Thursday, September 23, 2010

“ဒီလိုပါပဲ”



ဒီလိုပါပဲ
ဒီလိုပါပဲ ဆိုတဲ့စကားလုံးကို အပြည့်အစုံရှင်းပြနိုင်အောင်…

ကြိုးစားခဲ့တာ ဘာမှအရာမထင်ခဲ့ပါဘူး…
နွေဦးကာလတစ်ခုကို လွန်မြောက်ခဲ့ပြီးတဲ့နောက်…
ရာသီအဖွင့်အပိတ်တွေတိုင်း အမြဲရောက်လာတဲ့ စကားလုံးက…
ဒီလိုပါပဲ ဖြစ်နေခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ..

ထမင်းစား ရေသောက် ဘာတွေဖြစ်နေသလဲ ဒီလိုပါပဲ…
ငွေရေးကြေးရေး အလုပ်ကော အဆင်ပြေသလား ဒီလိုပါပဲ…

ဒီလိုပါပဲ ဒီလိုပါပဲ ဒီလိုပါပဲထဲက ဒီလိုပါပဲ…
ဘယ်လိုပါလဲ ဒီလိုပါပဲ ဒီလို ဒီလိုပါပဲ….
အသိမ်းအနှုတ် အသော့အရမ်း အထေ့အငေါ့…
အမြောက်အပင့် အချေးအဌား အချစ်အလွမ်း…
ကျန်တာတွေမေ့ထားကြပေါ့….


သူတို့တွေပြောကြတဲ့ ဒီလိုပါပဲ…
ဒီလိုပါပဲဟာ ကူးစက်ရောဂါ…
ဒီလိုပါပဲဟာ နေထိုင်မှုဘ၀…
ဒီလိုပါပဲဟာ စီးနေကြဘတ်စ်ကား..
ဒီလိုပါပဲဟာ အပေါင်ဆုံးသွားတဲ့အရာတစ်ခု…
ဒီလိုပါပဲဟာ ရွေ့လျားနေတဲ့ မျှော်လင့်ချက်…
ဒီလိုဘာပဲဟာ ဘေးမှာရပ်နေတဲ့ သေခြင်းတရား…
ဒီလိုပါပဲနဲ့ပဲ နှုတ်ဆက်ကြ နှုတ်ဆိတ်ကြ…
တစ်နေ့ တစ်နေ့ ဒီလိုပါပဲထဲခုန်ချ…
ဒီလိုပါပဲ စကားတွေပြောကြ…
ကျွန်တော်ဟာ အမြဲဒီလိုပါပဲ….

~~~~~ ဘာလာရှာပါသလဲ ဘာမှမရှိလို့စိတ်မကောင်းပါ…
ပန်ကန်မှာ ကျန်နေတဲ့ တစ်ဝက်ပဲ ရှိတဲ့ထမင်းလုံးလား…
ငါလည်း ပုရွက်ဆိတ်ပါ တော်သလိုသာနေကြပါ…
ငါ့ကို လာမကိုက်ကြနဲ့ မရတော့ဘူး ~~~~~~

ဒီလိုပါပဲ ပုံပြင် ဒီမှာ အဆုံးသတ်၏
မျှော်သူကား ပေါ်မလာခဲ့…
ကဲ.. အဲတာဆို အိမ်ပြန်ပြီ…
ဒီလိုပါပဲ….။

တောကျောင်းဆရာ (မုတ်သုန်လေ)

3 comments:

မိုးယံ said...

ဒီလိုပါပဲ ရှက်တယ် ရှက်တယ်။ သားသားရှက်ရှက် ပြောပြီးတော့။ ဟွင်း ဟွင်း

ငနာ နေကန်းတယ်ဟုတ်။ နေမကောင်းရင် ရေထောင်းသောက်

:P said...

ဟုတ်တယ်... "ဒီလိုပါပဲ" က နေရာတကာ တော်တော်အဆင်ပြေတယ်။

'ဟေး... မတွေ့တာကြာပြီ၊၊ အခြေအနေဘယ်လိုလဲ .. "

" D လိုပါပဲ ကြောင်ရယ် "

လင်းဒီပ said...

ဒီလိုပါပဲမောင်မျိုးရာ.. ဒီလိုပဲပေါ့ ..။

LinkWithin

Related Posts Plugin for WordPress, Blogger...