Saturday, July 3, 2010

ကြီးတော်

ကြီးတော် အသက်က ခုဆို ၇၀ နားနီးပြီး မုဆိုးမ ၅ခုလပ် သားသမီးကတယောက်မှမရှိ ဒါပေမယ့် လူချစ်လူခင်ကတော့ပေါပါ့ အပျိုဖြန်းမလေးတစ်ယောက်လို သွက်လက်ဖျက်လတ်နေတာပဲ ထင်းခွေသွားမလား လူငယ်တွေနဲ့အပြိုင် ရွာထဲက ခလေးတွေ ရည်းစားစာရေးရင်သူက အချစ်စာရေးဆရာမကြီး လူငယ်တွေကြားလည်းသူပါသလို လူကြီးတွေရန်ဖြစ် ခွဲဟယ် ဆွဲဟယ်ဆိုရင်လည်း သူကရှေ့ဆုံးကပါပဲ ။ သူ့ကိုကျနော် မှတ်မိတာ ၃ နှစ်သားကျော်ကျော်မှတ်မိစအရွယ်လေးပါ ကြီးတော်အိမ်မှာ ဆိတ်ကလေးတွေ အများကြီးမွေးထားတယ် ကျနော်ကပိန်တော့ ဆိတ်နို့လာသောက်ဖို့ အမြဲလာလာခေါ်တတ်တယ် ကျနော်တို့ ကြီးတော်အိမ်သွားရင် အမေက ခြံထွက် ငှက်ပျော်သီး သင်္ဘောသီးတွေ ပေးပေးလိုက်တယ် ။ ကြီးတော်ရဲ့ ယောက်ျား ပေါ်တာ ထဲ ဆုံးသွားတော့ အမြဲတမ်းပျော်ပျော်နေတတ်တဲ့ ကြီးတော် ရှိုက်ကြီးတငင်ငိုနေတာကိုကြည့်ပြီး ကိုယ်ပါမျက်ရည်ကျမိတယ် ။ ခလေးအတွေးနဲ့ “အမေ ကြီးတော်ကို မွေးစားလိုက်ပါလား” လို့ ပြောဖူးသေးတာကို မှတ်မိသေး။

သားသမီးတစ်ယောက်မှမရှိ ဆွေမျိုးတစ်ယောက်မှမရှိပေမယ့် ရွာထဲက လူအားလုံးကတော့ ကြီးတော်ရဲ့ သားသမီးတွေ ဆွေမျိုးတွေကြီးပါပဲ တချို့ဆို သူကိုယ်တိုင်မွေးထားပေးတဲ့သူတောင်ရှိသေးတယ် ။ ရွာမှာ သင်္ကြန်ရက် ပျော်ပွဲရွှင်ပွဲဆိုရင် အပျိုမလေးတစ်ယောက်လို စကပ်တွေ ဘောင်ဘီတွေဝတ်ပြီင်္း က တတ်ပါတယ် ။ ဗွီဒီယိုဆို အသေကြိုက် ဘယ်မင်းသား ဘယ်မင်းသမီးက ဘယ်လို သရုပ်ဆောင်သွားတယ်ဆိုတာ အလွတ်ရနေတတ်ပြီး အိုက်တင် အသံနေ အသံထားနဲ့လုပ်လုပ်ပြတတ်လွန်းလို့ ကိုယ်မကြည့်ဖူးတဲ့ဇတ်ကားက သူပြောပြတာနဲ့တင် ကြည့်ပြီးသွားသလို ခံစားရပါတယ် ။ ခု ကြီးတော် မုန့်လက်ကောက်ရောင်းနေတယ် မြတ်လား မမြတ်လားတော့မသိ ငိုနေတဲ့ ခလေးတွေ့ရင် “ ဟဲ့...ဘယ်လိုဖြစ်တာလဲ ရော့ရော့ ဟိုမသာကောင်တွေ ခလေးကိုပစ်ထားပြီင်္း ဘယ်သွားသေနေကြလဲဟဲ့ ” အဲ့တာကတော့ ရွာထဲက ကြီးတော်ရဲ့ နံနက်ခင်းတေးပဒေသာပါ ။

ရွာကိုရောက်ရင် နေ့ခင်းပိုင်းစာအုပ်တစ်အုပ်နဲ့ ကြီးတော်အိမ်မှာ သွားသွားအိပ်တယ် စိတ်ပူတတ်တဲ့ အစ်မက “ ခလေး နင်သွား မအိပ်နဲ့ တော်ကြာ ကိုယ့်ကိုယ်ပါ အောင်သွယ်ပေးနေအုံးမယ် ” တဲ့ ဟုတ်ပါ့ ရွာထဲမှာတော့ ကြီးတော်က မျြှားနတ်မောင်ပဲ အရက်သောက်တတ်တဲ့ ဖိုးသေးကို မြှောက်ပြောပေးလိုက်တာများ ပါတိတ်ထမိန်လေးရဲ့ ကျေးဇူးက နောက်တစ်နေ့ ကွမ်းခူးသွားရင် ကြီးတော်ရဲ့ အာဘော်ကြောင့် ရွာကကောင်မလေးတယောက် ဖိုးသေးရဲ့ အချစ်ရေယာဉ်မှာ မြောပါသွားပါလေကေား) ။တစ်ယောက်တည်းပဲ ဒါပေမယ့် အထီးမကျန်ဘူး မနက်ဖန်အတွက် ဒီနေ့မှာ သူ့ရဲ့လုပ်အားတွေရှိတယ် ဘာကိုမှတွေးမပူဘူး အတိတ်မှာလည်း သူမကျန်ခဲ့ အနာဂတ်အတွက် တေွးပူမနေပါဘူး ။

ဘ၀ရဲ့ ဆည်းဆာနေ၀င်ချိန်ကို ရောက်လုပြီလို့ဆိုနိုင်တဲ့ မနက်ဖန်အတွက် အာမခံချက်ဘာမှမရှိတဲ့ ကြီးတော်က ဘ၀ကိုအရှုံးမပေးပဲ ကြံကြံခံရင်ဆိုင်နေပေမယ့် မနက်ဖန်အတွက် အိပ်မက်ပေါင်းများစွာကို မက်ခွင့်ရှိနေပါလျှက်နဲ့ ခွန်အားတွေရှိနေပါလျှက်နဲ့ စိတ်ပျက်အားငယ်နေမိတဲ့ ကျနော့်ကို ကြီးတော်ရဲ့ အင်အားစကားတစ်ခွန်းက “ ဘ၀ဆိုတာ ဒီလိုပဲ ငါ့တူ ဖြစ်လာတာကိုရင်ဆိုင်ရဲဖို့လိုတယ် နောင်တကို ကြောက်ရွံနေဖို့ထက် နောင်တ ရစရာတွေကို မလုပ်မိဖို့ကြိုးစားပါ ” တဲ့ ကျေးဇူးပါ ကြီးတော် အဲ့ဒီအားပေးစကားတစ်ခွန်က ငယ်ငယ်တုန်းက အားနည်းလို့ သောက်ဖို့အမြဲလာလာခေါ်တတ်တဲ့ ဆိတ်နို့စိမ်းတစ်ခွက်လိုပါပဲ ကျနော့်အတွက် အားတွေဖြစ်သွားတယ် ။

14 comments:

:P said...

မုဆိုးမ ၅ ခုလပ်ဆိုလို့ နောက်ရေးနေတယ်မှတ်နေတာ..။
ကြီးတော် ဒလောက်စွံသားနဲ့ တူတော်မောင်က ဘာ့ကြောင့်...........................................................................................................................................

နေ၀သန် said...

ဘ၀မှာ ပျော်ရွှင်စွာနေတတ်တာကိုတော့ အတော်ချီးကျူးမိပါတယ်...


ခင်မင်တဲ့
နေ၀သန်

blackroze said...

ကြီးတော်ကတော်တော်စွံတာဘဲ..
ကြီးတော်ရဲ့တူလေးကရော..း)

Phyo Evergreen said...

ကြီးတော်စင် ကိုမျိုးကို သွားမြှောက်ပေးနေပြန်ပြီ..။

:P said...

Blogger Phyo Evergreen >>> ဒီလောက်မြှောက်ပေးနေတာတောင်....
ဒုံရင်း ဒုံရင်း.....

Anonymous said...

မထင်နဲ့မထင်နဲ့ ဘကြီးမျိုးက မိန်းမတွေအများကြီးဗျ

အိမ့်ချမ်းမြေ့ said...

ကောင်းတယ် မောင်မျိုး...
သနပ်ပင်က အမျိုးတွေတောင် လွမ်းသွားတယ်ကွယ်..
ဆိတ်နို့ကိုလည်း လွမ်းတယ်။

စကားမစပ်..
မင့်အစ်မ အင်္ဂလန်ကို လုံးဝအားမပေးပါ.. ဟွန်း

ကိုအောင် said...

ကြီးတော် စွံချက်က မိုက်တယ်နော် ...း)

နွေးနေခြည် said...

ကြီးတော် ခြေရာကိုလည်း မမှီ ... :D

sosegado said...

နောင်တ ရစရာတွေကို မလုပ်မိဖို့ကြိုးစားရင်းနဲ့ပဲ နောင်တတွေပြည့်လို့ ကြီးတော်ရေ

Anonymous said...

တစ်ယောက်တည်းပဲ ဒါပေမယ့် အထီးမကျန်ဘူး မနက်ဖန်အတွက် ဒီနေ့မှာ သူ့ရဲ့လုပ်အားတွေရှိတယ် ဘာကိုမှတွေးမပူဘူး အတိတ်မှာလည်း သူမကျန်ခဲ့ အနာဂတ်အတွက် တေွးပူမနေပါဘူး ။

ဒီစာသားက တကယ့်ကို အားတက်စေတယ်။ တစ်ခါတစ်ခါ တစ်ယောက်တည်းမို့ သိပ်အထီကျန်တယ်လို့ ရတနာ ထင်နေတတ်တာ။

smese said...

useful link Dolabuy Hermes visit the site Valentino Dolabuy go to my blog look at here

Anonymous said...

advice Ysl replica bags click this over here now high replica bags have a peek at this web-site dolabuy gucci

Anonymous said...

goyard outlet
supreme
kd 14
bape hoodie
off white
hermes bags sale
golden goose shoes sale
palm angels
golden goose sale
bape

LinkWithin

Related Posts Plugin for WordPress, Blogger...