Wednesday, July 21, 2010

အရင်တုန်းက - အခု

အရင်တုန်းက မောင်မျိုး နဲ့ အခုမောင်မျိုး ဘာတွေများ ကွာခြားသလဲ တွေးကြည့်မိတယ် အသက်လေးက ရသလို အတွေ့အကြုံတွေကလည်း များလာတယ် ။ ဘလော့ပေါ်မှာလည်း တူတူပဲပေါ့ ပျော်ခဲ့ရတဲ့ အမှတ်တရတွေ ရှိသလို စိတ်ပျက်ခဲ့ရတဲ့ နေ့တွေလည်း ရှိတာပါပဲ ။ အရင်တုန်းက ဘလော့ဂါ မောင်မျိုး 2007 ရွှေဝါရောင်မတိုင်ခင်လေးမှာ ဘလော့ဆိုတာကိုသိတယ် အဲ့တုန်းက နိုင်ငံရေး အကြောင်းမရေးရင် မျိုးချစ်စိတ်ဓာတ်မရှိသလို ဖြစ်နေတဲ့ ဘလော့ယဉ်ကျေးမှုကြားမှာ ဟိုဘလော့ကိုဝင် ဆီပုံးမှာ *** ကြည့်မရတဲ့ ဘလော့တွေပြောတာပါ ။ ကိုမောင်လှ ၊ မနိုင်း ၊ မအိမ့်၊ မလေးမ ၊မျှားပြာ ၊ မဂျစ်တူး တို့ဘလော့တွေကို နေ့တိုင်းဝင်ဖတ်ဖြစ်တယ် ပြီးတော့ ဆီပုံးမှာ စကားတွေဝင်ပြော အဲ့တုန်းက ဆီပုံးယဉ်ကျေးမှုလေးက ချစ်စရာကောင်းပါတယ် ကော့မန့် တစ်ခုချင်းဆီကို ရီပလိုင်း ပြန်လုပ်ပြီး တော့ ပျော်ပျော်ရွှင်ရွှင် စကြ နောက်ကြ အခုကတော့ ကိုယ်က နှုတ်ဆက်လိုက်ပေမယ့် ကိုယ့်ကို ကျော်ပြီး ရီပလိုင်းပြန်တတ်ကြတဲ့ ဆီပုံးယဉ်ကျေးမှု သူတို့ပါသာ သူတို့ ပြောချင်တာပြောနေကြတဲ့ အတွက် ဆီပုံးတွေမှာ စာမရေးဖြစ်တာကြာပါပြီး။

အရင်တုန်းက ကော့မန့်လေးတစ်ကြောင်း မက်ဆေ့လေးတစ်ခု ကြောင့် လွယ်လွယ်ခံစား ပြီး တကယ့်အပြင်မှာပါ စိတ်ညစ်ရတာတွေကို အခုနေပြန်စဉ်းစားတော့ ရယ်စရာ ဟာသလေးတွေကို ဖြစ်လို့ပါပဲ ။ အမှန်ကတော့ ဘလော့ဂါ လုပ်မယ်ဆိုရင် အရည်ပြားထူမှုဖြစ်မှာပါ ဝေဖန်ခံနိုင်ရမယ် ၀မ်းစာအတွက် စာရေးနေတာမဟုတ်တဲ့အတွက် ကိုယ်ကလည်း ပညာရှင်မဟုတ်တဲ့အတွက် ပြောချင်တာပြောပါစေလို့ ခုတော့ စိတ်ကိုလွှတ်ပြီး သံယောဇဉ်မပြတ်စွာနဲ့ပဲ ဘလော့ပေါ်ကို အခြေနေ အကြောင်းကြောင်းကြောင့် ပြန်ရောက်လာပေါ့ ။ အရင်က ကော့မန့်ရမှ ကိုယ်က နာမည်ကြီးသလိုလို တကယ့်ဂုရုဘလော့ဂါကြီးလိုလိုပေါ့ အခုတော့ နောင်တစ်ချိန် အသက်တွေကြီးလာရင် အော် ..ငါ ဒီအရွယ်တုန်းက ဒီလိုစိတ်မျိုးနဲ့ ရေးခဲ့တဲ့ စာလေးပါလား ဒီကော့မန့်ပေးခဲ့တဲ့သူက ခုလောက်ဆို အဖိုးကြီး အဖွားကြီးဖြစ်လောက်ပြီး နေ၀သန် ၊ ညီဖြိုး တို့ဆိုရင် မိန်းမတွေ ဘယ်နှစ်ယောက်လောက်များရနေမလဲ အဲ့လို အတွေးလေးတွေးနေမိတယ်း) ။ တကယ်ပါ ဟိုးအရင် မောင်မျိုး ရင်းတွင်းဖြစ် မှာ ရေးခဲ့တဲ့ ပို့စ် တွေ ၃၀၀ ကျော် ပျက်သွားဖူးတယ် အဲ့အချိန် အဲ့တုန်းက ရေးခဲ့သလိုမျိုး ကျနော်ပြန်မရေးတတ်တော့ပါဘူး။

အရင်က မောင်မျိုးက ဈေးသွားလို့ အလွဲလေးဖြစ်ရင်တောင် ပို့စ်တင်ဖို့ စိတ်ကူးမိတယ် အခုတော့ အိုးး.......တော်ပါပြီလေ ပေါတောတော အလုပ်တွေ လျှော့မှလို့ ပြန်ဆင်ခြင်မိတယ် ။ ဟိုတုန်းက ဘလော့ပေါ်က ခင်ခဲ့တဲ့ ကြွက်မိသားစုလေးမှာ ကျနော် နဲ့ မီ ပဲ စာတွေ ဆက်ရေးနေဖြစ်ပေမယ့် မလေးမ ၊ ကိုတင့် ၊မျှားပြာ ၊ ညိမ်းညို ၊ မွန် တို့ကတော့ အခုနေ ဘယ်နေရာမှာ ဘာတွေလုပ်နေလို့ အရင်တုန်းက ကြွက်မိသားစုလေးကို သတိများရပါလေစလို့ လူကြီးမဆန်စွာနဲ့ စိတ်မကောင်ြးုဖစ်မိတယ် ။အိမ်ပြန်တော့မယ် ညီလေးရေ နှုတ်ဆက်ခဲ့တယ်တဲ့ ကဗျာဆရာ ကိုတင့် က ပြောတယ် အက်ဆေးတွေအရေးကောင်းတဲ့ ကိုအိပ်မက်နက်ကတော့ ထွက်ခွာချိန်မှာ သူ့ရဲ့ညီအစ်ကိုတွေထဲ ကိုယ့်ကိုထည့်သွားတာတွေ့တော့ ဘလော့ပေါ်မှာလည်း ညီနောင်သံယောဇဉ်တွေရှိနေပါသေးလားလို့ ။

ဘလော့ဆိုတာ စိတ်ရဲ့ ထွက်ပေါက်တစ်ခုဆိုရင် ကျနော်တို့ အချဉ်ပေါက်ခွင့်ရှိတယ်မှတ်လား ဘလော့ဆိုတာ အချစ်အတွက် စာလွှာဆိုရင် ချစ်သူကိုကော စာလွှာပါးခွင့်ရှိတယ်ဟုတ် တစ်ခါခါ ဘလော့ဆိုတာ virtual ဆန်ပေမယ့် တစ်ခါခါတော့ Real Feeling တွေ ဖြစ်ဖြစ်သွားမိတယ် ။

7 comments:

pandora said...

ဘလော့ဂ်ရေးနေကြသူတွေက တကယ့်လူသားတွေကိုး ကြောင်မျိုးရယ်။
စိတ်တွေကတော့ တက်လိုက်ကျလိုက်။
ဘလော့ဂ်လူမှုရေးရာတွေရော စိတ်ခံစားချက်တွေရော ၀ါသနာပါတာလေးကိုချရေးဖြစ်ဖို့ရော အပြင်ဘ၀က ကိစ္စတွေရော ဆိုတော့လည်း ပျက်ကွက်လာတာတွေ ရှိတာပေါ့နော်။
ကိုယ့်ဘာသာပဲ ဘာကိုဦးစားပေးမလဲ တန်းစီရတာပဲ။

နေ၀သန် said...

း))).. ဖြစ်လေ့ရှိတာပေါ့.. တခါတရံ ဘလော့ခ်ထဲကနေ တစ်ယောက်တည်းလည်း ရန်ဖြစ်နေတတ်တယ်.. :D..ကလေးကလားတွေပေါ့ဗျာ... ကျွန်တော်တော့ ကျွန်တော်စိတ်အပန်းဖြေရာနေရာလေးအဖြစ် သဘောထားထားပါတယ်.... (ဒါနဲ့ ဘာလို့ ကြောင်မျိုးလို့ခေါ်ကြတာပါလိမ့်... ???:D)

ခင်မင်တဲ့
နေ၀သန်

ywartharlay-ytu said...

ကျနော့ဘကြီးမှာ ကြောင်နှုတ်ခမ်းမွှေးပါနေလို့ပါ ကိုနေဝသန်..

ကော့မန့်ကနေ ပို့စ်တစ်ပုဒ်ဖြစ်သွားပြီ

တတ်လည်းတတ်နိုင်တဲ့ ဘကြီးမျိုးပေးကိုး..........

:P said...

အရင်လိုမဟုတ်တော့ဘူးပေါ့..
ရင့်ရော်...............အဲလေ....... ရင့်ကျက်လာပြီပေါ့ကွယ်....။


မစန်ဒါကြီး

ShwunMi- said...

ဒီလိုပါပဲ သူငယ်ချင်းရာ..
စာလေးတွေ မတောက်တခေါက်ရေးတာ ဝါသနာပါပေမယ့် အလုပ်ကိစ္စတွေ ကျောင်းကိစ္စတွေ ရှိနေသေးတယ်.. စာရေးစတည်းက ခင်တဲ့ သူငယ်ချင်းတွေကိုလည်း သံယောဇဉ်ရှိပါတယ်။
တစ်ချိန်မှာတော့ အားလုံးပျော်ပျော်ရွှင်ရွှင် စာတွေရေးရင်း ပြန်ဆုံမလားလို့ စိတ်ကူးယဉ်မိတယ်။

blackroze said...

မောင်မျိုးရေ..တခါတခါအဲလိုလဲဖြစ်တတ်ပါတယ်..
ကျမလဲဘလော့လုပ်ထားတာ..ကိုယ်ခံစားမိတာလေး
တွေမျှဝေချင်တဲ့သဘောပါ..ကိုယ်နေချင်တဲ့နေရာနဲ့
ဝေးနေချိန်မှာ..ခံစားမိတာလေးတွေကိုထွက်ပေါက်
အနေနဲ့..ချရေးတဲ့သဘောပါဘဲ...
ဘာတွေဘဲကြုံကြုံ..စိတ်ဓါတ်မကျဘဲ
ဖြတ်သန်းပါလို့..နော်...

Anonymous said...

ကြောင်မျိုး..

ဘလော့ပြန်လုပ်ဖြစ်တာမသိလိုက်ဘူး..။
ဒို့ ဆရာမင်္ဂလာဆောင်တဲ့ သတင်းပို့ ပေးတာလည်း ကျေးဇူးတင်တယ်။ မွေးနေ့ မှာရော..။ ဟိုကြွက်တွေလည်း လစ်ကုန်ပြီလား..။ ကြွက်မိသားစုကို သတိရပါ့.. ။ ဘလော့ ပြန်လုပ်ဖြစ်တာ ၀မ်းသာပါတယ်.။ လေးမတော့ မလုပ်ဖြစ်တော့ဘူး.။ အကြောင်းကြောင်းများစွာကြောင့် မရေးဖြစ်တော့ဘူး.။ တကယ်ကို အမှတ်ရနေပါတယ် ကြောင်မျိုးရယ်။ အခု ဂီလာမနတော့ ဘူးမဟုတ်လား.။

LinkWithin

Related Posts Plugin for WordPress, Blogger...