Sunday, July 11, 2010

ပုလဲတစ်လုံး ရွဲတစ်လုံး

မျက်နှာက လူတွေကို မျက်နှာချင်းဆိုင်မိတာနဲ့ သိသိ မသိသိ ပြုံးပြတတ်တဲ့ အကျင့်က အငယ်လေးထဲက အကျင့်ပါနေတယ် ။ တခါတလေ ကိုယ်ကပြုံးပြလိုက်လို မသိသလိုလုပ်သွားရင်တော့ မျက်နှာကြီးက မဲ့သွားကော။ သတိထားမိပါသလားခင်ဗျား လူတိုင်းလူတိုင်း ပြုံးလိုက်မိပြီဆိုရင် နှုတ်ခမ်းလေးက အပေါ်ကိုကွေးညွှန့် ပုလဲလုံးလေးတွေ စီထားသလို လှပတဲ့ သွားလေးတွေက ဖွေးဖွေးဖြူလို့ပေါ့ ။ ကျနော်ကတော့ ဘယ်ဘ၀က ဆုတောင်းကောင်းခဲ့လေသလဲမသိ မလှမပ သွားတွေကို ပိုင်ဆိုင်ထားပါတယ် သွားတိုက်ဆေးကြောငြာထဲက မင်းသားလေးတွေရဲ့ သွားလေးတွေကိုများ အားကျလိုက်လေခြင်း ဇတ်ကားတစ်ကားကြည့်လို့ ဇတ်ကောင်တွေ ချောမချောထက် သွား လှ မလှအရင်ကြည့်မိတာက ရူးသွပ်ခြင်းတစ်မျိုးထင်ပါ့ ။သွားမလှတာက ရာဇ၀င်နဲ့ မာတာမိခင်က အချစ်ဆုံးသား အထွေးဆုံးသားဆိုတော့ တော်တော်နဲ့ နို့မဖြတ်ပါဘူး ကိုယ်ကလည်း အဲ့အချိန်တုန်းက ငမ်းငမ်းတတ်ပြီး ဆို့မိခဲ့တယ်ထင်ပါ့ အငယ်လေးထဲက သွားက ပိုးစားလိုက် သွားကိုက်လိုက် သွားနာလိုက်နဲ့ အစာမာမာတွေဆို သတိထားပြီး စားရတဲ့ အဖြစ် ။

သွားတွေက ပိုးစား ကျဲ ပြီး မလှရတဲ့အထဲ ကစားမက်တဲ့ ကျနော် အငယ်တုန်းက ရွာမှာ တင်ပူတမ်း ကစားကြပါတယ် သိကြမယ်ထင်တယ် တင်ပူ ဆိုတာ ခွက်တွေ နို့ဆီဗူးတွေကို ဆီပြီး တစ်ဖွဲ့က ဗူးတွေဆီ တစ်ခြားတစ်ဖွဲ့က ဘောလုံနဲ့ ခွက်တွေစီလို့မပြီးသေခင်း လူတွေအားလုံးကိုထိအောင် ပစ်ပေါက်ရတာပါ ။ တော်တော်ကိုပျော်ဖို့ကောင်းတဲ့ကစားနည်းတစ်ခုပါ အဲ့တုန်းက ကစားရင်း ခွက်တွေမလောက်တော့ လေးနှစ်ပိုင်းတစ်ခုကို အောက်ကထောင် ပြီးမှ အပေါ်ကခွက်လေးလုံးနဲ့ ဖြစ်အေင်ကစားတာပါ အငယ်လေးတုန်းက အဲ့လောက်ထိ ကစားမက်တာ ။ ကိုယ်က စီရမယ့် အလှည့် ပေါက်ရမယ့်သူက တော်တော်ဝေးဝေးရောက်နေတော့ ကိုယ်လည်း စိတ်ချ လက်ချနဲ့ စီပြီး တင်ပူလို့အော်လိုက်တာပဲ အဝေးက ဘောလုံးက ကျနော့်ရှေ့က လေးနှစ်ပိုင်းကိုထိ လေးနှစ်ပိုင်းက ကျနော့်ရဲ့ မလှမလှမပ သွားကလေးကို ဒက်ခနဲဆို တရုတ်ကားထဲကလို စလိုမိုးရှင်းနဲ့ မြင်ယောင်ကြည့်ပါ ဘောလုံးအရှိန်က ပြင်းတော့ ကျနော့်ရဲ့ သွားလေးထက်ပိုင်းကျိုးသွားတာပေါ့း( ။ အဲ့သူငယ်ချင်းကို စိတ်ဆိုးလို့ ခုချိန်ထိ ရွာမှာ ပြန်တွေ့ရင်စကားမပြောတော့ဘူး ။


ညာဘက်အံသွားတစ်ချောင်းပိုးကိုက်နေတာကြာပြီး အစာမာမာတွေဆို အဲ့ဘက်အခြမ်းက ၀ါးမရ ဖြစ်ချင်တော့ တနေ့က ပီကယ်ဝါးရင်း အဲ့ဘက်က ၀ါးလိုက်မိတာ မျက်ရည်တွေပါကျအောင် နာလိုက်တာဗျာ အဲ့တာနဲ့ပဲ နှမြောလည်းမတတ်နိုင် မခံစားနိုင်တော့တာနဲ့ ဆေးခန်းကို ပြေးရတော့တာပေါ့ သွားမှာ စိန်လေးတွေကပ်တဲ့သူ သွားအလှပြင်တဲ့သူတွေ များနေတဲ့အချိန် ကျနော်ကတော့ သွားနှုတ်ရတော့မယ် ဆိုးပါ့ ကံ ။ ဆရာဝန်က အသက်က ငယ်နေသေးတယ် နှုတ်ဖို့ကနှမြောစရာကောင်းတယ် သွားကို ဖာတာ ပြင်တာ အကိုက်သက်သာအောင်တော့ လုပ်လို့ရတယ် ဒါပေမယ့် ၅-၆ ခါလောက်လာရမယ် ပြီးတော့ ကုန်မယ့်ငွေက ဘတ် ၁သောင်းကျော်တယ် တဲ့ အမလေးလေး တော်ပါပီဂျာ မရှိရတဲ့အထဲ အကြွေးတင်မယ့် အဖြစ်တော့ ဝေါင်ဝေါင်ရှေးပဲ ။ ဖြစ်ချင်တာဖြစ်နှုတ်လိုက်တယ် ကလော်လိုက် ကလက်လိုက်တာများ ထုံဆေးအရှိန်ကြောင့်မနာပေမယ့် သွားဖုံတွေပါ ကြိမ်းတယ် ပေးလိုက်တဲ့ဆေးကို မေ့ပြီး ဘယ်မှာထားလိုက်မှန်းမသိတော့ ညက တစ်ညလုံးသွားတွေကိုက်ပြီးအိပ်မရ စားချင်တာစားမရ သွားနာလို့ စားမရမှပဲ မုန့်လိုက်ကျွေးမယ့်သူက များသလားမမေးနဲ့ တစ်ပါတ်တစ်ခါလောက်မှ ဟင်းကောင်းစားရတဲ့ မိဖိုးချောင်ကလည်း ခုရက်ပိုင်း ကြက် ၊ ၀က်တွေကြီးပဲ ဆိုလိုက်တဲ့ ကံပါလားနော် အမေရေ အမေ့သား နို့ငမ်းခဲ့တော့ ခု ဒွတ်ခ ရောက်ပြီင်္ဗျ ။ အော် ...မေ့လို့ ကျနော်က သွားလှတဲ့ ကောင်မလေးတွေဆို အရမ်းသဘောကျတာ ကြောင်ညာ အယ်လေ ကြော်ငြာ ၀င်တာ :) ။

6 comments:

Anonymous said...

ပီကေစားပြီး သွားနှုတ်ပစ်ရတယ်လို့ .. နာလိုက်တာ....

ခုတော့ ဟောင်းလောင်းပေါက်လေးနဲ့ပေါ့နော် :P

sdl

Anonymous said...

ကောင်ဂရေး တွားမမ်မမ် ဒိုက်ဘာ
မနက်ည နဂျိမ်ဒိုက်ဘာ

EvergreenPhyo

blackroze said...

မောင်မျိုးရေးထားတာဖတ်ပြီးအမရယ်သွားတယ်...
နေမကောင်းရင်အရမ်းစိတ်ညစ်ရတယ်နော်...

Sein Lyan Tun said...

မြန်မာပြည်ပြန်ရင် မဝါနဲ့ ဦးဥာဏ်ဆီအရင်ပြေးပေါ့...

ဒုက္ခထဲမှာသွားကိုက်တဲ့ဒုက္ခကလဲ မသေးဘူးး)

နေ၀သန် said...

အင်း.. သူ့ကြည့်ရတာ ကောင်မလေးတွေကို သွားဖြဲကြည့်မယ့်ပုံပဲ.. .အဟီးဟိး


ခင်မင်တဲ့
နေ၀သန်

mirror said...

နင် ရန်ကုန်လာတုန်းက ကားပေါ်က ဆင်းဆင်းချင်း ပြုံးပြတာတောင် ပြေးသတိရတယ်။ ရေးတတ်သားနဲ့ ပေါချင်နေတာ။း)) အဆုံးသတ်ကျ အီလည်လည်း)

LinkWithin

Related Posts Plugin for WordPress, Blogger...