Wednesday, June 30, 2010

သူငယ်ချင်း ပေးတဲ့ ကဗျာ

ပြောလက်စ စကားတွေမကုန်ခင်
ရေးလက်စ စာတွေမဆုံးခင်
ဆိုလက်စတေးသွားလေး မဆုံးခင်
ဆွဲလက်စ စုတ်ချက်တွေ မပီပြင်သေးခင်
ငါတို့တွေ ဝေးဝေးသွား…။
သူငယ်ချင်းရေ …
ကျန်းမာရေးဂရုစိုက်ပါ
နွေးနွေးထွေးထွေးနေပါ
အစားအသောက်ဆင်ခြင်ပါ။
မင်းအားငယ်နေတဲ့အခါ
ငါပြောဘူးတဲ့ စိတ်အဟာရဆေးတွေကိုတိုက်ကျွေးပါ။
မင်းဘေးမှာငါမရှိလည်း ငါပြောခဲ့တဲ့စကားတွေက
အရိပ်လိုမင်းဘေးမှာရှိနေတယ်။
မင်း
ဖမ်းဆုပ်လိုက် အားငယ်နေတာတွေ ပျောက်ရှသွားအောင်
ရှုရှိုက်လိုက်ပါ။
ဘ၀ဆိုတာက
ဝိုင်းကြီးပက်ပက်လေ
ငါတို့တွဲခဲ့တဲ့လက်တွေဖြုတ်မချသ၍
ဘ၀က ဒူဝေေ၀ဖြစ်နေမှာပဲ။
မင်းနဲ့ငါက
ခဏလေးဝေးတာပါ
မင်းရင်မှာငါဆိုတဲ့
အတ္တကြီးတဲ့ကောင်လေးရှိနေသလို။
ငါ့ရင်မှာလည်း အရမ်းအားငယ်တတ်တဲ့
ချစ်ဖို့ကောင်းတဲ့
သူငယ်ချင်းလေးရှိနေရဲ့လေ။
တစ်ခါတစ်ခါ
သံယောဇဉ်တွေကိုစည်းကမ်းပိုပိုချတတ်တဲ့ငါက
မင်းထင်သလို မင်းအပေါ်သံယောဇဉ်တွေ
လျှော့သွားမှာမဟုတ်ပါဘူးကွာ
ငါက ၂၄ နာရီပတ်လုံး
အဆင်မပြေမှုတွေနဲ့ထွေးလုံးရစ်ပတ်
ဝေဒနာနဲ့ ခံစားချက်တွေက
နှံပြည်စုတ်နဲ့ မိုးကောင်းကင်လိုမမျှတဘူး
ကြေကွဲဖြစ်တိုင်း
နာကျင်မိတိုင်း
တစ်ကိုယ်တော်အဆွေးသီချင်းတွေဟစ်ဟစ်အော်
ငါ့လည်ချောင်းတွေလည်းကွဲရှနေခဲ့ပြီ
ပြောလက်စစကားတွေမကုန်ခင်
နေ၀င်ဆည်းဆာကပိုလို့တောက်ပလာရဲ့
သူငယ်ချင်း
မင်းနဲ့ငါက
ပေတီးတူတူ မလှိမ့်ဘူးပါဘူး
သရေကွင်းလည်းတူတူမပစ်ဘူးပါဘူး
တူတူပုန်းတမ်းလည်းမကစားဘူးပါဘူး
ဒါပေမဲ့..
ငါ့နံနက်ခင်းတိုင်းမှာမင်းရှိတယ်
ညနေခင်းတိုင်းမှာလည်း မင်းတွဲခိုတယ်
ညခင်းတိုင်းမှာလည်း မင်းကလင်းရှင်းတယ်
ငါ့အပေါ်မင်းအရိပ်တွေက ထီးလိုမိုးထားရဲ့ဆိုတာ
မင်းယုံကြည်ပါ။
ငယ်ငယ်တည်းက
နှုတ်ဆက်လက်ပြဖို့ဆိုရင်မဆိုင်ရဲခဲ့တဲ့ကောင်က
နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရမယ်ဆိုတော့
တုန်လှုပ်နေခဲ့တာကိုမင်းသိမှသိပါလေစ။
ငါ့ကိုခွှင့်လွှတ်ပါ...
ငါမင်းကိုဘယ်တော့မှနှုတ်မဆက်ဘူး။
သွားမှာသာသွားပါ
မင်းစိတ်ချလက်ချသွားပါ
မင်းကျောခိုင်းခဲ့တဲ့အရပ်ကနေ
မင်းကျောပြင်ကိုငေးရင်း
ငါမင်းအတွက်ဆုတောင်းပေးနေမယ်။
မင်းခြေချတဲ့အရပ်မှာ
မင်းခြေထောက်ကိုအောင်မြင်မှု့တွေကညင်သာစွာနမ်းရှိုက်ပါစေ..
အောင်မြင်မှု့တွေက ထွေးပွေ့နှုတ်ဆက်နေပါစေ
အောင်မြင်မှု့တွေက သီးပွင့်ဝေဆာနေပါစေ...
တစ်စုံတစ်ရာက မင်းအတွက်ကံကောင်းခြင်းတံခါးကို
အဆင်သင့်ကြိုဖွင့်ထားပါစေ...
အဲ့ဒီလိုနဲ့ငါတို့
ပြောလက်စစကားတွေမကုန်ခမ်းခင်
ရေးလက်စ စာကြောင်းတွေမဆုံးခင်။
လိုက်ကာက ကျလုပြီ
ဆည်းဆာကခမ်းလုပြီ..
မင်းကျောခိုင်းမဲ့ဟော့ဒီအရပ်မှာ
မင်းအတွက် ဆုတောင်းပေးနေမဲ့သူငယ်ချင်းများစွာ
မင်းကိုစိတ်ချလိုက်ပါရစေဆိုတဲ့
အကြင်နာမျက်ဝန်းပေါင်းများစွာ။
သူငယ်ချင်းရေ…..
မင်းကိုငါ နှုတ်မဆက်တော့ဘူး။
ငါတို့တွေပြန်ဆုံမဲ့တစ်နေ့မှာ
ငါတို့တွေ အောင်မြင်မှု့တွေနဲ့သီးပွင့်ဝေဆာရင်း
အပြုံးတွေဖလှယ်။
မင်းကိုငါဘယ်လောက်လွမ်းကြောင်း
ငါ့ကိုမင်းဘယ်လောက်သတိရကြောင်း
အဲ့ဒီလိုပေါင်းခံရင်း...
ပခုံးချင်းဖက်ရင်း
လက်ဆွဲနှုတ်ဆက်ရင်း အမိမြေရဲ့ရှင်းသန့်တဲ့လေကို
မင်းနဲ့အတူတူ
တစ်ဝကြီးရှုရှိုက်ကြပါဦးမယ်။
ငါ ……
နှုတ်မဆက်တော့ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။ ။




အရမ်းခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရေးပေးတဲ့ ကဗျာလေးပါ သူငယ်ချင်းဆို တာ အရင်းကနေ အဖျားထိချိုတဲ့ ကြံနဲ့တူပါတယ် ပျော်ရွှင်နေတဲ့အချိန် ကျနော့်အတွက် ဟာသဇတ်ကားတစ်ကားမလိုပါဘူး ။ စိတ်ပျက်အားငယ်နေတဲ့ အချိန် သူငယ်ချင်းရဲ့ အပြုံးတစ်ချက် ကျနော့်ပခုံးပေါ်တင်လိုက်တဲ့ သူရဲ့လက်တွေကြားမှာ ကျနော် အားတက်ခဲ့ဖူးတယ် ။ အဆင်ပြေရဲ့လားလို့ စိုးရိမ်တကြီးမေးတတ်တဲ့ အားပေးစကားတွေကြားမှာ ယိုင်နဲ့သွားတဲ့ ခြေထောက်တွေ ပြန်ပြီးတည့်မတ်ခဲ့ဖူးပါတယ် ။ ဘ၀တကွေ့မှာကျနော်တို့ဆုံခဲ့တယ် တနေ့နေ့တချိန်ချိန် တနေရာရာမှာ ပြန်ဆုံနိုင်ဖို့ မျှော်လင့်မိပါတယ် ကျေးဇူးပါ သူငယ်ချင်းရေ ။

10 comments:

Unknown said...

:))

နေ၀သန် said...

ကောင်းလိုက်တာ..။ သူငယ်ချင်းစိတ်ဓါတ်လေးပေါ်လွင်အောင်ကို ရေးထားတယ်...။

ခင်မင်တဲ့
နေ၀သန်

Anonymous said...

အဲ့ဒီကဗျာကိုဖတ်ဘူးတယ်..
မျှားပြာရေးတာလားမသိဘူး

blackroze said...

ဟုတ်တယ်..တကယ်တော့သူငယ်ချင်းသံယောဇဉ်
ဆိုတာအရမ်းဖြူစင်ပါတယ်လေ....

ညလင်းအိမ် said...

ဟုတ်တယ် ... တကယ်တော့ သူငယ်ချင်းဆိုတာ အဲလိုမျိုး ဖြစ်နေရမှာ ...

Maung Myo said...

ဟုတ်ကဲ့ မှတ်ချက်ပေးသွားသူများကျေးဇူးပါခင်ဗျာ ဒီကဗျာလေးကို ချစ်စရာ့ ပလုတ်တုတ် (မောင်ခင်လေး ) ရေးပေးတာပါး)

ShwunMi- said...

ကဗျာလေးက ရိုးရိုးသားသားစကားလုံးတွေနဲ့ စကားတွေအများကြီး ပြောသွားတယ်.. ရေးထားပုံကို ကြိုက်တယ်..
ရှယ်ယာလုပ်ပေးတဲ့ မောင်မျိုးကိုလည်း ကျေးဇူးတင်ပါတယ် =)

Unknown said...

သူငယ်ချင်းရေ အများသဘောကျ သွားခေါမပြတတ်တဲ့ ငါလူခွစာကို နင်မို့  စိတ်ရှည်တယ်။အလိုက်မသိ ကို့မြင်းကိုဆိုင်းတတ်တဲ့ တဇွတ်ထိုးကြီးငါ့ကို နင်မို့  သည်းခံတယ်။စကားပြောကပ်တဲ့ လူ့ ကပ်စေးနှဲကို နင်မို့ ချစ်ခင်တယ်။မီမီ နင့်ကို ကျေးဇူးတင်တယ်

Unknown said...

replica bags blog replica bags from korea replica bags delhi

Unknown said...

Read Full Article great site check this site out Dolabuy Chloe click here to read dolabuy hermes

LinkWithin

Related Posts Plugin for WordPress, Blogger...