Friday, June 11, 2010

သို့ / အမေ

အမေ
ဘယ်လိုမှကို
ပြောမပြတတ်အောင်ပါပဲ

ဒီတော့လည်း
ပြောပြမနေတော့ဘူး
အချိန်တန်ရင် ရှင်းပြဖို့တော့
အထပ်ထပ်ထုပ်သိမ်းထားလိုက်တယ်
ရှင်းရောပေါ့

အဲသလိုပါပဲ
အမေ့ကိုလွမ်းတဲ့အမေ့သားက
တစ်ခါတစ်လေတော့လည်း
မျက်မှန်နက်ကြီး မချွတ်ပဲ တပ်ထားမိတယ် ။

7 comments:

မိုးခါး said...

အညိုရောင်လေး ပြောင်းတပ်ပါလား
အပြောင်းအလဲပေါ့ .. :P

ဏီလင်းညို said...

မောင်မျိုးရေ......

ဒီလိုစာလေးတွေ...... ကဗျာလေးတွေဖတ်ရတိုင်း...မေမေ့ကိုသိပ်သတိရမိတတ်တာအမှန်............

ခင်မင်တဲ့
ဏီလင်းညို

emayarKhin said...

အဲဒါကြောင့်တွေ့တွေ့နေပါတယ်ထင်တာ..
လူမှားမှာစိုးလို့..လက်စသတ်တော့
မိတ်ဆွေဟောင်းကြီးကိုး..
စကားမစပ်..အမေကဗျာလေးက
လွမ်းစရာ...မျက်မှန်အနက်ပဲဖျက်နေတာ..

ဆောင်းယွန်းလ said...

အဲသလိုပါပဲ
အမေ့ကိုလွမ်းတဲ့အမေ့သားက
တစ်ခါတစ်လေတော့လည်း
မျက်မှန်နက်ကြီး မချွတ်ပဲ တပ်ထားမိတယ် .

စဉ်းစားစရာတွေပေးလိုက်ပြန်ပြီလား ညီမောင်မျိုးရေး)

လင်းဒီပ said...

အဲဒီမျက်မှန်နက်ကြီးက ထုံဆေးတစ်မျိုးပါပဲ...။

ShwunMi- said...

သယ်ရင်း.. မျက်မှန်နက်က နေရောင်ပြင်းပြင်းအောက်မှာ ဆိုရင်တော့ တန်ဖိုးရှိတယ်နော်.. အပြင်သွားရင် လာငှားမယ်း)

ကိုလူထွေး said...

မျက်မှန်နက်ကို အလယ်မှာ အပေါက်ဖောက်ထားသေးသလား...

းဝ)

LinkWithin

Related Posts Plugin for WordPress, Blogger...