Friday, July 16, 2010

ယူတော့ ယူချင်သား


ယူတော့ ယူချင်သား ဒါပေမယ့် ရန်အောင် သီချင်းထဲကလို ဒီငရုပ်သီးလေးစားမိသလို ရင်ထဲပူပြီးတကယ်စပ်မှာလည်း ကြောက်တယ် ။ အမေကတော့ ပြောသား မိဘတွေမရှိတော့ရင် ကိုယ့်ဘ၀နဲ့ကိုပဲ ကောင်းတယ်တဲ့ ။ ဟုတ်တော့လည်းဟုတ်ပါတယ် တူ /တူမတွေ ဆိုတာကလည်း ကိုယ်ရှာနေတုန်း ပေးနိုင်နေတုန်းတော့ ကောင်းမှာပေါ့ ကိုယ်က အသက်တွေကြီင်္းလား ဘာမှမလုပ်နိုင်ပဲ ကဂျီကချောင်များတဲ့ လူပြိုကြီးဆိုရင်တော့ ဒီလူကြီး ဂန့်ကို မဂန့်နိုင်ဘူးလို့ သူတို့စိတ်ထဲများတွေးမိသွားရင် ငရဲတွေကြီးကုန်ကြပါအုံးမယ် ။ အိမ်ထောင်ပြု ခလေးမွေး ကိုယ့်ရင်သွေးလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ပဲ ဘ၀ရဲ့ မောပန်းခြင်းတွေကို ဖြေသိမ့်ဖို့က အကောင်းဆုံးနည်းလမ်းပါပဲ ။ ဒီလမ်းကို သိရက်နဲ့ ဘာကြောင့်မလျှောက်ဖြစ်တာပါလိမ့် အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတွေကို မြင်ရတွေ့ရတာ စိတ်မချမ်းသာစရာပဲ ကွဲတဲ့သူ ခလေး ၂ယောက်လောက်နဲ့ စီးပွားရေး အဆင်မပြေတဲ့သူတွေ ။ အဲ့တာကြောင့် အဲ့လမ်းကိုမလျှောက်ဖြစ်တာမဟုတ်ပါဘူးလို့း) လျှောက်ချင်ပေမယ့် ခု ချိန်ထိ လမ်းမဖောက်ရသေးလို့။

လမ်းဖောက်ဖို့ကလည်း ဘော်လီစာကြီးလည်းမရှိ လူငှားနဲ့လည်း အဆင်မပြေ တော်ကြာ သူ့ပါသာသူဖောက် သူ့ပါသာသူ လျှောက်သွားမှ ပလန်လက် ပက်လန်တွေ လန်ကုန်အုံးမယ် ။ တကယ်တော့ ကိုယ့်အခြေနေကလည်း မိန်းမတစ်ယောက် ယုံကြည် နိုင်လောက်တဲ့ အနေထားမရှိသေးတာလည်း အမှန်ပါ ။ ပိန်ညှောင်ညှောင် ပျော့စိစိ ကျနော့်လိုကောင်မျိုးကို ဘယ်သမီးရှင်ကမှလည်း ဒီကောင် ဘာကြောမှမတင်းဘူးလို့ တွေးမိကြမှာ အမှန်ပါပဲ ။ မိဘနောက်ခံကလည်း အငယ်ဆူုံးသားလေးမို့ သမီးရှင်တွေ ကိုစိန်တစ်ဆင်စာ ငွေ ၇ အိတ် ( ကြွတ်ကြွတ်အိတ် ) နဲ့ တင်တောင်းနိုင်မှာမဟုတ်ဘူုး ဆိုတော့ အင်း..... တော်ပါပြီ အမေရာ ကျနော့်ပါသာ အေးဆေးနေမယ်လို့ ခပ်တင်းတင်းလေးနဲ့ ပြောလိုက်တယ်း) စိတ်ထဲကတော့ အင်း မိန်းမတော့ ယူအုံးမှလို့ ။အသွင်တူ မတူဆိုတာကတော့ သိပါဘူး ကျနော် ညစ်ပတ်တိုင်း သူလိုက်ညစ်ပတ်ရင်တော့မဟုတ်သေးဘူးလေ အိပ်ရေးကြီးတိုင်းသာ သူလည်း အိပ်ရေးကြီးရင် ဒီလင်းမယား အားတိုင်းအိပ်နေတယ်ဆိုပြီး ပတ်ဝန်းကျင်က 90 ဒီဂရီလောက်စောင်းပြီး မြင်ကြမှာကလည်း မလွဲဧကန်ပေါ့ ။

မျှစ်ကြိုက်တတ်တဲ့ သူနဲ့ ဗိုက်အောက်တတ်တဲ့ ကျနော်ကလည်းမဖြစ်သေး ။ ငါးပိကြိုက်တတ်တဲ့ကျနော်နဲ့ အနံ့ဆိုးဆိုးတွေရရင် ခေါင်းမူးတတ်တဲ့ သူက ပြဒါးတလမ်း သံတလမ်း ။ ပိန်တဲ့ ကျနော်နဲ့ ၀ချင်လာတဲ့သူ ခင်ဗျား ထမင်းလျှော့စားတော့ ၀ရင် မကြိုက်ဘူးလို့ ပြောတိုင်း ထမင်းများများစားစမ်းပါ 7 ရက် ထမင်းမစားရတဲ့ ဒီလိုဗလမျိုးနဲ့ ဘယ်လိုများ အားကိုးရမလဲလို့ ပြန်ချေပမှာကတော့ ကျိန်းသေပါပဲ ။တစ်ယောက်စိတ်ဆိုးတိုင်း ဘယ်သူက အရင်စချော့ရမလဲဆိုတာ မသိတာချင်းလည်း တူတယ် ။ အဖြူရောင်ကြိုက်တာချင်း တူသလို ကော်ဖီကြိုက်တာချင်းလည်းတူတယ် ခလေးလိုချင်တာချင်း လည်းတူပေမယ့် တစ်ယောက်ပဲ လိုချင်တဲ့သူနဲ့ အမွှာပူး လိုချင်တဲ့ကျနော် ဘယ်ဆီနေမှန်းမသိတဲ့ မုန့်ဆီကြော်ကို နှုတ်ခမ်းသပ်နေတဲ့ ကြောင်အိုကြီးအဖြစ်နဲ့ တူနေသလိုပဲး) ။အိမ်ထောင်ပြုဖို့ကတော့ မြန်မာပြည်မှာ လမ်းတံတားတွေဆောက်သလိုမျိုးပေါ့ ရေရှည်စီမံကိန်းပါ ။ တည်မြဲတယ်ဆိုတာ မတည်မြဲခြင်းတစ်ခုတည်းရှိတာမို့ ဘယ်အရာကိုမှ အချစ်တွေ အနှစ်တွေဆိုတာကိုလည်း ပုံသေမတွက်ထားတော့ပါဘူး အိမ်ထောင်တော့ပြုမယ် တူတာတွေမတူတာတွေ နောင်ခါလာ နောင်ခါဈေးပေါ့ ဒီလို ညှိညှိရင်း နောက်ဆုံးတော့ လုံးပါးပါးသွားကြမှာပါပဲ ။ နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ ချစ်ခြင်းတွေ တူဖို့ပါပဲလေ ဟုတ်တယ်မှတ်လား ။

ပြောမယ့်သာ ပြောရတာ ကျနော့်ရဲ့ နှစ်ရှည်စီမံကိန်းက ကိုလင်းဒီပ ရဲ့ ညစာစားပွဲ ကဗျာထဲကလို ““သုံးဆယ်ကျော်မှာ ကျွန်တော်တို့က ဘဝကို နည်းနည်း ရိပ်မိလာသလိုပဲ ”” အင်း အဲ့လိုရိပ်မလို့ အခြေနေမဟန်ဘူး အမြန်ယူမှလို့ ဆုံးဖြတ်လိုက်ရင်တော့ ကျနော်လည်း ၃၀ ကျော် သူလည်း ခေါင်းတွေဖြူလောက်ပြီး ။ ဟဲလေး သီချင်းထဲက စာသားအဆိုင်းဆိုရင်တော့ ဘာဖြစ်ဖြစ်ချစ်တယ် ဆံပင်တွေဖြူလည်းပဲ ချစ်တယ် ဆံပင်တွေမရှိလည်းပဲချစ်တယ် ။

တကယ်တော့ဒီပို့စ်က အိမ်ထောင်ရှင် ဘလော့ဂါများအတွက်သာ ရေးဖို့ကောင်းတဲ့ပို့စ်လေးပါ အစ်မသက်ဝေ စလိုက်တဲ့ ဒီပို့စ်လေးကို အရမ်း(အရမ်း) ခင်ရတဲ့ အစ်မကြီးစန်ဒါက ကြောင်ကလေး ရေ ရေးပေးပါဆိုလို့ ၀ မရှိပဲ ၀ိ လုပ်လိုက်ပါတယ်ခင်ဗျား ကျေးဇူးပါ အစ်မကြီးရေ ၀ိ လုပ်ခွင့်ပေးတဲ့အတွက် :P ။

15 comments:

သက်ဝေ said...

ဝ လေး ရှိလာတဲ့ အခါကျရင် တခါ ထပ်တက်ဂ်မယ် မောင်မျိုးရေ....
အဲ့ကျ တခါ ထပ်ရေးပေးနော်...း))

နေ၀သန် said...

လူပျိုကြီးများ သိပ်တွေးတာပဲ... မတွေးနဲ့ ယူသာယူပစ်.. .ဟားဟား...


ခင်မင်တဲ့
နေ၀သန်

အိမ့်ချမ်းမြေ့ said...

မောင်လေး..

လမ်းဖောက်ဖို့ကလည်း ဘော်လီစာကြီးလည်းမရှိ ဆိုတာထဲက..
ဘော်လီစာ ဆိုတာဘာလည်း..

နော်လီဇာနဲ့ အသံထွက်ဆင်တယ်နော်။

Anonymous said...

စာဖတ်ပြီးတော့ ရယ်နေရတယ်း)))))))))))))
ကံကောင်းပါစေ

နွေးနေခြည် said...

ယူရင်လည်း မြန်မြန်ယူပါ။
သူများ ရွေးကျတွေပဲ ရနေဦးမယ်.. အဟိ :D

:P said...

ဝ မရှိပဲ ထ လုပ်ပလိုက်တယ်ပေါ့....။
ဘုန်းကြီးဝတ်ဖို့ စိတ်ကူးမရှိဘူးဆိုရင် ယူမယ့်ဟာ မြန်မြန်သာယူပါ..။ စဉ်းစားနေရင် ဟင်းစားထဲ ပါသွားမယ်။ စောစောယူထားရင် စောစော အဖတ်တင်တယ်။ မြှောက်ပေးတာမဟုတ်..အတည်...။

:P said...

ပြောဖို့မေ့နေလို့...
ကြွားချင်လျက်လက်လာတို့ပြီး တဂ်တဲ့..မစန်ဒါကြီးကို ကျေးဇူးတင်လိုက်စမ်းဘာာာာာာာ :P

ဖိုးတုတ် said...

အင်း .....

လူပျိုကြီး ရဲ့ ဒုက္ခပေါ့

ကျွန်တော်ပြောချင်တဲ့ ကျွန်တော်တို.အရပ်က ဘလော့ဂါ အပျိုကြီး ရဲ့ အဖြစ်မျိုးနဲ.တူနေမလားမသိဖူး

ရှေးခေတ်က အပျိုကြီးတွေက ရွေးရင်းရွေးရင်း အရွယ်လွန်သွားတော့ သနပ်ခါးသွေးရင်း ရတာယူမယ် ၊ ရတာယူမယ်ပေါ့ ၊ လူတိုင်းသိပြီးမို. အသေးစိတ်မရေးတော့ပါဘူး ၊

ကျွန်တော်ရေးချင်တာက modern ဘလော့ဂါ အပျိုကြီးတွေကတော့ အရွယ်လွန်သွားတော့ သနပ်ခါး မသွေးတော့ဖူး ၊ ကျောက်ပြင်နဲ. သနပ်ခါးအစား ကွန်ပြူတာ keyboard မှာ လက်တင်ပြီး မစွံတော့ ဒေါသထွက်ထွက်နဲ. ဖတ်သူရှိ မရှိ ရိုက်တယ်၊ ရိုက်တယ်ဆိုပြီး စာတွေ ရိုက်နေတော့တာပဲ ၊ ရိုက်တယ်- ရတာယူမယ်ဆိုပြီး ပို.စ်တွေတင်တော့တာပဲ ငါးဟင်းချက်နည်းတွေ ၊ ကိုးရီးယား မင်းသားသေတဲ့ အကြောင်းတွေ ဟုတ်မဟုတ် ရေးနေတော့တာပဲ

မောင်မျိုးက အသက် ၃၀ ကျော်လား ၊ အသက် ၃၀ ကျော်ဆိုတာ ၃၉ နှစ်အထိ အကျုံးဝင်တယ်နော် ၊ ယောကျာင်္း အသက် ၃၀ ကျော်ဆိုတာ သိပ်ဟိုင်းတယ်လို. မဆိုနိုင်ပါဘူး ၊

မောင်မျိုးတစ်ယောက် မြန်မြန်စွံပါစေဗျာ

ကျွန်တော်တို.အရပ်က အပျိုကြီးလည်း မြန်မြန်စွံပါစေ

ကျန်းမာ ရွှင်လန်းကြပါစေ

nu-san said...

မောင်မျိုးရေ.. တခါတလေ အရမ်းစဉ်းစားလွန်းရင်လည်း မကောင်းဘူး မောင်လေးရေ.. တော်ကြာနေ ကြားဖူးတယ် မဟုတ်လား.. ဖူးစာဆိုတာ ဦးရာလူပါဆိုတာလေ.. နောက်ကားတွေ ကျော်မတက်ခင် ခပ်သွက်သွက်လေး လုပ်ထားနော်.. အဲဒီအခါကျရင် အမတို့လည်း မမေ့နဲ့.. ဖိတ်စာပို့ဖို့ :)))

ကိုအောင် said...

ငရုတ်သီးဟာ မစပ်ပါဘူး စားသာ စားကြည့်လိုက်ပါ ...း)

blackroze said...

မောင်မျိုးရေ....ဒွတ်ခရှာတော့မယ်ပေါ့လေ
ငရုတ်သီးစပ်ပေမဲ့ကြိုက်တဲ့သူကတော့
ကြိုက်နေတာပါဘဲ...

~ဏီလင်းညို~ said...

မောင်မျိုးရေ......

စာလေးဖတ်ရင်းပြုံးနေမိတယ်.....။
မလေး......မေးသွားသလို.....ကိုဏီလည်း.....မေးချင်တာဗျ.......း))

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

:P said...

အစပ်လေးပါတော့ ထမင်းမြိန်သကွဲ့

tachatha said...

replica bags bangkok replica bags canada replica bags ebay

soosmeyn said...

replica bags china GIQZ replica designer bags EMTBV best replica bags online AMOW

LinkWithin

Related Posts Plugin for WordPress, Blogger...