Tuesday, August 10, 2010

လူ့ဂွစာ



လှေငယ်တစ်စင်း လောကပင်လယ်ကြီးထဲ ရွက်လွှင့်ခဲ့
လေကြမ်းတွေလည်း တိုက်ခံရဖူးတယ် ၊
ဆည်းဆာရဲ့ အလှကိုခံစားရတဲ့
အချိန်တွေလည်း ရှိခဲ့ဖူးတယ်
လဲကျတဲ့အခိုက် ပြန်ထတဲ့ အခါတွေရှိသလို
စိတ်ဓာတ်တွေလည်း ဟိုးးး အနက်ရှိုင်းဆုံးထိ ထိုးကျခဲ့ဖူးသေးတယ်။


ပြောင်းလဲလွန်းတဲ့ အကြောင်းတစ်ရားတွေထဲက
မပြောင်းလဲတဲ့အရာတွေကတော့
အမေ၀ယ်ပေးလိုက်တဲ့
(၂၆၀၀) ကျပ် တန် ဦးဂျမ်း လုံချည်တစ်ထည် ကို
အခုချိန်ထိ စွဲစွဲမြဲမြဲ သုံးနေသေးတာရယ်
ညသန်ခေါင်းမှာ အခန်းထဲက ထထအော်တက်တဲ့ *တောက်တဲ့* တစ်ကောင်ရဲ့ အော်သံ နဲ့ 
အပေါစား နာရီတစ်လုံး ရဲ့ စက္ကန့် လက်တံ လှည့်သံ တွေသာ မပြောင်းလဲပဲရှိနေတယ် ။

ကုန်လွန်ခဲ့တဲ့ အတိတ်နေ့ရက်တွေမှာ
နှုတ်ခမ်းမွှေး ခဏခဏ ရှည်လာတာက လွဲလို့ 
ညာဘက်ပါးပေါ်မှာ ၀က်ခြံ တစ်လုံးက
နွေ၊မိုး၊ ဆောင်း ဥတုသုံးပါးစလုံးမှာ နေရာ ယူနေတာကလွဲလို့ 
(၁၂)ဘတ် တန် ပဲနို့ အချိုရည် ကို နှစ်နှစ်ခြိုက်ခြိုက် သောက်တက်လာတာက လွဲလို့ 
အသီးရွက်နဲ့  ၀က်သားကို ဘယ်နှစ်ခေါက်မှန်းမသိ မရိုးနိုင်ပဲ မြိုချခဲ့ရတာက လွဲလို့ 
မတည့်မှန်းသိတဲ့ (မာမား) ခေါက်ဆွဲ ကို တစ်ပါတ် ၃ ခါ တော့မရရအောင် ခိုးစားတာကလွဲလို့ 
တစ်စုံတစ်ယောက် သော သူကို အမှတ်မထင် ချစ်ခဲ့မိတာက လွဲလို့ 
..............................................လွဲလို့ 
ဘာဆိုဘာမှမပြောင်းလဲသေးဘူး။

တစ်ခါတလေ
အလိုမကျတဲ့အကြိမ်တွေ များများလာတဲ့အခါ
ကြားလျှက်နဲ့  နားကန်းနေသလို
မြင်နေလျှက်နဲ့  မမြင်ယောင်ဆောင်နေတက်လို့ 
တစ်ချို့ ချို့ တွေက လူ့ ဂွစာ လို့ ကွန်ပွန်းတပ်ကြတယ်
ပတ်ဝန်းကျင်ကို အမြဲနားလည်နိုင်အောင်ကြိုးစားနေပေမယ့်
ကိုယ်ကိုယ်ကို ဘယ်တော့မှ နားလည်ဖို့ မကြိုးစားမိဘူး။

အခု...........................
ဟန်ဆောင်လောက ရဲ့ ချစ်ခြင်းမေတ္တာနဲ့ 
ပကာသန အသိုင်းဝိုင်းကြားမှာ
ဘယ်ဘက်လက်က ဖြစ်သင့်တဲ့ ရေပုံးကိုဆွဲ
ညာဘက်လက်က မာနတွေကို ထုတ်ပိုးဖို့  ကျန်ကျောင်း ကျွတ်ကျွတ်အိတ် တစ်လုံကိုဆောင်
လမ်းကြမ်းကြမ်းတွေကို ဆက်လျှောက်ဖို့  သည်းခံခြင်းဖိနပ်တစ်ရံကို စီးနင်းရင်း
ငါ.............ဆက်လျှောက်ရမယ်
နုမနေနဲ့  ညုမနေနဲ့  ကောင်လေး
ဘ၀ က အဆင်ပြေတာတွေ များလွန်းရင် ပျော်စရာမကောင်းတော့ဘူးး
ဟိုးး----အရှေ့မှာ မှုန်ဝါးဝါး မြင်နေရတာ ပန်းတိုင်မဟုတ်ဘူး
ချောက်ကမ်းပါ တစ်ခု ခုန်သာချလိုက်
တစ်ခါတည်း အနိစ္စသဘော နဲ့  ကိစ္စလျှောသွားအောင် :)


6 comments:

Anonymous said...

ဟန်ဆောင်လောက ရဲ့ ချစ်ခြင်းမေတ္တာနဲ့ 
ပကာသန အသိုင်းဝိုင်းကြားမှာ
ဘယ်ဘက်လက်က ဖြစ်သင့်တဲ့ ရေပုံးကိုဆွဲ
ညာဘက်လက်က မာနတွေကို ထုတ်ပိုးဖို့  ကျန်ကျောင်း ကျွတ်ကျွတ်အိတ် တစ်လုံကိုဆောင်
လမ်းကြမ်းကြမ်းတွေကို ဆက်လျှောက်ဖို့  သည်းခံခြင်းဖိနပ်တစ်ရံကို စီးနင်းရင်း
ငါ.............ဆက်လျှောက်ရမယ်
Right!!!!!!!!!!!!!!!!!
ဒါဆိုကိုကျန်ကျောင်းပေါ့းP
ခုန်မချနဲ့ပျံသွားလိုက်းD

Phyo Evergreen said...

ဘာမဆိုင်ညာမဆိုင် ဂွစာသောင်းသောင်းကိုတောင်သတိရသွားသေးတယ်..။

မိုးခါး said...

နှုတ်ခမ်းမွှေးခဏခဏရှည်ရင် ကော်ပတ်စားပလိုက် :P

မာမားခေါက်ဆွဲဆိုလို့ ယမ်ယမ်ချဉ်စပ်စားချင်သွားတယ် .. ဒုက္ခ :P

ywartharlay-ytu said...

သွားလမ်းလာလမ်းဖြောင့်အောင်

အဆင်းလေးမှ ဘီးတပ်မပေးလိုက်ရ

ဘကြီးရယ် အဖြစ်ဆိုးချက်

ဆောင်းယွန်းလ said...

"နုမနေနဲ့  ညုမနေနဲ့  ကောင်လေး
ဘ၀ က အဆင်ပြေတာတွေ များလွန်းရင် ပျော်စရာမကောင်းတော့ဘူးး
ဟိုးး----အရှေ့မှာ မှုန်ဝါးဝါး မြင်နေရတာ ပန်းတိုင်မဟုတ်ဘူး
ချောက်ကမ်းပါ တစ်ခု ခုန်သာချလိုက်
တစ်ခါတည်း အနိစ္စသဘော နဲ့  ကိစ္စလျှောသွားအောင်"

ကောင်းပါ့ ကောင်းပါ့..ဖတ်ရင်းပြုံးမိသွားတယ် ညီမောင်မျိုးရေး)

ဆွေလေးမွန် said...

ကဗျာလေးဖတ်ပြီး သဘောကျတယ်....
သေ၇ာ်သလိုလိုနဲ့ လောကကြီးကို ထီမထင်တဲ့ ဟန်နဲ့ေ၇းထားတာ။
ဖတ်၇တာ ..အားတစ်ခုခု၇လာသလိုပဲ။

LinkWithin

Related Posts Plugin for WordPress, Blogger...