Friday, June 11, 2010

ခွန်ထိုင်း



ဒီသီချင်းလေးကို တစ်နေ့က သတင်းမလာခင်လေး နားထောင်လိုက်ရတယ် ကြည့်ပြီး စိတ်ထဲကြည်နူးသွားသလိုလို သေဆုံးသွားတဲ့သူတွေအတွက် လူသားချင်းစာနာမိသွားသလိုလို ကြီး၂ကျယ်၂ စိတ်တွေဖြစ်သွားမိတယ် ။ သီချင်းလေးကတော့ ထိုင်းနိုင်ငံရဲ့ မတည်ငြိမ်ဖြစ်သွားတဲ့ အဖြစ်ပျက်တွေအတွက် အရင်လို ပျော်၂ရွှင်၂ပြန်နေကြပါစို့ ဆိုတဲ့ အဓိပါယ်လေးနဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် မင်းသား မင်းသမီးတွေ အဆိုတော် ၊ဟာသအစီစဉ်မှ လူရွှင်တော်တွေ သတင်းကြေညာသူ အင်တာဗျူးသမား အားလုံးပေါင်းရာကျော်လောက်က သီချင်းလေးကို ခံစားချက်အပြည့်နဲ့ သီဆိုသွားတာကိုတွေ့ရပါတယ် ။

စဉ်းစားမိတာလေးက ထိုင်းနိုင်ငံသားတွေ ဘာကြောင့်များမကျေနပ်တာလည်းဆိုတာကို ကျနော့်လိုတိုင်းတစ်ပါးသားတစ်ယောက်က နားမလည်ပါဘူး ။ ဒါပေမယ့် စိတ်ထဲဖြစ်သွားမိတာက “သြော် .. သူတို့တွေ အလုပ်ကိုင်တွေလည်း အဆင်ပြေနေပါလျှက် ၊ အစိုးရက ကျန်းမာရေးစောင့်ရှောက်မှု ပညာရေးပိုင်းတွေကို အပြည့်အ၀ ဆောင်ရွက်ထားပေးတာတောင် မကျေနပ်ဘူးဆိုတော့ အင်းးးး ရွှေပြည်ကြီးမှာသာဆို ကိုယ့်အားကိုယ်ကိုး လမ်းတံတား ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ပိုက်ဆံရှိမှ အသက်အတွက် အာမခံချက်ပေးနိုင်တာတွေ ။ သူတို့မှာ ကျောင်းမပြီးပဲ လုပ်ငန်းခွင်အာမခံချက်တွေရှိတယ် ကျနော်တို့မှာ ဘွဲ့တစ်ခုရပြီး ဆိုက္ကားနင်းစားနေရတဲ့သူတွေများတယ် အင်း ပြောရင်တော့ အရှည်ကြီးပါ တော်ပါပြီး မကြာခင် ဒီမိုးက တကယ်ရေစီးမလားဆိုတာတော့ စောင့်ကြည့်ရအုံးမှာပေါ့နော့်း) သီချင်းလေးနားထောင်ကြည့်ကြပါအုံး ။

4 comments:

ကိုအောင် said...

သီချင်းလေး နားထောင်သွားတယ်၊ စောင့်ကြည့်ပေးပါအုံး
သူတို့ ပြောသလို ဖြစ်လာမလားလို့ ...းp

Anonymous said...

သီချင်းလေး ကို မနားလည်လဲ ခံစားသွားတယ်။ မမြဲတရားတာ ရှုတော့ ငါ့အကိုရေ အဟား

လိုတာမရ ရတာမလို ဒီလူသားတွေ ဘ၀း)

လေးစားလျက်
တောင်ပေါ်သား

လင်းဒီပ said...

ခဏနေခဲ့ဖူးတဲ့ ဘန်ကောက်ကို အခုလိုတွေ့လိုက်ရတော့ ခြောက်ခြားဖွယ်..။
ငြိမ်းချမ်းကြပါစေလို့သာ...။

ShwunMi- said...

သယ်ရင်းစာသားတွေက သီချင်းစာသားထက် ပိုမိုက်ပါတယ်..း)

LinkWithin

Related Posts Plugin for WordPress, Blogger...