Thursday, August 26, 2010

ကျနော်တော်တော် ငယ်ပါသေးသည် ။

ကျနော်တော်တော် ငယ်ပါသေးသည်ဆိုလို့ အသက်ကိုပြောတာမဟုတ်ပါ အသက်ကတော့ အင်း မှန်းကြည့်ပါ ရုပ်နဲ့ဘယ်လိုမှမထင်ရဘူး ကိုယ့်အကြောင်း သေချာမသိသေးတဲ့သူတွေကတော့ မှန်းကြည့်လေလို့ဆိုတိုင်း ၁၈ နှစ်တောင် ပြည့်အုံးမှာမဟုတ်ဘူး ဆိုပဲ အဲ့လောက်ထိ အရွယ်တင်နုပျိုတာ ကေသီပန်သုံးလို့တော့မဟုတ် ဆေးကောင်းလေးတွေတော့ ဆောင်ထားသား (နောင်တော် ဘလော့ဂါများ ဆေးကောင်းများ လိုချင်ရင် တိုးတိုးတိတ်တိတ် လက်တို့ပါခင်ဗျား ) ။တွေးမိပါတယ် အမှားတွေနဲ့တွေ့လိုက်ထပ်ပြင်လိုက် ပြီးတော့ထပ်မှာ သင်စရာတွေက ကုန်ကိုပဲမကုန်နိုင် ။ ငယ်ငယ်တုန်းက အမှတ်ရသေးတယ် စာအုပ်သစ်လေး ၀ယ်ပြီးတိုင်း ပထမဆုံးတစ်ရွက်ဆို လက်ရေးလေးက လှလှ နောက်ပိုင်းဆိုရင်တော့ ဗျိုင်းပျံ တွေ ငှက်ပျံတွေဖြစ်ကုန်ကော အင်း စာရွက်တွေကုန်တော့မယ်ဆိုရင်တော့ နောက်တစ်အုပ်ကျ လက်ရေးလှလှရေးရမယ်လို့ဖြစ်ပြန်ကော ။

ဒီလိုပါပဲ အငယ်လေးတုန်းကတော့ ကိုယ့်ဘ၀က ပထမဆုံးစာရွက်လေးပေါ့ ဆေးစက် မှင်စက်တွေကင်း ဖျက်ရာတွေကင်းတယ် တဖြည်းဖြည်းနဲ့ လောကဓံမုန်တိုင်းတွေကြားမှာ လက်ရေးနဲ့တူတဲ့ တစ်နေ့တာဖြတ်သန်းမှုတွေကလည်း မြွေလို အမောက်ထောင်လိုက် ကြောင်ကလေးလို အမြီးလေး နန့်တန့်တန့်ဖြစ်လိုက်နဲ့ စုံလို့ပါပဲ အမှားတွေများ နောင်တတွေနဲ့ကြုံရပြီဆိုရင်တော့ နောင်မမှားအောင် ဆင်ခြင်ရမယ်ဆိုတဲ့ သံဝေဂ တရားလေးနဲ့ နောက်ဆုံးတော့လည်း ဒုံရင်း ဟာ ဒုံရင်းပဲ ဘာမှမပြောင်းလဲ ။ ခေတ်ကြီင်္းကလည်း စတိုင်လ် နဲ့ မလိုင်နဲ့ လှည်းပဲမောင်းတတ်တဲ့ ဦးသံချောင်းက အခုတော့ ဖွက်ချက်လေးနဲ့ အလုပ်တွေဖြစ်လာပြီး တိုးတက်လာတာ ကိုယ်လည်းတိုးတတ်လာပါတယ် ။

“ဖိမျိုး ကျပိုင်မိုင် ” ၊ “ ပိုင်ဒွဲ့ ” လာမမေးနဲ့ သွားမလား သွားမယ်ပဲ သောက်မလားဆို ဟဲဟဲ တိုက်ရင်သောက်မယ် ။သူငယ်ချင်းတွေ စကားများ ရန်ဖြစ်ကြပြီဆိုရင် “ မင်းကလည်း တို့တွေက ခလေးတွေမဟုတ်တော့ဘူးလေ ပထမနှစ်တက်တုန်းကလို မာမား လုစားကြလို့ရန်ဖြစ်ကြရတော့မယ် အဖြစ်လည်းမဟုတ်ဘူး အသက်တွေက ကြီးလာပြီးလေ ” လို့ ဆြာလုပ်တတ်တဲ့ ကျနော်က မီး ၁၂ နာရီကျော်မှ လာလို့ ထမင်းထချက်ရမယ့် အလှည့်ရောက်ရင် ၀ိုင်းကူမယ့်သူမရှိလို့ စိတ်ဆိုးပြီးဆိုရင် ရန်ကုန်က ၅ ထပ်ကနေ ငရုပ်သီးထောင်းတာ ကုလားတက် တုန်း ခေါက်သလို တတုန်းတုန်းနဲ့ ။

စားစရာတွေ့လို့ စားချင်ပြီဆိုရင်လည်း ဇိုးခနဲ့ဇက်ခနဲ့ အထင်မလွဲပါနဲ့ နေ့လည်ပိုင်းစားစားဖြစ်နေတဲ့ ကွတ်တီယို ကိုပြောတာပါ ။ ပုလိပ်တွေ အရမ်းဖမ်းနေတယ် ကြားတယ် အပြင်မသွားနဲ့ဆိုရင် ဖမ်းခံထိရင် ဖုန်းဆက်လိုက်မယ် လာရွေးလို့ ရွဲ့ပြောပြီး သွားဖြစ်အောင် သွားလိုက်သေးတဲ့ အကျင့်က အငယ်တုန်းက အတိုင်း ။အသက်သာကြီးတယ် ကျနော် မရင့်ကျက်သေးပါ လိုချင်တာတွေသာများလာတယ် လိုအပ်တာတွေကို ဖြည့်စီးဖို့ ကျနော်မစွမ်းဆောင်နိုင်သေးပါ ချစ်ချင်တာသာ သိတယ် ရှေ့ဆက်ရမယ့် လမ်းခရီးအတွက် ကြိုတင်စီစဉ်ထားခြင်းမရှိသေးပါ ။ တစ်ချို့ ကိုယ့်အရွယ်တွေများ သားနဲ့မယား နဲ့ အိမ်နဲ့ ခြံနဲ့ ဟုတ်လို့ သေရင် ငိုမယ့်သူက ရှိသေး မွေးသဖခင် ကျေးဇူးရှင်ဆိုတဲ့ ဂုဏ်ပုဒ် ချစ်လှစွာသောခင်ပွန်းဆိုတဲ့ ဘွဲ့တွေကိုတောင် ရပြီး ကိုယ့်မှာတော့ အမယ်မင်းရယ်မှ မကယ်နိုင် ငှက်ပျော်တုံးကြီးကို ဖက်လို့ အမလေး ပြောရင်း ကြက်သီးထလိုက်တာ (အဲ့လိုများဖြစ်လို့ကတော့ မိုးယံ ၊ မေပယ်လ် တို့တွေကတော့ ဒိုင်လာကိုင်မှာ မြင်ယောင်သေး ) ။

ကျနော် တော်တော် ငယ်သေးလို့ပေါ့ မဟုတ်၇င် ဒီလို အရည်မရ အဖတ်မရ စာကိုရေးဖို့ မနက် ၁ နာရီကျော်ထိ ဘယ် ဘလော့ဂါက မှ ပို့စ်လာတင်မယ်မထင်ပါ ကျနော် တော်တော် ငယ်တာလား ဒါမှမဟုတ် ကျနော်တော်တော် ဂစ် နေလားတာဆိုတာ ??????



5 comments:

မိုးယံ said...

ငယ်သေးတာပဲ ဖြစ်မှာပဲ။ ချစ်လှစွာသော ခင်ပွန်းမှ မဖြစ်သေးကိုး ။ အောင်မယ် ကျွန်တော့် အရည်အချင်းကို သိတယ်ပေါ့။ ဒိုင်ကိုင်ရမည့် အချိန်ရောက်ရင် ဖုန်းသာဆက်လိုက်နော်။ လာခဲ့ မယ်။ ဖုန်းနံပါတ် ပေးခဲ့မယ် (199) ကိုခေါ်လိုက်နော် ၊ ကျွန်တော် အမြန်လာခဲ့မယ် အစ်ကို။

ငြိမ်းချမ်းပါစေ။
မိုးယံ

ရွှန်းမီ said...

အဆင်ပြေပါစေ သူငယ်ချင်းကြီးရေ..

နေ၀သန် said...

ကြောင်မျိုး..ချကားကနော်.... ကျွန်တော်အတော်ငယ်ပါသေးတယ်တဲ့.. အသက်လည်းမဟုတ်ဘူးတဲ့.. .အွတ်..... :P


ခင်မင်တဲ့
နေ၀သန်

မေပယ်လ် said...

ဟင်
နာ့နာမည်က ဘယ်က ဘယ်လို ပါလာရတာတုန်း:P
နောက်နောက်ကျကျ ကျောင်းက
ပြန်ရောက်မှ ဖတ်ရတယ် စီဘူးမှာလဲ
ညံပွက်နေတာပဲ..ဘာတွေလဲ တိဝူး:O

blackroze said...

ငယ်တာကကိစ္စမရှိပါဘူး
အဲ..." ဂစ် " တာကတော့ကိစ္စရှိသလားလို့

LinkWithin

Related Posts Plugin for WordPress, Blogger...