Saturday, June 26, 2010

မီး

မီး


သူ့ ဘ၀တစ်ခုလုံး မဟုတ်ဘူး သူ့ ရဲ့မိသားစုတစ်ခုလုံး အလဲလဲအပြိုပြိုဖြစ်သွားရအောင်တိုက်စားသွားတဲ့ မီးပင်လယ် ၊တိုက်ခတ်သွားသော မီးမုန်တိုင်း သူအခုချိန်ထိ ညညအိပ်မက်ထဲမှာ မီးဆိုတဲ့ အရာကြီးက သူ့ ကိုခြောက်လှန့် နေတယ် ။မီး မီး အရမ်းကို ကြောက်မက်ဖွယ်ကောင်းတယ် သူ( မီး ) က လူသားတွေ အတွက် အကျိုးပြုတာလား ၊ ရန်သူလား ၊မိတ်ဆွေလား သူဘာကိုမှမသိတော့ပါဘူး သူသိတာ မီးဆိုတဲ့ အသံ ၊ မီးဆိုတာကို တွေ့ ရရင် ခန္ဒာတစ်ခုလုံး တုန်ပြီး အသိအာရုံတွေ ပျောက်ပျောက်သွားတတ်တယ် ပြီးတော့ သူ့ ရဲ့ မေမေ ၊ သူချစ်တဲ့ မိသားစုတွေ ၊ အားလုံးအားလုံး သူ့ နားကပျောက်ကွယ်သွားကုန်ပြီး အခုသူ့ နားမှာ မျက်မမြင် ဖခင်ကြီး အမေ့ ကိုအရမ်းချစ်တဲ့ ရိုးသားတဲ့ အစ်ကိုကြီးက သာမန်လူတစ်ယောက်မှာ ရှိသင့်တဲ့ အသိအာရုံတွေ မရှိတော့ဘူး ပတ်ဝန်ကျင်က ပြောကြတာ အစ်ကိုကြီးက ရူးနေပြီးတဲ့ ၊ ဘာမှနားမလည်သေးတဲ့ အမြဲတမ်း အားငယ်နေတတ်တဲ့ သူ့ ရဲ့ ညီမလေး သူဘာဆက်လုပ်ရမလဲ ၊ ဘာဆက်လုပ်သင့်သလဲ ပြောကြပါအုံးဗျာ...................။

ဝန်ထမ်း အလုပ်နဲ့ ရိုးသား ကြိုးစားတဲ့ အဖေ ၊ သားသမီးတွေ များပေမယ့် ဈေးရောင်းဈေဝယ် အလုပ်နဲ့  အရမ်းကြိုးစား တတ်တဲ့ သူတို့ ဘ၀ရဲ့ ပဲ့ကိုင်ရှင်အမေ့ ကြောင့် သူတို့ ဘ၀တွေ အေးချမ်းခဲ့တာပေါ့ ။သူတို့  မိသားစုတွေ တစ်နေ့တော့ အမေ့ ရဲ့ မွေးရပ် နယ်မြို့ လေးတစ်မြို့ ကို ပြောင်းခဲ့ကြတယ် ။ အမေကတော့ သူ့ ရဲ့ ဆွေမျိုးတွေ နဲ့  နီးနီးနားနား နေရတော့မှာမို့  အရမ်းကိုပျော်နေတယ်လေ သူတို့ အရင်နေခဲ့တဲ့ မြို့ ကရောင်းချခဲ့တဲ့ ငွေကြေးလေးတွေက နယ်မြို့ လေးတစ်မြို့ မှာ ပိုပိုလျှံလျှံနဲ့  နေထိုင်နိုင်ပါတယ် ။ အိမ်ခြံကောင်းကောင်းလေး တစ်နေရာစာ နောက်ပြီးတော့ အမေ့ ဘက်က မိဘတွေ လုပ်ကိုင်ခဲ့တဲ့ လက်္ဘရည်ဆိုင် လုပ်ငန်ကို အမေက ခွဲယူပြီး လုပ်ကိုင်စားသောက်ကြပါတယ် ။ အစ်ကိုအကြီးဆုံးက မုန့် ဆရာ၊ ကိုလတ်က ဖျော်ဆရာ၊ အစ်မကြီးက အိမ်မှုကိစ္စတာဝန်ယူ၊ ကိုလေးနဲ့ သူကတော့ ဆိုင်မှာ ၀ိုင်းကူကြတယ် ။ ညီမလေးကတော့ ဘာမှနားမလည်သေးပါဘူး ညဘက် ဆိုင်သိမ်းချိန်ရောက်ရင်တော့ မိဘတွေ ၊ ညီမလေးနဲ့ သူကတော့ ဆိုင်မှာအိပ်ကြပြီး ။ အစ်ကို အစ်မတွေကတော့ အိမ်မှာ အိပ်ကြတယ် အိမ် နဲ့  ဆိုင်ကလဲမလှမ်းမကမ်းလေးပါပဲ ။

တစ်နေ့  မီးဆိုတဲ့ ကြောက်စရာသတ္တ၀ါကြီး က သူတို့ ဘ၀ကို ၀ါးမြိုသွားမယ်ဆိုတာ သူတို့ တစ်မိသားစုလုံး လုံးဝ မထင်မှတ်ခဲ့ကြပါဘူး ။ ဆောင်းတွင်းရဲ့ ညသန်ခေါင်ယံတစ်ခုမှ ကြောက်မက်ဖွယ် မီးလုံးကြီးတွေ ၊ သံချောင်းခေါက်သံတွေ ၊ လူသံတွေနဲ့  သူလန့် နိုးခဲ့တယ် ။ အမေ့ရဲ့ ငိုသံကိုကြားမှ သူသတိထားမိတာ ကြောက်စရာ မီးလုံးကြီးတွေ ၀ါးမျိုနေတာ သူတို့ ရဲ့အိမ်ကြီးပဲ ။ မီးငြိမ်းဖို့  ကြိုးစားနေကြတဲ့ အစ်ကိုတွေ ၊ အိမ်နားဝန်းကျင်ကသူတွေ ၊ ဘေးအိမ်တွေက ငိုမြည်းနေတဲ့ မိန်းမကြီးတွေရဲ့အသံတွေ ငရဲခန်းတစ်မျှပါပဲ။ ခေတ်မှီတိုးတတ်လှပါတယ်ဆိုတဲ့ သူတို့ ရဲ့ ရွှေပြည်ကြီးက မီးသတ်စနစ်ကတော့ သူတို့ အိမ်ကြီး ပြာကျသွားမှပဲ မြောက်မြားလှတဲ့ ပုဒ်မတွေနဲ့  ဒဏ်ရိုက်ဖို့ ရောက်လာကြပါပြီး တော်တော်လဲ သံဝေဂ ရစရာကောင်းပါလားနော် ။ ဆုံးရှုံသွားတဲ့ အရာတွေကို တရားနဲ့ မဖြေနိုင် သူ့ အတွက်မဟုတ်ပါဘူးတဲ့ သူ့ ရဲ့သားသမီးတွေအတွက်ပါဆိုပြီး ဖြေမနိုင်တဲ့ အမေ မီးလောင်မှုဖြစ်ပွားပြီး ( ၆ ) လအကြာမှာ သူတို့ ကို ကျောခိုင်းသွားခဲ့တယ် ။

စိတ်ညစ်စရာတွေ များလွန်းတယ်ဆိုပြီး ကိုလတ်နဲ့ ကိုလေးက ထွက်သွားလိုက်တာ အခုချိန်ထိ သူတို့ အနားကို ပြန်မရောက်လာတော့ပါဘူး ၊ ဘယ်လိုစဉ်းစားစိတ်နဲ့ များဒီလိုတွေးသလဲတော့မသိဘူး အစ်မကတော့ ယောက်ျားနောက်ကောက်ကောက်ပါအောင် လိုက်သွားပါပြီး.....။ မုန်းဖို့ ကောင်းလိုက်တာ သူ ၊ သူ့ ရဲ့ အစ်ကိုတွေ အစ်မတွေ ကိုအရမ်းမုန်းတယ် ။ အခုတော့ မိသားစု တစ်ခုလုံးရဲ့ တာဝန်တွေက သူ့ ပေါ်ကိုကျရောက်လာပါပြီး သူ ကတော့ ဘ၀ကိုအရှုံးမပေးပဲ ရှေ့ဆက်ရဲ့ဝံစွာနဲ့  ဆက်လျှောက်နေပါတယ် ။ ဒါပေမယ့် သူ မီးဆိုတာကို အရမ်းကြောက်တယ်။

5 comments:

လင်းဒီပ said...

မီး...။
ရန်သူမျိုးငါးပါးလေ ညီလေးရယ်။။။

နေ၀သန် said...

တကယ့်အဖြစ်လားဗျာ။ စိတ်မကောင်းဘူး။ ရန်သူမျိုးငါးပါးကတော့ တကယ်ကြောက်ဖို့ကောင်းပါတယ်..။ တကယ့်အဖြစ်ဆိုရင် တရားနဲ့ပဲ ဖြေပါ အစ်ကိုရေ...။


ခင်မင်တဲ့
နေ၀သန်

amk said...

bro က ဒီမှာ နေရာ သစ်နဲ့ ကိုဗျ မမkom ဆီကနေ link ပြန်ရလာတာဗျ

khin oo may said...

အဲဒါ ဝတ္ထုလား . စိတ်မကောင်းစရာတွေ မရေးပါနဲ့ ခံနိုင်ရည်မရှိဘူး။

blackroze said...

မီး..ဆိုကထဲက
ဘာမီးမှမကောင်းဘူးပူလောင်တယ်..
မီးကြောင့်အေးမြတယ်ဆိုတာဘယ်တော့မှမရှိဘူး..
ကျွန်မလဲ..မီး..ဆိုတာကိုကြောက်လဲကြောက်တယ်
မုန်းလဲမုန်းတယ်

LinkWithin

Related Posts Plugin for WordPress, Blogger...