Friday, September 10, 2010

အမုန်းတွေ အောက်မှာ


ဒီလို မေဦး ရဲ့ မိုးသည်းသည်းတွေရွာတဲ့ နေ့ ခင်းတစ်ခုမှာပေါ့ သူမရဲ့ ဘ၀ထဲကို အလင်းရောင်တွေနဲ့  ကောင်လေးတစ်ယောက်ရောက်လာလိမ့်မယ်လို့  အိပ်မက်အဖြစ်နဲ့ တောင်မမက်ဖူးပါဘူး ။ အဲ့ဒီနေ့ က သူမသာ အလုပ်ကို နောက်မကျခဲ့လျှင်၊ မိုးတွေသာ အရမ်းမရွာခဲ့လျှင် သူ့ နဲ့  ဆုံဆည်းဖို့ ဖြစ်လာမှာမဟုတ်ပါဘူး အဲ့ဒီအတွက် မိုးမင်းကြီး ကိုကျေးဇူးတင်ပါတယ်ရှင် သူနဲ့  ဆုံဆည်းခွင့်ရအောင် မိုးတွေ ရွာသွန်းပေးခဲ့တဲ့အတွက်ပါ ။ လူတော်တော် များများက မိုးစိုမှာ စိုးလို့  ထီးကိုယ်စီ ၊ မိုးကာတွေကိုယ်စီနဲ့ ပါ သူမလည်း ထိုနည်းတူစွာ ထီတစ်ချောင်းကို အဖော်ပြု လက်ထဲက ဖိုင်တွေကို ရင်ဝယ်ပိုက်ပြီး လျှောက်လာခဲ့ပါတယ် ။ အမှတ်မထင် သူမ ရဲ့ မျက်ဝန်းထဲမှာတွေ့ လိုက်ရတဲ့ မြင်ကွင်းလေးတစ်ခု မိုးရေတွေထဲမှာ အကာကွယ်မပါ ပါးလွှာတဲ့ အကျီင်္လေးနဲ့  တစ်ခုခုကို ကြေကွဲနေသလိုလို ကောင်လေးတစ်ယောက်ထိုင်နေတယ် သူမ သူ့ ကိုမသိမသာလေး ခိုးကြည့်လိုက်တဲ့အခိုက် သူနဲ့  မျက်ဝန်းချင်း ဆုံသွားတယ်..............။


အိုးး..................သူမ ရင်တွေခုန်လိုက်တဲ့ဖြစ်ခြင်း ရင်ဘတ်မှာ ပိုက်ထားတဲ့ ဖိုင်တွေကို ပိုမိုတင်းကျပ်အောင် ပိုက်ထားလိုက်မိတယ် ထူးဆန်းလိုက်တာ သူမ ဘ၀မှာ ဒီလိုရင်ခုန်မှုမျိုး ဒါပထမဆုံး အကြိမ်ပါပဲ ပြီးတော့ သူ့ ရဲ့ မျက်ဝန်းတွေက တစ်ခုခု ပြောနေသလို သူမ အရမ်းကိုသနားသွားမိတယ် အချစ်ဆိုတာ သနားတာက စတယ်ဆိုတဲ့ စကားကြားတော့ကြားဖူးတယ် အခု ဒီစကားက သူမအတွက် မှန်နေသလား ချစ်ခြင်းအစ သနားခြင်းက သူမ သူ့ ရဲ့ ကြေကွဲနေတဲ့ မျက်ဝန်းတစ်စုံကို အရမ်းချစ်မိသွားတယ် ဆိုတာ အဲ့ဒီအခိုက်လေးမှာပဲ သေသေချာချာ သိလိုက်တယ် ။ အချစ်ရဲ့စေလိုရာ အတိုင်း သူမရဲ့ ခြေလှမ်းတွေက သူ့ အနားကို ပြီးတော့ မိုးစက်တွေ မညှာမတာ ကျရောက်နေတဲ့ သူ့ ကို မလုံပေမယ့် သူမ ထီးကလေး မိုးပေးခဲ့တယ် ။ အနီးကပ် သူမ သေချာကြည့်မိတော့ သူ့ ရဲ့ပါးပြင်ပေါ်မှာ မိုးစက်တွေနဲ့ အတူ မျက်ရည်စတွေကို တွေ့ လိုက်ရတယ် ။

'' ...ဘာကူညီရမလဲရှင့် ''
မာနတွေ လွင့်စင် သွားတဲ့ ကိုယ့်ကိုယ်ကို လည်း အပြစ်မတင်ရက်တော့ပါဘူး သူမသိတာ သူ့ ကိုအရမ်းသနားနေတယ်ဆိုတာပဲ ( သူ့ ရဲ့ မျက်ဝန်းတွေကို သနားတယ်ဆိုရင် ပိုမှန်မယ် ) သူကတော့ ခေါင်းကို သာတွင်တွင်ခါနေတာပါပဲ သေချာတယ် သူ့ အတွက် သူပြောချင်တာတွေကို နားထောင်ပေးမယ့်သူ တစ်ယောက်ယောက် ဒါမှမဟုတ် သူ့ ကို အားပေးနိုင်မယ့် တစ်ဦးဦး လိုအပ်နေတယ်ဆိုတာ အဲ့ဒီသူက သူမ ဖြစ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ ကောင်လေးရယ် ။ ထိုနေ့ က သူမရဲ့အလုပ်တွေကို အပျက်ခံပြီး သူ့ ရဲ့စကားတွေကို နားထောင်ပေးခဲ့တယ် လူတစ်ယောက်နဲ့ တစ်ယောက် တစ်ခဏအတွင်း ရင်းရင်းနှီးနှီး ဖြစ်သွားတယ်ဆိုရင် ဒါက ရှေးရေစက်လို့ ခေါ်လေမလား သူနဲ့  သူမ ကတော့ အရမ်းကို ရင်းနှီးသွားခဲ့တယ် ။

သူ့ ရဲ့ စကားတွေထဲမှာ ဘ၀ကို ရိုးသားမှုတစ်ခုတည်းနဲ့  အသက်ရှင်နေတာပဲ ပြီးတော့ အရွယ်နဲ့  မမျှတဲ့တာဝန်တွေကို ထမ်းပိုးထားရတယ် ပညာတက်ကြီင်္းတစ်ယောက်မဟုတ်သလို ၊ လူချမ်းသာတစ်ယောက်လည်းမဟုတ်ပါဘူး သာမန်မိသားစုက လူငယ်လေးတစ်ယောက်ပါ ။ သူ့ ရဲ့ ချစ်ခွင့်ပန်စကားတွေမှာလည်း ရိုးသားမှုတွေထင်ဟပ်နေတယ် '' ကျနော် မ ကိုချစ်တယ် ကျေးဇူးပြု၍ ပြန်ချစ်ပါနော် '' ကဲ...ဘယ်လောက်တောင် တုံးအလိုက်တဲ့ကောင်လေးလဲလို့  သူသာ လိမ္မာပါးနပ်လျှင် ကျမ ရဲ့ မျက်ဝန်းတွေကို ဖတ်တက်ခဲ့လျှင်အစောကြီးထဲက သိနိုင်ပါတယ် ကောင်းလေးရယ် ဘယ်လို အားအင်းမျိုးနဲ့  သူ့ ရဲ့အချစ်တွေကို ငြင်းပယ်ရက်ခဲ့မှာလဲ ။သူမရဲ့ မျက်ဝန်းတွေထဲက သူ့ ပုံရိပ်လေးတစ်ခုကို ၀ိုးတစ်ဝါးလေး ပြောပြခွင့်ပြုပါနော်း) သူ့ မှာ အရမ်းချစ်ဖို့ ကောင်းတဲ့ နှုတ်ခမ်းတစ်စုံ ၊ တောက်ပနေတဲ့မျက်ဝန်းလေး ကြေကွဲရိပ်တွေနဲ့ ပေါ့ ဒါပေမယ့် သူမ သူ့ ရဲ့မျက်ဝန်းတွေကို အရမ်းချစ်တယ် ၊သူက လူချောတစ်ယောက် မဟုတ်ပေမယ့် သူမအတွက်တော့ သူက နတ်သားလေးတစ်ပါးပါပဲ ။

အခု သူ နဲ့  သူမ တစ်နယ်စီဝေးနေပေမယ့် စိတ်ချင်းကတော့အမြဲနီးစပ်လျှက်ပါ သူတို့ အတွက် ဆက်သွယ်မှုဧရိယာတွေမပြတ်တောက်သလို ၊ ဘယ်တော့မှလည်း ဝေးကြမှာမဟုတ်ပါဘူး သစ္စာနဲ့  အတူ ချစ်ခြင်းတွေ ခိုင်မြဲကြစို့ မောင် မဝေးတော့တဲ့တစ်နေ့  ကျမတို့ ပြန်ဆုံကြမယ် ။

မောင်............
ဒီလိုမိုးစက်တွေ အောက်မှာ ဆုံခဲ့ကြသလို
မိုးရေထဲမှာပဲ ကျမ တို့  ချစ်ခဲ့ကြတယ် ။

မောင်..........
ရာသီတွေပြောင်းလဲ မပြောင်းလဲတဲ့ အချစ်နဲ့ 
မောင့်ကိုချစ်နေတယ် ။

မောင်...........
မောင်သာ ကျမရဲ့ အလင်းရောင်
ကျမ ရဲ့အချစ်နတ်သားလေးပါပဲ
ကျေးဇူးပြု၍ မုန်းမသွားပါနဲ့  မောင်
မောင့် ရဲ့ အမုန်းတွေ အောက်မှာ ကျမ သေဆုံးနိုင်လို့ ပါ ။


P>S= ရေးတဲ့စာနဲ့ လူကိုတွဲဖက်ပြီးမတွေးလိုက်ပါနဲ့ ရှော့ရှိတယ် ပေါက်ကရမပြောခဲ့ကြေး Plz :)

9 comments:

:P said...

ပေါက်ကရ..ပေါက်ကရ..(ပေါက်ကရx infinity)
.
.
.
ကဲ ပြောတယ်ဟာ... ဘာဖစ်လဲ...ဟင်း....

Anonymous said...

မောင်...
အင်းးး မောင်....
ဟင်.....မောင်
အဟတ်...နားဝင်ချိုလိုက်တာ
ငါ့ကို ခေါ်သံပဲ:P

ညီလင်းသစ် said...

ဒီအတိုင်းဆိုရင် ရှေးရေစက်က မိုးအဖြစ်နဲ့ သူတို့နှစ်ယောက်ကြားမှာ တဝုန်းဝုန်း ရွာချခဲ့ပုံပဲ... :)

ချစ်ခြင်းတွေနဲ့ ရွှဲစိုတုန်ခိုက်ပြီး ကျန်ခဲ့ကြမှာ အသေအချာ...။

မိုးခါး said...

သာပါတယ်ကွယ် .. ခိခိခိ (ခပ်အုပ်အုပ်ရယ်သီ :P)

လင်းဒီပ said...

ဟဲဟဲ။။။
ဖတ်လို့ကောင်းပါတယ် ။
ပေါက်ကရပြောမိမှာစိုးလို့ ဘာမှ မပြောတော့ဘူး ။
နောက်တခါတော့ မိုးမမိစေနဲ့ :)

နေ့အိပ်မက် said...

သူမလို့ရေးလိုက် ကျွန်မလို့ရေးလိုက်နဲ့ နည်းနည်းမျက်စိလည်သွားတယ်၊ သူမသိတာကိုလည်း သူ မသိတာ ဆိုပြီး ဖတ်မိနေလို့ စာလုံးတွေကို အာရုံစိုက်နေလိုက်တာ.. ဆုံးသာဆုံးသွားတယ်.. ညားသွားလား ဘာဖြစ်သွားလဲ မသိလိုက်ဘူး... :P ပြန်ဖတ်လိုက်ရတယ် နောက်တစ်ခါ ခွိ ခွိ..

စာကြွင်းထည့်ပြီး ရှင်းတယ်ဆိုကတည်းက မရိုးသားလို့ပဲ.. ခွိ.. တွဲမကြည့်နဲ့လို့ပြောလို့ကို တွဲပြီးတွေးသွားပြီနော်... :D

ကောင်လေးနဲ့ကောင်မလေး မြန်မြန်ပြန်ဆုံပါစေ... :)

blackroze said...

P>S= ရေးတဲ့စာနဲ့ လူကိုတွဲဖက်ပြီးမတွေးလိုက်ပါနဲ့ ရှော့ရှိတယ် ပေါက်ကရမပြောခဲ့ကြေး Plz :)



ကြောက်တယ်ပေါ့လေ...:P

ဝေလေး said...

ဘာရှော့ပါလိမ့်....

ပေါက်ကရတွေးသွားလို့တော့ ဖြစ်တယ်မှတ်လား.. :P

nyein nyein chan kyaw said...

အောက်က ကွန့်မန့်တွေကို ဖတ်မိတော့မှပဲ P>S= ရေးတဲ့စာနဲ့ လူကိုတွဲဖက်ပြီးမတွေးလိုက်ပါနဲ့ ရှော့ရှိတယ် ဆိုတာကိုတွေးမိတော့တယ်..ဟိဟိ

LinkWithin

Related Posts Plugin for WordPress, Blogger...