Sunday, September 26, 2010

မြစ်ကမ်းနဘေး

( Image From wallcoo.net)

ဒီဇတ်လမ်းက တကယ်တော့ ရိုးရိုးလေးပါ ရိုးသားမှုတွေခင်းကျင်းထားတယ် အချစ်တွေနဲ့ အချိုးကျကျ ဖျော်စပ်ထားတဲ့ ကော်ဖီတစ်ခွက်ရှိတယ် နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ လေထဲက အိမ်လေးတစ်လုံးရှိတယ် ချစ်သူနဲ့ တူတူ ဗိုက်ဆာရင် စာဖို့ ကြက်ဥပြုတ် ၂ လုံးရှိတယ် ။ အချစ်ဆိုတာ တကယ်တော့ အိပ်မက်ချို ပြင်းရှရှတစ်ခွက်သောက်လိုက်ရသလိုပါပဲ အိပ်မက်ထဲမှာတော့
ချစ်သူနဲ့ ပျော်လို့ ရွှင်လို့ အရာအားလုံးဟာလည်း ပြီးပြည့်စုံခြင်းတွေနဲ့ ရှတတဲ့ မာနတွေ ပြင်းရှ တဲ့ နားလည်မှု အလွဲတွေများပြားလာတဲ့ အခါမှာတော့ အိပ်မက်က လန့်နိုးရစမြဲပါပဲ နောက်ဆုံးတော့ အိပ်မက်ဟာလည်း ရေရေရာရာ ပြစရာဘာမှမရှိတဲ့ ဗလာသက်သက် ဗလာတစ်ခုပါပဲ ။

“မောင် ” ကြိုက်တာ အပြာရောင်လေ အစိမ်းရောင်ကို မုန်းမှန်းသိရဲ့သားနဲ့ အိပ်ယာခင်းတစ်ခုလုံး အစိမ်းရောင်တွေ ပြောင်းပစ်လိုက်တာတော့ ဒါ မောင့်ကို သက်သက်စော်ကားတာပဲ ” ” ဒါက ကိုယ့်ဘက်က မှားယွင်းမှုရဲ့ အစ ။ “ ဒီနေ့ဟာ ကိုယ့်ချစ်သူ တစ်ယောက်လုံးရဲ့ မွေးနေ့မှန်းမသိရလောက်အောင်ကို မောင် က မေ့တတ်နေပြီပေါ့ မိန်းမတစ်ယောက်ဟာ ကိုယ့်ချစ်တဲ့သူအတွက် အရာရာကို အမြဲအမှတ်တရ ရှိနေတတ်တယ် မောင် အေး ဒါပေမယ့် ကိုယ်ပေးသလောက်ရဲ့ ၁၀ ပုံ ၁ ပုံလောက်တောင်မှ ပြန်မရခဲ့ဘူးဆိုရင်တော့ ဒီပြသနာရဲ့ အဖြေကိုတော့ မောင် နဲ့ ရှင်းဖို့လိုတယ်” ။ ဒါက ချစ်သူရဲ့ မယုံသကာင်္မှု နဲ့ နားလည်မှုလွဲမှားခြင်း က အလယ် ။

အချစ်ဟာ ရှုပ်ထွေးနေတဲ့ ကြိုးထုံးတစ်ခုဆိုရင် ဒီကြိုးထုံးကို ရှင်းဖို့ကြိုးစားမယ်လို့ဆုံးဖြတ်ခဲ့တာ ၂ ယောက်စလုံးပါ။ အခုမှ မောင့်ကို ချစ်ရတာ မီးတစ်စကိုဆုပ်ကိုင်ထားရသလိုပဲလို့ ပြောလာတဲ့ အခါမှာတော့ မာနတွေလည်း ဦးမော့လာရပြန်ပေါ့ ။ ညဦးဆို ဗိုက်ဆာတတ်တဲ့ ကိုယ့်အတွက် သူ မနေ့ညက ကိုယ်သိပ်ကြိုက်တဲ့ မားမားပြုတ်တစ်ပန်းကန် ပြင်ဆင်ပေးခဲ့တယ် ငရုပ်သီးစိမ်းတောင့်တွေ လှီထည့်ထားလိုက်တာ ဘယ်သိလိမ့်မတုန်း အချစ်ဆိုတာ ငရုပ်သီးစိမ်းလိုပါပဲ စားလိုက်မိရင် စပ်တယ် “ ဒါ ခင်ဗျား ကျနော့်ကို သတ်နေတာပဲ ” ဂွတ်နိုက်စ်လို့ မနှုတ်ဆက်ဖြစ်ပဲ ဒေါသစကားနဲ့ အဲ့ညကို နိဂုံးချုပ်လိုက်တယ် ။ သူနဲ့ ကိုယ် ဆင်တူကိုင်တဲ့ ဖုန်း ၊ ဖုန်းမှာ ဆွဲထားတဲ့ ချိတ်ကလေးကလည်း ဆင်တူ ကိုယ့်ကအပြာရောင် ချိတ်ကလေး သူကတော့ အစိမ်းရောင် ကမန်းကတန်းနဲ့ အလုပ်သွားတုန်း သူ့ဖုန်းကို ယူလာမိတဲ့ကိုယ် Miss called တွေ များလှကြီလား နံပါတ်ကတော့ ကိုယ်မသိတဲ့ နံပါတ်စိမ်း ဘာတဲ့ Heart > Half ဆိုပါလား။ဒါကတော့ သူ့ကို ယုံကြည်မှု မရှိနိုင်တော့တဲ့ ကိုယ့်ရဲ့ ခွင့်လွှတ်နိုင်မှုတွေက သူနဲ့ ကိုယ့်အတွက် အဆုံးသတ် ။

ဒီည အချစ်ကို နောက်ဆုံးဖွင့်ဆိုလိုက်တဲ့ ကိုယ် အချစ်နဲ့ တူတဲ့ ချိုပေါ့တစ်ခွက်ကို အကြာကြီးစွဲသောက်ပစ်လိုက်တယ် အချစ်က အစပိုင်းတော့ချိုမလိုနဲ့ နောက်ဆုံးကျ ပေါ့ရွှတ်ရွှတ်နိုင်သွားတဲ့ ချိုပေါ့တစ်ခွက်နဲ့တူပါတယ်။လမ်းခွဲမယ် ပြောတော့ သူက တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးနေတယ် ခွင့်လွှတ်ပြုံးလား နားလည်ပေးတဲ့ အပြုံးလား လွတ်မြောက်မှုတစ်ခုအတွက် ဂုဏ်ယူအပြုံလား သူ ပြုံးတော့ ပြုံးနေတယ် ဘာကြောင့်ပြုံးတယ် ဘာအတွက် ပြုံးတယ်ဆိုတာ ကိုယ်မသိပါ ။ အချစ်မှာ ရိုးသားမှု နဲ့ ယုံကြည်မှုတွေ ရှိသင့်တယ်ဆိုရင် သူက ရိုးသားတာလား ကိုယ်က ယုံကြည်မှုနည်းတာလား စဉ်းစားမရပါ ။ အိပ်ယာဝင်တော့ သူမရှိတော့တဲ့ အိပ်ခန်းက ခြောက်ကပ်ကပ် ထူးခြားနေတာက ကိုယ့်အိပ်ခင်းတွေ အားလုံး အပြာရောင်တွေဖြစ်လို့ပါလား ။

မိန်းမတစ်ယောက်ရဲ့ အချစ်ဆိုတာ နက်ရှိုင်းလှတဲ့ မြစ်တစ်စင်းပေါ့ မှန်းဆရခက်လှတဲ့ ခပ်နက်နက်မြစ်တစ်စင်းပါ ။ ဒီနေ့မှစ ကိုယ် ဘယ်တော့မှ မြစ်ကမ်းနဘေးမထိုင်တော့ပါ ။



18 comments:

ယွန်း said...

"မိန်းမတစ်ယောက်ရဲ့ အချစ်ဆိုတာ နက်ရှိုင်းလှတဲ့ မြစ်တစ်စင်းပေါ့.."

မိုက်တယ်..ကြိုက်တယ်..
အားပေးလျှက်ပါ

ခင်တဲ့
ယွန်း

မိုးယံ said...

မိန်းမတစ်ယောက်ရဲ့ အချစ်နဲ့တူတဲ့ မြစ်တစ်စင်းဘေးမှာ သွားထိုင်ရအောင် ဒီကမ္ဘာမြေမှာ ထိုင်စရာ နေရာ မရှိတော့ဘူးလား ဗျာ ။ တော်ကြာ အိမ်ထောင်ရေး မိကျောင်းကြီး တက်ဆွဲ တော့မှ နင် ဘ၀ ရေနက်ထဲမှာ ဟိုးကြမ်းပြင်ထိ နစ်မြုပ်သွားမှာ မြင်ယောင်မိသေး။

ပိုဆိုးတာက ကိုယ်က ဘူနေချိန် ဘေးက သားသမီးတွေ မုန့်ဆိုပေ ဖေကြီးဆို သေရောပဲ
ဂြီ

ချစ်မောင် said...

ကျွန်တော်တော် မြစ်ကမ်းနဘေးမှာ အေးအေးဆေးဆေး ထိုင်ချင်သေးတယ်။း)

မမသီရိ said...

မောင်လေးမျိုး.. မောင်စိန်ဝင်းလိုလို.. မောင်လှမျိုး လိုလို
တကယ်တော့ မောင်လေးမျိုး ပဲ..း)
ရေးထားတာလေး ကောင်းတယ်.

မေပယ်လ် said...

ဒီနေ့ကစလို့ ကျွန်တော်တော့
မြစ်ကမ်းဘေးမှာ တစ်နေ့တစ်ခေါက်တော့ လေးညှင်းသွားခံပါမည်..။
(လိုက်မည့်သူများ တင်ကြို စာရင်းပေးနိုင်သည်):P

ရွှေရတုမှတ်တမ်း said...

ဒို့ကတော့ ထိုင်မနေပါဘူး..တွေ့တာနဲ့ အဝတ်တွေအကုန်ချွတ်ပြီး..အဲ..အဲ..မြစ်ကိုတွေ့ရင်ပြောတာ..တခါထည်း...ဒိုင်ဗင်ထိုးချလိုက်တာပဲ.......ဗွက်.......

Anonymous said...

အချစ်ဆိုတာ ချိုပေါ့တစ်ခွက်နဲ့ တူသတဲ့လား။
တော်သေးတာပေါ့။ ညီမက ကျစိမ့်ပဲကြိုက်လို့ ။
မိန်းမတယောက်ရဲ့ အချစ်ဆိုတာ နက်ရှိုင်းလှတဲ့ မြစ်တစင်းပေါ့။ မှန်းဆရခက်တဲ့ ခပ်နက်နက်မြစ်တစ်စင်းပေါ့။ .......................(ကိုယ့်ဘာသာ
ပြန်စဉ်းစားနေသည်။ မြစ်လိုလို၊ ပင်လယ်လိုလို) ။
...ဒီ Post လေးအရဆိုရင် စာရေးသူ အစ်ကိုမျိုး
တစ်ယောက် အသဲကွဲနေတယ်ပေါ့။ ..အဆင်ပြေပါစေ။
..ခင်မင်လျှက်..ခင်မာလာအောင်...:)

နေ၀သန် said...

အားပါး.. ဒီတစ်ပုဒ်က Masterpiece လားဗျာ.. မိုက်တယ်.. စကားလုံးတိုင်းကော..အရေးအသားတည်ဆောက်ပုံကော.. သိပ်ကြိုက်တယ်...း)))

ခင်မင်တဲ့
နေ၀သန်

TURN-ON-IDEAS said...

သိပ်ကြိုက်တယ်... စကားလုံးနည်းနည်းနဲ့ အကုန်ကိုပြောချသွားတာ အကုန်ရလိုက်တယ်...

ဘကျောက်ပဲ... နည်းနည်းလွန်တယ်
ကျန်တာအကုန်ကောင်း...:P

blackroze said...

ဟုတ်ပရှင်..ကျမတို့ဟာမြစ်တစင်းပေါ့လေကိုမောင်မျိုး

ခင်တဲ့အမ...Blackroze

အုပ်ကြီး said...

မြစ်လား ၊ချောင်းလားတော့.. မသိရိုးအမှန်ပါ ..
မနည်းအသက်လုလာရတယ် ..
ပြန်လာတော့ အသည်းမရှိတော့ဘူးလေ .. :P

ညီလင်းသစ် said...

အချစ်ဆိုတာ ငရုတ်သီးစိမ်းလိုပါပဲ ဆိုလို့ ကျနော်တို့ ငယ်ငယ်က ထိုင်းသီချင်းတစ်ပုဒ်ကို ရာမ ပြန်ဆိုထားတဲ့ ငရုတ်သီး သီချင်းကို သတိရမိတယ်...၊

ပင်လယ်နှင့်တူသော မိန်းမများ၏ မြစ်နှင့်တူသောအချစ် လို့ ခေါင်းစဉ်သစ်တစ်ခုတော့ ရပြန်ပြီ...။ =)

ဘရာဗို said...

;)

ခံစားပေးသွားပါတယ်
အချစ်အကြောင်း ကိုတော့ မဆွေး နွေး တော့ပါဘူး
း)

ချော(အစိမ်းရောင်လွင်ပြင်) said...

အချစ်ဟာ မြစ်ကမ်းနဲ့တူတယ်ဆိုရင်
မြစ်ကမ်းဘေး မထိုင်ချင်တာဟာ ခံစားနေရတဲ့ ကာလအတွင်းသာ ဖြစ်မှာပါ။
တစ်ချိန်ချိန်မှာတော့ ရှောင်လွှဲမရစွာဘဲ အဲဒီမြစ်ကမ်းဘေး
ပြန်ထိုင်ဖြစ်လိမ့်ဦးမယ်လို့ ထင်ပါတယ်
လူဆိုတာ အချစ်နဲ့ ကင်းကွာလို့မှ မဖြစ်တာနော်
ပြန်ထိုင်ဖြစ်ခဲ့ရင် အကြောင်းကြားနော်း)

ပန်းခင်းလေး said...

ကိုမျိုးက နောင်ဆိုရင် မြစ်ကမ်းနံဘေးမထိုင်တော့ ဘူး
မြစ်ထဲဘဲ ခုန်ဆင်းတော့ မယ်တဲ့  . . ခိခိ

ပန်းခင်းလေး said...

ကိုမျိုးက နောင်ဆိုရင် မြစ်ကမ်းနံဘေးမထိုင်တော့ ဘူး
မြစ်ထဲဘဲ ခုန်ဆင်းတော့ မယ်တဲ့  . . ခိခိ

yanmaneee said...

nike air max 2017
golden goose outlet
balenciaga sneakers
michael kors handbags outlet
goyard handbags
off white jordan 1
air yeezy
lebron james shoes
yeezy boost 350
christian louboutin

Anonymous said...

retro jordans
palm angels
off white jordan
fear of god essentials
palm angels t shirt
hermes outlet
jordan 13
kd shoes
off white
hermes outlet

LinkWithin

Related Posts Plugin for WordPress, Blogger...