Saturday, July 24, 2010

ချစ်သော ဖေဖော်ဝါရီ

အချစ်တွေ ဖေဖော်ဝါရီမှာဖူးပွင့်ခဲ့
ရေမလောင်း ပေါင်းမသင်
မျိုးစေ့မမှန်တဲ့ ဥယာဉ်မှူးစိုက်တဲ့အပင်မို့
ဒီအချစ်သစ်ပင်လေးက အရွယ်မတိုင်မှီ ညှိုးနွမ်းခဲ့ရ ။
အချစ်ဆိုတာ ထုထည်ကြီးမာလွန်းလို့
စကားလုံးတွေနဲ့ဖော်ကျူးလို့မရနိုင်လောက်အောင် ။
ချစ်နေတာက ချစ်နေရုံနဲ့မပြီး
အချစ်တစ်ခုတည်း နဲ့ မလုံလောက်တာကို
ချစ်တဲ့ ဖေဖော်ဝါရီ က သင်ပေးခဲ့တယ် ။
ဖေဖော်ဝါရီ ကိုချစ်ရေးဆိုခဲ့တယ်
ဖေဖော်ဝါရီ ကအချစ်တွေပြန်ပေးခဲ့တယ်
ဒါပေမယ့်လေ ပေးခဲ့တာနဲ့ မတန်အောင်
သူမ ပြန်ယူသွားတာ
ကြေကွဲခြင်း ၊ နာကျင်ခြင်း ၊သိမ်ငယ်ခြင်း ၊
မာနရဲ့ နောက်ဆက်တွဲနဲ့ မုန်းလို့မရတဲ့ နာကျင်ချစ်ခြင်းတွေပါ ။
ထားခဲ့ဖေဖော်ဝါရီ
တို့တွေ ငိုသော မျက်လုံး ပြုံးနေတဲ့ မျက်ဝန်းတွေနဲ့
နောက်ဆုံးနှုတ်ဆက်စကားတွေ ပြိုင်တူ ဆိုမိကြတယ်
“လွမ်းနေပါ့မယ် ” တဲ့
မင်းကိုငါ မုန်းမေ့ချင်တယ် “ဖေဖော်ဝါရီ ” ။

4 comments:

နေ၀သန် said...

အလို တယ်နုနေပါ့လား..း)).. မုန်းပစ်လိုက်ပါ.. မုန်းချင်ရင်... :p


ခင်မင်တဲ့
နေ၀သန်
(ဒါနဲ့ တို့တွေက တစ်နှစ်တည်းမွေးကြတယ်နော်..း))) )

:P said...

ဖေဖွာယီ ကိုးရက် ၊ ဆိုးချက်က ရင်နင့်စရာ
မဲဆောက်ကို သွားခဲ့..၊ မွဲခြောက်တဲ့ မျက်နှာနဲ့ .
.
.
.
ဟီးးးးးးးးးးးးးး

ရေးသူ အမည်မဖော်လိုသူ မစဒက

blackroze said...

ဖေဖော်ဝါရီမိုးတိမ်ပေါ့..ဟုတ်လားမောင်မျိုး

pan said...

ကံကောင်းလိုက်ကြတာ မွေးနေ.ကိုမှတ်မိတဲ. သူငယ်
ချင်းကောင်းတွေ ၇ှိကြတယ်
ငါမှာတော.... :(

LinkWithin

Related Posts Plugin for WordPress, Blogger...