Monday, June 7, 2010

ပြဇတ်

ဒီပုံက ကိုရွာသားရိုက်ထားတဲ့ဓာတ်ပုံဆိုဒ်က ယူသုံးထားတာပါ ။


ဒီပြဇတ်မှာ ကြိုတင်လေ့ကျင့်မှုတွေမပါ ဘာတွေဖြစ်လာမလဲ ဆိုတာတွေလည်း ကြိုတင်မစဉ်းစားသလို ဖြစ်ခဲ့ပြီးတာတွေကို ပြန်တွေးပြီး သူဝမ်းမနည်းနေ ၀မ်းနည်းနေဖို့  အချိန်ဆိုတာလည်း သူ့ မှာမရှိ မနက်စောစော အိပ်ယာထ ညနေစောင်း လူကျချိန်မှာ ပေ(၅၀)၀န်းကျင်း ဆိုင်သေးသေးလေးမှာ ခြေသလုံးနာကျင်အောင် စာပွဲထိုးရ လျှောက်ရလွန်းလို့  နာကျင်နေတယ် စာကျက်ချိန်ဆိုတာ နည်းပါးလွန်း ပညာရေးထပ် သူ့ ရဲ့ ၀မ်းစာရေးကို အရင်ဖြည့်ရမယ်လေ ။ တစ်ခါခါ စားသုံးသူတွေရဲ့ အော်ငေါက်တာကို ခံရ ခပ်ဆိုးဆိုး ဦးလေးကြီးတွေရဲ့  စကားလုံးကြမ်းကြမ်းတွေက နေ့ စဉ်ကြားနေကြ သီချင်းတစ်ပုဒ်အလား ဒါတွေက ကြားပါများတော့ သာရည်ထူနေတဲ့ ကျွဲတစ်ကောင်လိုမနာတက်တော့ဘူး အဓိက က သူအစာဝဖို့ အရေးကြီးတယ် ။

ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်မှာ ဒီအလုပ်က ရှက်စရာလို့ တစ်ခါမှမတွေးမိဘူး တစ်ခါခါ မိုးရွာထဲမှာ ထီးမပါ ခမောက်စုတ်လေးတစ်ချပ်နဲ့  ဈေးဆွဲခြင်းကိုကိုင် အစ်မ မှာလိုက်တဲ့ ဈေးစာရင်းဘောက်ချာကို ကြည့် သားငါးတန်းတွေကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် နဲ့  လိုက်ဝယ် ငါးရောင်းတဲ့ အဒေါ်ကြီးက အလေးခိုးလို့  ဈေးခေါင်းကို သွားတိုင်ပြီး ပိုက်ဆံပြန်တောင်းခဲ့ဖူးတယ် ။ကျောင်းချိန်အမှီ ခပ်နွမ်းနွမ်း ကျောင်းဝတ်စုံကိုဝတ်၊ အသားဟင်းစားချင်ပေမယ့် နေ့ စဉ်သူ့ ရဲ့ ကျောင်းထမင်းဗူးထဲမှာတော့ ရိပ်သာဝင်နေတဲ့ သူတော်စင်တစ်ပါးအလား လက်ဖက်သုတ်ဆိုတာကြီးပဲ ။ ညနေ ကျောင်းဆင်းချိန် သူငယ်ချင်းတွေ ဘောလုံးကန်တာလား ကစားချင်မနေနဲ့ သူတို့ က ပြည့်စုံတဲ့ မိသားစုက ပေါက်ဖွားလားတာ အဲ့လိုအခွင့်ရေး မင်းမှမရှိဘူး (ကိုယ့်ကိုယ်ကို ပြန်သတိပေးနေတာ ) ။

သူငယ်ချင်းတွေ လာလည်တယ်တဲ့ အိမ်ရှေ့မှာရောက်နေတယ် သူကတော့ လူပျိုပေါက်စလေးနဲ့ တောင်မတူဘူး ထွက်တွေ့ ဖို့ ရှက်နေတယ် ဘာကြောင့်ဆို သူက မီးဖိုချောင်ထဲမှာ ဟင်းချက်နေရတယ်လေ ပြီးတော့ သူရဲ့ င်္အကျီမှာ နံနွင်းမှုန့် တွေ ပါးတစ်ဖက်တစ်ချက်မှာတော့ လူငယ်လေးတွေ သုံးနေကြတဲ့ NIVEA CREAM အစား အိုးမည်းတွေကနေရာ ယူနေတယ် ။ကြာတော့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ့ ကို အဖတ်လုပ်ပြီး မပေါင်းတော့သလို သူကလည်း ဘယ်သူ့ ကိုမှ ခင်ခင်မင်မင်မပေါင်းဖြစ်တော့ဘူး သူရှက်နေတာလား မဟုတ်ဘူး အားငယ်နေတာလားဆိုတော့လည်း သူက ဒုက္ခိတတစ်ယောက်မှမဟုတ်တာ ဖြစ်နိုင်တာက သူလောကကြီးကိုစိတ်ကုန်နေတာ ။

တစ်ချိန်က လူပေါင်းများစွာရဲ့ မျက်နှာတွေကို သူအလွတ်ကျက်ခဲ့တယ် လူတွေရဲ့ မျက်ဝန်းတွေက သူ့ ကိုကြည်ဖြူသလား မကြည်ဖြူဘူးလား ဆိုတာကို မသင်ပါပဲ တက်မြောက်ခဲ့တာကတော့ လောကကြီးက သူ့ အတွက် လက်ဆောင်တစ်ခုပေးလိုက်တာပါပဲ ။ အဲ့ဒီတုန်းက ဈေးဆွဲခြင်းကို လက်မှာ ဆွဲ မိုးရေတောထဲ လမ်းလျှောက်ခဲ့တဲ့ကောင်လေးတစ်ယောက် အခုတော့ အဖော်မပါရင် တစ်ယောက်တည်း လမ်းလျှောက်ရမှာ ကြောက်တယ်တဲ့ ပြောင်းလဲသွားလိုက်တာ ။စာပွဲထိုးဖို့ နေနေသာသာ အခု လူများများရှိနေတဲ့ နေရာကို ရှောင်နေတက်ပြီး လူရှင်းတဲ့ ချောင်တစ်နေရာမှာ တိတ်တိတ်လေး နေနေတက်တယ် ။တစ်ချိန်က နာကျင်စရာ အမှတ်တရတွေထဲက သူအကောင်းဆုံးတွေ သင်ယူခဲ့နိုင်တယ် အဲ့ဒီအတွက် ကျေနပ်ပါတယ် လောကကြီးရေ့ နောက်ထပ် သင်ခန်းစားပေါင်းများစွာကိုလည်း ကျေကျေနပ်နပ်ကြီးသင်ယူပါ့မယ် သူ့ ကို တွက်ရခက်တဲ့ ပုစ္ဆာတွေ များများသင်ပေးလှည့်ပါအုံး ။ သူက ပြဇတ်က ရတာကို နှစ်သက်ပါတယ်တဲ့ ။

5 comments:

ကိုအောင် said...

ပုစ္ဆာတွေ အတွက်များရင် လူပျိုဖြစ်မယ့် ကံဇာတာပဲ
....း)

မောင် လေး said...

ဟုတ်တယ်ဗျနော် ဘဝ ဆိုတာ ဘာမှ ကြိုပြီးဇာတ်တိုက်
မထားတဲ့ ပြဇာတ် တစ်ပုဒ် ပဲ။ဒီလိုပါပဲဗျာ ငိုစရာရှိတော့လည်း ငိုလိုက်၊ရယ်စရာရှိတော့လည်း
ရယ်လိုက်ကြတာပေါ့ဗျနော်.....

~ဏီလင်းညို~ said...

မောင်မျိုးရေ.......

ပြဇတ်ထဲက ကောင်လေးရဲ့ရင်ထဲကို လှမ်းမျှော်ကြည့်ရင်းခံစားဖတ်သွားတယ်.......။
ဘ၀....ဆိုတာ စကားလေးနှစ်လုံးတည်းပဲရှိလို့ တော်သေးရဲ့ဗျာ......။

ခင်မင်တဲ့
ဏီလင်းညို

blackroze said...

ဘဝဆိုတာလည်းတကယ်တော့
ပြဇာတ်တပုဒ်ကနေရသလိုပါဘဲ...

mashayson said...

obtenez plus réplique louis vuitton plus d'informations ici Dolabuy Chloe consultez ce site Chloe Dolabuy

LinkWithin

Related Posts Plugin for WordPress, Blogger...