လူသတ်ကောင်တစ်ယောက်
ပြည့်တန်ဆာမ တစ်ယောက်
ဒရိုင်ဘာ တစ်ယောက်
လုံခြံရေး အရာရှိတစ်ယောက်
မြေအောက်တော်လှန်ရေးသမား တစ်ယောက်
ထို့ပြင်
မူဆိုလိုနီ၏
ဖက်ဆစ်ဝါဒကြီး စသည့်
ထွေးရောယှက်တက်
ဆန့်ကျင်ဘက် လှုပ်ရှားခြင်းများ။
ဆရာကြီးနတ်နွယ်ရဲ့ သာသာပြန်စာအုပ်တစ်အုပ် စာအုပ်ရဲ့ အကျဉ်းချုံးကိုတော့ အထက်ပါ စာပိုဒ်လေးနဲ့ဖော်ပြထားတယ် ။ ခေါင်းစဉ်ကကြမ်းတယ် ဒါပေမယ့် စာအုပ်ကိုဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ ဆရာကြီးရဲ့ ဘာသာပြန်နိုင်မှု စွမ်းရည်နဲ့ ဒီစာအုပ်ရဲ့ မူရင်းစာရေးသူရဲ့ လိုတိုရှင်း နားလည်ရလွယ်တဲ့ စာကြောင်းတွေကို သဘောကျတယ် ။ မိခင် တစ်ယောက်ရဲ့ သမီးအပေါ်ထားရှိမှု အပ်ချုပ်သည် မိခင်ကို စာနာနားလည်တဲ့ သမီးတစ်ယောက်ရဲ့ ခံစားချက် ပြည့်တန်ဆာမ ဖြစ်မှန်းမသိ တစ်စစ ပြောင်းလဲသွားရတဲ့ သူမရဲ့ ဘ၀ ပြီးတော့ အချစ် နဲ့တွေ့တော့ သူမရဲ့ပြောင်းလဲသွားရတဲ့ စိတ်ခံစားချက်တွေ အားလုံးနဲ့ ဇတ်ကောင်တစ်ဦးချင်းစီရဲ့ စရိုက်တွေက ဒီစာအုပ်ရဲ့ ဆွဲဆောင်အားပဲထင်ပါတယ်။
အက်ဒီယာနာ လို့ခေါ်တဲ့ ရောမက မိန်းမပျိုလေးတစ်ယောက် မိခင်ရဲ့ အဆင်မပြေမှုကြောင့် ကိုယ်ဟန်ပြမယ် အလုပ် ကနေ ဒီဇတ်လမ်းကို အစပြုထားပါတယ် ။သူမရဲ့ အလှကိုတော့ ““ သွယ်ဝန်းသောမျက်နှာ ၊ ရည်ရွှန်းသော မျက်လုံး ၊ ဖြောင့်တန်းသောနှာတံ ၊ နီမြန်းသော နှုတ်ခမ်း ၊ စီရီဖြူဖွေးသော သွားတို့ဖြစ်သည် ””” လို့ စာရေးဆရာက ဖော်ကျူးထားပါတယ် ။ ကိုယ်ဟန်ပြမယ် လုပ်ရာကနေ ဂျီဆယ်လာဆိုတဲ့ သူငယ်ချင်းမ တစ်ယောက် အဲ့သူငယ်ချင်းမက ငွေကိုအလွယ်ပေါက်နဲ့ ရှာတဲ့သူ သူမကိုလည်း မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ယောက်ျားပေါင်းများစွာနဲ့မိတ်ဆက်ပေးခဲ့ပါတယ် ။ သူမဟာ ဘယ်လိုပဲ ကိုယ်ဟန်ပြမယ် အလုပ်ကိုလုပ်နေရပါစေ ပျက်စီးရာ လမ်းကြောင်းတွေ ဖြစ်ပေါ်လာပေမယ့် သူမ အမှန်တကယ် အလိုရှိတာကတော့ သာယာပြည့်စုံတဲ့ မိသားစုတစ်ခုရဲ့ မိခင်ကောင်းတစ်ယောက်ရဲ့ ဘ၀ကိုလိုချင်တာပါတဲ့ ။
ဒရိုင်ဘာတစ်ယောက်နဲ့ ချစ်သူဖြစ်တော့ သူမရဲ့ ဘ၀ဟာ ပျက်စီး၇ာလမ်းကြောင်းရဲ့ အစလို့မြင်ပါတယ် ဒီနေရာမှာ မူရင်း စာရေးဆရာက ဘယ်လိုရေးထားမှန်းမသိပေမယ့် ဆရာကြီးနတ်နွယ်ရဲ့ ဘာသာပြန်ကျွမ်းကျင်မှုနဲ့ မြန်မာလိုလည်း မရိုင်းရလေအောင် ဘာသာပြန်ထားတဲ့ ကျနော်သတိထားမိတဲ့နေရာလေးကတော့ သူမရဲ့ ချစ်သူက သူ့သခင်မရဲ့ ကြွယ်ဝချမ်းသာပုံကို လိုက်ပြနေတဲ့ အချိန် မိန်းမသားပီပီ မနာလိုတဲ့စိတ်ပေါ်လာတုန်း ခပ်ပြတ်ပြတ်ပြောလိုက်တဲ့ စကားက ““ တော်စမ်းပါရှင် ၊ ကျမတို့ဒီကိုလာကြတာဟာ ဒီအိမ်ကြီးနဲ့ ရှင့်သခင်မရဲ့ အ၀တ်တွေကိုသွားရည်ကျဖို့မဟုတ်ဘူး ရှင့်အခန်းမှာ ချစ်တင်းနှောကြဖို့ ကဲ..ဒီတော့ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ပဲရှိတယ်မဟုတ်လား” တဲ့ ။
အချစ်ကြမ်းပြီး နုနုညံ့ညံ့မရှိတဲ့ လူသတ်သမား ဆွန်ဇော်နို အချစ်ကို အကြမ်းနည်းနဲ့ အမြဲယူလေ့ရှိတဲ့ ခပ်မိုက်မိုက်ဇတ်ကောင် ။ သူမရဲ့ အလှမှာ ယစ်မူးသွားတဲ့ အရာရာ ဖြည့်ဆည်းပေးတတ်တဲ့ လုံခြုံရေးအရာရှိ အက်စတာရီတာ ဒရိုင်ဘာ ဂျီနို ရဲ့ အောက်တန်းကျမှုတွေကို သိရှိသွားပြီးတဲ့နောက် အချစ်တွေသေဆုံး ဘ၀ကိုအမှောင်လောက ထဲမှာသာ ကျင်လည်လာခဲ့တဲ့ အက်ဒရီယာနာ ဂျီဟာကိုမို လို့ ခေါ်တဲ့ မြေအောက်တော်လှန်ရေးသမား လူချောလေးနဲ့တွေ့တဲ့နောက် ပေးဆပ်ခြင်းသက်သက်နဲ့ အချစ်တွေ တဖန်မွေးဖွားလာပြန်တဲ့ မိန်းမတစ်ယောက် ။
ဇတ်ကောင် ၅ ဦးရဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ အရှုပ်ထွေးကြားမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဇတ်လမ်းတစ်ပုဒ်ပါ ။ နောက်ဆုံးသော သူမမှာ ကိုယ်ဝန်ရှိလာတော့ ဘယ်သူကမှမသိပေမယ့် စိတ်နာနာနဲ့သူမသိလိုက်တာက သူမရဲ့ကိုယ်ဝန်ဟာ လူသတ်ကောင်တစ်ယောက်နဲ့ ရမှန်းသိလိုက်တဲ့ အချိန် ။ ““ မိန်းမတစ်ယောက်သည် ဘယ်လောက်ပင်ဆင်းရဲပါစေ အခြေနေတွေဆိုးဝါးနေပါစေ အနာဂါတ်သည် အဘယ်မျှပင် မရေမရာရှိပါစေ သူမသည် ခလေးငယ်တစ်ဦးမွေးဖွားရမည့် အတွက် ၀မ်းမသာပဲမနေနိုင်ပါ ” တဲ့ မိခင်းတစ်ယောက်ရဲ့ စိတ်ခံစားချက် ။
သူမချစ်တဲ့ မောင့်ကို အနစ်နာခံပေးဆပ်မှုနဲ့ ချစ်သူကောင်းပီသ ပုံကိုတော့ “““ မောင့်ဘ၀ ပျော်ပျော်ရွှင်ရွှင် ရှိနေမယ်ဆိုရင် မောင့်ကို မတွေ့မမြင်ရတော့ရင်လည်း အရေးမကြီးပါဘူး အလုပ်တစ်ခုခု လုပ်ပြီး မောင်တို့လူတန်းစားထဲက အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ပါမောင်ရယ် မောင့်ကိုကျမ တကယ်ပဲချစ်ပါတယ် ။ ကျမနေရာမှာ တခြားမိန်းခလေးတစ်ယောက်ဆိုရင် မောင်နဲ့ခွဲဖို့အကြောင်းတွေ ပြောမှာမဟုတ်ပါဘူး ဒါပေမယ့် မောင် အခြေနေက လိုအပ်လာပြီဆိုရင်တော့ လမ်းခွဲကြရမှာပေါ့ ။ မောင့် အနေနဲ့ မလိုအပ်တော့ဘူးလို့ ယူဆရင် ကျမတို့နောက်ဘယ်တော့မှမတွေ့ဘဲနေကြတာပေါ့ ကျမကတော့ မောင် ပျော်ပျော်ရွှင်ရွှင် ရှိနေတယ်ဆိုရင်ပဲ.........”””” လို့ ချစ်သူတစ်ယောက်ရဲ့ နားလည်ပေးနိုင်မှုကို မြင်သာအောင်ပြထားပါတယ် ။ဒီချစ်သူကပဲ သူ့ရဲ့ သေတမ်းစာမှာ သူမအတွက် အမွေတွေ အများကြီး ပေးခဲ့ပါတယ် ။
ဘယ်လိုပင် ကြမ်းတမ်းတဲ့ ဘ၀ကိုဖြတ်သန်းခဲ့ရပါစေ မိခင်တစ်ယောက်ရဲ့စိတ်နဲ့ လောကကြီးကို ရင်ဆိုင်ရဲတဲ့ သူမရဲ့စိတ်ထားက လေးစားစရာပါ စာအုပ်ရဲ့ ခေါင်းစဉ်နဲ့ မလိုက်အောင်ကို သူမရဲ့ စိတ်ထားတွေ အနစ်နာခံမှုတွေက ဖော်ပြနေပါတယ် ။ အဆုံးသတ်ကိုတော့ ““ လူသတ်ကောင်နှင့်ပြည့်တန်ဆာမ ညားပြီး မွေးဖွားလာတဲ့ ခလေးငယ်တစ်ယောက် ဒီလောကကြီးထဲတွင် အဘယ်သို့သော လူတစ်ယောက်အဖြစ် တည်ရှိလာချေမည်နည်း အမျိုးသမီးတစ်ယောက်သည် အကြောင်းအမျိုးမျိုးကြောင့် သူမရဲ့ကိုယ်ကို ငွေကြေးဖြင့် ဖလှယ်ခဲ့ရပေသည် ” တဲ့ သူမရဲ့ ဘ၀ကို သူမရဲ့ မိခင် သူမရဲ့ ခလေးကိုတော့ ယောက်ျားကလေးဖြစ်ခဲ့ရင် ဂျီဟာကိုမို လို့ အမည်ပေးပြီး မိန်းခလေးဖြစ်ခဲ့ရင်တော့ “လက်တီရှာ” (ရွှင်ကြည်နုး) လို့ မှည့်တွင်မည့်အကြောင်းတွေးရင်း အဆုံးသတ်ထားပါတယ်။
ဒီစာအုပ်ကိုဖတ်ပြီး သူမဟာ ရောမက မိန်းမပျက် ဆိုတာထက် ရောမက မိန်းမသူရဲကောင်း တစ်ယောက်လိုမြင်ပါတယ် ။ စာဖတ်သိပ်မနာသေးတဲ့ ကျနော့်ရဲ့ စာအုပ်ဖတ်ပြီးဝေဖန်တဲ့ အမြင်လေးပါ အမှားတွေရှိနိုင်ပါသေးတယ် တချို့တွေ ကျနော့်ထပ် အများကြီးစာတွေဖတ်ဖြစ်မယ်ထင်ပါသေးတယ် အစားကောင်းစားရရင် သူငယ်ချင်းတွေကို သတိရသလို စာကောင်းလေးတွေဖတ်ဖြစ်ရင်လည်း မျှဝေပေးပါလို့ တောင်းဆိုပါရစေ ။ ဖတ်ပေးသွားသူများ အားလုံးကျေးဇူးပါ ။

14 comments:
မဖတ်ဖူးပါ ကျေးဇူး
ထပ်ပြီးဝေမျှပါဦး
စောင့်ဖတ်ပါ့မယ်
ကောင်းလိုက်တာ မောင်မျိုး..
အစ်မ စိတ်ဝင်တစားဖတ်သွားတယ်.. ရီဗြူးကို။။
ကြော်ငြာခ ဘယ်လောက်ရလဲဗျ
အကြံကုန်လို့ ဆားချက်တာတော့
ဟုတ်ပါဘူးနော်.:P
စာအုပ်ကောင်းတွေသာ ညွှန်းရရင်ဗျာ..ဟီး ဖတ်ဖူးဘူး။
အလက်ဇန္ဒားဒူးမားရဲ့ ၁။ သူရဲကောင်းသုံးယောက်။
နောက်..၂။ မှော်ရုံတောမှာ မောလှပြီ
အဲ..၃။ လေရူးသုန်သုန်..
ပြီးတော့ ၄။ ဒီဗျာ..။
ကျန်သေးတယ်..၅။ ရှက်ဖွယ်..။
ပီးသေးဘူး..၆။ ပါပီလွန်နဲ့ ဗင်ဂို
၇။ ဗုဒ္ဓဒိုင်ယာရီ
၈။ရွှေပြည်တော် မျှော်တိုင်းဝေး
၉။ယောနသံ စင်ရော်
၁၀။ရတနာပုံမှသည်
ခုခေတ် သုညတို့ ဖိုးကြယ်တို့အထိ ဆွဲခေါ်သွားလို့ရတယ်..။
ကဲ..ဘာဖတ်ချင်လဲ လာထား။
စာကြွင်း။။။
ဘာသာရေးကို စိတ်ဝင်စားသူဆိုရင်တော့
တစ်ဘ၀ သာသနာ
ရတနာ့ဂုဏ်ရည်မှသည်
သင်္ဂြိုလ်ဘာသာဋီကာထိ
ဖတ်သင့်ပါကြောင်း။
သူငယ်ချင်းတယောက်အိမ်မှာ အစပိုင်းဖတ်ဘူးတယ် .. ပြန်ရှာဦးမှ .. အွန်လိုင်းမှာများ ရှိမလားပဲ .. ကျေးဇူး ..း))
ရန်ကုန်အိမ်မှာရှိတယ် အတော်ဖတ်လို့ ကောင်းပါတယ်။
စာအုပ်အဖုံးက ဒါနဲ့ မတူဘူး အရမ်းဟောင်းနေပီ။
အဖေ့လက်ထက်က ဝယ်ထားတာမို့ လေ။
ညီလေး ရေးချင်သလို ရေးထားတဲ့ ဖတ်ညွှန်းလေးက မိုက်တယ် ။ ကိုယ်တိုင်ရောမ ရောက်သွားသလိုပဲ :)
အဲဒီစာအုပ်ကျမဖတ်ဖူးတယ်မောင်မျိုး
ဒါပေမဲ့မောင်မျိုးလို့တော့သေချာခွဲခြမ်း
စိတ်ဖြာတာမျိုးမလုပ်ခဲ့မိဘူး..
ကျမလဲအဲဒီမိန်းကလေးကိုမိန်းမပျက်ဆိုတာထက်
ဘဝအကျိုးပေးမကောင်းလို့
ပျက်သွားရတဲ့မိန်းကလေးလို့ဘဲထင်ပါတယ်..
အဲဒီစာအုပ်ကိုတော့ တွေ့ဖူးတယ်ဗျ ။ ဒါပေမယ့် မဖတ်ဖြစ်ခဲ့ဘူး။
ကိုမျိုးရေးတဲ့ Review ကို ခိုက်ပြီးတော့ ဖတ်ချင်စိတ်ပေါက်သွားပြီ။ ရီဗြူးရေးတာတော့ တကယ်သဘောကျတယ်ဗျာ .. ။
ကိုမျိုးရေးတာဖတ်ရတာနဲ့တင်
အဲစာအုပ်ရှာရတော့မယ်း)
မောင်ဘကြိုင်
ကိုမျိုးဆီ လာလည်ရင်း ဒီ post ဟောင်း/ကောင်း လေးကို ဖတ်သွားတယ်။ ကျနော် ဒီစာအုပ် မဖတ်ဖူး သေးဘူး။ ကိုမျိုး analyze လုပ်ပြီး စာအုပ်သုံးသပ် ချက် ရေးထားတာ အင်မတန် ကောင်းပါတယ်။ စာဖတ် နာလာရင် အဲလို “ဘာလေးက ဘာဖြစ်လို့ ကောင်း လိုက်တာ” ဆိုပြီး reasonably appreciate လုပ်နိုင်လာတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ဘူး။
nike shoes
fila
supreme clothing
curry 6 shoes
air max 2019
golden goose outlet
supreme hoodie
hermes
michael kors handbags
curry 6
look at this now t4z23u3e45 louis vuitton replica replica bags paypal accepted replica goyard bags replica gucci bags c5w92a0u56 replica kipling bags official site b3f79p2j41 cheap designer bags replica replica bags in gaffar market
bape
bape outlet
off white outlet
fear of god hoodie
off white
supreme new york
palm angels
nike off white
off white outlet
off white outlet
bape
jordan shoes
kyrie irving shoes
hermes on sale
off white
fear of god
goyard
goyard store
off white hoodie outlet
hermes outlet online
Post a Comment