Thursday, September 2, 2010

ရွှေယောက်ဖ ကောင်းမှုအကြောင်းပြု

ဘာရယ်မဟုတ်ပါဘူး ဟိုနားလည်းကြားရ ရွေးကောက်ပွဲ ဒီနားလည်းကြားရ ရွေးကောက်ပွဲဆိုတော့ ရပ်ကွက်ထဲမှာ ရွေးကောက်ပွဲအတွက် တစ်ပြားမှမရပဲ ကလော်တုတ်ခံရပြီး လုပ်အားပေးခဲ့ရတာလေးကို အမှတ်သွားရမိတယ် ။ အိမ်က ရွှေယောက်ဖ သံယောက်ဖ က နေရာတကာပါတဲ့ ကိုပါလေရာ သူ့ကောင်းမှုကြောင့် ကျနော့်မှာ တစ်ပါတ်လောက် ဒွတ်ခတော်တော် ရောက်သွားတယ် ။ရပ်ကွက် ဘောလုံးပွဲဆိုရင် သူက နည်းပြ အိမ်က လိမ်းဆေးဖိုးစိုက်ရ သံပုရာရည်ဖျော်ပေးရနဲ့ တော်တော်ကိုအလုပ်ရှုပ်တာ ကျနော့်အစ်မ ကလည်း ပြတ်သလားတော့မမေးနဲ့ မသေမျှင်နဲ့ နင်လား ငါလားပဲ “ နင် ရပ်ကွက်ထဲမှာ ရာအိမ်မှူး ဆယ်အိမ်မှူး လုပ်တဲ့နေ့ နင်နဲ့ငါ ကွဲတဲ့နေ့ပဲ” တဲ့ ။ အဲ့လောက်ပြောထားတာတောင် ရပ်ကွက်ရုံးက ခေါ်ပြီး တာဝန်ပေးလိုက်တော့ မျက်နှာငယ်လေးနဲ့ ကျနော့်ကိုလာပြောတယ် “ မင်း အစ်မသိရင် ပွစိပွစိ လုပ်နေအုံးမယ် လုပ်စမ်းပါဟ မုန့်ဖိုးပေးမယ် ” လက်ပေးလက်ယူ ဒို့ကြည်ဖြူပဲ တကယ်တော့ သက်သာမယ်ထင်လို့ လက်ခံလိုက်တာပါ။

နွေရာသီကြီး ပူတဲ့အချိန် ရပ်ကွက်ထဲ လိုက်မလှည့်နိုင်ပါဘူး ညနေပိုင်း အလုပ်နည်းနည်းပါးတဲ့ အချိန် စာရွက်တွေ ယူ တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ ကိုယ့်မှာ နေပူကြီးထဲ ပြသနာတက်လို့ ခွေးက လိုက်လို့ပြေးရတာနဲ့ ။ အိမ်ထောင်စုစာရင်း ပျောက်နေလို့ ၁၅ မိနစ်လောက် စောင့်ရတဲ့ အိမ်မျိုး ရှိသလို ၊ ထမင်းစားနေလို့ ခဏစောင့်ဆိုတာမျိုးလည်း ကြုံရတာပဲ ။ တစ်ချို့အိမ်ကျတော့ “ အစ်မ ရှာလိုက်အုံးမယ် မောင်လေး ခလေး ခဏလောက်ချီထားပေးပါလား ” ဆိုလို့ ချီထားပေးမိပါရဲ့ ရှူရှူးတွေပေါက်ချလိုက်လို့ နောက်ထပ်အိမ်တွေ စာရင်းလိုက်မကောက်ရတော့ပဲ စိတ်တိုတိုနဲ့ ပြန်လာခဲ့ရတဲ့ နေ့မျိုးလည်းရှိတယ် ။ “ နင်လာမယ်ဆို ငါ့ကိုလာကြိုပြော အိမ်ထောင်စုစာရင်းက ပျောက်လို့ရတာမဟုတ်တော့ သေချာသိမ်းထားရတာ ရှာဖို့မလွယ်ဘူး” မထင်ရဘူး ရပ်ကွက်ထဲက လူကြီးလူကောင်းအိမ်လို့ထင်ရတဲ့ မိန်းမကြီးက အပေါက်ဆိုးဆိုးနဲ့ ကိုယ့်ကိုများ ဟောက်ထည့်လိုက်တာ ဘယ်ရမလဲ “ ကျနော်က လခစားလည်းမဟုတ်ဘူး သက်သက်လုပ်အားပေးနေတာ အဲ့လောက်တောင်မအားရင်လည်း အဒေါ့်ပါသာ ရပ်ကွက်ရုံးမှာပဲ စာရင်းသွားပေးတော့ ကျနော်ကတော့ ကောက်လို့မရတဲ့ အိမ်စာရင်းထဲထည့်လိုက်ပြီး ” အဒေါ်ကြီးက မျက်လုံးကြီး ပြူးပြီးကြည့်နေတယ် ပြန်မပြောတတ်ဘူးထင်လို့ဖြစ်မယ် အားတော့နာပါရဲ့ သည်းမခံတတ်တာ ခက်တယ် ။

“ ဒီစာရင်းတွေလိုက်ကောက်နေတာ ဘာလဲ ဆန်ဝေမလို့လား ဆီဝေမလို့လား သောက်ရာရောက်တာလည်းမဟုတ် ပြီးရင် သူတို့ပါသာ တက်ချင်တဲ့သူတက်နေတာကိုများ ” တဲ့ အော် . ( သားနဲ့ ဘာဆိုင်လို့လဲ ဦးရယ် ) ။ “ ဟဲ့...နင်တို့ အဲ့တာလုပ်ပေးတာ တစ်နေ့ ဘယ်လောက်ရလဲ ” ဘာမှလည်းမဟုတ်ဘူုး တစ်ပြားမှမရပဲ ဒီလောက်နေပူကြီးထဲ လိုက်လုပ်နေရတာ စဉ်းစားကြည့်ရင် ယောက်ဖကို စိတ်တိုတယ် ။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ ဒါတွေက အပိုအလုပ်တွေပဲ ကိုယ့်ပါသာ ဘာမဲပဲထည့် သူတို့လည်း တက်ချင်တဲ့သူတက်မှာပဲ တော်ပြီး ပြောတော့ဘူး သားသားကြောက်ကြောက် ။ ၁ ပါတ်ကျော်ကျော်လောက် အပင်ပန်းခံပြီး ရပ်ကွက်ထဲ စာရင်းလိုက်ကောက်ပြီး ရုံးသွားပြန်အပ်တဲ့နေ့က နေ့စားရဖို့နေနေသာသာ မျက်နှာထားမာမာကြီးတွေနဲ့ ကျေးဇူးလို့တောင်မပြောဘူး ။ နောက်ထပ်တစ်ပါတ်လောက်နေတော့ အလုပ်တစ်ခုအတွက် ရပ်ကွက်ထောက်ခံစာလေး လိုလို့သွားလုပ်တာ ပိုက်ဆံမရတော့ မင်းက ဘယ်ကလဲတဲ့ ။ ” ဦးကလည်း ဟိုတစ်ခါခိုင်းတုန်းက ကျမှတ်မိပြီး ခုကျမမှတ်မိတော့ဘူးလား ရပ်ကွက်ထဲမှာ အိမ်ထောင်စုစာရင်းလိုက်ကောက်ပေးထားတာ ကျနော်လေ ” ဆိုတော့ အော် အေအေ တဲ့ ။ ဟူး လွယ်ဘူး ကျနော် ကတော့ နည်းနည်းလေးဆို ပြန်ခံပက်ဖို့ပဲသိတော့တယ်။

ရွေးကောက်ပွဲတဲ့ တစ်ခါမှမကြုံဖူးဘူး အဲ့တာက တကယ်ကြီးလား ဇတ်လုပ်ကြီးဖြစ်နေမယ်ထင်တာပဲ ဟဲဟဲ ။




7 comments:

ShwunMi- said...

သြော်.. ကိုယ့်အစ်မပေးထားရတာ ဂလောက်တော့ရှိမာပေါ့ကွယ်..

blackroze said...

အော် . ( သားနဲ့ ဘာဆိုင်လို့လဲ ဦးရယ် )
တဲ့လားကွယ်...

အဲဒီစာကြောင်းလေးဖတ်ပြီးတခွိခွိရယ်သွားပါကြောင်း
သားရေးတာလေးဖတ်ပြီးအန်တီအရမ်းအရမ်းကို
ရီမိတယ်ကွယ်.. :P

မေပယ်လ် said...

ဟဟဟ
သိပြီကွ..
နာလဲ မိန်းမရလို့ကတော့ အကို့ကို
ခလေးချီခိုင်းအုံး....မှာ...တဲ့ဗျာ..။
အင်..
ပို့စ်ရေးတာတောင် အကျင့်က
မပျောက်ဘူး..
ဒီ"...."ဆိုတာကြီး ပါလာသေး

မိုးယံ said...

အော် တူတို့ရပ်ကွက်က တစ်ညိုးကြီးနော်
မင်းဘယ်ကလဲ မမေးအောင် အစိမ်းရောင် ဆောင်ထားရမလိုပဲ

မမသီရိ said...

မောင်လေးမျိုးရေ
လင့် အသစ် ပြင်ချိတ်လိုက်ပြီ

မိုးခါး said...

ဟားဟား
အတွေ့အကြုံပေါ့
ပို့စ်တပုဒ်တက်တာ အမြတ် :P

လင်းဒီပ said...

စုံလည်း စုံတဲ့ မောင်မျိုး..။

LinkWithin

Related Posts Plugin for WordPress, Blogger...