Friday, September 3, 2010

အစ်ကို့ပေးစာ

ညီလေးရေ

ညီလေးဘာလုပ်သင့်လဲ ဘာသင်တန်းတွေတက်သင့်သလဲ ဟုတ်လား ငါ့ညီ။

ဒါဆို ပထမဆုံးအစ်ကို မေးချင်တဲ့မေးခွန်းက ညီလေး ဘာလုပ်ချင်တာလဲ။ ရည်ရွယ်ချက်က ဘာတဲ့လဲ…..

ပထမဆုံး ညီလေးဖြစ်ချင်တဲ့ ဆန္ဒကို အရင်ကြည့်ပါ။ စိတ်ပါဝင်စားတဲ့အရာကို လုပ်ကိုင်နေရရင် အဲ့ဒီလူရဲ့ ဘ၀မှာ ပိုအောင်မြင်စေတယ်။ လုပ်ငန်းခွင်ပျော်ရွှင်မှုဟာ လူ့ဘ၀ပတ်ဝန်းကျင်ကို အများကြီးအထောက်အကူပြုပါတယ်။ အစ်ကိုကတော့ ညီလေးပျော်တာပဲမြင်ချင်တယ်။

ပြီးတော့မှ့ ရလာတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ပထမဆုံး သင်တန်းတွေကိုလေ့လာပါ။ Marketing တွေ အရမ်းထွန်းကားတဲ့ခေတ်ကြီးမှာ ကြော်အောင်ငြာတဲ့ သင်တန်းတွေကို အတုအစစ် ခွဲခြားဖို့ လိုအပ်ပါလိမ့်မယ်။ ကုန်ဆုံးသွားမယ့် ငွေကြေးတွေထက် ဘယ်လိုမှ ပြန်လည် အစားထိုးမရနိုင်တာ အချိန်ပါ။

ပညာရေးဆိုလို့ အခုတွေ့လာရတဲ့ ပညာရေးတွေအတွက် အစ်ကိုတကယ်ကို စိတ်လေးမိတယ်။ ငယ်ဆရာတွေနဲ့ပြန်တွေ့တော့ ငယ်ဆရာတွေဆီက ငြီးငြူသံတွေက တကယ့်ကို အားလျော့စေခဲ့တယ်။

တက္ကသိုလ်ဆရာမဖြစ်သွားတဲ့ ဆရာမကတော့ ကျောင်းသားတွေ အတန်းတက်တာ စာလာသင်ဖို့မဟုတ်ဘူးတဲ့။ စာကိုရယူလိုတဲ့ စိတ်တွေ စာသင်ခန်းထဲမှာ ရှာမတွေ့တော့ သူအရမ်းစိတ်ပျက်မိတယ်။ အစ်ကိုနဲ့တွေ့တဲ့နေ့က ဆရာမ ထွက်စာတင်လာတဲ့နေ့တဲ့။ မိအိုဖအိုတွေနဲ့ နေ,နေရတဲ့ ဆရာမအတွက် မိသားစုကို ပေးရတဲ့အချိန်ထက် ကျောင်းပတ်ဝန်းကျင်မှာ ဗာဟီရအလုပ်တွေ လုပ်နေရတာများလွန်းတာမို့ ဘယ်လိုမှ ရှေ့မဆက်နိုင်တော့ဘူးတဲ့လေ။ ဆရာကောင်းတစ်ယောက်ဆုံးရှုံးတယ်ဆိုတာ ပေါ့ပေါ့ပါးပါး မဟုတ်ပါဘူး။

ပြင်ပကျူရှင်တွေသင်နေတဲ့ ဆရာတစ်ယောက်ကတော့ အခုခေတ်ကျောင်းသားတွေမှာ နှစ်မျိုးပဲရှိတော့သတဲ့။ အရမ်းတော်ပြီး ထိပ်ပိုင်းရောက်နေတဲ့သူတွေရယ် အောက်ခြေနားက လူတွေရယ်ပဲတဲ့။ အလယ်အလတ်မှာ ပုံမှန်လိုက်နိုင်တဲ့သူတွေ မရှိသလောက်ရှားနေခဲ့ပြီတဲ့လေ။ ဒါကိုရော ဘယ်သူတွေက အသေအချာလေ့လာပြီး အားလုံး သတိပြုမိအောင် မလုပ်သင့်ဖူးလား။

ဘော်ဒါဖွင့်ထားတဲ့ အစ်ကိုဆရာလင်မယားကတော့ ၀ါသနာကိုအဓိကထားတာမို့သာ ဆက်ဖွင့်ထားမိတယ်။ မဟုတ်လို့ကတော့ ပိတ်ပစ်တာကြာခဲ့ပြီတဲ့။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အညီ ဆရာ ဆရာမတွေ ဆုံးရှုံးလိုက်ရတာ ကျောင်းသားကျောင်းသူလူငယ်တွေရဲ့ ဖြူစင်တဲ့ အမူအကျင့်တွေတဲ့။ ကျောင်းခန်းထဲရောက်တာနဲ့ တူညီဝတ်စုံဝတ်ပြီး အားလုံးက တညီတည်းဖြစ်ရမှာထက် မိဘအရှိန်အ၀ါတွေနဲ့ ဆရာတွေကိုပါ မောက်မာမော်ကြွားနေခဲ့ကြပြီတဲ့လေ။

တက္ကသိုလ်ကျောင်းသား ညီငယ်တယောက်ကိုမေးမိတော့လည်း ကျောင်းကိုသွားတာ roll call ပြည့်အောင်လို့တဲ့။ စာကတော့ အနီးကပ်မှဆိုလား ဘယ်နှစ်ပုလင်းဆိုလား ပေးလိုက်ရင် တစ်တန်းအောင်ဖို့ အလွယ်သား။ အတန်းအလိုက်သူ့ဈေးနှုန်းနဲ့ ကပ်ထားပြီးသားဆိုတော့ နောက်ဆို city mart မှာများ ၀ယ်လို့ရနိုင်လောက်တယ်ထင်တယ်။

ကျောင်းပြီးရင်ကောဆိုတဲ့ ဘ၀အာမခံချက်တွေ မပေးနိုင်တော့တာ ကြာပြီပဲ။ ဘွဲ့တွေရပြီးရင် မွမ်းမံသင်တန်းတွေက ဆက်လက်ချီတက်ရဦးမယ်။ ငွေကြေးမတတ်နိုင်သူတွေက တခန်းရပ်ဘွဲ့လက်မှတ်လေးတွေကိုင်ပြီး မှီတဲ့ပန်းတွေကိုလှမ်းပေါ့။ တုံးခုနိုင်တဲ့သူတွေကလည်း ခုပေါ့။

သင်ကြားခြင်းဆိုတဲ့ စာသင်ခန်းတွေထဲမှာ ကိုယ်တိုင်လေ့လာ သင်ယူခြင်းဆိုတာကိုလည်း ထည့်ထားပေးဖို့ လိုပါတယ်။ ညီလေးကိုယ်တိုင် ရှာဖွေလေ့လာဖို့လိုတယ်ဆိုတာ အရင်ကသင်ခဲ့ဖူးတဲ့ စာအုပ်ကိုကျော်၍ မြင်နိုင်စွမ်းကို ဆောင်ရသည်ဆိုတဲ့ စကားနဲ့အညီ မမေ့မလျော့ မှတ်သားလိုက်နာပါကွာ။

ကဲ ညီငယ် အစ်ကိုပြောချင်တာတွေတော့ ပြောပြီးပြီ။

ဘ၀တိုးတက်ဖို့အတွက် မှန်ကန်ဖြောင့်မှတ်တဲ့လမ်းကြောင်းပေါ် ရောက်ပါစေကွာ.

ချစ်ခင်လျက်

အစ်ကို


P>S = ကျနော့်အတွက် အစ်ကို့ရဲ့ ပေးစာလေးပါ ဒီစာလေးအတွက် အစ်ကို့ကိုကျေးဇူးပါ ဒီထက်ကောင်းမယ့် စကားလုံးရှိရင်ပြောချင်ပါသေးတယ် ฟทกืห่ด้

10 comments:

သိင်္ဂါကျော် said...

သင်ကြားခြင်းတွေကတော့ ဘယ်တော့မှ မပြီးဆုံးနိုင်အောင်ပဲ.. ဒါပေမယ့် လက်တွေ့အသုံးချဖြစ်တာတော့ နည်းနည်းရယ်..

:P said...

တခြားဟာတွေတော့ ထား...

ခေါင်းစဉ်မှာ နောက်ဆုံးက ဝစ္စပေါက်လေးတော့ ဖြုတ်ပေး......။

ငါ့ ခေါင်းစဉ်ဖတ်ပြီး ကြောင်မျိုး အစ်ကိုတွေထဲ လူပျိုမကျန်တော့ပါဘူး တွေးနေသေးတာ... ဒွတ်ခ......။

မောင်မျိုး said...

ဟဟားးးး အီးး ရှက်တာဗျာ မမြင်ဘူး အောက်က
ဝစ္စပေါက်ပဲဖြုတ်လိုက်တယ် ခေါင်းစဉ်ကြီးမှားနေတာမတွေ့ဘူးး ကျေးဇူး ဒီတစ်ခါ စာလုံးပေါင်းမှားလို့ပြောသွားတာ စိတ်မဆိုးတဲ့ အပြင် အရမ်းအရမ်းကို ရယ်နေရလို့ ကျေးဇူးအစ်မကြီးးးးး

Anonymous said...

အတန်းအလိုက်သူ့ဈေးနှုန်းနဲ့ ကပ်ထားပြီးသားဆိုတော့ နောက်ဆို city mart မှာများ ၀ယ်လို့ရနိုင်လောက်တယ်ထင်တယ်။
အဲဒါ ဘယ်ဆိုင်မှာ ရနိုင်လဲဟင်
ညီလဲ ကျောင်းတက်ရမှာ ပျင်းလာဘီ
ဈေးကနေပဲ ၀ယ်စားချင်တော့လို့:P

ကိုအောင် said...

မိဘအရှိန်အ၀ါနဲ့ ကျောင်းလာတဲ့ ကျောင်းသားက အများသားလား ....။

Anonymous said...

အော... ဒီလိုလား...

အကိုက ညီလေးအတွက် ရေးပေးပြီး ညီမလေးအတွက်တော့ မရေးပေးဘူးလားလို့ သွားရစ်မယ်... တွေ့ကြသေးတာပေါ့ကွာ...

ပုံ/
ဂျင်ကြိုး

မိုးယံ said...

ဟွန့် သူ့မှာကျတော့ အကောင်းစား အစ်ကို ချိတယ်။ နာ့မှာတော့ အင့် ဟင့် ဟင့် ဂွင့်

ငြိမ်းချမ်းပါစေ
မိုးယံ

ရွှေရတုမှတ်တမ်း said...

ခေတ်မီဖွံ့ဖြိုးတိုးတက်သော....နိုင်ငံတော်သစ်ကြီးဆီသို့.......ဒန်...တန်..တန်...

နေ၀သန် said...

ရင်လေးဖွယ်ပါပဲ ကြောင်မျိုးရေ...


ခင်မင်တဲ့
နေ၀သန်

Unknown said...

replica bags china zeal replica bags replica bags paypal accepted

LinkWithin

Related Posts Plugin for WordPress, Blogger...