Wednesday, September 1, 2010

စိတ်ကူးထဲ က ချစ်သူလေး

(image from teenee.com)



ချစ်သူ……
မင်းက ကိုယ့်အတွက်
နန်းဆန်တဲ့ တော်ဝင် သဇင် မဖြစ်ရင်နေပါစေ
မာယာ ကင်းပြီး မွှေးကြူတဲ့  ခရေ ပန်းလေးဆို
ကျေနပ်ပြီ………………။

ချစ်သူ…….
ကိုယ့် အတွက်
ပီကင်းက ဘဲကင် နဲ့ ကြေးအိုး
ဆိုးလ် က ရေခဲမုန့် နဲ့  ပဲခေါက်ဆွဲ
ဘရာဇီး က အရမ်းကောင်တဲ့ ကော်ဖီ တွေ မလိုပါဘူးးး
မင်းလေး ချက်ကျွေး မဲ့ ပဲဟင်းပျစ်ပျစ်လေးနဲ့ 
ငါးကြော် နောက်ပြီး ရေနွေးချမ်း ဖန်ဖန် ခါးခါး လေးဆို
တော်ပါပြီ


ချစ်သူ…….
တို့ တွေ အတွက် အဆင့်မြင့် ပန်းခြံတွေ သွား
အကောင်းစား စားသောင်ဖွယ်ရာတွေနဲ့  အပန်ဖြေစရာ မလိုပါဘူး
လသာတဲ့ညတွေမှာ .အိမ်ရှေ့ ကခုံတန်းလေးမှာထိုင်
ကောင်းကင်က လမင်းကြီးကို ကြည့်  မင်းလက်ကလေးကိုင်ပြီး
ချစ်စရာကြယ်လေးတွေ တစ်လုံးချင်း လျှောက်ရေတွက်ကာ
မင်းပြုတ်ကျွေးမယ့်  ပြောင်ဖူး ပြုတ် ပူပူလေး စားရရင်
လုံလောက်ပြီ

ချစ်သူ……..
ကိုယ် နေမကောင်းဖြစ်တဲ့ အခါ
အရမ်းတော်တဲ့  ပါရဂူတွေ ၊နာစ်တွေ မပြုစုရင် နေပါစေ
မင်းလေးရဲ့ နွေးထွေးတဲ့ လက်ကလေးနဲ့ ကိုယ့် နဖူးလေးကိုစမ်း
မင်းလေးတိုက်မယ့် မင်္ဂလာငွေမောင်း ဖြစ်ဖြစ် ၊ ပန်ကာ အခိုးပွင့်ဆေးလေးပဲ ဖြစ်ဖြစ်
သောက်ရရင်……..
ကိုယ့် ဘ၀ သေဆို သေ ပျော်ပါပြီ ကလေး ရယ်



ကဗျာလို့ထင်ရတဲ့ ဒီစာစုလေးကို ဘလော့ဂါဖြစ်ကာစက သူများတွေကို အားကျပြီးရေးထားတာလေ ခုပြန်ဖတ်ရင်း ပြုံးစိစိ ဖြစ်နေတယ် အချစ်ကဗျာဆရာကြီးတွေ လက်မှိုင်ချလောက်တဲ့ ကိုယ့်ရဲ့ ပထမဆုံးကဗျာလေးမို့ :)

10 comments:

Anonymous said...

မှန်းစမ်း..နဖူး
ခွပ်..ဒုန်း..အား
အမေ့...သူ့လက်ညင်ညင်သာသာလေးမှတ်နေတာ...အဲလို မိုက်တိုင်စန်လက်
ဆို ဘယ်လိုလုပ်မလဲ...
အဖျားတင်မကဘူး အသက်ပါထွက်:P

ကိုအောင် said...

ချစ်စရာကောင်းအောင် ရေးဖွဲ့တတ်တဲ့
ကဗျာဆရာလေး ချစ်သူက ချစ်ပါစေဗျာ။

Anonymous said...

ခု ချိန်ထိ "စိတ်ကူးထဲက" လုပ်နေတုံးပဲ ဆိုရင်တော့..
ရွာဦးကျောင်းက မောင်းကွဲကြီးလို "မထင်..မထင်".


မစဒက
.
ဒီတစ်သက်စွံစရာလမ်း....
မမြင်..

Anonymous said...

ခွိခွိခွိ စိတ်ကူးရင်တွေးထဲမတော့ .....

စိတ်ကူနဲ့ ဆန္ဒတစ်ထပ်တည်းကျစေသတည်း

ချစ်ကြည်အေး said...

နုစဉ်က ကဗျာလေးပေါ့....မျောက်မျိုး အဲလေ...မောင်မျိုးတို့ တော်ချက်...:P

လင်းဒီပ said...

ဒီကဗျာဖတ်မိတာ ပြုံးစိစိ ဖြစ်ရတယ် ။

ပန်းခင်းလေး said...

ကဗျာလေးက ချစ်ဖို့ ကောင်းတယ် . .
အစားအသောက်ကလည်း ကဗျာထဲမှာတောင် မလွတ်ဘူးနော် . .
ကဗျာရဲ့ အဆုံးမှာတော့  ပေါ်သွားတယ် . .
“ကလေးရယ် . . ”ဆိုပြီးတော့ 
မှန်မှန်ပြော . . ညီမလေးရဲ့ ယောင်းမလေးက ဘယ်သူဆိုတာ . . :P

Anonymous said...

ချစ်သူ ချစ်သူဆိုတာကနေ ကလေးရယ်ဖြစ်သွားပါလားး :P

ခင်မင်စွာဖြင့်
ရတနာ

Unknown said...

y5m69f4u45 d3d68h8z01 h0i01g7j12 c4s27b4s73 k4k29e2n16 s9c30j3z98

Unknown said...

link www.dolabuy.ru check my source gucci replica handbags click for more Gucci Dolabuy

LinkWithin

Related Posts Plugin for WordPress, Blogger...