Monday, September 13, 2010

ဦးသားလေး


တချို့သော ရာထူးတွေက ကိုယ်တိုင်ကြိုးစားမှရတယ် တချို့သောရာထူးတွေကတော့ ကိုယ်နဲ့ပက်သက်ရာ ပက်သက်ကြောင်းတွေကတဆင့် ဘာမဆိုင် ညာမဆိုင် ရာထူးတွေမြင့်တတ်လာတာပေါ့ ကျနော်က ဒီအမျိုးအစားထဲပါတယ်း) ။ အိမ်က အစ်မတွေ အစ်ကိုတွေ ကိုယ့်ကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့လို့ တားမြစ်တဲ့ အခါကျ သူတို့တွေ ခေတ်မမှီတိုင်း ငါ့ကိုလိုက်တားနေတယ် သိတာလည်းမဟုတ်ပဲနဲ့ ဘာညာအတွေးတွေ ၀င်လာတယ် စိတ်ထဲကတော့ တော်လှန်နေတာပဲ အပြင်မှာတော့ မပြောရဲ နပန်အုပ်မယ့် သူနဲ့ ခေါင်းကို ကုလားတက် တုံး ခေါက်သလို ခေါက်မယ့် သူတွေနဲ့ များပါ့ ။ ဒီလိုပါပဲ စေတနာဆိုတာ ပေးတဲ့သူက ပေးပေမယ့် ယူတတ်တဲ့သူကနားမလည်လေတော့လည်း တမျိုးတမည်ဖြစ်သွားကြတာပါပဲ ။ ကိုယ်လည်း ငယ်ရာကနေ တဖြည်းဖြည်းကြီးလာတော့ အစွယ်အပါးလေးတွေနဲ့ ကိုယ့်အစွမ်းအစကြောင့်တော့မဟုတ်ပါဘူး အစ်ကိုအစ်မတွေအစွမ်းအစ ကြောင့် တူ တူမတွေက လက်ဆယ်ချောင်းမကတော့ဘူး ။

တူတွေကတော့ အော်ကြောလန်တွေပါ ကိုယ်ကအစ်မနဲ့ နေတာများတော့ အစ်မရဲ့ သားတွေက ကိုယ်နဲ့ ညီအစ်ကိုတွေလိုဖြစ်လို့ အကြီးကောင်က အားကစားသမားဆိုတော့ ကိုယ့်အစ်ကိုကျနေတာပဲ ကျနော် အရွယ်တင်တာလည်းပါမှာပေါ့လေး) အ၀တ်အစားဆိုလည်း အစ်မက တော်ရုံမ၀ယ်ပေး ပုဆိုး တထည်ကိုဆို ယောက်ဖ က ၀တ်လိုက် ကျနော်က ၀တ်လိုက် တူတွေက ၀တ်လိုက် မသိရင် ဆင်တူများ ၀ယ်ထားပေးသလား မှတ်ရတယ် ။ ကိုယ့်အ၀တ်စားလေးတွေ သေချာဖယ်ထားပြီး ၀တ်ဖြစ်ပေမယ့် စည်းကမ်းမရှိတဲ့ ကိုယ်လည်းမနိုင်တဲ့တူတွေက တွေ့ရာဆွဲဝတ်သွားတာပါပဲ ။ အဲ့နေ့က ရယ်စရာအဖြစ်အပျက်လေး အငယ်ကောင်က ကျနော်နဲ့ ရုပ်ချင်းခပ်ဆင်ဆင် ပိန်တာချင်းရော ဘာကော ၀တ်နေကျအကျှီနဲ့ သူခဏခဏ ယူဝတ်တဲ့ ဘောင်ဘီတိုဝတ်ပြီး ဈေးဆိုင်မှာ ဈေးသွားဝယ်တာ အနောက်ကနေ ကိုယ့်ဇက်ပိုးကိုအုပ်ပြီး “ ဟေ့ရောင် စာမကျက်ပဲနဲ့ ဘယ်တွေလစ်နေတာလဲ ” ဆိုပြီး ဖြန်းခနဲ ဆော်ထည့်လိုက်တာများ စိတ်ဆိုးဆိုးနဲ့ လှည့်ကြည့်လိုက်တော့ အိမ်ကိုလာလည်ကိုယ့်တူရဲ့သူငယ်ချင်းဖြစ်နေတယ် သူလည်း ကိုယ့်ရဲ့ ဆွေကြည့်တချက်မှာ ဖြုန်သွားတယ်ထင်ပါ့ “ ဟားး ဦးသားလေး ကန်တော့ နော့် ကန်တော့ သား လူမှားသွားလို့” တဲ့ ဒါပေမယ့် ငါ့ဇက်ပိုးနာသွားတာ ဘယ်လိုလုပ်မလဲ ခွေးကောင်လေး ။

ကိုယ့်ရဲ့အကျင့်ကလည်း ဖော်၂ရွေ၂နေတတ်တော့ ကိုယ့်တူတွေရဲ့ သူငယ်ချင်းတွေက ကိုယ့်သူငယ်ချင်းတွေဖြစ်လို့ တကယ်တော့ ရှေ့မမှီ နောက်မမှီ ကိုယ့်အဖြစ်က သနားစရာပါ ရွယ်တူ သူငယ်ချင်းတွေက ရပ်ကွက်ထဲမှာ မိန်းမတွေရ ခလေးတွေရတော့ တွဲစရာလူမရှိ အဲ့တော့ အိမ်မှာမိန်းခလေးအပျိုမရှိတော့ သူတို့သူငယ်ချင်းတွေက လွတ်၂လပ်၂နေလို့ရတဲ့ ကျနော်တို့အိမ်ကို အလာများတယ် စကားပြောရင် သားသား နဲ့ ပြောတတ်တဲ့အရွယ်လေးတွေဆိုတော့ ချစ်စရာတော့ကောင်းသား ကိုယ်လည်း အဲ့အရွယ်ကို ပြန်ရောက်ချင်စိတ်ဖြစ်သွားတယ် ။ ရည်းစားထားချင်လို့ လာတိုင်ပင်တဲ့သူနဲ့ စာမေးပွဲနီးလို့မိုင်ခရို ခေါက်ခိုင်း စာတွေ ၀ိုင်းစီခိုင်းတဲ့ သူတွေကလည်းခပ်များများ ကိုယ်စိတ်မကြည်မသာ ကျနော်က တနေ့မှာ 23 နာရီလောက် စိတ်မကြည်နေတာများပါတယ် ခလေးတွေက အိမ်လာလည်ရင် အရင်အတိုင်းမှတ်လို့လာစကြပေမယ့် ရုပ်တည်ကြီးနဲ့ ပိတ်ဟောက်ထည့်ပေးလိုက်တာ အဟုတ်ထင်ပြီး နောက်မလာရဲတော့ဘူး တူအကြီးကောင်ကတော့ ဦးသားလေးက အူကြောင်ကြောင်နဲ့ ဘာမှန်းလည်းမသိဘူး တဲ့ ။

အငယ်ကောင် ရည်းစားထားတယ်ဆိုတော့ စိတ်ကြီးတဲ့ ကျနော့်အမ လက်ဖက်ရည်ဆိုင်မှာခလေးကို သွားရိုက်ခဲ့တာ သူလည်းရှက်သွားတယ်ထင်တယ် ငိုကြီးချက်မနဲ့ အိမ်ပြန်ရောက်လာတယ် စာမေးပွဲကလည်းနီး ခဏပေါက်ကရလုပ်သွားမှဖြစ် ဟုတ်ပေ့ဖြစ်နေအုံးမယ် အိမ်မှာ ဘယ်သူမှချော့မရရင် ကိုယ်က ရွှေပြည်အေးတရားဟောသမားကြီး “ ဆယ်တန်းလေးတော့ အောင် အောင်လုပ်လိုက်ပါအုံး ငါ့တူရယ် ကိုယ့်မိဘတွေ ဆိုင်တဖက်နဲ့ မင်းတို့ကိုလိုတာဖြည့်ပေးနေရတာ ဘယ်လောက်ပင်ပန်းလဲ ကိုကြီး ငတုံးကတော့ ဒီနှစ်လည်း အောင်မှာမဟုတ်ဘူး အဲ့တော့ ငါ့တူလေးပဲရှိတာ ရည်းစားများကွာ တက္ကသိုလ် ကောင်မလေးတွေများ အလန်းတွေပလွတ် နေတာပဲ အဲ့ကျမှထား ဟုတ်ပြီလား ခုတော့ စာမေးပွဲအောင် အောင်တော့လုပ်လိုက် ” တူတော်မောင်ကလည်း စကားနားထောင်ပါတယ် ဒါပေမယ့် စိတ်ပူလို့ ညပိုင်းကျ သူ့အခန်းထဲဝင်အိပ်ပြီးစောင့်ရတယ် အစ်မကတော့ ဘာမပြော ညာမပြော အပြင်ကတံခါးကြီးကို သော့ခတ်လိုက်တယ် မိခင်ရဲ့ အချစ်ဆိုတာဒါပဲထင်ပါ့လို့ အစ်မကိုတောင်သနားသွားတယ်.။

ဘာပဲဖြစ်ဖြစ် သူတို့လေးတွေ အားလုံးဟာ ကျနော့်အတွက်တော့ သားသမီးလေးတွေလိုပါပဲ မုန့်ဝယ်သွားလို့ ပျော်မြူးသွားတဲ့ တူ တူမ ငယ်လေးတွေရဲ့မျက်လုံးလေးတွေဟာ မရှိတဲ့ကျနော့်ချစ်သူရဲ့ မျက်ဝန်းတွေထပ် ပိုလှပါတယ် အိပ်နေတုန်း ခေါင်းအုံးလေး လာထိုးထည့် စောင်လေးလာခြုံပေးပြီး ကိုယ့်အနားကပ်အိပ်တတ်တဲ့ တူမလေးရဲ့ ကိုယ်ငွေ့ဟာလည်း နွေးထွေးမှုအပြည့်နဲ့ပါ ။လက်ဖက်သုတ်ကိုတောင် ဖြောင့်အောင်မသုတ်တတ် ကြက်သွန်မနွှာတတ်သေးတဲ့သူတို့လေးတွေ အားကိုးစရာမကောင်းလောက်ပေမယ့် ဦးသားလေး ဆိုပြီး အသေးဖွဲလေးတွေအစ လုပ်ခိုင်းတတ်တာကို အပြစ်မမြင်ရက်ပဲ အမြဲလုပ်ပေးမိတာဟာလည်း ဦးလေးတစ်ယောက်ရဲ့ အချစ်လို့ထင်ပါတယ် ။ ဖအေ မအေ ကိုတိုက်ရိုက်မပြောရဲတဲ့အခါကျ ဦးသားလေး ဆိုပြီး လာပူဆာတတ်တဲ့ တူတွေဟာလည်း ခုတော့ လူကြီးလေးတွေဖြစ်လို့ သိပ်ပြီး ပူး၂ကပ်၂မနေတော့တာ အချိန်တွေက ပြောင်းလဲသွားလို့ထင်ပါ့ ဒါပေမယ့် ကျနော့်ရဲ့ မေတ္တာစမ်းရေတွင်းကြီးဟာလည်း သူတို့လေးတွေအတွက် အမြဲစီးဆင်းမြဲပါ ခလေး တို့ရေ တခါခါတော့ ဦးသားလေး လည်း မင်းတို့အားလုံးကို လွမ်းတယ် ။

9 comments:

Anonymous said...

အကြီးဆိုတဲ့နေရာကို ရောက်လာတဲ့အခါ

ငါ့တုန်းကဆိုတဲ့ အရာမျိုးနဲ့ ကိုယ်ချင်းစာစိတ်

ပြီးတော့ အကြီးတွေက ကောင်းစေချင်လို့ ဆုံးမခဲ့တာတွေပါလားဆိုပြီး

နားလည်ပေးလာနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ

မေပယ်လ် said...

ရည်းစားများကွာ တက္ကသိုလ် ကောင်မလေးတွေများ အလန်းတွေပလွတ် နေတာပဲ အဲ့ကျမှထား ဟုတ်ပြီလား
အဲဒါလေး သဘောကျတယ်
ငါ့ကို စောင်းပြောနေတာတော့
ဟုတ်ပါဘူးနော်:P

မိုးယံ said...

တူအကြီးကောင်ကတော့ ဦးသားလေးက အူကြောင်ကြောင်နဲ့ ဘာမှန်းလည်းမသိဘူး တဲ့ ။

ဒီကောင်လေး ကြီးလာရင် ထူးချွန်အောင်မြင် မယ့်ကောင် ငယ်ငယ်ကတည်းက လူတစ်ယောက်ကို သေချာ အကဲခတ်တတ်တယ်

ခလေးတွေကို လွမ်းတာဟယ်။ ညည်းမှာ ကလေးလုပ်တဲ့ စက်ရှိတယ် မဟုတ်လားအေ့ ။

ဦးသားလေး ငြိမ်းချမ်းပါစေ
မိုးယံ

blackroze said...

ဦးသားလေးရေ..
ဘဝဆိုတာကဒီလိုပါဘဲလေ..
ဦးသားလေးကနေနောက်တော့လည်း
ဖိုးသားလေးဖြစ်လာမှာပေါ့ကွယ်.. :P

ရွှေရတုမှတ်တမ်း said...

တူတွေတူမတွေကို မလွမ်းရအောင် ..
ကိုယ်ပိုင် ထုပ် လုပ် နိုင်ရင်ပိုမကောင်းလား

:P said...

ဒီပို့စ်ကိုဖတ်ရတာ လူပျိုကြီးစော်နံတယ်..

ဝေလေး said...

ခွိ.. မစင်ဒန်လာ ကွန်မန့်ဖတ်ပြီး ရယ်မိသွားတယ်.. :D

ဦးသားလေး အနော့ကိုလည်း မုန့်ဝယ်ကျွေးနော်.. နော်.။ :D

ညီလင်းသစ် said...

ဦးလေးနဲ့ တူ,တူမလေးတွေကြားက ကြည်နူးစရာ အကြောင်းလေးတွေကို စိတ်ထဲပေါ်တဲ့အတိုင်း ခပ်သွက်သွက် ချရေးထားတဲ့ပုံမို့ ဖတ်ရတာ တကယ့်ကို ပေါ့ပေါ့ပါးပါးလေးပါပဲ။

ShwunMi- said...

ငါဆို ရာထူးတက်အောင် လုပ်ပေးမယ့်လူ မရှိဘူးဟ..
နင်ကံကောင်းတာ =)

LinkWithin

Related Posts Plugin for WordPress, Blogger...