ဗျူးမယ်... ဘယ်သူနဲ့ ဗျူးမှာလဲ ဘယ်သူက ဗျူးမှာလဲ ဘာတွေမေးမှာလဲ ဘာတွေဖြေရမှာလဲ ...မသိပါ ။ သေချာတာက မေးတဲ့သူကတော့ အူကြောင်ကြောင်ပါ ဒီကောင်နဲ့က ငယ်ပေါင်းတွေမို့သာ စိတ်ရှည်လက်ရှည် ဖြေပေးလိုက်ပါတယ်း) ဘာတဲ့ စလီဗျစ်တီ တွေမှ ဗျူးခံရတာမဟုတ်ပါ ကိုယ်လည်း ဗျူးခံရပါတယ် ။
မေး= Blog ဆိုတာကို ဘယ်အချိန်လောက်ကသိပြီး ဘယ်လိုစဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ ။
ဖြေ = Blog ကိုသိတာ ၂၀၀၇ လောက်ကပါ အဲ့တုန်းက စာတောင်မရိုက်တတ်သေးတော့ စာတွေပဲလိုက်ဖတ်တာပေါ့ မနိုင်း ၊ မအိမ့် တို့ ဘလော့တွေကို အချိန်ပြည့်ဖွင့်ထားတတ်ပြီး စာဟောင်းတွေပြန်မွှေဖတ်ဖြစ်တယ် ။ စာတွေဖတ်ရင်း စာလည်းရေးချင်စိတ်တော့ဖြစ်မိပါရဲ့ ဒါမယ့် ဘာရေးမလဲ ကိုယ့်ပါသာပြန်မေးတော့ ဘာရေးရမှန်းမသိဘူး ဘလော့လည်းလုပ်မတတ်သေးဘူး စာတွေလိုက်ဖတ်ရင်း ကိုသင်္ကြန်ကြီး နဲ့အပြင်မှာပါဆုံဖြစ်တော့ အစ်ကို ကဘလော့ရေးမလားလို့မေးပါတယ် ရေးချင်တယ်လို့ပြောလိုက်မိတယ် အဲ့တုန်းကလည်း ဘလော့ကတော်တော်ပျော်စရာကောင်းပါတယ် ။ ဘလော့ရေးချင်စိတ်ဖြစ်လာအောင် အားပေးတဲ့သူတွေက မဂျစ်တူး ၊ မျှားပြာ တို့ပေါ့ အခုတော့ သူတို့လည်း ပျောက်ကုန်ပါပြီးဘလော့လေးလုပ်ပေးပါတယ် ကိုသင်္ကြန်ပါ ။စရေးဖြစ်တာက ၂၀၀၇ နိုဝင်ဘာမှာပါ ။
မေ= အရင်တုန်းက ဘလော့ရေးတာနဲ့ အခု နဲ့ ဘာတွေကွာခြားတယ်လို့ထင်ပါသလဲ ဘာတွေတိုးတက်ပြောင်းလဲလာပြီး ဘာတွေမပြောင်းလဲသေးဘူုးလို့ထင်ပါသလဲ ။
ဖြေ= အင်း....ဥပမာလေးနဲ့ ပြောရရင်တော့ ဘလော့စရေးကာခါစက ချစ်သူစရကာစ သူနဲ့တူုပါတယ် ချစ်သူကိုပဲ အရိပ်တကြည့်ကြည့် စားလည်း ဒီစိတ် သွားလည်း ဒီစိတ် ဘာလေးပဲ လုပ်လုပ် သူ့ကိုစိတ်ထဲရောက်နေတယ်တတ်တယ် သူမရှိရင်ပျင်းတယ် သူ့ကိုလွမ်းတာပေါ့ဗျာ ။ အခုကျတော့ သူက ခလေး ၅ ယောက်လောက်ရသွားတဲ့ ဇနီးမယားနဲ့ သွားတူပြန်ကော သူက ရှင်ကျမ ကိုပစ်ထားတယ် ကျမ မှာဖုန်တတ်နေပြီလို့ ပြောလာရင်လည်း “ ငါအားနေတယ်လို့မင်းထင်လား ” လို့ ခပ်တည်တည်နဲ့ ဟောက်တတ်နေပြီး ။ ရေးချင်တဲ့အခါရေးပြီး မရေးချင်လည်း မရေးဘူးပေါ့ဗျာ ။ သူမရှိရင်တော့ လွမ်းသလိုလိုဖြစ်ပေမယ့် ချစ်သူဘ၀တုန်းကလို တမ်းတမ်းစွဲကြီးမဟုတ်တော့ဘူးပေါ့း) ။ ဘာတွေတိုးတက်လာသလဲဆိုတော့ ကျနော်မဟုတ်တာကို အဟုတ်ရေးတတ်နေပြီး ဟဲဟဲ ။ မပြောင်းလဲသေးတာက ဘာရှိလည်းဆိုတော့ စာလုံးပေါင်းမှားတာပါ အဲ့တာကြောင့် ပရိုဖိုင်မှာပါ တင်ထားရတယ် တော်တော်ကိုမှားတတ်လို့ပါ အခုတော့ နည်းနည်းကြိုးစားပြီးပြင်နေတယ် ။
မေ= ဘာကြောင့် Blog ပြန်ရေးဖြစ်တာပါလဲ တော်တော်ကြာပျောက်သွားသေးတယ်လေ ။
ဖြေ= မနေနိုင်လို့ပါ စာရေးစရှိတဲ့သူက စာမရေးပဲနေရတဲ့အခါ ဆေးလိပ်ဖြတ်ထားတဲ့သူ ဆေးလိပ်ပြန်သောက်ချင်သလိုပေါ့ အရင်တုန်းကတော့ ဘလော့နဲ့ပက်သက်ရင် ရတဲ့မှတ်ချက် တစ်ကြောင်းလေးပဲဖြစ်ဖြစ် ခံစားလွယ်တာ စိတ်ညစ်တတ်တာတွေပါဒါကြောင့်လည်း ပျောက်သွားတာ ။ ဘလော့ မရေးးးးဖြစ်တဲ့အချိန်အတွင်းမှာတော့ စာလေး ၂ပုဒ်ပဲရေးဖြစ်တယ် သံချောင်း နဲ့ မအိမ့်ရဲ့ စာအုပ်ဝေဖန်ချက်လေးအကြောင်း ။ အဲ့တုန်းက ဘယ်လောက်ထိလဲဆို စာရေးချင်စိတ်ပြောပါတယ် ခေါင်မိုးပေါ် ဗန်ဒါသီးကြွေကျတာကိုတောင်စာရေးချင်စိတ်ဖြစ်မိတယ် ။စာပြန်ရေးဖို့ တိုက်တွန်းတာက သူငယ်ချင်း မိုင်ရာ ပါ ။
မေ= အရင်ဘယ်သူ့စာတွေဖတ်ရတာ အားကျမိသလဲ အခုကော ဘယ်လိုစာမျိုးတွေ အဖတ်များပါသလဲ ။
ဖြေ= ကျနော့်ရဲ့အကြိုက်ဆုံး ဘလော့ရေးသူက ကိုကလိုစေးထူး ပါ အခုတော့ သူ့စာတွေမဖတ်ရတာတော်တော်ကြာပြီး ။အခုတော့ ကိုညီလင်းသစ် ဘလော့ကစာတွေတော်တော်ကြိုက်တယ် သိတာမကြာသေးတာမို့ စာဟောင်းတွေအကုန်မွှေနှောက်ဖတ်ပြီး ခြေရာတွေကျန်ခဲ့ဖြစ်ပါတယ် ။ ကဗျာ ဘလော့ဆို လတ်တလော ကိုသက်ထွေး ကဗျာတွေ တအားကြိုက်နေတယ် ။
မေ= ဘလော့ကိုလာဖတ်တဲ့သူတွေ နဲ့ မှတ်ချက်အကြောင်းလေးတွေကော ပြောပြပေးပါအုံး ။
ဖြေ = ကျနော့် ဘလော့က လာဖတ်တဲ့သူနည်းပါတယ် ပုံမှန်မှတ်ချက်ပေးတဲ့သူလည်း ၁၀ ယောက်လောက်ပဲရှိမယ် တစ်ချို့လည်း တိတ်တိတ်လေးပဲဖတ်ပြီး ပြန်သွားကြတဲ့သူတွေလည်းရှိတယ် ။ မှတ်ချက်တွေအတွက်ကျေးဇူးပါ ကိုယ်အပြင်လောကမှာစိတ်ညစ်နေတိုင်း အားဖြစ်စေတာလဲ ဒီမှတ်ချက်လေးတွေကြောင့်ပါ ။ ကျနော်လိုက်ဖတ်ဖြစ်တဲ့ ဘလော့တွေလည်းများပါတယ် ဒါမယ့် ပေးခဲ့မိတဲ့ မှတ်ချက်တွေကတော့ ညံ့တုန်း တစ်ခါတလေ ဆို စာရေးသူပေးချင်တဲ့ မက်ဆေ့ကို မရောက်ပဲ ပေးမိသလိုဖြစ်မှာစိုးလို့ မရေးပဲပြန်ခဲ့တာမျိုးလည်းရှိတယ် ။
မေး= ဘယ်လိုစာတွေရေးဖြစ်သလဲ ဘာအကြောင်းတွေရေးဖြစ်လဲ။
ဖြေ = ဘယ်လိုစာတွေလည်းဆိုတော့ ဖတ်ကြည့်ပေါ့ဗျာ ပေါတောတောတွေများပါတယ် ။ဘာသာပြန်လည်းမတတ်ဘူး ကဗျာလည်း မတတ်ဘူးဆိုတော့ ကိုယ့်အကြောင်း ကိုယ်ပြန်ပြောနေတာတွေကများသွားတယ် ပါစင်နယ်တွေများကုန်ပြီး လျှော့အုံးမှလို့တွေးလိုက်၇င် ရေးစရာတွေမရှိတော့ဘူးး) အဲ့တော့ အများဆုံးရေးဖြစ်တာက ကိုယ့်အကြောင်းကို ကိုယ် ပြန်ပြောပြနေတာပါပဲ သိပ်တော့မခက်ခဲပါဘူး ကိုယ့်အကြောင်း ကိုယ်အသိဆူုံးမှတ်လား ။
မေး= အချစ်အကြောင်းတွေရေးဖြစ်တာက ။
ဖြေ= အဲ့တာကလားး) ဒီလိုပါပဲ ဝေ ဆိုတာလည်းမရှိဘူး မ-- လည်းမရှိဘူး ဘဲကြားမ ဆိုတာလည်း မရှိဘူး ကျနော်ဖတ်ဖူးတဲ့ တွတ်ပီကာတွန်းထဲကလိုပေါ့ ဗိုက်ကလေးက ရွာထဲက အပျိုမလေးတစ်ယောက် ယောက်ျားနောက်လိုက်သွားတိုင်း သူပါ အိမ်ထဲက အိမ်ပြင်မထွက်တော့ဘူးတဲ့ အထင်ခံရလဲ နည်းသလားပေါ့ ကျနော်လည်း အဲ့လိုပဲ ဟဟား ကိုယ်တွေ့တွေလားဆို အင်းး...အဲ လုပ်နေလိုက်တယ် ကျနော်လည်း အထင်ခံရနည်းသလားပေါ့ဗျာ ။
မေး = ဘာအကြောင်း အရေးချင်ဆုံးလဲ
ဖြေ= အမေ့ အကြောင်းပါ ပြီးတော့ ကျနော့်မိသားစုနဲ့ ကျနော့်ရွာကလေးအကြောင်းကို အရေးချင်ဆူုံးပါပဲ ဒါမယ့် ရေးရလောက်အောင်လည်း ကြီးကျယ်ခမ်းနားမှုသိပ်မရှိပါဘူးလေ ။
မေး= ဘလော့ရဲ့ ကောင်းကွက် ဆိုးကွက်တွေကော ဘာများရှိတယ်လို့ထင်ပါသလဲ ။
ဖြေ= ကောင်းကွက်က သူငယ်ချင်းတွေတိုးတယ် ဗဟုသုတတွေများလာတယ် ။ တကယ် ကျနော်က စာကို စာလိုပဲလို့ ရိုးရိုးမဖတ်ပဲ လူကိုပါ တွဲတွဲမြင်တတ်တာပါ ဒါက ကောင်းတဲ့အချက်လား ဆိုးတဲ့အချက်လားမသိတော့ပါဘူး ။ စာကိုဖတ်ရင်း အဲ့ဘလော့က စာရေးတဲ့သူကိုပါ စိတ်ထဲရင်း၂နှီးဖြစ်တတ်တာမျိုး တစ်ချို့ဆို အပြင်မှာပါ တကယ့်သူငယ်ချင်းတွေလို ခင်တတ်ကြတဲ့ သူငယ်ချင်းတွေ အစ်ကိုတွေလည်းရှိပါတယ် အဲ့အတွက် ဘလော့ရေးရတာ ပျော်ပ်ါတယ် ၀မ်းလည်းဝမ်းသာတယ် ဆိုးကွက်လား မျက်စိညောင်း ခါးကိုက် အိပ်ရေးပျက် ပါတယ်း) ။
မေး= သူငယ်ချင်းတွေကို ဘာများပြောချင်ပါသေးလဲ
ဖြေ= လိမ်မာရစ်ကြပါလို့း)))))
ကျနော့်ကို ဗျူးတဲ့ သူက ဒီကောင် ပါ ။ အမှန်တော့ ဒါက အကြံနဲ့ သူငယ်ချင်းတွေ ကို စပ်စုချင်လို့ပါ ခေတ်ကာလကြီးမကောင်းတာတောင် စပ်စုချင်သေးတယ်လို့မပြောပါနဲ့ ၀ါသနာမို့ပါ ကျနော့်ပါသာ ကျနော်မေးထားတဲ့ မေးခွန်းတွေထဲက ဖြေလို့ ရသလောက် ဖြေပေးစေချင်ပါတယ် ။
Tag ပါတယ်ခင်ဗျားး -------------- ကိုညီလင်းသစ် ၊ကိုဇော် ၊ မိုးယံ ၊ငွေလမင်း ၊ ကိုမောင်လေး ၊ ကိုအုပ်ကြီး ၊ နေ၀သန် ၊ညီသူအိမ် ၊မိုးခါး တို့ပါ လင့်တွေထည့်ရပျင်းလို့ မထည့်တော့ပါဘူး အဆင်ပြေရင် ရေးပေးပါ ကျေးဇူးတင်ပါတယ် ။

15 comments:
ဟယ်...မယ်မျိုး တဂ်ပြီဆိုရင် ပါလေရာ ငါးပိချက်က ငါဖြစ်နေတာကိုး.. အဟတ်ဟတ်... စပ်စုချင်တယ်ဆိုတော့လဲ...မနု က ရေးပြရ။ အဲ ဟုတ်ပါဘူး မိုးယံက ရေးပြရဦးမှာပေါ့လေ.. ငှင်းငှင်းငှင်း
ဟင် ကိုမောင်မျိုးက ဗျူးတဲ့သူက ဘယ်သူလဲမှတ်တာ...
လက်စသတ်တော့ ကိုမိုးယံ ပြောပြောနေတဲ့ မယ်မျိုး ဆိုတဲ့ တစ်ယောက်ကိုး ဟီးဟီး
အရမ်းကောင်းတဲ့အင်တာဗျူးလေး အားပေးသွားတယ်အကိုရေ..
ကောင်းသောနေ့လေးဖြစ်ပါစေ။
လိမ္မာရစ်ကြပါဆိုတာ သေတော့မယ်သူတွေ မှာတာကွ.. မင်းကသေတော့မလား.. :P
ခင်မင်လျက်
နေ၀ဿန်
အဲ...ဗျူးရမှာက ကိုယ့်ဘာသာလား....ကောင်းပါ့....၊
ဘာရေးရမှန်းမသိတာနဲ့ ......:P
ဗျူးတဲ့ထဲမှာ ဘာလို့ လူပျိုကြီးဖြစ်တာလဲ မပါဘူး.
:P :P :P
ဟုတ်ပ...စာရေးနေကျလူဟာ ဆေးသမားလိုပဲ စာမရေးရရင် နေလို့ထိုင်လို့ သိပ်မကောင်းဘူး...အလုပ်လုပ်ဖို့ စက်ဖွင့်လိုက်ရင် ဘလော့ဘက်ပဲ ရောက်ရောက်သွားတယ်...အရေးကြီးတာတွေ ဘာသာပြန်ဖို့ ရေးဖို့ထက် ကိုယ်ရေးကိုယ်တာဘက်ပဲ များများသွားတယ်...ဒါပေမယ့် ကျန်တဲ့ဝါသနာထက် စာရေးတဲ့ဝါသနာက ဘေးကင်းပါတယ်လေ...Hold on, buckle up, fella...
ဗျူးတဲ့သူကလည်းဗျူးတတ်... ဖြေတဲ့သူကလည်းဖြေတတ် ... ဆိုတော့ ဖတ်ရတာ အရသာရှိသဗျ ... ... ;) ... ဗျူးသူနဲ့ဖြေသူ ကလောင်တူနေသယောင်ယောင် ... ;)
ပြုံးပျော်သွားပါတယ် .။
ခင်မင်လျက် ..
အယ်ကို
ကိုယ့်ကိုကိုယ်လည်းဗျူး... သူများတွေကိုလည်း ဗျူးချင်တယ်ဆိုပါတော့...
အင်း..ဒါ့ကြောင့် စဖတ်လာကတည်းက တမျိုးပါလို့..၊း) မေးခွန်းတွေနဲ့ အဖြေတွေက သေသပ်ကျနလွန်းတော့ စာနဲ့မေး စာနဲ့ဖြေတဲ့ ဗျူးများလားတောင် ထင်မိသေး..၊ ဒီလိုပုံစံလေးနဲ့ ဆိုတော့လည်း စိတ်ဝင်စားစရာ ကောင်းတာပေါ့ညီရ..၊ ကိုယ့်အကြောင်း ကိုယ်ရေးတာ လည်း ကောင်းတာပါပဲ၊ ကိုယ့်စာဟာ ကိုယ့်တာဝန်ဆိုတော့ ကိုယ့်ကိုယ်ကို တာဝန်ယူပြီးသား ဖြစ်တာပေါ့၊ ရေးလည်း ရေးသင့်တဲ့ အကြောင်းအရာလေးမို့ ရေးရသေးတာပေါ့ဗျာ..နော။း)
မောင်မျိုးရဲ့မောင်မျိုးပေါ့
အင်တာဗျုးအစီအစဉ်လေးက သိပ်ကောင်းပါတယ်။
မောင်မျိုးရဲ့ ရိုးသားတဲ့ စာလေးတွေကို မကြာခဏ လာဖတ်ဖြစ်ပေမယ့် မှတ်ချက်မရေးဖြစ်ခဲ့တာတွေရှိပါတယ်။ ခရမ်းရောင်အိုးပုတ်ပန်းတွေအကြောင်း ရွာအကြောင်းလေးတွေကို များများဆက်ရေးပါ လို့ တိုက်တွန်းချင်ပါတယ်။ ကြီးကျယ်ခန်းနားမှုဆိုတာက သတ်မှတ်ချက်တွေသာ မဟုတ်လား။
ဟုတ် ဘကြီး လိမ္မာရစ်ပါမယ်..
အဲလေ ရွာက ဘကြီးခရီးထွက်ခါနီး မှာတဲ့လေသံနဲ့တူလို့ မှားသွားတယ်..
မောင်မျိုးကို ဗျူးဖို့စိတ်ကူးရတဲ့သူကို ချီးကျူးရမယ်နော်
မေးခွန်းကောင်းတွေ မေးတတ်လို့..
သတင်းထောက်လေး အင်တာဗျူးဝါလေး ဘာလေး လုပ်ပါလို့ လမ်းကြုံရင်ပြောပေးပါလား။
ကဒါဖီ သတင်းတွေ အာရပ်ကမ္ဘာအရေးအခင်းက သတင်းတွေ သွားယူခိုင်းမလို့ပါး)
ကျည်ဆန်မှန်ရင်တော့မသိ..
မောင်မျိုးရဲ့ ပေါ့ပေါ့ပါးပါးနဲ့ ရေးတတ်တဲ့စာလေးတွေက တစ်မျိုးဆွဲဆောင်မှုကောင်းနေတာမို့ ဟန်ဆောင်မှုမပါဘဲ စာရေးတတ်သူလို့ နားလည်လက်ခံပါတယ်။ အများကြီးရေးပါဦးလို့
သြော်
ငါ့နှယ်
ဗျူးသူက ဒီကောင်ဆိုလို့ ဘယ်ကောင်လဲ သွားကြည့်တာ ဒင်းကိုး .. :P
ကို ဗိုက်ကလေး
ရွာထဲမှာ အပျိုတွေ ပျောက်ပျောက်သွားတိုင်း ပုန်းနေတတ်တုန်းလား :P
ဒါနဲ့ အမှန်အတိုင်း အဟုတ်တိုင်း ဖြေရမှာလား
မဟုတ်တာ အဟုတ်လုပ်ပြီး အဗျူးခံရမှာလား
နင်သွားလိုက်တော့ လို့တော့ မပြောနဲ့ပေါ့ဟာ :P
ဟင် . .ဘလော့နဲ့ အဆက်ပြတ်နေပြီး အခုမှ ပြန်ဝင်တာနဲ့ တန်းပြီးတော့ တဂ်ပို့စ် မိတော့တာပဲ။
ခဏစောင့် . . . စိတ်လေး နည်းနည်း ငြိမ်တာနဲ့ ရေးပေးမယ်။
ကိုမျိုး ..
ကဗျာတွေကြိုက်တယ်ဆိုတဲ့ အတွက် ကျေးဇူးအထူး။
ဘလော့ကို သဘောထားပုံ သဘောကျတယ်။ အရင်ကချစ်သူ အခုကလေးအမေဆိုပဲ။ ကလေးတောင် ၅ ယောက်တဲ့ .. တော်တော်သွက်တဲ့ ကိုမျိုး .. ဒီရုပ်နဲ့ မထင်ရဘူး :P
ဘာမှမဖြစ်ပါဘူးဗျ .. စာရေးတာပဲ .. အကြောင်းအရာများများ ရေးနိုင်မှမဟုတ်ပါဘူး .. personal ပဲဖြစ်ဖြစ် သီးခြားခွဲထွက်တဲ့ theme နဲ့ပဲဖြစ်ဖြစ် .. ကိုယ့်ခံစားချက်တစ်စုံတစ်ရာက တစ်ပါးသူကို ကူးစက်နိုင်ဖို့ပဲ လိုတာပါ။
စာတွေရေးပြီး ပျော်ရွှင်ပါစေ ကိုမျိုးရေ
Post a Comment