Thursday, September 9, 2010

ဘ၀ကို အဆိပ်ခတ် သတ်ပစ်လိုက်ခြင်း

ဘ၀မှာ …
ခါးသက်ခြင်း
ချိုမြိန်ခြင်း
မိန်းမောခြင်း
တွေဝေခြင်း
သာယာခြင်း
နာကျည်းခြင်း
………………..
သူမတူတဲ့အရာများစွာနဲ့
ဖွဲ့စည်းနေတာ “ဘ၀”

ဒါပေမယ့် …
ဘ၀ဆိုတာ
လက်မပါ, ခြေမပါ
ဦးဏှောက်မပါတဲ့
စိတ္တဇနာမ်တစ်ခု

ငါ,ဆိုတာ
စဉ်းစားတတ်တယ်
ဆင်ခြင်တတ်တယ်
တွေးတောတတ်တယ်
ကျော်ဖြတ်တတ်တယ်

ဒီလို လူတစ်ယောက်က
ဘ၀ကို အရှုံးပေးဖို့ဆိုတာ :(

ဘယ်လောက်ပဲ ခက်ခဲပါစေ
ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ
လှိုင်းဘယ်လောက် ထန်ထန်
လေဘယ်လောက် ကြမ်းကြမ်း
ဖြတ်သန်းဖို့ တွေဝေ
ရင်ဆိုင်ဖို့ နောက်တွန့်
ကြောက်ရွံ့နေခဲ့မယ်ဆိုရင် …

ငါ့ကို ဖိနှိပ်
တရိပ်ရိပ်တက်လာမယ့် အရာတွေ

ဟေ့ ......
နင်လားဟဲ့ လောကဓံ
လူပြောမသန်
လူသန်မပြောတဲ့ငါ

“ဘ၀”
လာစမ်းဟဲ့ ငါ့ရှေ့
ဘ၀မေ့စေမယ့်
အဆိပ်တစ်ခွက်နဲ့
ပွဲတော်ကိုတည်ခင်း
ခုချက်ချင်း နင် လည်စင်းစေရမယ် …။




P>S=
အစ်ကိုကြီးရုပ်ဆိုး ကျနော့်အတွက်ရေးပေးတဲ့ ကဗျာလေးပါ ကျေးဇူးကမ္ဘာ အစ်ကိုကြီးရေ့ :)

4 comments:

မေပယ်လ် said...

စာမေးပွဲနဲ့မို့ ကော်မန့်မပေးတော့ဘူး
ဟီးးးးးးးးပိုးကလဲ ခုထိ ထတုန်း

ညလင်းအိမ် said...

ဒါပေါ့ အားပေးတယ် ...

ဘ၀ကို အရှုံးမပေးနဲ့
ဘ၀ကပဲ အရှုံးပေးစေရမယ် .

ဝေလေး said...

ဘဝဟောင်းကို အဆိပ်ခတ်ပြီး ဘဝသစ်ထူထောင်တော့မယ့် သဘောလား.... ;)

Anonymous said...

ဘဝ
ဝဘ
ဘိ
ဘွ

LinkWithin

Related Posts Plugin for WordPress, Blogger...