ခါခါ မိုးရွာထဲမှာ ထီးမပါ ခမောက်စုတ်လေးတစ်ချပ်နဲ့  ဈေးဆွဲခြင်းကိုကိုင် အစ်မ မှာလိုက်တဲ့ ဈေးစာရင်းဘောက်ချာကို ကြည့် သားငါးတန်းတွေကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် နဲ့  လိုက်ဝယ် ငါးရောင်းတဲ့ အဒေါ်ကြီးက အလေးခိုးလို့  ဈေးခေါင်းကို သွားတိုင်ပြီး ပိုက်ဆံပြန်တောင်းခဲ့ဖူးတယ် ။ကျောင်းချိန်အမှီ ခပ်နွမ်းနွမ်း ကျောင်းဝတ်စုံကိုဝတ်၊ အသားဟင်းစားချင်ပေမယ့် နေ့ စဉ်သူ့ ရဲ့ ကျောင်းထမင်းဗူးထဲမှာတော့ ရိပ်သာဝင်နေတဲ့ သူတော်စင်တစ်ပါးအလား လက်ဖက်သုတ်ဆိုတာကြီးပဲ ။ ညနေ ကျောင်းဆင်းချိန် သူငယ်ချင်းတွေ ဘောလုံးကန်တာလား ကစားချင်မနေနဲ့ သူတို့ က ပြည့်စုံတဲ့ မိသားစုက ပေါက်ဖွားလားတာ အဲ့လိုအခွင့်ရေး မင်းမှမရှိဘူး (ကိုယ့်ကိုယ်ကို ပြန်သတိပေးနေတာ ) ။

သူငယ်ချင်းတွေ လာလည်တယ်တဲ့ အိမ်ရှေ့မှာရောက်နေတယ် သူကတော့ လူပျိုပေါက်စလေးနဲ့ တောင်မတူဘူး ထွက်တွေ့ ဖို့ ရှက်နေတယ် ဘာကြောင့်ဆို သူက မီးဖိုချောင်ထဲမှာ ဟင်းချက်နေရတယ်လေ ပြီးတော့ သူရဲ့ င်္အကျီမှာ နံနွင်းမှုန့် တွေ ပါးတစ်ဖက်တစ်ချက်မှာတော့ လူငယ်လေးတွေ သုံးနေကြတဲ့ NIVEA CREAM အစား အိုးမည်းတွေကနေရာ ယူနေတယ် ။ကြာတော့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ့ ကို အဖတ်လုပ်ပြီး မပေါင်းတော့သလို သူကလည်း ဘယ်သူ့ ကိုမှ ခင်ခင်မင်မင်မပေါင်းဖြစ်တော့ဘူး သူရှက်နေတာလား မဟုတ်ဘူး အားငယ်နေတာလားဆိုတော့လည်း သူက ဒုက္ခိတတစ်ယောက်မှမဟုတ်တာ ဖြစ်နိုင်တာက သူလောကကြီးကိုစိတ်ကုန်နေတာ ။

တစ်ချိန်က လူပေါင်းများစွာရဲ့ မျက်နှာတွေကို သူအလွတ်ကျက်ခဲ့တယ် လူတွေရဲ့ မျက်ဝန်းတွေက သူ့ ကိုကြည်ဖြူသလား မကြည်ဖြူဘူးလား ဆိုတာကို မသင်ပါပဲ တက်မြောက်ခဲ့တာကတော့ လောကကြီးက သူ့ အတွက် လက်ဆောင်တစ်ခုပေးလိုက်တာပါပဲ ။ အဲ့ဒီတုန်းက ဈေးဆွဲခြင်းကို လက်မှာ ဆွဲ မိုးရေတောထဲ လမ်းလျှောက်ခဲ့တဲ့ကောင်လေးတစ်ယောက် အခုတော့ အဖော်မပါရင် တစ်ယောက်တည်း လမ်းလျှောက်ရမှာ ကြောက်တယ်တဲ့ ပြောင်းလဲသွားလိုက်တာ ။စာပွဲထိုးဖို့ နေနေသာသာ အခု လူများများရှိနေတဲ့ နေရာကို ရှောင်နေတက်ပြီး လူရှင်းတဲ့ ချောင်တစ်နေရာမှာ တိတ်တိတ်လေး နေနေတက်တယ် ။တစ်ချိန်က နာကျင်စရာ အမှတ်တရတွေထဲက သူအကောင်းဆုံးတွေ သင်ယူခဲ့နိုင်တယ် အဲ့ဒီအတွက် ကျေနပ်ပါတယ် လောကကြီးရေ့ နောက်ထပ် သင်ခန်းစားပေါင်းများစွာကိုလည်း ကျေကျေနပ်နပ်ကြီးသင်ယူပါ့မယ် သူ့ ကို တွက်ရခက်တဲ့ ပုစ္ဆာတွေ များများသင်ပေးလှည့်ပါအုံး ။ သူက ပြဇတ်က ရတာကို နှစ်သက်ပါတယ်တဲ့ ။

Saturday, June 5, 2010

ဘယ်အသင်းဗိုလ်စွဲမလဲ ....



ဘောလုံးနဲ့ကျနော်ဘယ်လိုမှ တွဲလို့မရတဲ့ အတွဲပေါ့ ကိုယ့်ခြေသလုံးက လေတိုက်ရင်လဲမယ့်အနေထားဆိုတော့ ဘောလုံးကန်လို့မဖြစ် ခဏကျိုးသွားမှဖြစ် ဟုတ်ပေ့ဖြစ်နေအုံးမယ် ။ အဲ့လို ဘောကန်တာ ၀ါသနာမပါပေမယ့် ရွှေယောက်ဖရဲ့ ကောင်းမှုကြောင့် ကျနော် ၈ တန်းကျောင်းသား အဖြုအမဲ နဲ့ အားကစားဂျာနယ်တွေဖတ်ဖြစ်ပါတယ် စာဖတ်ဝါသနာပါတဲ့ကျနော့်အတွက်တော့အပျော်ဖတ်ပါပဲ နောက်ပိုင်းတော့ အင်အား ၊ တက်လမ်း ဂျာနယ်တွေ ။ ဘောလုံးပွဲသာမကြည့်တယ် ဘယ်ဘောလုံးသမား ဘယ်အသင်းကိုဘယ်လောက်နဲ့ပြောင်းတယ် ဘယ်ဝန်းကစားတာလား ညာဝန်းကစားတာလား အားလုံးသိ ။ ဖာဂူဆန်ကြီးက စိတ်တိုတိုနဲ့ ဖိနပ်ကို ကန်ထုတ်လိုက်တာ ဘက်ခမ်း မျက်ခုံးကို ထိသွားလို့ အသင်းပြောင်းတဲ့အထိ ဖြစ်သွားတာတွေ ၊ နောက်တန်းမှာ စိတ်ချရတဲ့ အက်ရှလေကိုလ်းတစ်ယောက် ဟိုမော်ဒယ်မလေးကို ဟိုလိုပုံတွေပို့လိုက်တာကောပေါ့ ။

ကျောင်းတက်ကြတုန်းက အဆောင်မှာ ဘောလုံးကန်ကြလို့ လူမပြည့်ရင် ကျနော့်ကို အတင်းဆွဲခေါ်ကြပါတယ် လူမပြည့်လို့ဆွဲခေါ်ရတယ်ဆိုတော့ အရည်ချင်းကတော့ မက်ဆီနဲ့ နင်လားငါလားပေါ့ ။ ဒါပေမယ့် ကျနော်က ဂိုးပဲစောင့်တယ် ပြီးရင် “ငါ ဘောင်ဘီးမ၀တ်ဘူးနော် လုံချည်နဲ့ပဲ ဖမ်းမယ် တော်ကြာ ဟိုအဆောင်ကကောင်မလေးတွေ ငါ့ကြည့်ပြီးရယ်ကြမှာ ” တကယ်တော့ ကျနော်က အကြံနဲ့ပါ ဂိုးဝင်တော့မယ် ဂိုသမားက ဖမ်းမနိုင်တော့ဘူးဆို ကျနော်က လုံချည်ကြီးဖြန့်ပြီး ဟိုပြေး ဒီပြေးလိုက်လုပ်ကေား) အဲ့တော့ ဂိုးမ၀င်တော့ဘူးပေါ့ ၀င်ရင်လည်း လုံချည်ထဲတိုးသွားကော ဟိဟိ အဲ့လိုတော်တာ ။

ပြီးတော့ ကျနော်က အစွဲနဲ့ ဘောလုံးကို အားပေးတာ ပွဲဘယ်လောက်ကောင်းကောင်း ကိုယ်မကြိုက်တဲ့အသင်းဆို လုံးဝကိုထမကြည့်တာ ကိုယ်အားပေးတဲ့အသင်း ဥပမာ မန်ယူဆိုရင် ရှုံးတော့မယ်သိတာနဲ့ တီဗွီပိတ်ပြီး အိပ်လိုက်ကော ။ သူငယ်ချင်းတစ်ယောက် ကဘောလုံးအသင်းထက် ဘောလုံးသမားတွေထက် မောရင်ဟိုကို ပိုကြိုက်တယ် ။ တစ်ယောက်ကတော့ ရုပ်ဖြောင့်တဲ့ စီရော်နယ်ဒိုရဲ့ ပရိတ်သတ် ကျနော်ကတော့ ဖာဂူဆန်ကြီးပေါ့း) ။ ညည ဘောလုံးပွဲအကြောင်း ငြင်းရင် အော်ကြတဲ့ အခါတွေ မှတ်မိသေး ။ အိမ်က တူက ရပ်ကွက်ပွဲမှာ ရှေ့တန်းက ၀င်ကစားတယ် ဂိုးဝင်တဲ့အခါကျတော်ပါသေးရဲ့ ဂိုးများမ၀င်လို့ကတော့ ဆဲလိုက်တာများ အော်.....ငါ့အစ်မနှယ့်နော် နေရင်းထိုင်ရင် သူ့မှာ ယောက်ျားတွေများသွားလိုက်တာလို့ သံဝေဂ ရမိတယ် သူကတော့ ဘောလုံးသမားအမေဆိုတော့ ပွဲတိုင်းလိုက်လိုက်ကြည့်နေတာကျင့်သား ရသွားပြီထင်ပါ့ ။

လေကြောရှည်နေတာနဲ့ ဒီပို့စ်ရဲ့ ဆိုလိုရင်းပါ ပျောက်သွားတယ် ကိုအောင်ပျု တဂ်ထားတဲ့ ကမ္ဘာ့ဖလားမှာ ဘယ်အသင်းဗိုလ်စွဲမလဲဆိုတော့ ပြောနေစရာလိုလို့လားဗျာ အင်္ဂလန်ပဲ ဗိုလ်စွဲမှာပေါ့ ။ နောက်တန်းမှာ ဖာဒီနန် ၊ တယ်ရီ ၊ ကိုလ်း သူတို့ရှိတယ် ဘယ်ရှေ့တန်းသမားကျော်မလဲ ။ အလယ်တန်းမှာ လမ်းပတ် ၊ဂျိုလ်ကိုလ်း ပြီးတော့ ရှေ့တန်း ရွန်းနီ ။ ကျနော်ကြိုက်တဲ့ မန်ယူကစားသမားတွေ အများစုပါတာကြောင့်လည်း အင်္ဂလန်ကို ချစ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျနော်တို့ ဗေဒင်နည်းအရ ပြောရရင် အင်္ဂလန်ဆိုတော့ တနင်္ဂနွေနံ ၊ ကန်မယ့်နေရာက တောင်အာဖရိက တောင်ကို ဂဌုန်က အတောင်ပံခပ်ပြီး ကျော်မယ့် နမိတ်ကိုပြနေတယ် ။ အုပ်စုအဆင့်တွေမှာ 13/19/23 နေ့တွေမှာကန်မှာဆိုတော့ ပေါင်းခြင်းက 55 ။ 55 ဆိုတော့ မမ ကြာသပတေးနံဖြစ်တဲ့အတွက် ဓာတ်တူနာမ်တူ ဆေးဘက်ယူ တနင်္ဂနွေနံ နဲ့ ကြာသပတေးနံဟာ မိတ်ဖက်တွေဖြစ်တာကြောင့် အင်္ဂလန်က အုပ်စုပထမ နဲ့တက်မယ် ။

ကန်တဲ့ရာသီက ဂျွန်လ ဖြစ်တဲ့အတွက် ဂျွန်ကို လန် (အင်္ဂ်လန်) က တက်ခွထားတဲ့ ရာသီ ဆိုတော့ကားး ဗိုလ်လုပွဲမှာ အင်္ဂလန်က ဘရာဇီးကို 10-1 ဂိုးနဲ့ နိုင်သွားပါကြောင်း ။ ဖြောင်း ဖြောင်း ဖြောင်း ပိတ်ပွဲအခမ်းနားကိုတော့ မေခလာက ဂိုးသွင်းကောင်းတဲ့ ကိုကိုသီချင်းကို သီဆိုဖျော်ဖြေပေးရန်အတွက် မြန်မာအစိုးရကို ဘောလုံးပွဲကျင်းပရေးကော်မတီမှ အဿပြာ ၂ ဒေါ်လာထိုးပြီး လာဘ်ထိုးထားကြောင်းခင်ဗျား။

ဆက်ပြီးရေးပေးစေချင်တဲ့သူကတော့ ခံစားမှုသံစဉ်မှ blackroze ကို ရေးပေးစေချင်ပါတယ် ခင်မင်မှုပေါ့ အဆင်ပြေရင် ရေးပေးပါ ။ ကျေးဇူး ။

Friday, June 4, 2010

တိုးတိုးလေး တိုက်တဲ့ လေညှင်း

(image from yenta4.com)

ကောင်းကင်ကမှိုင်း

မြူတွေဆိုင်းတော့
ရင်ဝယ်မချိ
နွမ်းနယ်မိပေါ့
မလွမ်းပဲ ဘယ်မှာ ရှိပါ့မလဲ
ချစ်သူ ......
မင်းကို ကိုယ်လွမ်းနေတယ်လို့ 
လေညှင်းကလေးက တိုးတိုးလေး
လာမပြောဘူးလား???

Thursday, June 3, 2010

MaeSot Overviews (1)



လူတန်းစား ပေါင်းစုံးနေထိုင်ရာ ဒီမြို့ လေးမှာ လူမျိုးတူခြင်း ကူညီရိုင်းပင်းတက်တဲ့သူတွေ ရှိသလို ၊ အချင်းချင်းခေါင်းပုံဖြတ်မှုတွေ ရှိတယ် ၊ ဘ၀တူချင် စာနာနားလည်ပေးနိုင်တဲ့သူတွေ ရှိနိုင်သလို မေတ္တာတရားခေါင်းပါးတဲ့ သူတွေလည်းရှိနေသေးတယ် ။စားသောက်ဆိုင်တွေ မှာပျော်ပါးနေတဲ့ သူတွေ ရှိသလို ၊ ညဘက်ပါ မနားမနေနဲ့  ပင်ပင်ပန်းပန်းလုပ်နေရတဲ့ သူတွေ ရှိတယ်။ ဒီမြို့လေးမှာပေါ့ ခံစားချက်တွေကို မြေမြှပ် သည်းခံခြင်းတရားဆိုတာတွေကို လက်ကိုင်ထားပြီး ရှင်သန်နေထိုင်နေရတဲ့သူတွေ့ ရဲ့ဘ၀ ကို သင် ဘယ်လို မျှဝေခံစားပေးနိုင်မလဲ??? အကြောက်တရာတွေက ညစဉ်အိပ်မက်တွေလို သူတို့ ဘ၀ကို ခြောက်လှန့် နေတယ် ကိုယ့်အသက်ကိုယ်တောင် အာမ မခံနိုင်တဲ့ ဒီလိုမြို့ လေးမှာ ဘာကြောင့် သူတို့ တွေ နေထိုင်နေရသလဲ ပြဇတ်ပေါင်းများစွာထဲက မလှပတဲ့ တစ်ခန်းရပ်ပြဇတ်တွေလို့  ဖွင့်ဆိုမိရင် ပိုတယ်လို့ မဆိုနိုင်ဘူးထင်တယ် ။


ပြဇတ်(၁)

ည( ၁၀ ) နာရီ ၀န်းကျင်း နေထိုင်ရာ တန်းယား အတွင်းသို့  ဆယ်ဘီးကား ၂ စီး ရဲ့ မောင်နှင်သံနဲ့  အတူ ကျနော့်ရဲ့ အချက်ပေးသံ '' ဟေး ဟေး... ထကြတော့ ထကြတော့ ငါးကား ၀င်လာပြီကွ '' ဒီအသံကတော့ အသင့်တင့်လို ဆိုနိုင်တဲ့ ငါးဒိုင်း အလုပ်ရုံတစ်ခုရဲ့ ခေါင်းဆောင်းလို့  သတ်မှတ်ထားတဲ့ ကျနော့်ရဲ့ အသံပါပဲ ။ဒီလို အိပ်ကောင်းနေတဲ့အချိန် ကိုယ်တိုင်တောင် မထချင်ပဲ သူများကိုယ်လည်း ဘယ်နှိုးချင်ပါ့မလဲ ဒါပေမယ့်လည်း အလုပ်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲလေ ။ အိပ်ယာ သိမ်းတဲ့ သူသိမ်း၊ အလုပ်အင်္ကျီဝတ်တဲ့သူက၀တ် ( ကျနော်တို့ အလုပ်က ငါးရွေး ငါးထမ်းတဲ့ အလုပ်ဆိုတော့ ရှင်းရှင်းပြောရရင် အနံ့ အသက်မကောင်းဘူးပေါ့ဗျာ ) ။ ငါးကားလည်း ရုံထဲကို ဆိုက်တာနဲ့  ကားပေါ်က ငါးပုံးတွေကို ချတဲ့သူချ ၊ ရေခဲတုံးထုတဲ့သူထု ပြီး ငါးရွေးတဲ့ သူက ရွေး နဲ့ တစ်ချို့ တွေအိပ်ကောင်းနေတဲ့ အချိန်မှာ သူတို့ တွေကတော့ အလုပ်ထဲမှာ အသံတွေက ဆူညံနေတာပေါ့ ။

ကောင်ကလေး ၂ ယောက်ရဲ့ တီးတိုးသံ ကျနော်ကြားရင်းပြုံးမိတယ်
'' ဟေ့ကောင်.....ဖိုးကျော် မင်းအခုရွေးနေတဲ့ ငါးအကောင်ကြီးကြီး တစ်ကောင်လောက် ကစ်ထားလိုက်စမ်းကွာ ''
''ဟားး...မင်းကလည်း ငါ့ကို ဆဲခံထိအောင်လုပ်နေပြန်ပြီကွာ ''
'' မင်း ညနေကမတွေ့ ဘူးလား ရုံမှာ အလုပ်သမားတွေကို ချက်ကျွေးဖို့  ညနေက သူဌေးမ ဈေးက ၀ယ်ခဲ့တာ ၁၀ ဘတ်တန် ဂေါ်ဖီထုပ်ကွ ''
'' ဟေ...ညနေကပဲ ချဉ်ပေါင်ဟင်းစားပြီးပြီလေ လာပြန်ပြီလား ဂေါ်ဖီ ''
'' အေးပါဆို.......... ''
'' ကစ်မယ်ကွာ....ရော့ မင်းကတစ်ကောင် ငါကတစ်ကောင် ညနေ ကိုယ့်ပါသာချက်စားမယ် ''

အင်းးးးးးးးး ကျနော်ကြားနေပေမယ့် လည်း မကြားချင်ယောင်ဆောင်နေလိုက်ပါတယ် ကိုယ့် ညီအရွယ်လေးတွေ အလုပ်ကပင်ပန်းရတဲ့အထဲ အစားသောက်ကမကောင်း ရတဲ့ လစာလေးကျတော့လည်း အမေ နေမကောင်းလို့  ပို့ ရတဲ့သူနဲ့  ၊ ညီ ...ညီမလေးတွေ ကျောင်းစရိတ်ပို့ ရတဲ့ သူနဲ့  ဆိုတော့ ကျနော်ဘယ်လို ဆူလို့ ထွက်မှာလည်းဗျာ ။ သူငယ်ချင်းတို့ ကော ကျနော့်နေရာမှာဆို ဘယ်လို ဆုံးဖြတ်ကြမလဲ ကျနော်ကတော့ ပိုင်ရှင်သိလို့ အလုပ်ထုတ်ခံရရင် ခံရပါစေ ဘ၀ကြမ်းကြမ်းတွေကို စာနာလွန်းလို့ ပါ ။သမုဒ္ဒရာ ၀မ်းတစ်ထွာ မို့ ပဲပေါ့ နို့ မဟုတ်၇င်တော့ ဒီလောကမှ အသက်ရှင်ဖို့ တောင်မကောင်းတော့ဘူးးးးးးးး။


ပြဇတ်(၂)

မုန်တိုင်းသတင်းတွေ ကြားရ ၊ သတင်းလိုင်းတွေမှာ မှာ ကြည့်နေရတာနဲ့  စိတ်မချမ်းသာလိုက်တာနော် ။ အိမ်ကော ဘယ်လိုနေသေးလဲ မသိ ငါတို့ မြို့ လေး ဘာမှမဖြစ်ဘူးဆိုပေမယ့် စိတ်တော့ ပူမိသေးတယ် အိမ်မှက ဘယ်သူမှရှိကြတာမဟုတ် ဖုန်းကလည်း ခေါ်မရပါလားနော်း( ဘာမှမဖြစ်လို့ ထင်တယ် တစ်ခုခုဖြစ်ရင်တော့ အိမ်ကတစ်ယောက်ယောက်တက်လာမှာပဲ စိတ်တွေကပူ ၊ အလုပ်ထဲလည်း စိတ်ကမရောက် နေရတာ ထိုင်းထိုင်းမှိုင်းမှိုင်း နဲ့  သက်ပြင်းက လည်း ချရပါ များလွန်းလို့  ရင်ဘတ်တောင်အောင့်နေပြီးးးးးးးးးးးးးးး။

ညနေ ၅ နာရီ ကျော်ကျော် အိမ်ရှေ့က အစ်မ တစ်ယောက်
'' သက်ဦးရေ့....ဖုန်းလာနေတယ်ဝေ့ ''
" ဟုတ်ကဲ့ ..ဟုတ်ကဲ့ '' ..............အိမ်ကပဲ ဖြစ်မယ် ........ဟူးးး ဘာမှမဖြစ်ကြပါစေနဲ့ လို့  သာ ဆုတောင်းရမှာပဲ ။
''ဟယ်လို ............အငယ်ကောင်လားးး''
''ဟုတ်ကဲ့ .....မကြီး ပြော ဘာဖြစ်ကြသေးလဲ အိမ်မှာ စိတ်ပူနေတာ ဖုန်းလည်းဆက်မရ ''
''အေးး...သိတယ် အိမ်မှာ ဘာမှမဖြစ်ကြပါဘူး ဒါပေမယ့် နင့် မလေး တို့  ကွမ်းတွေ စိုက်ထားတာ အခု မုန်တိုင်းဝင်တော့ အကုန်လုံးပြိုကုန်တယ်''
ဟင်း.................ဒုက္ခ အိမ်ထောင်ကျထားတာက မကြာသေး ကလေးကလည်း အငယ်လေးတွေ ရှိသေးတယ် သူ့ ယောက်ျားကလည်း ရိုးရိုးအအ စိတ်ညစ်လိုက်တာ။
''ကွမ်းတွေ စိုက်ထားတာတောင်မကြာသေးဘူး ဖြစ်ပြန်ပြီနော် စိတ်ညစ်လိုက်တာ ''
''အေးလေ....
အဲ့ဒါ ငါ့မောင် အဆင်ပြေရင် နင့်မလေး အတွက် ပိုက်ဆံ ပို့ လိုက်အုံးနော် အစ်မလည်း ဒီမှာ ပိုက်ဆံတွေ လွန်ထားလို့  ''
''ဟား..........လုပ်ပြန်ပြီး
သူတို့  ကွမ်းစိုက်တုန်းက အရင်နှီးလိုတယ်ဆိုလို့  ကျနော်ပဲ ပို့ ထားရတာ ဘာမှန်းလည်း မသိဘူးး ''
''အော်............
ငါ့မောင်ရယ် ကိုယ့် ညီကိုမောင်နှမအဆင်မပြေတော့ ဘယ်လိုလုပ်မလဲ လိမ္မာတယ်နော် ဒီတစ်ပါတ် ဈေးလာတက်ဝယ်မယ့် ဒေါ်စန်းနဲ့ ထည့်ပေးလိုက်နော် ''
'' အောက်ပြန်ဆင်းမလို့  စုထားတာလေးတော့ ကုန်ပြန်ပြီးး ''
''အေးပါ.....နောက်လတွေ နင့်ပါသာ စုထားလိုက်တော့ မပို့ နေနဲ့  ကြားလားးး ''
''ဟုတ်...ဟုတ် အဲ့ဒါဆိုလည်းး ထည့်ပေးလိုက်တော့မယ် ဘယ်တက်နိုင်မလဲ ''

သူ့ ကတော့ အလိုမကျသံတွေနဲ့  ပြန်ပြောလိုက်ပေမယ့် တကယ်ဖြစ်လာတယ်ဆိုတော့လည်း ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ မှသူစိမ်းမဆန်နိုင်ဘူးလေ သွေးကစကားပြောလာတယ် ။ အင်းးးးးးး...............ဒီလ အ၀တ်စားဝယ်မယ်လို့  စိတ်ကူထားတာလေးတောင် မ၀ယ်ဖြစ်ပဲ စုထားတာလေး ပေးလိုက်အုံးမယ်လေ အိမ်ကတော့ ပြန်ရမှာပေါ မသေခင်တစ်နေ့  ။ ရောင်းရင်းတို့ ကော ကိုယ်လွတ်ရုန်းနိုင်တဲ့ အခြေနေမျိုးဖြစ်ပေမယ့် ကိုယ့်ရဲ့ ခံစားချက်တွေကို ဦးစားမပေးပဲ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်လိုက်ရတဲ့ သူတစ်ယောက်ကို ဘယ်လို သုံးသပ်မလဲ ???????????????။

Wednesday, June 2, 2010

ခေါ်သံ

ကျနော့်ဘ၀ အငယ်လေးထဲက ရင်ခွင်စစ်တွေ စွန့်ပစ်ခံခဲ့ရတယ် ။ အမေ က အဖေ့ ကိုမုန်းတယ်။ အဖေက အမေ့ ကိုလည်းချစ်တယ် ပြီးတော့ မကုန်ခမ်းနိုင်တဲ့ သူ့အချစ်တွေက တစ်ခြားအမျိုးသမီးအများကြီးကို အချစ်တွေ ဝေမျှနိုင်လွန်းတယ်ဆိုတဲ့ အမေ့ရဲ့ ခံယူချက်တွေကြားမှာ ကျနော် မြေစာပင်ပေါ့။ လူသားနှစ်ယောက်ကြောင့် လောကကြီးထဲ ရောက်ရှိလာတဲ့ နောက်ထပ်လူသားလေး ကျနော့်ကို ဘာကြောင့် မေ့သွားကြ ( မေ့ဟန်ဆောင်တာလည်းဖြစ်နိုင်တယ် ) တာလည်း ဆိုတာ ကျနော့်လို ဦးနှောက်သေးသေးလေးနဲ့ မစဉ်းစားတက်ဘူး။ တစ်နေ့ တော့ ကျနော့် ခြေတောက်ပေါ်ကျနော်ရပ်တည်နိုင်တဲ့တစ်နေ့ နာကျည်မှုတွေမပါ စော်ကားမှုတွေလည်းမ ဟုတ်တဲ့ နှစ်ပေါင်းများစွာ သိချင်လွန်းတဲ့အဖြေကို မေးဖြစ်အောင်မေးမှာပါ ။


အဖွားပြောပြောနေကျ ပုံပြင်တစ်ပုဒ်အလား ကျနော့်ငယ်ဘ၀က စိတ်ဝင်းစားစရာတွေ ပြည့်နေခဲ့တယ် ။ အဖွားသိပ်ချစ်တဲ့ ကျနော့် အဖေကြောင့်သာ အဖေ့ရဲ့ ကိုယ်ပွားလေးတစ်ခုမို့ အဖွားက ခေါ်ယူစောင့်ရှောက်ပေးခဲ့ ။အဖွားကြောင့်သာမဟုတ်ရင် သူစိမ်းတွေလက်ထဲမှာများ ဒါမှမဟုတ် အသက်ဆက်ရှင်နေနိုင်ပါ့မလားဆိုတာ မတွေးချင်လောက်အောင်ပါပဲ ။ အိမ်မှာ ချိတ်ထားတဲ့ အဖေ့ ဓာတ်ပုံထဲမှာ ကျနော့်နဲ့မတူခြားနာစွာနဲ့ လူချောတစ်ယောက်ပဲ ကျနော်ကတော့ လောကထဲကို ရုပ်ဆိုးလေးတစ်ယောက်အဖြစ်နဲ့ရောက်လာခဲ့တာပါ သူ့ဆီက အမွေတစ်ခုမှ မရခဲ့တာ ကံဆိုးမှု တစ်ခုလား ကံကောင်းမှုတစ်ခုလားဆိုတာကိုတော့ ကျနော် ဘယ်တော့မှ အဖြေထုတ်မှာမဟုတ်ပါဘူး ။ကျနော် ၃ နှစ်သား မှာ အဖေ နဲ့ အမေက ထာဝရ ပြတ်စဲတာလား သူတို့ရဲ့ မာနတွေကိုပဲ မစွန့်လွှတ်နိုင်တာလား ဒါမှမဟုတ် သူတို့ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အချစ်ဆိုတဲ့ အရာတစ်ခုကို မျက်ကွယ်ပြုထားတာလား ရင်သွေး ကျနော့်ကိုပဲ ရှိတယ်လို့မထင်ကြတာလားတော့မသိ သူတို့တွေကျနော်နဲ့ ဟိုးး အဝေးကြီးမှာ တစ်ယောက်တစ်နေရာစီ ခုချိန်ထိ အဖေ နဲ့ အမေ့ရင်ခွင့်ကြားမှာ မအိပ်စက်ခဲ့ရတာ မှတ်မိစအရွယ်ထဲကပါပဲ ။


ဦးငယ်ကတော့ တစ်ခါခါ ကျနော့်ကိုပြောတယ် “မင်း အဖေက မိန်းမကျမ်းပြုစုနေတာ သေမှပဲ အဲ့ကျမ်းကပြီးမယ်ထင်တယ် ” တဲ့ ဘာလဲ ဆိုတာ နားမလည်ပေမယ့် ကြားပါများနေတဲ့ ကျနော့်နားကတော့ အဖေ့အကြောင်းတွေ အလွတ်ရနေပြီး အခု ဘယ်မှာ ဘယ်က မိန်းမ နဲ့ သိပ်မကြာသေးလိုက်ဘူး နောက်တစ်ယောက်နဲ့ ဆိုတာတွေ အဖွားရှေ့မှာသာ မပြောရဲကြတယ် အဒေါ် နဲ့ ဦးငယ်ကတော့ စိတ်ညစ်ဒေါသ ဖြစ်နေရတာ အကြိမ်ကြိမ်ပါပဲ ။ တစ်ခါခါ တမ်းတမ်းတတ နဲ့ကို မျှော်လင့်မိတာပေါ့ အဖေ့ရဲ့ ဂရုတစိုက် စောင့်ရှောက်မှုတွေ အောက်မှာ အမေ့ရဲ့ ဂရုဏာ ဆုံးမသံတွေကြားမှာ။ ဒါတွေ တစ်ခုမှ မရခဲ့တာ ကျနော့်ရဲ့ ကံဆိုးမှုတစ်ခုပါပဲ ။ ကျောင်းမှာ စာစီစာကုံး “ တို့ဖေဖေ” ၊ “ တို့မေမေ” အကြောင်း ရေးခိုင်းတဲ့နေ့တွေဆို ဟော့ဒီအရွယ်နဲ့ မမျှတဲ့ စိတ်ဒဏ်ရာတွေက နာကျည်လာလိုက်တာ အဖေ့ ကိုလား အမေ့ ကိုလား မသိဘူး ။ ဟုတ်ကဲ့...ကျနော်က ဆိုးပါတယ် အဖေ နဲ့ပက်သက်တဲ့ ခံစားချက်တွေတိုင်းအတွက် အထိမခံနိုင်တာ ၊ မင်း အဖေ က ဘာဆိုတဲ့ အသုံးတွေကြားမိရင် ဖြစ်လာတဲ့ ဒေါသတွေကို မထိန်းချုပ်တက်လို့ဆိုးတဲ့ ကျောင်းသားအဖြစ် နာမည်တပ်ခံခဲ့ရတယ် ။

ကျနော်ရှင်ပြုတော့ အဖေက မရောက်လာခဲ့သလို အဝေးက အမေကလည်း ဆံချတဲ့နေ့မှ ရောက်လာခဲ့တယ် ကိုရင်လေး သင်္ကန်စီးတော့ အဖွားက ကျနော့်ကို သနားလွန်းလို့တဲ့ မျက်ရည်တွေက ဖြိုးဖြိုးဖြိုက်ဖြိုက် ။ ကျနော်က သနားစရာကောင်းနေလားဗျာ သေချာတော့မသိပေမယ့် ရှင်လောင်းလေးတွေ ဓာတ်ပုံရိုက်ကြတော့ အဖေဖြစ်သူက သပိတ်ကိုကိုင် အမေဖြစ်သူက အပြုံးမျက်နှာနဲ့ သင်္ကန်ကို ကိုင်လို့ ဓာတ်ပုံတွေရိုက်နေလိုက်တာ တဖျပ်ဖျပ်နဲ့ပါပဲ ။ ကျနော့် အမေကကော အနေဝေးခဲ့လို့ အနေစိမ်းခဲ့ပေမယ့် ကျနော့် အမေ့ကို မမုန်းပါဘူး ။ အမေ့ မျက်နှာပေါ်မှာတော့ အမည်ဖော်ရခက်တဲ့မျက်ဝန်းတစ်စုံ ကျနော်ကိုကြည့်ပြီး ရီဝေလာတဲ့ မျက်လုံးတွေကို ပုတ်ခတ်နေတာ မျက်ရည်တွေကို အဝေးမောင်းထုတ်လိုက်တာ ကျနော်သိတာပေါ့ အမေ ရယ် ။


ဆယ်စုနှစ် တစ်ခုကျော် ရင်ခွင်ပျောက်ခဲ့တဲ့ လူငယ်လေးတစ်ယောက်အတွက် မျှော်လင့်ချက်ဆိုတဲ့ စကားက သူ့ဘ၀ အဘိဓမ္မာမှာမပါခဲ့ဘူး ။ ရှင်သန့်ခဲ့ရတဲ့ ဘ၀နေ့ရက်တွေမှာ “ဒီကောင်လေး ဖင်ပေါ့တယ် ” ၊ “ သွက်သွက်လက်လက်ရှိတယ် ” ဆိုတဲ့ စကားတွေကြားမှာ ကျနော်ကဘ၀ ကိုရှင်သန်ခဲ့တာ ကျနော် အခု လူပျိုပေါက်လို့ ပြောလို့ရတဲ့ ( 7) တန်းကျောင်းသား တောင်ဖြစ်နေပြီး ။တစ်ခါခါတော့ လူကြုံဆိုတဲ့ သူတွေက အဖွားအိမ်ကိုရောက်ရောက်လာတက်တယ် “မင်းအဖေ ကို ဘာမှာမလဲ ” ၊ “မင်းအမေကို ဘာပြောပေးရမလဲ ” ဆိုတဲ့စကားတွေမှာ ကျနော့်ရဲ့ လူငယ်လောဘလေးက ကြွကြွလာတက်တယ် စက်ဘီးအသစ်လေး တစ်စီးလောက်ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ဘောကန်ဖိနပ်ကောင်းကောင်းလေ တစ်ရံလောက်ဖြစ်ဖြစ် ။ သူတို့တွေဆီက မျှော်လွန်းလို့လေ မျှော်လင့်ခဲ့ရတဲ့ အရေတွက်တွေများလာတော့ မျှော်လင့်ချက်တွေက အသံတိတ်သေဆုံးသွားခဲ့ပြီး ။ စာတစ်တမ် ပေတစ်ဖွဲ့ မရေးဖွဲ့ချင်တော့သလို ဘာကိုမှလည်း စိတ်ကူးမယဉ်ခဲ့တော့ဘူး ။ ဒါပေမယ့်ဗျာ စိတ်ရှိတိုင်းသား အကျယ်ကြီးအော်ပြောရရင် ကျနော့် ရင်ဘတ်ကြီး ကွဲထွက်သွားအောင်ကို အော်ပစ်လိုက်ချင်တယ် “ ကျနော့်ကို ဘာလို့ လူ့လောကထဲ ခေါ်လာရတာလဲ ” ။ အခုတော့ဗျာာာ ကျနော်က ရင်ခွင်မဲ့သားတစ်ယောက်အဖြစ်နဲ့ လူ့လောကကြီးမှာ တစ်ယောက်တည်း အားငယ်စွာ ။ ကျနော်လည်း တစ်ခါလောက်တော့ တမ်းတမိတယ် အကြင်နာဓာတ်တွေ စီးကူးနေမယ့် “ သား” ဆိုတဲ့ မွတ်မွတ်သိပ်သိမ် ခေါ်သံ
တစ်ခုကိုပေါ့ ။

Tuesday, June 1, 2010

ကိုသင်္ကြန် + မမိုးချစ်သူ

မေလ (၂၉) ရက် အဲ့ဒီညနေခင်းက မိုးစက်လေးတွေ တဖွဲဖွဲကျနေတယ် ။ မိုးကိုချစ်တဲ့ကောင်မလေး နဲ့ ကောင်မလေးကိုချစ်တဲ့ အစ်ကိုကြီး တစ်ယောက် လှပတဲ့နှစ်ကိုယ်တူကမ္ဘာလေးကို တည်ထောင်လိုက်ကြပြီး သိပ်ကိုပျော်စရာကောင်းတဲ့နေ့လေးပါပဲ သူတို့၂ယောက်ရဲ့ ပေါင်းစည်းမှုလေးမှာ ကိုယ်လည်း အမှတ်တရအဖြစ်ပျက်လေးတွေပါဝင်ခွင့်ရခဲ့တဲ့အတွက် ၀မ်းသာတယ် ။မှတ်မိသေးတယ် “လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်ကွ” လို့ပြောတတ်တဲ့ ကျနော့်ဆရာကို တောင်ပေါ်ကို မြန်မြန်ရောက်အောင်တွန်းပို့ခဲ့တဲ့ နေ့တွေက တကယ့်ကိုပြန်တွေးရင် ရယ်စရာကောင်းနေတာပါပဲ ။ချစ်သူများနေ့က ချစ်သူကို ပန်းစည်းင်္ကြီးလက်မှာကိုင်ပြီး သွားတွေ့တာ ပြန်လာတော့ ရှက်လိုက်တာကွာလို့ ညည်းတတ်တဲ့ အစ်ကို ခုတော့ မင်္ဂလာဆောင်မှာ ပြုံးနေလိုက်တာ ကမ္ဘာပေါ်မှာ အဲ့နေ့က သူ့လောက်ပျော်တဲ့သူ ရှိမယ်တောင်မထင် ။

အဲ့နေ့ညနေက က မမီး နဲ့ ကျနော် ၂ယောက်တူတူသွားဖြစ်တယ် ။ မဲဆောက်က အကြီးဆုံးဟိုတယ်ဆိုတော့ ကိုယ့်မှာ ယောင်လို့တောင် သွားဖြစ်တဲ့နေရာမဟုတ် ။ မင်္ဂလာဆောင်ကို ကြောင်တောင်တောင် သွားရင်းတွေးဖြစ်တာ ရွှေပြည်ကြီးမှာလို ဆောင်းဘောက်ကြီးတွေ အကျယ်ကြီးဖွင့် စကားတွေအော်ပြော အဲ့လိုထင်နေတား) ဟိဟိ ဘာသံမှ မကြားရ တကယ့်ကိုအေးချမ်းနေတာပဲ သီချင်းသံလေးက ငြိမ့်ငြိမ့် စကားသံလေးတွေက တိုးတိုးတိတ်တိတ်နဲ့ အေးချမ်းပြီး ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲလေးပါ ။ ကျနော် နဲ့ မမီးကတော့ ထိုင်းတွေကြား ကြောင်တောင်တောင်ဖြစ်ဖို့နေနေသာသာ ၂ယောက်ထဲနဲ့ဆူညံနေတာပဲ ။ ဓာတ်ပုံရိုက်ဖို့ကိုလည်း ““ ရိုက် ရိုက် ” နဲ့ ဆူညံနေတာ ။မင်္ဂလာဆောင်မှာ အခမ်းနားမှူးက ထိုင်းလိုပြောတော့ အစ်ကိုနဲ့ အစ်မက တိုးတိုးကြိတ်ကြိတ်ဖြစ်နေတား) အစ်မက နားမှမလည်တာ ။

သတို့သား သတို့သမီးက ကျေးဇူးတင်စကားပြောတော့ အစ်ကိုကထိုင်းလို တိုတိုတုတ်တုတ် ပြောပြီးတော့ အစ်မ ဘယ်လိုပြောမှာပါလဲ စဉ်းစားနေတာ အင်္ဂလိပ်လိုပြောသွားတာများ နားထောင်ကောင်းနေတာပဲ စိတ်ထဲလည်းပျော်သွားတယ် ( ငါတို့ ဗမာတွေကို ညံ့တယ်ထင်တဲ့ဟာတွေတွေ့တယ်ဟုတ် လက်ခုပ်သာတီးကြတယ် တစ်ယောက်မှ နားလည်မှာမဟုတ်ဘူးဆိုတဲ့ အတွေးက ရွှေပီပီ ရွှေအတွေးတွေးသွားတယ် ) ။ အခမ်းနားပြီးမှ ပြန်လာဖြစ်တယ် ပြီးတော့ ဓာတ်ပုံတွေရိုက်ကြ အစ်မက လာလာ မြှားနတ်မောင် ဆိုတော့ ရှက်ချင်ယောင်ဆောင်နေတဲ့ကျနော့်ကို ဆရာကပါ လာလာ ဒီကောင်မပါလို့ဘယ်ဖြစ်မလဲတဲ့ ဟဟား ။ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေ အမှတ်တရ တင်ပေးလိုက်ပါတယ် ဓာတ်ပုံတွေတင်တာမကြိုက်ပေမယ့် ခွင့်ပြုမယ်လို့ထင်လို့း) ဒီလိုတွေပြောပြီးတော့ပဲ ကိုယ်လုပ်ချင်တာတွေလိုက်လုပ်နေတာပါပဲ ။ ဆရာနဲ့ အစ်မရေ မဆူနဲ့နော် ကျနော်ကတော့တင်လိုက်ပြီး ။




မင်္ဂလာဆောင်ဖိတ်စာ
မင်္ဂလာစင်မြင့်

ဒီပုံလေးက မင်္ဂလာခန်းမထဲမ၀င်ခင်အ၀င်ဝက အလှဓာတ်ပုံအသေးလေးတွေနောက်ခံထာပြီး ဓာတ်ပုံရိုက်ကြတဲ့နေရာလေးပါ ။ ပြန်တော့ လူတွေကလည်းရှင်းနေတာပဲ အဲ့ပုံသေးလေးတွေကို ကင်မရာနဲ့သွားချိန်ရိုက်နေရင်း ပုံလေးတွေက အရမ်းလှနေတာနဲ့ တစ်ပုံခိုးခဲ့တယ် မမီးကတော့ ဟဲ့ဟဲ့ မောင်မျိုးမလုပ်နဲ့လေတဲ့ နောက်ကျသွားပြီး ဓာတ်ပုံက ကျနော့်ဘောင်းဘီအိတ်ထဲတောင်ရောက်နေပြီး ။

အခမ်းနားမှူး မိန့်ခွန်းပြောကြားနေတဲ့ပုံ ။

ပြန်ကာနီးတော့ ရိုက်ခဲ့တဲ့ပုံ ။

ဒါက ဓာတ်ပုံရိုက်ရင် ကိုယ်လုံးမပါစေနဲ့လို့ပြောတဲ့ မမီး :)

မဖွရရင် မနေနိုင်လို့ အစ်ကိုက အစ်မကို နမ်းနေတဲ့ပုံလေးတင်လိုက်အုံးမှ ဟီဟီး သူများကောင်းစားနေရင်အဲ့လိုပဲမနာလိုဖြစ်တတ်တယ်။
အားကျစရာကြီးနော့်





ရိုက်ခဲ့တာတွေတော့ အများကြီး ဒါပေမယ့်တော်ပါပြီး ။ အစ်ကိုရင်းတစ်ယောက်လိုကောင်းပြီး လေးစားဖို့ကောင်းတဲ့ ကိုသင်္ကြန် နဲ့ အရုပ်မလေးလိုချောပြီး ကျနော့်ကို မောင်လေးလို့ နုနုညံ့ညံ့လေးခေါ်တတ်တဲ့ အစ်မ မိုးချစ်သူ တို့ ဇနီးမောင်နှံဆံဖြူသွားကျိုးတဲ့အထိ အချစ်တွေမပြယ်ပဲ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတည်ဆောက်နိုင်ပါစေလို့ အမှန်အကန် ဆန္ဒပြုလျှက် ။

LinkWithin

Related Posts Plugin for WordPress, Blogger...