Sunday, September 19, 2010

ထိုင်းအနုပညာရှင်များအကြောင်း တစေ့တစောင်း

ရောက်စက ထိုင်းစကားမြန်မြန်တတ်အောင် ထိုင်းဇတ်ကားတွေ ကြည့်ဖြစ်တယ် ။ ဇတ်လမ်းအကုန်ကျခံနိုင်မှု ရိုက်ကွင်းနေရာ အသုံးဆောင် နဲ့ သရုပ်ဆောင်တွေရဲ့ လှပ မှုတွေလောက်ပဲ နားလည်ပေမယ့် သေသေချာချာကြီးတော့ ဇတ်ကားတခုလုံးကိုသိပ်နားမလည်ပါဘူး ။ ရုပ်ရှင်ဇတ်ကားတခုကိုကြည့်ခြင်းအားဖြင့် သူတို့နိုင်ငံရဲ့ လူနေမှုတွေကိုပါ မှန်းလို့ရတယ်လို့ထင်ပါတယ် ဥပမာ အိမ်ထောင်ရေး အရှုပ်အရှင်းလိုမျိုးတွေပေါ့ ။ ထိုင်းကြော်ငြာတွေလည်း အဆင့်တန်းရှိပြီးကြည့်လို့ကောင်းပါတယ် အလှပအသုံးဆောင်က လွဲလို့ ကျန်အသုံးဆောင်တွေကိုတော့ ဟာသနဲ့ကြော်ငြာကြတာ တွေ့ရပါတယ် ။

တနေ့က သတိထားလိုက်မိတဲ့ သတင်းလေးတပုဒ် တော်ရုံအရှုပ်ထွေးလောက်ကို ရိုးနေပြီမို့ သိပ်သတိမထာတော့တဲ့ ကျနော် ဒီသတင်းကိုတော့ သေချာကြီးကို ပြန်ပြန်ကြည့်ဖြစ်ပါတယ် ။ မင်းသားက အသက် ၂၅ နှစ်ဝန်းကျင်လေး ရုပ်ရည်ကော သရုပ်ဆောင်မှုမှာပါ တော်ရုံမက အဆိုပိုင်းမှာပါ တော်တဲ့ မင်းသားတယောက်ပါ ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးများရဲ့ အသည်းကျော်လို့လည်းပျော်လို့ရပါတယ် ။ “ဖန်” လို့ အတိုခေါက်ခေါ်တဲ့ မင်းသားပါ ။ ဇတ်လမ်းရဲံ အရှုပ်တော်ပုံကတော့ ရုပ်ရည်ချောမောလှတဲံ့ မင်းသားငယ်ငယ်လေးနဲ့ ထိုင်းကျေးလက် သီချင်းတွေကို သီဆိုတဲ့ အသက် ၃၀ကျော် အဆိုတော်မင်းသမီးတစ်ယောက်ရဲ့ ဇတ်လမ်းပါ ။

ထိုင်းနိုင်ငံရဲ့ လွတ်လပ်တဲ့ အချစ်ဇတ်လမ်းတွေကြားမှာ သူတို့ဟာလည်း အချစ်နယ်ကျူးခဲ့ကြတယ်ထင်ပါ့ မီဒီယာ အင်အားကောင်းလွန်းလှတဲ့ ဒီနိုင်ငံမှာ စူပါစတားနှစ်ယောက်ရဲ့ သတင်းက လုံးဝကို အမှောင်ကျလို့ပါ ဒီလို ဘာသတင်းမှမထွက်တာကတော့ အချစ်ကြီးလှတဲ့ မင်းသမီးရဲ့ သည်းခံနိုင်မှုနဲ့ ခွင့်လွှတ်အနစ်နာခံနိုင်မှုတွေကြောင့်ဆိုတာကိုတော့ နောက်ပိုင်းကျမှသိခွင့်ရခဲ့ပါတယ် ။ မင်းသမီးဟာ ကိုယ်ဝန်ရှိစထဲက ဒီအကြောင်းကိုဖွင့်ပြောပြခဲ့ပေမယ့် တာဝန်မယူချင်တဲ့ မင်းသားဟာ ကိုယ်ဝန်ကို ဖျက်ချဖို့လောက်ပဲ ပြောခဲ့ပါတယ်တဲ့ ။ဒါပေမယ့် မိခင်တစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ အရာရာကိုရင်ဆိုင်ပြီး ဒီခလေးကို သူမတစ်ယောက်တည်း မွေးခဲ့ပါတယ်လို့ မျက်ရည်တွေကျရင်း ပြောပြခဲ့တာကိုတွေ့ရတော့ တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။

ကိုယ်ဝန်ကြီးနဲ့ သတင်းကိုကြောက်တတ်တဲ့ မင်းသမီး ဒီနှစ်ပိုင်းမှာမှ တရှိန်ထိုးနာမည်ကြီးလာတဲ့ သူမရဲ့ ချစ်သူအတွက်ရေငုံနှုတ်ပိတ်ကာ တယောက်တည်း ကိုယ်ဝန်ကြီးနဲ့ မိဘလည်းမသိ ညီအစ်ကိုမောင်နှမတွေလည်းမသိ ဘယ်သူတစ်ဦးတစ်ယောက်မှ မသိပဲ တစ်ခြားနယ်မှာ ဒီခလေးကို မွေးခဲ့ရတာပါ ခလေး ၃ လသားလေးကျမှအိမ်ကိုပြန်လာခဲ့ရတာပါ ။ဖုန်းဆက်တော့လည်းမရ အလုပ်ကိုအကြောင်းပြတဲ့ မင်းသား ခလေးရတော့လည်း တချက်လာကြည့်ဖော်မရတဲ့ မင်းသားကို ချစ်စိတ်နာလျှက်နဲ့ သတင်းတွေဖွင့်ချခဲ့တာဟာတော့ ထိုင်းတစ်နိုင်ငံလုံး ဟုန်းဟုန်းတောက်သွားခဲ့ရတဲ့ သတင်းတစ်ပုဒ်ပါ ခလေး ၃ သားရောက်မှ ဖွင့်ပြောခဲ့တဲ့ သူမရဲ့ သည်းခံနိုင်မှုဟာ အတိုင်းတခုထိ ကျော်လွန်သွားလို့ ဖွင့်ပြောခဲ့ရတာကိုလည်း နားလည်ပေးမိပါတယ်။

ကျမ ကိုယ်ဝန်ကြီးနဲ့ တယောက်တည်း အရမ်းကိုကြောက်ခဲ့ရပါတယ် စားတော့လည်းတစ်ယောက်တည်း နေရတော့လည်း တယောက်တည်း ကျမသူ့ကို ချစ်လွန်းလို့ပါ အရာအားလုံးကိုလည်း နားလည်ပေးခဲ့ရပါတယ် အခုလိုသတင်းသမားတွေရှေ့ဖွင့်ချမိခဲ့တဲ့အတွက်လည်း သူ့ကိုတောင်းပန်ပါတယ် ဒါတွေအားလုံးဟာ ဘယ်သူ့အတွက်မှလည်း ကောင်းလာမှာမဟုတ်တဲ့အတွက် ခုလိုဖွင့်ပြောခွင့်ရတာနဲ့တင်ကျေနပ်ပါတယ် ။ ကျမတယောက်တည်းလည်း ကျမရဲ့ သားလေးကို ပြုစုစောင့်ရှောက်နိုင်ပါတယ်ရှင် အဖေ မရှိလို့လည်း ဘာမှမဖြစ်လာတော့ပါဘူး သူ့ကို ကျမဆီကိုပြန်လာဖို့ကိုလည်း ဘယ်တော့မှ အတင်းကျပ်မတောင်းဆိုပါဘူး ကိုယ့်ကိုယ်ကို မထိန်းသိမ်းခဲ့တဲ့အတွက် နောင်တရပြီးပြီမို့ နောက်ထပ်အမှားတွေမရှိအောင်ကြိုးစားသွားပါတော့မယ်လို့ ပြောချင်ပါတယ် ပြီးတော့ ကျမ ရဲ့ သားလေး ကိုလည်း ဒီလိုအဖြစ်မျိုးတွေ ဖြစ်ခဲ့ရတဲ့အတွက်တောင်းပန်ပါတယ် ရှေ့ဆက်ပြီး ကျမရဲ့ ခလေးကို ကြည့်ရှု့စောင့်ရှောက်နိုင်ဖို့အတွက် ကျမအလုပ်တွေက်ဆက်လက်လုပ်ချင်ပါသေးတယ် ကျမ ကိုနားလည်ပေးကြပါလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ” ဒါကတော့ မျက်ရည်တွေစို့ရင် ရှိုက်သံတွေနဲ့ ပြောကြားခဲ့တဲ့ မင်းသမီးရဲ့ စကားတွေပါ ။

မင်းသားကတော့ သူတို့နှစ်ယောက်ကြားမှာ အဲ့လောက်ထိရင်းနှီးမှုတွေ မရှိခဲ့တဲ့အကြောင်း တကယ်လို့ ဒီသတင်းသာ မှန်တယ်ဆိုရင် တာဝန်ယူမယ့်အကြောင်း ဒါပေမယ့် DNA စစ်ဆေးချက်တွေကိုတော့ ပြုလုပ်ရမယ့် အကြောင်းတွေကို ခပ်တည်တည်နဲ့ ပြောသွားခဲ့ပါတယ် ။ ဘယ်သူကအမှန်ဆိုတာကိုတော့ သူတို့နှစ်ဉ်ီးသာ အသိဆုံးဖြစ်မှာပါ ။ ခွင့်လွှတ်နိုင်မှုမကုန်ဆုံးသေးတဲ့ မင်းသမီးကတော့ “ ဘယ်လိုစစ်ချက်မျိုးကိုပဲဖြစ်ဖြစ် ကျမကိုယ်ကျမ ယုံကြည်မှုရှိပါတယ် ကျမ သူက လွဲပြီး ဘယ်သူတဦးတယောက်နဲ့မှ ပက်သက်ခဲ့မှုမရှိပါဘူး ဒါပေမယ့် ဒီအဖြေမှန်သာ တကယ်ထွက်ခဲ့ရင် သူ့ဘ၀ ရေစုံမျောရတော့မှာပေါ့ ဒါကြောင့် ကျမ သားလေးကို အဖေမရှိတဲ့ ခလေးအဖြစ်နဲ့ပဲ ကျမ တသက်လုံး ပြုစုစောင့်ရှောက်သွားမှာပါ ဒါဟာ သူ့ကို ကျမ ချစ်လို့ဆိုတာ သူ့ရဲ့ ဘ၀အတွက်ဆိုတာ သူသိရင်ကျေနပ်ပါပြီး ” တဲ့ ။ အဖြစ်မှန် ဟုတ်မဟုတ် အတိကျမသိရသေးပေမယ့် ဒီဇတ်လမ်းမှာ ကျနော်ကတော့ မင်းသမီးကို သနားတယ် ပြီးတော့ ဖခင်အမည်မပေါက်သေးတဲ့ ၃ လသားအရွယ်ခလေး ။ အပြစ်မဲ့ခလေးငယ်တိုင်း ဒီအဖြစ်မျိုးတွေကနေကင်းဝေးနိုင်ပါစေလို့ ။ မင်းသမီးနဲ့ အင်တာဗျုး အစီစဉ်ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ် ။





ထိုင်းမလေးတွေနဲ့ အသည်းကျော် အဆိုတော်မင်းသား “ဖန်”
အင်တာဗျူး အစီစဉ်တခုမှာ ဖြေကြားပေးနေတဲ့ မျက်ရည်တွေနဲ့မင်းသမီး ။
ဘာမှ မသိရှာသေးတဲ့ အပြစ်ကင်းစင်တဲ့ ၃ လသားအရွယ်


သူဟာလည်း အထိုက်လျှောက် နာမည်ကြီးခဲ့တဲ့ အဆိုတော်မင်းသီးတလက်ပါ ။

သတင်းစာရှင်းလင်းပွဲလုပ်နေရတဲ့ မင်းသား ။

7 comments:

:P said...

ငယ်ငယ်၇ွယ်ရွယ်နဲက ကလေးအဖေမလုပ်ချင်လို့လား...
ကလေးအဖေဖြစ်နိုင်သူ သူ့အပြင် ရှိသေးတယ်ထင်လို့လား....။

AMK said...

ကြည့်ရတာ ဒီကောင် အဖော်ကို သိပ်ယုံတယ်နဲ့ တူတယ် ၉၉% စိတ်ချရတယ်ဆိုပေမယ့် ကံမကောင်းလို့ (အပေါက်ပါတဲ့) ၁% မှာ ပါသွားတာလို့  ကလေးရသွားတာနေမှာ ဒီသတင်း လေး Update လေးရရင် ပြောပြအုံးနော် ဦးသားလေး..ကျေးဇူးပါ

nu-san said...

တော်သေးတယ်နော်.. မင်းသမီးလေးက မိခင်စိတ်အပြည့်ရှိလို့သာ ကလေးက လူဖြစ်ခွင့်ရတာ.. နို့မို့ဆို ကလေးလေးဘ၀ မတွေးဝံ့စရာပဲ.. မင်းသမီးလေးကို လေးစားတယ်.. ကလေးလေးကို သနားတယ်.. မင်းသားကိုတော့ မပြောချင်တော့ပါဘူး.. သူ့အကြောင်း သူအသိဆုံးဖြစ်မှာပါ.. နောက်ထပ် up to date သတင်းလေးတွေလည်း ပြောပါဦးမောင်လေးရေ.. သိချင်လို့ပါ.. DNA စစ်ပြီး ဘာဆက်ဖြစ်လဲဆိုတာ.. :))

Anonymous said...

နာ့ပုံကြီး ယူသုံးထားတယ်လို့ ကြွားမလို့ဟာ..
စာဆုံးအောင်လဲ ဖတ်ပြီးရော ပါးစပ်ပိတ်သွားတယ်:(
မင်းသားက ဆိုးတာကိုး..ဘယ်တူတော့မလဲနော်..။

နေ၀သန် said...

မပြောတော့ပါဘူး... တို့ရွှေတွေလည်း မပြောတော့ပါဘူး...:D... ကဲ.. ကိုယ့်သမိုင်းကိုယ်ရေးကြပြီးတော့ အဲဒီလမ်းကြောင်းအတိုင်း လျှောက်ကြပေါ့လေ.... :D..


ခင်မင်တဲ့
နေ၀သန်

Maung Myo said...

အစန်ဒါကြီး...ဟုတ်မယ် ဒီကောင်က ရုပ်ကလေးနဲ့ မလိုက်ဘူး

AMK ဟုတ်ပါ့ ဒီကောင်ကလည်း ညံ့ပါ့နော့် သူဘာသုံးလဲတော့ကျနော်လည်းသိဘူးဗျး)

မနုစံ..ဟုတ်တယ် အစ်မရေ မင်းသမီးက ချီးကျူးဖို့ကောင်းတယ် နောက်ဆက်တွဲသတင်းကတော့ မင်းသားကိုသူနဲ့ စာချုပ်ထားတဲ့ ကုမ်မဏီက စာချုပ်ရပ်နားထားတယ်တဲ့ လူမှုရေးတွေပြေလည်အောင်အရင်လုပ်လိုက်ပါလို့ကြားတယ်။

ပြတိုက် ...မင်းသားကဆိုးတယ်ဆိုတော့ မင်းကတော့မဆိုးဘူးပေါ့ ငပါး တူတယ်ဆိုပြီးတော့များ ။

ကိုယ့်သမိုင်းကိုယ် ရေးကြတာပေါ့ နေ၀သန်ရေ့း) မင်းကတော့ သမိုင်းကြောင်းလှမှာပါ အဆင်ပြေပါစေ သယ်ရင်း ။

Unknown said...

click over here z2t63h2j82 replica bags buy online replica bags uk l8r02i7x27 More Bonuses x6f26h0w17 louis vuitton replica handbags replica bags for sale a8d86p8c33 view it s5w36y8i91 luxury replica bags replica nappy bags

LinkWithin

Related Posts Plugin for WordPress, Blogger...