Sunday, September 5, 2010

ရင်ဘတ်ထဲက အသံတိတ်စကား

အချိန်က ည ၉နာရီ ကျော်ကျော် နယ်မြို့လေးတစ်မြို့ရဲ့ အင်္ဂါရပ်နဲ့အညီ လူရှင်းနေပါပြီး ။ အဲ့ဒီညက အိမ်ကလေးမှာ ငိုသံတွေ ရယ်သံတွေ ပျောက်ဆုံးနေတယ် ။
“ ပစ္စည်းတွေ ကျန်မယ်နော် ခလေး နင် ဘာယူသွားအုံးမလဲ ”
“ဟင်အင်း...တော်ပြီးနေပါစေတော့ ” အငယ်လေးတွေက သူ့ ကိုကြည့်နေတယ် ဒီနေ့ အိမ်ကလေးမှာ ထူးဆန်းနေတယ်ဆိုတာကို သူတို့ လည်းသိကြတယ်ထင် တယ်။ လူကြီးတွေကတော့ ၀မ်းနည်းစိုးရိမ် တဲ့ မျက်နှာတွေနဲ့ ပေါ့ ။တစ်ခါခါ မိုးတွေ ရွာတက်တဲ့ ပူပြင်းတဲ့မေလထဲမှာပါ ဘုရားဦးသုံးကြိမ်ချ ပြီးတော့ အဖေ နဲ့  အမေ့ကို ကန်တော့တယ် ။ ဟန်မပျက်ပဲ ဆုပေးနေတာက အဖေ အသံမထွက်ပဲ မျက်လုံးတွေနဲ့ပဲစကားပြောနေတဲ့ အမေ ။


“သား ...ကားသွားစောင့်တော့မယ် လိုက်မပို့ ကြနဲ့ တော့ ”
အမေက အိမ်နောက်ဖေးထွက်သွားတယ် သူသိတာပေါ့ ကြိတ်ငိုနေမယ်ဆိုတာ ဆိုနင့်နေတဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေ အားမာန်တွေ ရည်ရွယ်ချက် တွေ စုထားတဲ့ အထုတ်ကြီးကြီးတစ်ထုတ် မလှည့်ကြည့်ဘူးး ခြေလှမ်းတွေကို ရပ်တန့် စေနိုင်တဲ့ မျက်ဝန်းတွေကို ရင်မဆိုင်ရဲလို့ ပါ။


လမ်းမှာ အိပ်ငိုက်မှာစိုးလို့  ကော်င်္ဖီခါးခါးတစ်ခွက် သောက်လိုက်တယ် ရှေ့ဆက်ဖို့ အတွက် ခါးသက်မှုတွေရဲ့ အရိပ်ယောင်တွေကို ကော်ဖီခါးခါးက ဘာသာဗေဒတစ်ခုနဲ့  ပြောပြလိုက်တာပါ။ ကွာတာဘောင်းဘီတိုလေး နဲ့ ကိုဝတ် စာရွက်အပိုင်းစလေးတစ်ခု ၁၂ နှစ်နီးပါးဒုက္ခတွေနဲ့ရင်းထားရတဲ့ စာရွက်လေးပေါ့ ပြီးတော့ ၅ စုံလောက်ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးကို ထမ်းပြီး စွန့် စားခန်းထွက်ခဲ့တာ ကြောက်တယ် ဘာကိုလဲမသိ ။တစ်ယောက်တည်းနဲ့တစ်ခါမှမရောက်ဖူးတဲ့အရပ်ဒေသကိုမျှော်လင့်ချက်ရောင်ခြည်သဲ့သဲ့လေးနဲ့စွန့်စားခန်းတစ်ခု ဘယ်သူက သူရဲကောင်းဖြစ်မလဲဆိုတာ မသိသေးပါဘူးး။ အသက်ကလေးက ၂၀ စွန်းစ လူကြီးစိတ်နဲ့ခလေးကိုယ် ယောင်ဝါးဝါးနဲ့ ဆန်အိတ်တစ်အိတ်ကိုတောင်မ မနိုင်သေးတဲ့ သူ ။

မမြင်ဖူးတာတွေ မြင်ရ မစားဖူးတာတွေ စားရ တစ်ခါမှ မကိုင်ဖူးတဲ့အသပြာအနည်းငယ်ကို ရွှေတုံးကြီးကောက်ရသလို ပျော်နေလိုက်တာ ။ ဒီတစ်လစာ အမေ ဖွားလေးမြ ဆီက ချေးထားတဲ့ အတိုးနဲ့ ပိုက်ဆံလေးဆပ်ဖို့  ငါပို့ လိုက်အုံးမှပဲ တစ်ဆယ်တိုးတောင်ဆိုတော့ မသက်သာဘူး အမေ၀မ်းသာနေမှာ ။ နောက်တစ်လ အစ်ကိုသူများကို ရိုက်လိုက်ပြန်ပြီး လျှောရအုံးမယ် “လူကြုံလာရင် ၀င်လာခိုင်းလိုက် အမေ ” အားနာတဲ့အသံနဲ့  အမေက “ အေး ငါ့သား ” တဲ့ ။ အ၀တ်စားတွေထပ်လာတော့ အလုပ်နားတာနဲ့  လျှော် ချွေစောနံ့ နေပြီး “ ဒါပဲ ..ရှိတာလား” ဆိုတဲ့ ခနဲ့ တဲ့စကားတွေကို မြေမြှုပ်ခဲ့တဲ့ မာနတွေက မော်မကြည့်ရဲခဲ့ဘူး ။ ဗိုက်ဆာတယ် ဟင်းလည်းမရှိ မေ့နေလိုက်တာ မြေပဲနဲ့ငါးပိရည်စပ်စပ်လေးနယ်စားလိုက်လည်းဖြစ်တာပဲ ရွာမှာတုန်းကလည်း ဒီလိုပဲစားခဲ့တာပဲ အားလုံးကိုမေ့ အစာအိမ်ကိုအားဖြည့်လိုက်တယ် ။

ဒီလတော့ အ၀တ်စားလေးတစ်စုံလောက်ဝယ်မှပဲ ပါလာတာလေးတွေလည်းတော်တော်ဟောင်းနေပြီး ။ ကြည့်ပဲကြည့်ခဲ့ရတဲ့ကြွရွနေတဲ့ ကွပ်စိပ်အင်္ကျီလေးတွေ အကောင်းစားတံဆိပ် ဘောင်ဘီးတွေ ပိုက်ဆံပြန်တွက်ကြည့်တော့ ဘုရားတရတဲ့အဖြစ် တော်ပါပြီလေ ရှိတာလေးနဲ့ပဲလှအောင်ဝတ်တော့မယ် တစ်ရာဖိုး ၃ ထည်ရတဲ့ ဘောင်ဘီတွေ ပြီးတော့ အဖြူရောင်ရှပ်ကလေးတွေ စွန့်စားပြီးဝယ်လိုက်တယ် ။အော်ခံရတာလား အော်ပါစေပေါ့ သူအာညောင်းရင် တိတ်သွားလိမ့်မယ် ။ မနာလိုတဲ့သူတွေများတာလား မသိဟန်ဆောင်လိုက်တယ် ထမင်းရှင်ကြည်ဖြူရင်တော်ပြီး ကျန်တာတွေ ခေါင်းထဲမထည့်တော့ဘူးး။ ကျော်ခွခဲ့တဲ့ ချိုက်ခွက်တွေ အများကြီး အပ်ထိုးခံရသလို နာလှတဲ့ စကားတွေ အမျာကြီး ခုနေပြန်ပြော ပါးစပ်ရာဇ၀င်ထက် ဘာမှမပိုလာတော့ဘူး ။ဖျက်လတ်နေတယ် ခေါ်သံကြားတာနဲ့  တက်ကြွနေတက်တယ် ။

ရက်တွေကို လစား လတွေကိုနှစ်စားလာတော့ ပြောင်းလဲသွားလိုက်တာ သူ့ ကိုယ်သူတောင်မသိတော့ဘူး မှန်ကြည့်လိုက်တိုင်း မျက်နှာသေနဲ့  လူတစ်ယောက် ၊ ပြုံးလိုက်တိုင်း မပီပြင်တော့တဲ့ မဲ့ပြုံး၊ ပြောလိုက်တဲ့စကားတွေမှာ ဖော်ရွေမှုတွေ မရှိတော့ဘူး ၀တ္တရားကြေ ပုံစံက မသင်ပဲနဲ့ တက်သွားတယ်။ တစ်ခွန်းပဲ ခေါ်ရတဲ့ ခေါ်သံတွေကို မလှုပ်တစ်လှုပ် သူက ၃ ခွန်းလောက်နေမှ ကြားသလိုလို မကြားသလိုလိုနဲ့  အရွဲ့ တွေလည်းတိုက်တက်လာတယ် ။ ရက်ပေါင်း ၇၃၀ မှာ စီးခဲ့တဲ့ ဖိနပ်တစ်ရံကိုလည်း ခဏခဏ လွှင့်ပစ်မိတယ် ။ဘယ်ဘက်လက်က ဖြစ်သင့်တဲ့ ရေပုံးထဲမှာလည်း ရေပါအောင်မခပ်ခဲ့တော့ဘူး ။ မာနတွေကို ထုတ်ပိုးဖို့  ကျန်ကျောင်း ကျွတ်ကျွတ်အိတ် ကိုလည်း ဆွဲစုတ်ပစ်လိုက်တယ် မုန်းလွန်းလို့  ။သွားစမ်းပါ ခဏတော့ အားလုံးကို လွှင့်ပစ်တော့ မနေ့ ကလည်းမသိ မနက်ဖြန်ဆိုတာ မရှိပဲ ဒီနေ့ မှပဲ သူပျော်အောင် နေချင်တယ် သေတဲ့အထိနေလို့ ရရင်ပိုတောင်ကောင်းသေး။



မျှော်လင့်ချက်တွေ အားမာန်တွေ ရည်ရွယ်ချက် တွေ စုထားတဲ့ အထုတ်ကြီးကြီးတစ်ထုတ်အစား အခုတော့ အရှုံးတွေကိုရင်ဝယ်ပိုက် ၊ ပျက်စီးနေတဲ့အစာအိမ်တစ်ခုတည်း ကို မူးယစ်စေတဲ့ အရည်တွေ မြိုချပစ်လိုက်တယ်။ ထုံအအဖြစ်သွားတဲ့ ပုံစံနဲ့ ပေတေတေ ဖြစ်ချင်တာဖြစ်ပေါ့ လုပ်တာတွေမဖြစ်တော့ ဖြစ်တာတွေ လုပ်လိုက်တာ အကောင်းဆုံးပဲ ။တစ်ချို့ တွေက ပြန်ထစမ်းပါဆိုပြီး လက်ကမ်းကြတယ် ၊ စကားတွေနဲ့  အားဆေးတွေတိုက်ကြတယ် ၊ တစ်ချို့က လူနာသတင်းမေးသလို
ဟန်ဆောင်ခြင်းအနုပညာတွေနဲ့  ။ ဒီနေရာ လမ်းခွဲလေးက ပျော်ခဲ့ရတဲ့ အပေါင်းသင်းတွေနဲ့  ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးဆီ အခွင့်ကြုံရင်လာပြန်ထိုင်ပြီး စကားတွေတစ်ဝကြီးပြောတာပေါ့ ခုတော့ လမ်းခွဲလေးကိုရောက်တော့မှာမို့  အိပ်စက်အနားယူဖို့ အရိပ်ကောင်းကောင်းတစ်ခုကို ရှာလိုက်အုံးမယ် ။ လက်ဖက်ရည်ဆိုင်လေးက အမှတ်တရတွေကို ရင်ဘတ်ထဲ ထည့်သွားတယ် လေးသလားဆိုတော့ မပြောပါရစေနဲ့ တဲ့ ။



9 comments:

Anonymous said...

အဟောင်းလေးလားလို့...
အဟောင်းဖြစ်ပါစေ လို့ မျှော်လင့်ပါ၏။



မစဒက

khin oo may said...

အတွေးအခေါ်တွေ ပျက်စီးသွားတာ ဝမ်းနည်းလိုက်တာ အမေ့အိမ်ကထွက်လာတဲ့အကောင်းလေးကို လွမ်းတယ်။

ပြတိုက် said...

ခုတော့ လမ်းခွဲလေးကိုရောက်တော့မှာမို့  အိပ်စက်အနားယူဖို့ အရိပ်ကောင်းကောင်းတစ်ခုကို ရှာလိုက်အုံးမယ်..တဲ့
စကားလု့းအသုံးအနှုန်းရော ခံစားချက်တွေ
ပါ ပီပြင်လှတယ်..။
ငါ့အကို ဒီလောက်တော်မှန်း မသိဘူးဟ.။
ဖတ်ပြီး ၀ဲသွားတယ်(.xxxxxxxx)

နေ့အိပ်မက် said...

သက်ပြင်းအကြီးကြီးချအောင်လုပ်နိုင်တဲ့ ခပ်ဆွေးဆွေးစာကြီးတစ်ပုဒ်....

blackroze said...

ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်မောင်မျိုး
အမေ့အိမ်ကထွက်လာတဲ့စိတ်ဓါတ်နဲ့
ပြန်ပြီးရှင်သန်နိုးထလိုက်ပါ...

ခင်တဲ့အမ.....blackroze

မိုးယံ said...

အို အေ.. ညဉ်းကလည်း ပျော့လိုက်တာ ဟယ်

ခုနှစ်ခါလဲ ရင် ရှစ်ခါထပေါ့အေ့။ ဒီလောက်လဲ မပျော့နဲ့လေဟယ်။ နင့်စာကြီးဖတ်ရတာ ရင်မောလိုက်တာ။
(ပျက်စီးနေတဲ့အစာအိမ်တစ်ခုတည်း ကို မူးယစ်စေတဲ့ အရည်တွေ မြိုချပစ်လိုက်တယ်။)
ညဉ်းနှယ်အေ နောက်တစ်ခါ ဒါမျိုးတွေ တစ်ယောက်တည်းမလုပ်နဲ့။ ကျုပ်လဲ လက်တို့ဦးလေ။ ဟီဟိ

ငြိမ်းချမ်းပါစေ
မိုးယံ

ပန်းခင်းလေး said...

တစ်ပုဒ်လုံး အစကနေ အဆုံးထိ မျောသွားလိုက်တာ
ပြန်လိုက်ဆယ်ပေးဦး . . :P

ဝေလေး said...

လက်ဘက်ရည်ဆိုင်လေးရဲ့ အမှတ်တရတွေ ပြန်သယ်လာဖြစ်ရဲ့လား.

myathida said...

အကို နယ်စပ်ယိုးဒယားဖက်မှာ နေတယ်ထင်တယ်

LinkWithin

Related Posts Plugin for WordPress, Blogger...