Tuesday, September 7, 2010

သူငယ်ချင်းများရဲ့စာ

မနေ့က ပျင်းပျင်းနဲ့ စာအုပ်တွေပြန်လှန်နေရင်း သူငယ်ချင်းတွေ မူးမူးနဲ့ရေးထားပေးတဲ့ ဒိုင်ယာရီစာအုပ်လေးသွားတွေ့တယ် ဘာရယ်မဟုတ်ပါဘူး ကိုယ်ပျင်းနေတဲ့ အချိန် ပျော်စရာနေ့ရက်တွေကိုပြန်သတိရသွားတယ် ။ သူတို့တွေနဲ့က ကျောင်းတက်တုန်းက အဆောင်တစ်ခုတည်း တူတူနေဖူးတဲ့သူတွေရှိသလို ကျောင်းမှာပဲမြင်ဖူးတွေ့ဖူးနေတဲ့ မေဂျာကွဲတဲ့သူတွေလည်းရှိတယ် ။ သင်္ကြန်ပြီးတော့ ရန်ကုန်မှာ ယောင်ဝါးဝါးနဲ့ သင်တန်းတစ်ခုသွားတက်ရင် တိုက်ခန်းမှာ သူငယ်ချင်းတွေ အများကြီး ပြန်ဆုံကြတယ် ပျော်စရာကြီးး)။

သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ် ၃ နှစ်လောက်နေမှ ကျောင်းတွေလည်းပြီးနေပြီး ခုလိုပြန်တွေ့ရတာ တော်ရုံရေစက်မဟုတ်ဘူးတဲ့ ။ ပထမနှစ်တုန်းက အချိုမှုန့် အကြက်မှုန့် နဲ့ သံပုရာသီးတို့စားကြတဲ့နေ့ပိုင်းကြီးမှာ ၃ လုံးမစားရလို့စိတ်ကောက်ပြီး စောင်ခေါင်းမြီးချုံအိပ်တတ်တဲ့ကောင်လေးဟာလည်း ခုတော့ လူကြီးလိုလို ဘာလိုလိုဖြစ်လို့ သူငယ်ချင်းတွေကို သည်းခံစိတ်မွေးတတ်နေပြီး။

ဖိုးချမ်း ဆိုတဲ့ တစ်ယောက် မေဂျာတူ ပထမနှစ်တည်းက တစ်ဆောင်တည်းနေခဲ့ဖြစ်တာ သင်တန်းသွားတတ်တုန်းကလည်း တူတူနေဖြစ်တယ် ။ သူပဲ ရန်ကုန်မရောက်ဖူးပဲ ရွှေတိဂုံဘုရာမှာ မျက်စိလည်နေတဲ့ ကျနော့်ကိုလာကြိုပေးတာ ။ နောက်တစ်ယောက်ကတော့ သံဖြူဇရပ်က မွန်လေး စကားပြောဝဲ၀ဲနဲ့ စိတ်ကောင်းရှိတယ် အရင်ကတွေ့ဖူးပြီး မခင်ပေမယ့် တူတူချက်စားဖြစ် ညပိုင်းည ဘာအကြောင်းညာအကြောင်းပြော မရှိလည်းတူတူ ရှိလည်းတူတူ စားဖြစ်ကြတာ မွန်ပြည်သားချင်မို့ ခဏလေးနဲ့ခင်ဖြစ်ကြပါတယ် ။ မပြောမရှိနဲ့ မွန်ပြည်သားတွေက စိတ်ကောင်းရှိတယ်း) ။


ဒီတစ်စောင်ကတော့ ကျနော့်ရဲ့ မှတ်စုစာအုပ်လေးထဲ ကြိုက်မိတဲ့ ကဗျာလေးတစ်ပုဒ်ကူးထည့်ထားတာပါ လက်ရေးမလှမပကိုကြွားတာတော့မဟုတ်ပါဘူး ။ နောက်တစ်စောင်က ဗျိုင်းမရဲ့ အမှတ်တရစာ အသားကမဲမဲ ချောင်းဆုံသား စကားက များများ အ၀တ်လျှော်ရင် တစ်နာရီ ရေချိုးရင် တစ်နာရီ ကြာတတ်လွန်းလို့ ရေချိုးခန်းအပေါက်ဝမှာ သွားသွားအော်ရတာကတစ်လုပ် ဒါပေမယ့် သူက သူငယ်ချင်းတွေက အသည်းခံနိုင်ဆုံး လကုန်ရက်တိုင်း ပိုက်ဆံပြတ်တတ်တဲ့တစ်ယောက် ချစ်သူနဲံ့ သွားချိန်ခါနီးရင် ဟိုလူ့ထဲက ဘောင်ဘီငှားဝတ် ဒီလူ့ထဲက အကျိင်္ငှားဝတ်နဲ့ တော်တော်ကို အချေးငှားများတဲ့ကောင်ပေါ့ ။ မင်းမူးရင် ခင်လှိုင်နဲ့ တူတယ်လို့ ကျနော့်ကို ရက်၂စက် ၂ မှတ်ချက်ချတဲ့ ဗျိုင်းမ ပါ ။

သူငယ်ချင်းရဲ့ သူငယ်ချင်းက ကိုယ်နဲ့ခင် ။ ကိုယ်ရဲ့ သူငယ်ချင်းက ကိုယ့်သူငယ်ချင်းနဲ့ထပ်ခင်နဲ့ ဒီလိုပဲ လှည့်ပတ်ခင်မင်နေကြတဲ့ သူငယ်ချင်း သံယောဇဉ်တွေက တစ်ယောက်တစ်နေရာစီရောက်နေပေမယ့် ခင်မြဲပါပဲ ။ တွေ့လိုက်ရင် ငယ်ငယ်ကအမှတ်တရတွေကို ပြောမကုန်နိုင် အရွယ်တွေတောင် ပြန်နုပျိုသွားသလို တစ်ယောက်တစ်နေရာစီ ဝေးနေကြပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန် ဒီသူငယ်ချင်းတွေနဲ့ တစ်နေရာရာမှာ ပြန်ဆုံနိုင်ဖို့ မျှော်လင့်မိပါသေးတယ် ။



8 comments:

မိုးယံ said...

အံမယ် တော်တော်ကြီးကျယ်တဲ့ ကောင်.. ဦးမောင်မျိုး

ငါလဲ နင့်အတွက် အမှတ်တစ်ရရေးပေးမယ် ။ ပရင့်ထုတ်ပြီးသိမ်းချင်သိမ်း မသိမ်းရင်လည်း ဗွမ်း ...

ဦးမောင်မျိုး တို့နှစ်ယောက်ခင်မင်တာ မကြာသေးပေမယ့် နာ့ ရင်ထဲမှာတော့ သယ်ရင်းကောင်း တစ်ယောက်ရသလို အရမ်းဝမ်းသာပါတယ်။
အဝေရောက် သားကောင်းတစ်ယောက်အနေနဲ့ အမျိုးနဲ့ဘာသာကို မမေ့နဲ့။ ဘ၀ဆိုတာ(ဘ=ဘီယာ ၊၀ = ၀က်နံရိုးကင် = ဘ၀ = ဘီယာနဲ့ ၀က်နံရိုးကင်လို့) ငါနောက်တတ်ပေမယ့် သောက်နေ စားနေလို့တော့ သိပ်မကောင်းဘူး သယ်ရင်းရေ။
တို့နှစ်ယောက် ဘ၀တူတွေလို့ခံစားမိလို့ ကောင်းမြတ်တဲ့ ငါတို့ရည်မှန်းချက်ကို မမေ့မလျော့တဲ့ သတိတရားနဲ့ ချီတက်ရင် တစ်နေ့ မှာ ငါတို့ ပန်းတိုင် မဝေးတော့ပါဘူးသယ်ရင်းရယ်။
ငြိမ်းချမ်းပါစေ
မိုးယံ

TURN-ON-IDEAS said...

အခုတလော သူငယ်ချင်းတွေကို တအားကို သတိရနေလို့...
များများရေးပါဗျ...
သူငယ်ချင်းတွေအကြောင်း များများဖတ်ချင်တယ်...

Anonymous said...

လက်ရေးတွေက နာလောက်လဲ လှဘူး..ဟီးးးးးးး
ကာယကံရှင်တွေသိရင်တော့
ဗြောတင်တော့မှာပဲ..:P
တတ်နိုင်ဘူးလေ..
(အလကားစတာ..တကယ်ဟုတ်ရင်လဲ ဟုတ်မှာပေါ့)
မှက်ချက်...တကယ်လှမလှသိချင်ရင် ပို့ပေးမယ်..မီးတော့ မရှို့နဲ့:D

ကိုအောင် said...

လွမ်းစရာတွေပေါ့။

နေ၀သန် said...

:)))... အမှတ်ရစရာလေးတွေပေါ့..

နေ့အိပ်မက် said...

နေ့အိပ်မက်လည်း အဲဒါမျိုးတွေ သိမ်းထားတယ်... ဆယ်တန်းတုန်းကစာအုပ်ဆို ခဏခဏပြန်ဖတ်မိတယ်.. အဲဒါတွေ ဖတ်လိုက်ရရင် ပြန်ငယ်သွားသလိုပဲနော်... ပိုလည်းလွမ်းလာတယ်

blackroze said...

အရင်ကသူငယ်ချင်းတွေရဲ့စာတွေကိုပြန်ဖတ်ရတာ
ခံစားချက်တမျိုးပါဘဲလေ...
သူငယ်ချင်းဆိုတာမေ့ပြစ်ဖို့ခက်သားလားနော်

ညလင်းအိမ် said...

သူငယ်ချင်းတွေ စုံစုံညီညီနဲ့ ပျော်စရာကြီး ...
ဒါနဲ့ အရက်စုသောက်ကြတယ်ပေါ့လေ ...

ကောင်းအိ ကောင်းအိ

LinkWithin

Related Posts Plugin for WordPress, Blogger...