Tuesday, September 21, 2010

စိတ်ရှုပ်တဲ့အခါ

စိတ်ရှုပ်တဲ့အခါ ကျနော်ဘာတွေလုပ်တယ်ထင်ပါသလဲ ??? :) ဆံပင်တွေဆေးဆိုး နားတွေဖေါက် လိုက်လားမလိုက်လားမသိ တွေ့ရာတွေကောက်ဝတ်ထည့်လိုက်တာပဲ ။ ခုရက်ပိုင်းဆို ပိုဆိုး တွေ့သမျှလူကိုလိုက်နောက်ချင်နေတာ ဖေ့ဘွတ်မှာဆို ပေါက်ကရမက်ဆေ့တွေလိုက်ရိုက်ထည့်နေတာပဲ ။စိတ်ညစ်ညစ်နဲ့ အွန်လိုင်းဝင်ပြီး ပြောချင်တာတွေ လိုက်ပြောနေတာ ဟိုမေပယ်လ်ကုလားစုတ်လေးက ဆြာကြီးလုပ်ပြီး ကိုယ့်ကိုဟောက်ထည့်သွားတယ် ။ ဘာလုပ်လုပ် အဆင်မပြေတော့ မနေ့က ဆံပင်တွေ ဆေးသွားဆိုးလိုက်တယ် မကြိုက်တဲ့သူတွေများတယ် အမေကလည်းမကြိုက် အမေသာ သိရင်တော့ နေပူထဲထွက်လို့လား အုန်းဆီမလိမ်းဘူးလားလို့ မေးတော့မှာ ။

ဆံပင်ဆေးရောင်က အတောက်ကြီးတော့လည်းမလုပ်ရဲတော့ နည်းနည်းအရောင်မှိန်တာလေး နာပေါက်ဖောက်ပြီး နားကပ်တပ်ထားတာ နားက ခဲဆွဲထားသလိုကြီးဖြစ်လို့ ဖြုတ်လိုက်တယ် ခုတော့ ဖောက်ထားတဲ့နားဖက် စောင်းမအိပ်ရဲ နာလို့ လှချင်တော့လည်း ခံပေါ့ ။ အစစ်မ၀တ်နိုင်တော့ ဖန်စီတွေလိုက်ဝယ်တယ် ဈေးတော်လို့ 19 ဘတ် ကြိုက်တာယူ ဆွဲကြိုးတစ်ကုံး လက်စွပ်တစ်ကွင်းဝယ်လိုက်တယ် ။အရင်က ဆံပင်နားထိုးတာနဲ့ မနေတတ်လို့ ခဏခဏညှပ်ပေမယ့် ခုတော့ မညှပ်ချင်တော့ဘူး ဈေးကြီးတာလည်းပါတယ် ။ နှုတ်ခမ်းမွှေးတော့ မြင်မကောင်းလို့ ရိတ်ရတယ် မဟုတ်ရင် လူကြမ်းကြီးနဲ့တူလို့ ။ ဘာမှတော့မဟုတ်ပါဘူး သူငယ်ချင်းတစ်ယောက်က ဆံပင်ညှပ်တဲ့အကြောင်းရေးပါလားတဲ့ ဘာရေးရမှန်းမသိလို့ ဆံပင်မညှပ်ဖြစ်တဲ့ အကြောင်း နဲ့ စိတ်ရူးပေါက်တဲ့ အချိန် ပေါက်ကရတွေလိုက်လုပ်ဖြစ်တဲ့အကြောင်းရေးလိုက်တာ ။ တော်ပြီး ခဏဖတ်တဲ့သူတွေပါ စိတ်ညစ်ကုန်အုံးမယ်း)

ဒီတစ်ခါ ကြောင်ပြုံးလည်း မပြုံးဘူး ငါးခူပြုံးလည်းမပြုံးဘူး ခပ်မိုက်မိုက်ပဲကြည့်လိုက်မယ် သဘောပေါက်ရင် ပိုက်ဆံချေးပါ :P

8 comments:

mirror said...

တော်ပြီး ခဏဖတ်တဲ့သူတွေပါ စိတ်ညစ်ကုန်အုံးမယ်း)
... ဒါမှ မွန်သံ+ကရင်သံ အစစ်ဟ...။း)

မေပယ်လ် said...

မေပယ်လ်ကုလားစုတ်တဲ့....
အီး..;waa....:waa
ဟဲ့ကောင်လေး ဘာလို့ နေပူထဲ
ထွက်ဆော့နေတာလဲ
ကြည့်စမ်း...အုန်းဆီလဲ မလိမ်းဘူး.။
တစ်ခေါင်းလုံး မဲနေတာပဲ..။
..ဘယ်ခေါင်းလဲတော့ မသိဘူး:P

khin oo may said...

သော်တာဆွေ အံ့ကိုတင်းတင်းကြိတ်တဲ့အခန်းသတိရတယ်။

ShwunMi- said...

သယ်ရင်းရေ ဘာတွေဖြစ်နေတုန်း?
ငါတော့ ခုတလော စိတ်ရှုပ်လာရင် အစားပဲစားနေတယ်..

မိုးခါး said...

ဟားဟား
မိုက်နေတယ်ပေါ့ :P

ငါရောပဲ
စိတ်ညစ်ရင် ဆံပင်ညှပ် ဆံပင်ဆိုး .. လျှောက်လုပ်ပစ်တာပဲ :D

TURN-ON-IDEAS said...

တခါတလေ အဲဒိလို စိတ်ပေါ့ပါးအောင်လုပ်တာ ကောင်းတယ်...

ဆံပင်အရောင်ဆိုးတာ အခု သိပ်မကြိုက်တော့လို့ အနက်စိုစိုလေးဖြစ်အောင် ပြန်ဆိုးထားတယ်...

ဆေးပြန်ဆိုးဖြစ်ရင်တောင် ပါးပါးပြေပြေလေးဆိုးမယ် စိတ်ကူးတယ်...

နားဖောက်တာလဲ အားပေးတယ်၊ ကျနော်လဲ ဖောက်ထားလို့...:P
စိန်၁ပွင့်တည်းနားကပ်ပန် အမြင်မရိုင်းဘူး...
ကြည်ကြည်သန့်သန့်လေးနဲ့မိုက်တယ်..

မြှောက်ပေးတာ... carry on, bro!

ချစ်ကြည်အေး said...

ဟဲ့ အဲဒါ တူနေပါလား မျောက်မြိုးရေ....အမလည်း စိတ်ရှူပ်ရင် ခေါင်းလျှော် ဆံပင်ညှပ် ဆိုင်မှာ သွားလုပ်တတ်တယ်။ မိတ်ကပ်လူး နှုတ်ခမ်းရဲရဲ ဆိုးပြီး အိမ်ထဲမှာတင် မှန်တကြည့်ကြည့် လုပ်တတ်သေးတယ်။ အပြင်တော့ မထွက်ရဲဘူး၊ တခါတလေ ပျော်တယ်ဟ အဲလို လုပ်ပစ်ရတာ...

ပန်းခင်းလေး said...

အမယ် . .ဒီလိုခပ်မိုက်မိုက်ကြည့်တော့ လည်း
ညီမလေးအကိုက . . ဟိန်းဝေယံနဲ့ တူသလိုလို . .
ခိခိ . . ။


ခင်မင်စွာနဲ့ 

ပန်းခင်းလေး

LinkWithin

Related Posts Plugin for WordPress, Blogger...