Thursday, August 5, 2010

MaeSot Overviews (4)

အပေါင်းအဖော်များ ဘလော့ဂါရဲ့ သူငယ်ချင်းတွေဖြစ်ရတာကလည်း တယ်မလွယ်ဘူးနော့် ခုတော့ဘလော့ပေါ်ရောက်ပြီ်း ။ ၂ ယောက်လောက်က ကျနော် ဘလော့ရေးနေတယ်ဆိုတာကို သိသွားကြပြီး ခဏခဏလာမေးနေတယ် “ ကျနော့်ဘ၀ ဇတ်ခုံ” ဆိုတာ ဘာလဲတဲ့ ။ သိရဲ့သားနဲ့မေးနေတာလား ဇတ်ခုံဆိုမှတော့ ဇတ်ကတဲ့နေရာပေါ့လို့း) ။တစ်နေ့က ရုံးမှာရိုက်ထားတဲ့ပုံ ဘလော့ပေါ်တင်မယ်လို့ပြောလိုက်တယ် ဒါဆို ကျနော့်တို့ပုံတွေ အင်တာနက်ပေါ်ရောက်ပြီင်္ပေါ့နော့်တဲ့ ရုံးက အငယ်ဆုံးကောင်လေးကပြောတယ် ပျော်နေလိုက်တာ ဟဟား ။ ကျနော်တို့တွေ အခြေနေအကြောင်းကြောင့်ပဲ ချစ်သော မွေးရပ်မြေကို စွန့်ခွာခဲ့ကြရင် ရပ်တည်ချက်တွေ ကွဲပြားကြပေမယ့် အခက်ခဲတွေ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပေမယ့် အရေးကြီးတော့ သွေးနီး အလုပ်မှာ တစ်ယောက်ကို တစ်ယောက်ကဖေးမ ( တစ်ခါခါတော့လည်း တွန်းချ ) တတ်ကြပါတယ် ။ ဒီပို့စ်က အမှန်တိုင်းပြောရရင်တော့ အတင်းပို့စ်ပေါ့း)


၁။
အရှေ့ဆုံးက အသားဖြူဖြူနဲ့ ကိုတရုတ် (ရွဲ့တာနော် ပြောင်းပြန်လှန်ဖတ်) က ထိုင်းနိုင်ငံကို ရောက်တာဖြင့် ၁၅ နှစ်ကျော်ပြီင်္း ရိုးလိုက် အ လိုက်တာကလည်းလွန်ပါရော စကားများများပြောရမယ့် အလုပ် သူများတွေကြား ၀င်ပါရမယ့် အလုပ်ဆိုရင် အင်မတန် သွေဖွယ်သွားတတ်ပါတယ် ။ အဲ့တာက သူ့အကျင့်လိုဖြစ်နေပြီး ပြောလို့လည်းမရ မပြောတာလည်းကောင်းပါတယ် သူက ရှေ့သွား ၂ချောင်းတောင်ကျိုးနေတော့ ထိုင်းစကားက လေထွက်ရတဲ့အထဲ သူ ပြောတဲ့ စကားကို နားမလည်တဲ့သူကများတယ် ။ ရုံးမှာ အခင်ဆုံးသူကိုပြပါဆိုရင်တော့ သူ့ကိုပဲပြဖြစ်မှာပါ ခင်တာထပ် သနားတာလည်းပါတယ် ရိုး အ ပြီး အဆင်မပြေလို့ပါ ရတဲ့လခက နည်းနည်း ခလေးကျောင်းစရိတ် အိမ်လခ ရေဖိုး မီးဖိုး ပေးပြီးရင် သူ့အိတ်ကပ်ထဲမှာ ၁၀၀ ထပ်ပိုမရှိတော့ဘူး ။သူ့သားလေးကတော့ ချစ်စရာ ကျီးကန်း ဘဲဥချီထားသလားအောက်မေ့ရလောက်အောင် ဖြူဖြူဖွေးဖွေးလေး ။

၂။
အရှေ့က ရွှေမျက်မှန်ကတော့ ဥပဒေနဲ့ ဘွဲ့ရထားတဲ့တစ်ယောက် ဒါပေမယ့် ခလေးဆိုးကြီး စိတ်ပျက်ဖို့ကောင်းလောက်အောင်ကို ခလေးဆိုးကြီး ဘော့စ်တောင် လက်မြှောက်ထားရတဲ့ တစ်ယောက်ပါ ပြောချင်တာပြော ငါနားလည်တာမှမဟုတ်တာ ငါလည်း လုပ်ချင်တာလုပ်မယ်တဲ့ စကားက ကုန်ကောပေါ့ ။ တစ်ချို့ဧည့်သည်တွေ သူနဲ့တွေ့လို့ ဧည့်ခံလိုက်လို့ကတော့ အဲ့ဧည့်သည်က အလုပ်မအပ်တော့ပဲ တစ်ခါတည်းပြေးပါလေကော အဲ့လောက်ထိတော်တာပါ ။ ရုံးမှာ ကျနော်နိုင်တာဆိုလို့ သူ ၊ သူ့ကိုနိုင်တာဆိုလို့ ကျနော်ပဲ ရှိပါတယ် ။ တစ်ခြားသူတွေ ပြောရတာမောပြီဆိုရင် “ မောင်မျိုး” ရေလုပ်ပါအုံး တဲ့ ။ ကဲ....ခိုင်မာလားနှင်းဆီ ဘာတွေအရစ်ရှည်ပြန်ပြီလည်း ပြောရတာလည်း မောပြီနော် အဲ့လို ခပ်တည်တည်နဲ့ ပြောလိုက်ရင်တော့ နင်တို့တွေ ငါ့ကိုပဲ အပြစ်ပြောနေကြတယ်ဆိုပြီး သွားအိပ်နေလိုက်တော့တာပဲ ကောင်းလိုက်တာ ။ တစ်ခုကောင်းတာက ကျနော်နေမကောင်းဖြစ်တဲ့ အခါတွေကျ ရေးနွေးလေး လာပေး သတင်းလာမေးတာဆိုလို့ သူပဲရှိတယ် ။

၃။ အနောက်တန်းက ကုဒ်နဲ့တစ်ယောက်
ဒီကောင်က ရုံးမှာအငယ်ဆုံး သူ့ကို ပဲခူးဆားလို့ ခေါ်ကြတယ် နေရာတကာပါလို့ ဖင်လည်းပေါ့တယ် ကိုယ်ပျင်းတဲ့ အခါကျ “ ညီလေးရေ လာကူပါအုံး ငါက သင်ပေးတာနော် စီနီယာဆိုတာ ဂလိုပဲ ဂျူနီယာတွေ သွန်သင်ပြရတယ် ”း) /“ အားး......အိပ်ငိုက်လိုက်တာ ကော်ဖီပူပူလေးတစ်ခွက်လောက်များ သောက်လိုက်ရလို့ကတော့ ဇိမ်ပဲ ဟိုနေ့က ပဲခူးဆားဖျော်ပေးတဲ့ ကော်ဖီတော်တော် သောက်လို့ကောင်းတယ် မင်း သကြား ဘယ်နှစ်ဇွန်း ထည့်လည်း ညီ ” အဲ့လိုလေး လေပြေလေးနဲ့ပြောလိုက်ရင်တော့ ကော်ဖီတစ်ခွက် ရှေ့တော်မှောက်ရောက်ပြီး ပိုင်တယ်ဟုတ် ။ ဒီကောင်က ဘန်ကောက်တတ် အလုပ်လုပ်မယ့် ရည်ရွယ်ချက် လူုပျို လူလွတ်ဆိုတော့လည်း ကိုယ်တွေလို သိပ်စဥ်းစားစရာမလို ။ ဘန်ကောက်သွားမယ့် ရည်ရွယ်ချက်ကတော့ ကောင်းလိုက်လေချင်း “ အောင်းသား ” ရှာစားမလို့တဲ့ ဘာတုန်းဟ အောင်းသားဆိုတော့ မဲဆောက်က စော်တွေ ကျူရတာ ကုန်င်္ပြီး အလန်းလေးတွေမရှိတော့ဘူးတဲ့ ဘန်ကောက်တတ်ပြီး အောင်းသား ရှာစားမယ်ဆိုပဲ ကောင်းလိုက်တဲ့ ရည်ရွယ်ချက်ပေါ့ ပဲခူးဆားရယ် ။

၎။
အလယ်က ရုပ်အင်မတန်ချောချင်တဲ့တစ်ယောက်က နံပါတ် ၁ ရဲ့ ညီပါ ဘယ်လိုများ ညီအစ်ကိုဖြစ်လဲ စဥ်းစားမရအောင်ပါပဲ အစ်ကိုက စကားပြောရမှာ ပျင်းသလောက် ညီကတော့ ပြောလိုက်လေ ခြင်း ။ဘယ်သူမှမခန့်ပါပဲ ကိုယ်တွေကြီးပဲ ခေါင်းဆောင်ခန့်ထားတယ် ။ တစ်လတစ်လ ဖုန်းလက်ခံစကားအပြောနိုင်ဆုံးသူကလည်း သူပါပဲ ။ကျန်တဲ့သူတွေ ဖုန်းပြောရမှာ ငြင်းနေကြတဲ့အချိန် သူကတော့ “ ဟုတ်ကဲ့ပါ ခင်ဗျား ကျနော် ဗလာ ဗလာ ကုန်မနီက ကိုဘယ်သူပါ ဟုတ်ကဲ့ခင်ဗျ ရပါတယ် ရပါတယ် စိတ်မပူပါနဲ့ ရုံးကို သွားလိုက် ကျနော့်တပည့်လေးတွေရှိတယ် ဟုတ်ကဲ့ပါ ကျနော် ဖုန်းဆက်ထားလိုက်မယ် စိတ်ချ အစ်ကို စိတ်ချ ” အမလေးလေး မသာကြီး ငါ့ကိုများ သူ့တပည့်တဲ့ အဲ့တာကြောင့်ပြောတယ် အဲ့ကုလားတွေ ပဲများတဲ့နေရတော့ ပြိုင်စံရှား ။တစ်ခုကောင်းတာတော့ ရှိသား အရေးကြောင်းရယ် ပြသနာဖြစ်လို့ မလုပ်တတ်မကိုင်တတ်ဖြစ်ပြီဆိုရင် သူက ဖြေရှင်းနိုင်တယ် ပိုင်ရာဆိုင်ရာတွေ ရှိတယ် တောပိုင် တောင်ပိုင်တွေရှိတယ် တစ်ယောက်တစ်မျိုးဆီတော့ သုံးစားလို့ရသားနော့် .။

၅။
နောက်ဆုံးတစ်ယောက် ခိုင်မာလာနှင်းဆီ ရဲ့ ညီမ ကြိုင်မာလာသင်းကြည် ( ကျနော်ပေးထားတဲ့ နာမည်တွေပါ ) အဆင်ပြေတာဆိုလို့ သူပဲရှိတယ် စာပေအကြောင်း ဆွေးနွေးမလား အလုပ်အဆင်မပြေလို့ ငြီးခြင်းချမလား ဘာအကြောင်းရာပဲ တိုင်ပင် တိုင်ပင် အကြံညဏ်ကောင်းပေးနိုင်ပါတယ် စီးပွားရေး အခြေနေကြောင့်သာ သူစိတ်ပါတဲ့ ကျူတာဆရာမ ၀င်မလုပ်ရပဲ ဒီလိုနေရမျိုးမှာ လာရုန်းကန်နေရတာပါ ။ MA ဘွဲ့ရတစ်ယောက် ဒီလိုမျိုး လုပ်နေရတာတော့ နာပါတယ်လေ သို့ပေမယ့် အကြောင်းကြောင်းတွေကြောင့်ပေါ့ ။ အဖေကို စိတ်ပူ ၊ အူလည်လည် အစ်မကိုစိတ်ပူ မောင်ကိုစိတ်ပူနဲ့ အရမ်းလူကြီးဆန်တဲ့ သူငယ်ချင်းမလေးပါ ။ ( ကျနော် ဘလော့ဖွင့်လိုက်တာနဲ့ ဖတ်မယ်ဆိုပြီး ရောက်ရောက်လာတဲ့သူမို့ သူ့အကြောင်းများများရေးလို့မဖြစ် ) :P ။

စွန့်စားခန်းတစ်ခုမှာ ကျနော်တို့တွေလာဆုံကြတယ် တစ်နေ့တော့ တစ်ယောက်တစ်နေရာဆီင်္ ကိုယ်စီဘ၀တွေနဲ့ပေါ့ ခလထုတ်ရင်တော့ဖြင့် ဘယ်ကိုသွားလိုက်အုံးမယ် ဘယ်နေ့က ဘယ်သူကဘယ်လိုအလွဲတွေဖြစ်သွားတာဆိုပြီး ရယ်စရာ ဟာသလေးတွေဖြစ်ဖြစ်သွားတတ်တဲ့ ကျနော့်အလုပ်က သူငယ်ချင်းတွေအကြောင်း အမှတ်တရပါ နောင်တစ်ချိန် ပြန်ဖတ်ရင် ဒီသူငယ်ချင်းတွေ ဘယ်လိုအခြေနေမျိုးတွေ ဖြစ်နေမှာပါလည်းလို့တွေးနေမိတယ် ကျနော်ကကော ဘာတွေဖြစ်လာမှာလည်း ဘာတွေကို ကြုံတွေ့ရအုံးမလည်း ဆိုတာ တွေးရင်း ငေးရင်း ဆွေးရင်းးးး.........................။




8 comments:

blackroze said...

မောင်မျိုးကိုအားကျလို့
ကျမလဲအလုပ်ထဲကအကြောင်းတွေရေးဦးမယ်..
ဒီလိုပါဘဲကွယ်...လူဆိုတာကတော့
ပျော်ရာမှာမနေရ..တော်ရာမှာနေရ..
ဖြစ်ချင်တာကဆန္ဒ..ဖြစ်နေတာကဘဝဆိုသလိုပါဘဲ
တခါတခါတော့လည်းအတိတ်က
အကြောင်းလေးတွေပြန်ပြန်သတိရတတ်ကြပါတယ်..
အခုကတော့..ပစ္စုန်ပ္ပန်..
ဲပြီးသွားတဲ့အချိန်တွေကိုတော့...အတိတ်ပေါ့
မောင်မျိုးရယ်..

Anonymous said...

လူုပျို လူလွတ်ဆိုတော့လည်း ကိုယ်တွေလို သိပ်စဥ်းစားစရာမလို ...

အဲဒီတစ်ကြောင်းကို နားမလည်ဖြစ်သွားတယ်.. လူအိုလူမလွတ်ကြီး ညောင်ညောင်ရေး...။


မစဒက

နေ၀သန် said...

ဘယ်အလဲ ကြောင်မျိုးက...း))).. ငါးကြော်သွားစားနေတယ်ထင်တယ်... ဟိဟိ

ခင်မင်တဲ့
နေ၀သန်

Anonymous said...

သူများတွေတော့ မသိဘူး ခင်ဗျားကတော့ သူများတွေကိုကြည့်ပြီး သွားရည်ယိုနေမှာတော့ မြင်ရောင်သေးတယ်... (ခလ)မထုတ်ဘူးနော် လခ ထုတ်ရင်တော့ဖြင့် ဘယ်ကိုသွားသွားပေါ့.... ကောင်းပါတယ် ကိုမျိုး... အားလုံးရဲ့ အကြောင်းစုံလေးတွေသိရတော့... ကျနော်လေးစားပါတယ်ဗျာ... ခင်ဗျာသာ သူများတွေကို စိတ်ပါလက်ပါကူညီချင်စိတ်ထား... :)ဒါပဲ။။။ သိတယ်ဟုတ်...

လင်းဒီပ said...

မြန်မာတွေ အတူတူ လုပ်ခွင့်ရတာ ကံကောင်းတာပေါ့ ။ အစ်ကိုတို့ကတော့ ပေါင်းနေရတာ လူမျိုးပေါင်းစုံ ။

Anonymous said...

Amiable post and this fill someone in on helped me alot in my college assignement. Thank you as your information.

Anonymous said...

အရေးအသားလေးကောင်းတယ် ဆက်ရေးပါ အားပေးနေမယ်...

yanmaneee said...

nike air max 2017
golden goose outlet
balenciaga sneakers
michael kors handbags outlet
goyard handbags
off white jordan 1
air yeezy
lebron james shoes
yeezy boost 350
christian louboutin

LinkWithin

Related Posts Plugin for WordPress, Blogger...