Thursday, August 26, 2010

ထင်သလိုရေးတယ် ရေးချင်သလိုရေးတယ် ငါမှားသွားလို့လဲ ကမ္ဘာမပျက်ဘူး

ယောင်တောင်ပေါင်တောင်
ကြောင်တောင်တောင်ကောင်တွေရဲ့
အစာအိမ်ဝမှာ မုသာဝါဒတွေနဲ့ ပိတ်ဆို့နေတယ်
ကမ္ဘာကြီးကပဲ ပိုပြီးတိမ်းစောင်းလာတာလား
လူတွေကပဲ စောင်းငန်းငန်းဖြစ်လာတာလား
လက်တွေတယမ်းယမ်း အံတွေတကျိတ်ကျိတ်နဲ့
လမ်းတွေက မကောက်ပေမယ့်
စိတ်တွေကတော့ မဖြောင့်တော့ဘူး
မနေ့တနေ့ကတော့ ကျွန်တော်နဲ့ ငါ
လက်မောင်းသွေးဖောက်လို့ သစ္စာရေသောက်ကြတယ်
( တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိကြေးပေါ့ )
သောက်ပြီးခဏမှာပဲ ဗိုင်းခနဲလဲကျတယ်
( မသေသေးဘူး ဆန့်ငင်ဆန့်ငင်နဲ့ )
ကဲ ကဲ အားရပါးရကခုန်ကြ
ဒါဟာ အလ္လာအရှင်မြတ်ရဲ့ အမိန့်တော်ကို ခံယူတာမဟုတ်သလို
ခရစ်တော်မှာလည်း အိပ်ပျော်တာမဟုတ်ဘူး
နေ့စဉ်ထုတ်သတင်းစာမှာ ၁" . ၂" အကွက်တစ်ကွက်ပါဖို့လဲ မဟုတ်ဘူး
ကျင့်ခြင်သလို ကျင့်ပြီး ဆင်ကြံ ကြံနေကျတဲ့
နိုင်ငံကြီးသားများ နှုတ်သီးကောင်းလျှာပါးဖို့ဖြစ်တယ်
အတောင်နှစ်ဆယ် ၀တ် မ၀တ်
မသေချာတဲ့ ယောကျာင်္းရင့်မာကြီးများ
ပုဆိုးခြုံထဲက လက်သီးပြဖို့ဖြစ်တယ်
ရယ်ကြ မောကြ ပျော်ကြ ပါးကြ
လူတော်လူကောင်းတွေရဲ့ ပုံစံခွက်ထဲ
ဒလိမ့်ကောက်ကွေး ပြုတ်မကျခင်
ပိဿလေးနဲ့ ဘေးပစ်ကြ
ဒါမှမဟုတ် အလွှာပါးပါးခြုံပြီး ငိုကြွေးကြ
ပဉ္စမံအနမ်းတွေနဲ့ အားပါးတရနမ်းကြ
ဟောဒီနေရာမှာ စာရေးတာ၊ကဗျာရေးတာမဟုတ်သလို
အနုပညာကို ချပြတာလည်းမဟုတ်ဘူး
စိတ်ထင်ရာကို လျှောက်ရေးတာ
မိုက်တယ်ဆိုတာ သိပ်လွယ်တာပေါ့
လက်ညှိုးလေးကွေးတတ်ဖို့ မလိုဘူး
နားရွက်တံတွေးဆွတ်တတ်ဖို့ပဲ လိုတယ်
အကုန်လုံးမှန်နေတဲ့ လူတွေကြားမှာ
တစ်ယောက်မှားသွားလို့ ဘာဖြစ်သွားမလဲ
ကဲပါလေ လူညီကြသားပဲ
ဤ ကျွဲဖတ်လိုက်ကြတာပေါ့ ... ... ...။


မျှားပြာ

7 comments:

အိမ့်ချမ်းမြေ့ said...

အစ်မ ခုတလော..
အဲ့အတိုင်းကို ဖြစ်နေတယ်ကွယ်...

ဟောဒီနေရာမှာ စာရေးတာ၊ကဗျာရေးတာမဟုတ်သလို
အနုပညာကို ချပြတာလည်းမဟုတ်ဘူး
စိတ်ထင်ရာကို လျှောက်ရေးတာ...


ကောင်းတယ်နော်..။

မျှားပြာကိုလည်း သတိရတယ်..
ပြန်လည်တူးဖော်ဝေမျှပေးသော မောင်လေးအားကျေးဇူးပါ။

မေပယ်လ် said...

မျှားပြာက အကိုဟုတ်ဖူးလား
ကဗျာကတော့ လန်းတယ်နော်
လူ့သဘော လူ့မနောကို ပိုပေါ်လွင်စေတယ်

ShwunMi- said...

အကုန်မှန်နေတဲ့ လူတွေကြားထဲ
တစ်ယောက်မှားသွားလို့ ဘာဖြစ်သွားမလဲ
:)
လူတွေ အချင်းချင်း တည့်မတ်ပေးချင်တဲ့ စေတနာထက် လက်ညိုးထိုး တွန်းချချင်စိတ်က ပိုများကြတာကိုး..

အင်း.. ငါလည်းပြောမိပြန်ပြီ သယ်ရင်းရာ
ငါကတစ်ယောက်ထဲပဲ.. ပြောမှားဆိုမှားရှိလည်း ဘာမှမဖြစ်လောက်ပါဘူး.. နော့်..

ShwunMi- said...

သေချာမမီလိုက်တဲ့ ကိုမျှားပြာကိုလည်း သတိရပါ့..

မိုးယံ said...

စိတ်ထင်တိုင်းလဲ ရေးပါ၊ ရေးချင်သလိုလဲ ရေးပါ။ အနော်တို့ကတော့ ဖတ်သည်ပဲ။

ငြိမ်းချမ်းပါစေ
မိုးယံ

မွန် said...

သူရေးတုန်းက ခေါင်းစဉ်က မဟန်နီရဲ့စာသားလေးတခုကို ယူသုံးတာနော် ..သတိရတယ်
အဲဒီ အရွဲ့တိုက် လှောင်ပြောင်ဟန်စွက်နေတဲ့ ရိုးရိုးမာမာစာသားတွေကို.. လမ်းတွေမကောက်ပေမယ့် စိတ်တွေမဖြောင့်တော့ဘူး.. ဂါ

တင့်ထူးရွှေ said...

အားလုံးအပေါ် သူ ရိုးသားခဲ့ပါတယ် ။

LinkWithin

Related Posts Plugin for WordPress, Blogger...