Sunday, September 12, 2010

ကောင်းကင်


ကောင်းကင်က နေတစင်း
ဘယ်လိုပင်ပူပြင်း
ရင်တွင်းကအချစ်ဒဏ်ရာ
နေတပျောက်ပေမယ့်
သေလောက်အောင်ခံစားတယ်။

ကောင်းကင်က ရေတပေါက်
ခမ်းခြောက်တာပပျောက်စေပေမယ့်
ရင်တွင်းကအလွမ်းမိုး
နွမ်းညိုးတာကိုပိုစေတယ် ။

ကောင်းကင်က လတစင်း
အရာရာကိုထွန်းလင်းစေပေမယ့်
ရင်းတွင်းကချစ်သူ့ပုံရိပ်
အလုံပိတ်ထားတာတောင်
လင်းလက်အေးမြခြင်းတွေကို
ဆောင်နှင်းပေးနိုင်တယ်။

ကောင်းကင်ကအဟောင်းတွေကို
အသစ်မဖြစ်နိုင်ပေမယ့်
ရင်တွင်းမှချစ်ခြင်းများကို
ပျက်ယွင်းဟောင်းနွမ်းသွားသည်မရှိ
ထာဝစဉ်သစ်လွင်တောက်ပမှုတွေနဲ့
မော့ကြည့်လိုက်တိုင်း ကောင်းကင်က ကြည်ကြည်လင်လင် ။




8 comments:

မေပယ်လ် said...

ပြေးလေး ကောင်းကင်ကို မော့ကြည့်သွားတယ်..
အား..လှလိုက်တာ

khin oo may said...

အမြဲကြည်လင်နိုင်ပါစေ။

ယွန်း said...

ကောင်းကင်က တိမ်တွေသိပ်လှသလို အတွေးလေးတွေ သိပ်လှတာပဲ...

သိင်္ဂါကျော် said...

မိုးသားတွေ ကြည်လင်သွားတဲ့ ကောင်းကင်လို ချစ်ခြင်းတွေ ထာဝရ လှပနေပါစေ..

လင်းဒီပ said...

ကောင်းကင်ကြီးကို ပဲ ချစ်လိုက်တော့ ...

နေ့အိပ်မက် said...

ကောင်းကင်ကို လှလှလေးဖြစ်အောင်ဖွဲ့ထားတာ ဖတ်သွားပါတယ်..

“နေတစ်စင်း”ကို “နေတ စင်း” ဆိုပြီး ဖတ်လိုက်မိတော့ ကြောင်သွားသေးတယ်... ညှိုးက ဟထိုးရော တစ်ချောင်းငင်ရော လိုတယ်ထင်တာပဲ.. အငြင်းသဘောနဲ့သုံးရင် နောက်ပစ်နဲ့ မဲ့ပါတယ်... :)

ရွှန်းမီ said...

ငါမော့ကြည့်လိုက်တော့ ကောင်းကင်က သူ့ကိုဝိုင်းထောက်ထားတဲ့ တိုက်အမြင့်ကြီးတွေကြားမှာ မအီမသာ ..
ငါခရီးထွက်ဖို့ ကြိုးစားမှပါလေ..
နင်မြင်ရတဲ့ ကောင်းကင်ကြည်ကြည်ကို အားကျတယ်။

ညလင်းအိမ် said...

ကဗျာလေးကို နှစ်သက်မိပါတယ် ..

LinkWithin

Related Posts Plugin for WordPress, Blogger...