Sunday, August 22, 2010

တောင်းဆု

ဆုတောင်းတိုင်းသာ ပြည့်ကြေးဆိုရင်
လောကမှာ ၀မ်းနည်စရာတွေ ၊ အဆင်မပြေမှုတွေရှိမယ်မထင်
ဖြစ်ချင်ခဲ့တာက နွေးထွေးတဲ့ မေတ္တာတရားတွေကြား
စစ်မှန်တဲ့ ချစ်ခြင်းတရားတွေ
ဖြစ်နေတာက အပြုံးတု
တိတ်ဆိတ်တဲ့ အခန်းထဲ အထီးကျန်စွာ
နေရာတကာ Three Shadow တဲ့
မုန်းလိုက်တာ

နေ့ တိုင်း ဖော်လုံး ၊ ရွှီးလုံးတွေနဲ့ 
''အော် ..ဟုတ်ကဲ့ ''
''ရတယ်ခင်ဗျ ကျနော် လုပ်လိုက်ပါ့မယ်''
''အားမနာပါနဲ့  ကျနော် ကူညီနိုင်ပါတယ် ''
''ဟုတ်လား ထင်တော့ထင်သား သေချာတော့ မသိဘူး ''
ဒီလို ဒီလို မုသားမပါ လင်္ကာမချော စကားလုံးတွေကြား နစ်မှန်းမသိ နစ်
အရိုးခံလေးပါလို့ ထင်မိတဲ့ ကိုယ့်ကိုယ်ကိုတောင် မုန်းတတ်လာပြီး

ဖြစ်ချင်ခဲ့တာတွေ ဖြစ်ခွင့်မရတော့
ဖြစ်သင့်တာတွေ လုပ်လာခဲ့တာ
တစ်ခါခါတော့ ကျနော် အရမ်းမောလှပြီ ''အမေ''
ဘ၀ကို ပ (ပဇောက်) လို အမြင့်ကိုတက်နိုင်ဖို့ အတွက်
င လို ဘေးဘီကိုကြည့်
၁ (တစ်) လို လူတစ်ကာကိုပြုံးပြ
အခုတော့ ဘ၀ က ခါးသက်လွန်းလို့ 
ဂ (ဂငယ်) ကွေ့ ပြန်ကွေ့ ချင်တယ်
အရာရာက ဘုရားသခင်ရဲ့ အလိုတော်အတိုင်းတဲ့လား
ဘ၀ကို ကြည့်ပြီးသား ရုပ်ရှင်လို နောက်ပြန်ဆုတ်လို့  ရမယ်ဆိုရင်
လွမ်းခန်း ၊ ဆွေးခန်းတွေကို ဖြတ်ပြီး
ငြိမ်းချမ်းမှုတွေနဲ့  ဇတ်သိမ်းခန်းကိုကြည့်ချင်တယ်။

4 comments:

မေပယ်လ် said...

ကဗျာလေးက ထိလိုက်တာ
ကိုယ်တိုင် ရေးချင်ပြီး ညီ မရေးတတ်တဲ့ ကဗျာ။
ကိုယ့်အစားပြောပေးနေသလားတောင် မှတ်ရ...။
၁ ပ င ဂ အဲဒီအတွေးလေးတွေ အရမ်းလှတယ်

ညလင်းအိမ် said...

ကဗျာလေး ကောင်းတယ် ..
အိုင်ဒီယာလေး မိုက်တယ် ....
တနေ့ ငြိမ်းချမ်းရမှာပါ ...
တွေးပူမနေပါနဲ့တော့ မောင်မျိုးရေ ...

လင်းဒီပ said...

မရဘူး မောင်မျိုး မရဘူး မရဘူး
ဘဝက အစဉ်အတိုင်း သွားရမှာ...။

လွမ်းစရာရှိလွမ်း
နာစရာရှိနာ
ဘဝက ကျော်လို့ မရဘူး ။

naw said...

Mg Myo, I like your poem. Please let me share on my facebook wall. Thanks.

LinkWithin

Related Posts Plugin for WordPress, Blogger...