Friday, November 24, 2017

သူငယ်ချင်းသို့



စာမရေးဖြစ်တာလည်းအတော်ကြာပေါ့ ရေးမှရေးတော့လည်း ဒီလိုစာမျိုးရေးရလိမ့်မယ်လို့မထင်ထားမိဘူး ။ဟိုးအရင်  2008/2009  နှစ်တွေတုန်းက ဘလော့တွေမှာစာရေးကြတဲ့သူတွေဟာ သိပ်ခင်မင်ကြတာ   ခုထိလည်း ခင်မင်နေကြဆဲသူတွေရှိနေပါသေးတယ် ။  အဲ့တုန်းက ကိုယ်တို့တွေ  အရောင်အသွေးမခွဲပဲခင်မင်ကြတဲ့သူတွေထဲ    နိုင်ငံခြားပညာတော်သင်သွားကြတဲ့  သူငယ်ချင်းတွေလည်းပါတယ် ။  အဲ့ထဲက မှ  ကိုယ်နဲ့  G.Talk မှာပြောရင်း အတော်ကလေး ခင်မင်မိတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်      မိုးကုတ်ဘက်က ကဗျာတွေရေးတဲ့     သူငယ်ချင်း ။

မြန်မာပြည်သူပြန်ရောက်ပြီး   နယ်တွေဘက်တာဝန်ကျတဲ့သူနဲ့ အတော်ကြာမှတစ်ခါလောက်တော့ ဖုန်းအဆက်သွယ်တွေရတယ်  အဆင်ပြေကြောင်း သားကြောင်းမာကြောင်းလောက်ပဲမေးဖြစ်တော့တယ် ။အရင်က ဖုန်းဆက်သွယ်ရတာမလွယ်တာကြောင့်လည်းပါမယ် သူကရှေ့တန်းရောက်နေတာကြောင့်လည်းပါတယ် ။   ဖုန်းရရင်တော့ မင်းငါ့ဆီကိုလာလည်အုံးလေတဲ့  အေးပါ  လာခဲ့မယ်ဆိုပြီး  ကိုယ်မရောက်ဖြစ်ပါဘူး ။   အဲ့တုန်းက သူပြောခဲ့တာက  ဘာလဲ မင်းက  ငါသေမှလာမှာလားတဲ့        အဲ့တုန်းက ကိုယ်ဆဲလိုက်တာ  အရူး ....လို့ ။

အွန်လိုင်းသိပ်မတတ်တဲ့သူနဲ့   ခုဖေ့ဘွတ်ကြီးမှာလည်း သူ့မွေးနေ့ပေါ်လာမှ  ဆုတောင်းစာလေးရေးဖြစ်တာကလွဲလို့  စကားတွေလည်းမပြောဖြစ်။   အတော်ကလေးကြာ မေ့မေ့ပျောက်ပျောက်ကိုဖြစ်မှ   သူ့ကို Tag တွဲထားတဲ့ ပို့စ်လေးတွေမြင်မိတော့ ကိုယ်အလန်တကြားဖြစ်သွားမိတယ်    ရှေ့တန်းမှာ ကျန်းမာရေးအတော်ကလေးစိုးရွားပြီးဆုံး ပြီတဲ့ ။  အလန့်တကြားနဲ့ ပို့စ်တင်တဲ့သူတွေကို စာတွေလှမ်းပို့အကျိုးအကြောင်းလှမ်းမေးတော့     ဝေးတာမို့ သူ့အိမ်ကလိုက်သွားတာတောင်မမှီလိုက်ဘူးတဲ့လေ ။


ဘာကြောင့် ကိုယ်တို့ ဆက်သွယ်ရလွယ်တဲ့ခေတ်ကြီးမှာအဆက်သွယ်တွေပြတ်ကြတာပါလိမ့်  သူက ကိုယ့်ကိုမအားဘူးထင်  ကိုယ်က သူ့ကိုမအားဘူးထင်နဲ့  သူပြောဖူးတဲ့   သူသေမှလာမှာလားဆိုတဲ့ အခြေနေထိတောင်မဖြစ်လာခဲ့ဘူး ။ မွေးနေ့ပို့စ်လေးတွေ အမှတ်တရရေးဖြစ်ကြတဲ့ကာလတွေတုန်းက   သူ့မွေးနေ့မှာ  မင်း   ဘာလိုချင်လဲဆိုပြီး မေးတော့  သူ့ပြန်ပြောတာလေးက...........
 
““မင်းစိတ်ကူးနဲ့ပဲပေးတော့ငါ့ကို ခြံလေးတစ်ခြံလောက်ပေး ၊
 စပျစ်ခြံဖြစ်ဖြစ် လိမ်မော်ခြံဖြစ်ဖြစ်သစ်တော်ခြံဖြစ်ဖြစ်
 ခြံဆိုပြီးရောကွာ 
စိတ်ကူးထဲရှိတဲ့ခြံလေးတစ်ခြံပေးထင်းရှုးပင်တွေပါရမယ် 
သစ်လုံးအိမ်လေးပါရမယ်စမ်းချောင်းလေးပါရမယ် သစ်လုံးအိမ်မရရင်လည်းပျဉ်ထောင်အိမ်လေးပေါ့အိုကေလားငါလိုချင်ဆုံးအရာပဲ အဲ့တာ ””

တကယ်တော့ သူက    ကဗျာတွေပဲရေးချင်နေတဲ့သူ    ဒေါသဖြစ်တယ်ဆိုတာရှားပြီး ကိုယ်လည်း  စကားလုံးတွေ ချရေးဖို့ ဘာမှန်းတောင်မသိတော့ပါဘူး  ။   မှတ်မှတ်ရရ သူ့ဘလော့လေးသွားဝင်ကြည့်တော့လည်း ဘလော့တောင်မရှိတော့ဘူးရယ်။

သူက  ဒီလောကကြီးမှာ   အမှတ်ရစရာဆိုလို့ ဘာဆိုဘာမှတောင်မချန်ထားခဲ့တော့ဘူးလေ  ။ သူကဗျာလေးတွေကိုယ် ကြိုက်လို့ပြန်ကူးထားတာလေးဖတ်ပြီး   သူ့ကို ပိုသနားပိုသတိရမိပါတော့တယ်။



အမေ့ကို ပေးမယ့် မနက်ဖြန်

 နိုင်ငံတကာ နျူစွမ်းအင်တွေနဲ့ လျှပ်စစ်မီးရောင်တွေကို ဖောဖောသီသီသုံးစွဲနေချိန် 
ကျွန်တော်ချစ်တဲ့ အမေ့ရဲ့အိမ်လေးက အလင်းရောင်မှာ
 လေပြင်းပြင်းလေး တိုးဝှေ့တိုက်ခတ်သွားမှာကိုပဲ စိုးရိမ်နေရ ပူပန်နေရ
 မုန့်လေးတစ်ဖဲ့တစ်ချပ်လို စိုပြေတယ်ဆိုတဲ့အရသာလေး 
ဘ၀ရဲ့ ထောင့်တစ်နေရာရာမှာ ရှိလိမ့်နိုးလေးနဲ့ အနံ့လေးခံခံနေရ ရာစုနှစ်များစွာထဲမှာ တိမ်းမြုပ်ကျန်ရစ်ခဲ့ပြီလား 
အမေ့ရဲ့အိမ်လေး အဝေးက ငေးနေရင်းနဲ့ပဲ လွမ်းရ အဝေးက မျှော်ကြည့်နေရင်းနဲ့ပဲ ငေးရ အဝေးက နေရင်းပဲ ဆွေးရ အဝေးက နေရင်းပဲ ဆုတောင်းမေတ္တာတွေပို့သရ
 ငွေ့ရည်ဖွဲ့နေတဲ့ မျက်ဝန်းအိမ်မှာ ဥတုသုံးလီက မိုးရာသီပါပဲ မရှိခြင်းတွေ ခြိုးခြံနေရတဲ့ 
အမေ့အိမ်လေး ခြေချနင်းမိတိုင်း တကျွီကျွီမြည်နေတဲ့ အမေ့ရဲ့ကြမ်းခင်းလေး မနင်းရက်စရာ ခုဆိုတော်တော်လေး ဇရာထောင်းနေရောပေါ့ ခြကလေးတွေ အိမ်ဖွဲ့လို့ တွင်းနက်ကလေးတွေလည်း ဖြစ်နေရောပေါ့ ဒဏ်ရာအနာတရလေးတွေနဲ့ ပွန်းပဲ့နေတဲ့ အမေ့အိမ်လေး ဘာတွေနဲ့ ကုစားပေးရမတဲ့လဲ အမေက ကျွန်တော့်ဘ၀လေးကိုပေးခဲ့တယ် ကျွန်တော်က အမေ့ကို ဘာပြန်ပေးခဲ့ပြီးပြီလဲ ဘယ်အရာတွေနဲ့ ပြန်အစားထိုးပေးခဲ့ပြီလဲ မေးခွန်းပေါင်းများစွာ ပုစ္ဆာပေါင်းများစွာထဲမှာ ကျွန်တော် မှိန်ဖျော့ဖျော့ ဓာတ်တိုင် သွေးဆုံးနေတဲ့ အိပ်မက် ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ စိတ္တဇ အမေ့ကိုပေးဖို့ ရည်စူးထားတဲ့ မနက်ဖြန်က အငုံအဖူးဘ၀လေးမှာပဲ တ၀ဲလည်လည်။ ။
 

နှုတ်ဆက်လို့လည်းမ၇တော့ဘူးလေ။  မင်းငြိမ်းချမ်းပါစေကွာ  ။



ကျနော့်အတွက် မွေးနေ့လက်ဆောင်တုန်းကလည်း သူ့မှာပေးစရာဆိုလို့ ကဗျာတွေပဲ ရှိခဲ့ပါတယ်။ သူကသာ ကျနော့်အတွက် မှတ်မှတ်ရရ ရှိတတ်ပေမယ့် ကျနော်ကတော့ ဘာတွေမှန်းမသိပဲ မေ့မေ့နေတတ်တယ် ။ ဒီနေ့ သူ့မွေးနေ့ အမှတ်တရ တစ်ခုခုရေးမယ်လို့ စဉ်းစားထားပေမယ့် ဘာရေးရမှန်းလည်းမသိဘူး ။ မင်းသာ ငါ့နားတူတူ ရှိရင် ငါ့ဆီက ဘယ်လိုမျိုး လက်ဆောင်လိုချင်သလဲဆိုတော့ ။ ““မင်းစိတ်ကူးနဲ့ပဲပေးတော့ငါ့ကို ခြံလေးတစ်ခြံလောက်ပေး ၊ စပျစ်ခြံဖြစ်ဖြစ် လိမ်မော်ခြံဖြစ်ဖြစ်သစ်တော်ခြံဖြစ်ဖြစ် ခြံဆိုပြီးရောကွာ စိတ်ကူးထဲရှိတဲ့ခြံလေးတစ်ခြံပေးထင်းရှုးပင်တွေပါရမယ် သစ်လုံးအိမ်လေးပါရမယ်စမ်းချောင်းလေးပါရမယ် သစ်လုံးအိမ်မရရင်လည်းပျဉ်ထောင်အိမ်လေးပေါ့အိုကေလားငါလိုချင်ဆုံးအရာပဲ အဲ့တာ ””

Cheap Offers: http://bit.ly/gadgets_cheap
““မင်းစိတ်ကူးနဲ့ပဲပေးတော့ငါ့ကို ခြံလေးတစ်ခြံလောက်ပေး ၊ စပျစ်ခြံဖြစ်ဖြစ် လိမ်မော်ခြံဖြစ်ဖြစ်သစ်တော်ခြံဖြစ်ဖြစ် ခြံဆိုပြီးရောကွာ စိတ်ကူးထဲရှိတဲ့ခြံလေးတစ်ခြံပေးထင်းရှုးပင်တွေပါရမယ် သစ်လုံးအိမ်လေးပါရမယ်စမ်းချောင်းလေးပါရမယ် သစ်လုံးအိမ်မရရင်လည်းပျဉ်ထောင်အိမ်လေးပေါ့အိုကေလားငါလိုချင်ဆုံးအရာပဲ အဲ့တာ ”

Cheap Offers: http://bit.ly/gadgets_cheap
“မင်းစိတ်ကူးနဲ့ပဲပေးတော့ငါ့ကို ခြံလေးတစ်ခြံလောက်ပေး ၊ စပျစ်ခြံဖြစ်ဖြစ် လိမ်မော်ခြံဖြစ်ဖြစ်သစ်တော်ခြံဖြစ်ဖြစ် ခြံဆိုပြီးရောကွာ စိတ်ကူးထဲရှိတဲ့ခြံလေးတစ်ခြံပေးထင်းရှုးပင်တွေပါရမယ် သစ်လုံးအိမ်လေးပါရမယ်စမ်းချောင်းလေးပါရမယ် သစ်လုံးအိမ်မရရင်လည်းပျဉ်ထောင်အိမ်လေးပေါ့အိုကေလားငါလိုချင်ဆုံးအရာပဲ အဲ့တာ ””

Cheap Offers: http://bit.ly/gadgets_cheap

LinkWithin

Related Posts Plugin for WordPress, Blogger...