Thursday, July 8, 2010

MaeSot Overviews (3)

ပြီးခဲ့တဲ့ လက ဘော့စ်မွေးနေ့ပါတီကို ရုံးကလူတွေ အိမ်ကလူတချို့နဲ့ သွားဖြစ်တယ် မဲဆောက်မြို့လယ်လောက်က နိုင်ငံခြားသားတွေအလာများတဲ့ ဆိုင်တဆိုင် အစားသောက်စုံစုံလင်လင်နဲ့ ဆိုင်အပြင်အဆင်ခပ်မိုက်မိုက်ပါပဲ အဲ့ဆိုင်မှာ ကျနော့်အရွယ် ကောင်လေး၂ယောက် ပထမတော့ ထိုင်းလို့ထင်နေတာ သူတို့အချင်းချင်း လက်မလည်အောင် စားပွဲထိုးနေရင်းနဲ့ လှမ်းပြောနေတဲ့ စကားကိုကြားမိရင်း မြန်မာမှန်းသိလိုက်တာ ပြန်ကာနီးတော့ စကားခဏပြောဖြစ်တယ် ။ ကျနော့်ထက် ၃ နှစ်လောက်ငယ်ပုံရတဲ့ ကောင်လေးက မိုးကုတ်သား အသားက မဖြူမညို အမြဲတမ်းခပ်ပြုံးပြူံးနဲ့ စတိုင်လ်ကျကျလေးနေတတ်တော့ ထိုင်းမတွေကတောင် ပြုံးစိစိနဲ့ စကြတဲ့ လူသန့်လေးတစ်ယောက်ပါ ။အရင်ကကျောက်အရောင်းဝယ်လုပ်ရင်း ကနေအဆင်မပြေတော့ ဒီဆိုင်ကိုရောက်လာဖြစ်တာ ။တခါခါတော့ အခြေနေတွေက ထင်မှတ်မထားလောက်အောင်ကို ဒီလိုနေရာတွေမှာ ကြုံရတတ်ပါတယ် မနက် ၈ နာရီကနေ အလုပ်စဆင်း ည ၁၁ နာရီထိ လုပ်ရတာတောင် ရတဲ့လခက တလကို ဘတ် ၁၅၀၀ တဲ့ အော် ငါ့ထက်ဆိုးတဲ့သူတွေလည်း ရှိသေးပါလားလို့ တွေးလိုက်မိတယ် ။ “ ကျနော် လစာမရတာ ၃ လ ရှိပြီ အစ်ကို အလုပ်ပြောင်းဖို့ စဉ်းစားနေတာ တိုင်ပင်စရာသူငယ်ချင်းလည်းမရှိဘူး ကျနော်ဖုန်းဆက်လို့ရမလား ” တဲ့ မြန်မာ့စိတ်ရင်း ကူညီခြင်းတဲ့ အေး ဆက်လိုက်လေ ပေါ့ ။

ပထမ သူဝင်မယ့် အလုပ်က အရောင်စုံတွေများတဲ့ အဖွဲ့စည်းတခုပါ လစာကများသလို အခြေနေတွေကလည်း အရာရာပြောင်းလဲသွားနိုင်တယ် ။ “ ကျနော်လုပ်လည်း လုပ်ချင်တယ် စိတ်ကလည်းထင့်နေတယ် နိုင်ငံခြားသားတွေနဲ့ လုပ်ရမှာ ကျနော့်အတွက် ပညာရမှန်း ပြီးတော့ အခု အခြေနေထက် အများကြီး ကောင်းမှန်းသိတယ် အစ်ကို ဒါပေမယ့် ကျနော် မြန်မာပြည်ကိုတော့ မပြန်ပဲမနေနိုင်ဘူး ဒီမှာအလုပ်ဝင်တယ်ဆိုရင် ပြန်ဖို့က မလွယ်တဲ့ အခြေနေဆိုတော့ ” ဟုတ်ပါတယ် သူပြောသလိုပဲ ကျနော်လည်းတွေးလိုက်မိတယ် ငါလည်း အားမပေးဘူးဆိုတဲ့ စကားက လွဲပြီး ကျနော်လည်း ဘာဆက်ပြောရမှန်းမသိ ကူလည်း ကူညီချင်တယ် တောင်မင်း ကို မြောက်မင်းမကယ်နိုင်ဆိုသလိုပေါ့ ။

နောက်ထပ် အလုပ်တစ်ခုတော့ နာမည်ကတော့လန်းပါ့ Bodygurad ဘာရဲ့ Bodygurad လည်းဆိုတော့ ထိုင်းနိုင်ငံမှာ ဘာတွေပေါသလဲ သိပါသလားခင်ဗျား :) အခြောက်ကြီးတယောက်ရဲ့ ကိုယ်ရံတော်ပေါ့ ကဗျာမဆန်လိုက်လေခြင်းနော့် ။ ကာစီနိုသွားရင် လိုက်သွားပေး ပြီးရင် အကြိုအပို့လုပ်ပေးရမယ် တလကို စရိတ်ငြိမ်း ( စရိတ်ငြိမ်းတဲ့နော် ) ဘတ် ၄၀၀၀ ။ အေး မိုက်သားဟ မင်းအဆင်ပြေမယ်ဆိုရင်တော့ လုပ်ကြည့်လေ ဘာပဲဖြစ်ဖြစ် အခုအခြေနေထက် သာတာပဲလို့ အားပေးလိုက်မိတယ် သူဆိုင်က ထွက်တဲ့နေ့ကကားနဲ့လာကြိုတယ် ပြီးတော့ နောက်တနေ့ ဆံပင်ရှည်ရှည်အလယ်ခွဲထားရတာ ကြိုက်တယ်ဆိုတဲ့ ကောင်လေး သူ့ဘော့စ်က သူ့ကို အလှပြင်ဆိုင်ကိုပို့ ဆံပင်တွေညှပ် ဆေးတွေဆိုး ပြီးတော့ မျက်နှာတွေပေါင်းတင်း အ၀တ်စားသစ်တွေဝယ်ပေး သူလည်း ခပ်လန့်လန့်နဲ့ အဆင်ပြေရဲ့လားစိတ်ပူပြီး ဖုန်းဆက်လိုက်တယ် “ ဘယ်လိုလဲ ညီ အိုကေရဲ့လား ” ဆိုတော့ “ ကျနော့်စိတ်ထဲ တမျိုးကြီး အစ်ကို ” တဲ့ စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါလို့ ထပ်ပြီး အားပေးလိုက်ပြန်ပေမယ့် ကျနော့်စိတ်ထဲလည်း တစ်မျိုးကြီးပဲ ။

နောက်နေ့မနက်အစောကြီင်္းဖုန်းဆက်လာတယ် မနက် ၆ နာရီကျော်ကျော်လောက် “ အေး ပြောညီ ဘာဖြစ်လို့လဲ ” ဒီကောင့်လေသံက စိတ်ဓာတ်ကျနေသလိုလို ၀မ်းနည်းနေသလိုလိုနဲ့ “ ညက အဲ့ဟာကြီး ကျနော့်ကို ၀င်လုံးတယ် အစ်ကို ” တဲ့ တချက်ကြောင်သွားတယ် အိပ်မှုန်စုန်ဖွားနဲ့မို့ နားကြားများလွယ်သလားပေါ့ “ဘယ်လိုကြီး ၀င်လုံးတယ်ဟုတ်လား မင်းကလည်း အလုပ်ဝင်တာတောင်မကြာသေး ဘာအမှားတွေသွားလုပ်လို့ ဟိုက၀င်လုံးရတာလည်း မင်းကော ဘယ်နေရာ ဘာဖြစ်သွားသေးလဲ ဘာပဲဖြစ်ဖြစ် ထိုင်းနဲ့ ရန်ဖြစ်တယ်ဆိုတည်းက ကိုယ်က ရှုံးနေပြီလေ ” ကိုယ်လည်းထင်တာတွေ စွတ်ပြောလိုက်တာ “ အဲ့လိုလုံးတာမဟုတ်ဘူး ဟိုလိုလုံးတာ” တဲ့ အောက်မလေး ဒွတ်ခေါး( ပြီးတော့ သူဆက်ပြောတဲ့ စကားက စိတ်ပူပေမယ့် ပြုံးစိစိဖြစ်သွားတယ် “ ဘယ်ရမလဲ ကျနော်လည်း သောက်ကန်ထည့်ပေးလိုက်တယ် ပြီးတော့ အပြင်တွန်းထုတ်င်္ပြီး တံခါးချက်ထိုးပြီး အိပ်လိုက်တာပဲ ”ဟုတ်ပါ့ ဟုတ်ပါ့ တို့များ မိန်းခလေးဘ၀ ဒီလိုပဲနော့် :P ။

နောက်တနေ့ သူအလုပ်ထွက်တော့ အချစ်ဆုံးကြီးက ပြောတယ်တဲ့ သူပတ်ဝန်းကျင်မှာ ဘယ်လိုမျက်နှာပြရမှာလဲဆိုပဲ ဘာလို့တုန်းဆိုတော့ သူက ယူထားတာလို့လိုက်ပြောထားတာတဲ့ ကျနော်လည်း အားနာလျှက်နဲ့ပဲရယ်လိုက်ရတာ အူတွေပါနာတယ် “ စိတ်ညစ်နေပါတယ်ဆိုဗျာ အစ်ကိုက ရယ်နေတယ်” ဟုတ်သားပဲ ဟိဟိ မရယ်တော့ဘူး ။ အသိတယောက်င်္ဆိမှာ ခဏနေနေပြီး အလုပ်ထပ်ရှာနေတယ် သုံးစရာရှိရဲ့လားဆိုတော့ ပိုက်ဆံအိတ်ဖွင့်ပြတော့ ဘတ် ၂၀ “ ငါ့မှာတော့ အများကြီး မရှိဘူးဟ ဒါမယ့် မင်း ၃၀၀ လောက်တော့ ယူသွား နောက်ထပ်လိုရင် လကုန်ရက် ငါလခရခါနီးလောက် ဖုန်းဆက်လိုက် အလုပ်ရမှာပါ စိတ်မပူနဲ့ အားတင်းထား ” ဒီလို အားပေးလိုက်ရပေမယ့် စိတ်တော့မကောင်း ဒီလိုပါပဲ ဒီလိုနေရမှာ ဒီလိုအခြေနေမျိုးတွေ ဒီထက့်အခြေနေဆိုးတဲ့သူတွေ အများကြီးပါပဲ ဒီလိုပဲ ကျနော်တို့တွေဟာလည်း မီးတောက်ကြီးထဲက ပိုးဖလံလေးတွေလိုပေါ့ အတောင်လေးတွေ တဖျပ်ဖျပ်နဲ့ ဘ၀ဆိုတဲ့ လေနီကြမ်းကြီးကို ရင်ဆိုင်လျှက်ပါပဲ ။

10 comments:

နေ၀သန် said...

စိတ်ညစ်စရာဘ၀တွေပါလားဗျာ.... သူတို့တွေ ဘယ်အထိ ဒီလိုကျင်လည်နေရဦးမလဲ....း((((.... ထိုင်းဆိုတဲ့ဟာကလည်း အဲဒါတွေက ပေါတော့... အစ်ကိုရေ... အစ်ကိုပါရှောင်ဟ... :D:D.. ၀င်လုံးခံနေရဦးမယ်... ဟီးဟီး....

ခင်မင်တဲ့
နေ၀သန်

mirror said...

ဟင်း...း)))

ပိုစ့်နဲ့မဆိုင်ဘူး။ငါ့သူငယ်ချင်းလေး အဆင်ပြေပါစေ..။

မိုးခါး said...

မလွယ်ပါ့လား
အားလုံး အဆင်ပြေပါစေဟယ် ..
း))

လင်းဒီပ said...

မောင်မျိုး မင်းကတော့လေ ပေါက်ကရ အတော်လုပ်တယ်... အဲလိုအလုပ်သွင်းပေးမှတော့ အဲလိုဖြစ်မှာပေါ့ မစဉ်းမစား.... :P

တန်ခူး said...

ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ် မောင်မျိုးရေ... ခုလို အချင်းချင်းကူညီတာ အားကိုးရာမဲ့နေတဲ့သူတွေအတွက် အရမ်းတန်ဖိုးရှိတာမို့  မောင်မျိုးကုသိုလ်တွေ အများကြီးရမှာပါ... ဒါလေးဖတ်ပြီး လွန်ခဲ့တဲ့ ၃နှစ်လောက်က အိမ်အကူစာမေးပွဲလာဖြေတဲ့ မြန်မာပညာတတ်ကောင်မလေးတွေကို သွားသတိရတယ်... အမရယ်... ကျွန်မပြန်ချင်လို့  အမနဲ့ တိုင်ပင်ချင်လို့  ဖုန်းနံပါတ်လေးပေးပါတဲ့... ပြီးတော့ သူနေမကောင်းတာ သူ့ agentကိုမပြောရဲလို့  အမကို ပြောခိုင်းတာ... ပြောပေးလိုက်တာ ပြန်သွားရတယ်... တော်သေးတာပေါ့... agentက လျောလျောရှုရှူခွင့်ပြုပေလို့ လေ... မောင်မျိုးရေ... တို့ နိုင်ငံသားတွေ ဒီလိုဘ၀က အမြန်လွတ်မြောက်စေချင်လှပါပြီ

blackroze said...

ကိုမျိုးရေ...
ဖတ်ပြီးတော့ခံစားချက်နှစ်မျိုးခံစားလိုက်ရတယ်..
တခုကအခြောက်ကဝင်လုံးတယ်ဆိုလို့
ရယ်မိတာ...
နောက်တခုက...နိုင်ငံရပ်ခြားမှာမြန်မာတွေ
ရုန်းကန်လှုပ်ရှားနေရတဲ့ဘဝကိုရင်နာမိလို့ပါ
တကယ်တော့ဘတ်1500ဆိုတဲ့ပိုက်ဆံက
မြန်မာပိုက်ဆံနဲ့တွက်ရင်50000လောက်ဘဲရှိပါတယ်
ရန်ကုန်မှာလဲအဲလောက်တော့ရှာလို့ရနိုင်မယ်
ထင်ပါတယ်..ကောင်လေးကိုအားပေးလိုက်ပါ
ကိုမျိုးရေ...

nu-san said...

မောင်မျိုးရေ.. ဒီပို့စ်ဖတ်ပြီး အဲဒီလို ဘ၀တွေ ဘယ်လောက်များနေမှန်း မတွေးကြည့်ရဲဘူး။ တခါတလေ တကယ့်အဖြစ်အပျက်တွေက ရုပ်ရှင်ဇာတ်လမ်း ၀တ္ထုတွေထက်ကို ဘ၀တွေက ရင်နင့်ဖို့ကောင်းတယ်။ မောင်မျိုးကူညီပေးလိုက်တော့ သူတို့လည်း ၀မ်းသာကြမှာပဲ.. မောင်လေး ကုသိုလ်ရပါတယ်။ စေတနာ အကျိုးပေးဦးမှာပါ..

အိမ့်ချမ်းမြေ့ said...

ဟိုကလေး အဖြစ်ကို ကိုယ်ချင်းစာစိတ်မကောင်းဖြစ်မိတယ်။

ဒါပေမယ့် မောင်လေးရေးပုံက အစ်မကို ပြုံးစေတာတော့ အမှန်ပဲ။

သေချာပြန်စဉ်းစားမိပြန်တော့လည်း အပြင်တွန်းထုတ်လို့ ရလို့တော်သေးတာပေါ့ ဆိုပြီး အစ်မ ဟိုကလေးကိုယ်စား လန့်တောင် လန့်မိပါတယ်ကွယ်..

Phyo Evergreen said...

ကိုမျိုးရေ စဉ်းစားကြည့်တာ ကြက်သီးတောင်ထတယ်.. ဟီးဟီ(ရီတာမဟုတ်ပါ)။

ကိုမျိုးကလည်း ဘကျောက်ညီလို့မပြောရဘူးထင်တယ်နော်.. (;

Anonymous said...

အဲဒီအခြောက်ကြီးဝင်လုံတဲ့ မောင်လေးသနားပါတယ်...ချင်းမိုင်ဘက်မှာပြောင်းကြည့်ပါလားလို့...အလုပ်တွေရှိတယ်ပြောတာဘဲ...

LinkWithin

Related Posts Plugin for WordPress, Blogger...