Tuesday, March 1, 2011

Aum Patcharapa (อั้ม พัชราภา )


အမ့် ...သူမနာမည်အတိုကောက်ပါ သူ့ဇတ်ကားတွေကြည့် သူ့ကြော်ငြာတွေကြည့်ပေမယ့် သူ့ကိုသိပ်မကြိုက်ပါဘူး ။ ဒါပေမယ့် ဒီနှစ်ပိုင်းအတွင်း သူ့သတင်းတွေ သူ့ကြော်ငြာတွေ အင်တာဗျူးတွေ တော်တော်ကိုကြည့်နေရတာနဲ့ သတိထားကြည့်မိလာတာ ပြီးတော့ ထိုင်းသူငယ်ချင်းတွေကိုမေးကြည့်တယ် ငါတို့ မြန်မာပြည်မှာဆိုရင်တော့ နာမည်အကြီးဆုံးမင်းသမီးဆိုရင် ဘယ်သူပေါ့ ဒီမှာကော အဲ့တာမျိုးရှိလား မေးဖြစ်ပါတယ် သူတို့မဆိုင်းမတွဖြေတာကတော့ “အမ့်” ပါပဲ ဘာကြောင့်လဲ ထိုင်းလို မင်းသမီးပေါတဲ့ နိုင်ငံလိုမျိုးမှာ သူ့ကိုပဲ ဘာကြောင့် နာမည်အကြီးဆုံးလို့ပြောကြတာပါလိမ့် ။ တကယ်ပါ ထိုင်းမှာ တော်တော်ကို အနုပညာရှင်ပေါပါတယ် အဆိုတော်လည်း မင်းသမီးလုပ်လိုက်တာပါ သူတို့ဆီက ဇတ်ပို့ဇတ်ရံတွေကအစ တော်တော်ကြီးကို လှကြပါတယ်။

ဘာကြောင့် နာမည်အကြီးဆုံးလဲဆိုတဲ့ အဖြေကိုတော့ ကျနော်ရှာဖွေတွေ့ရှိသွားတာက လက်ရှိမင်းသမီးတွေ အားလုံးထဲမှာ “အမ့်” က sexy မဖြစ်ဆုံးပါပဲတဲ့ သူ့ထက်လှတဲ့သူတွေလည်း ရှိပါတယ်တဲ့ ဒါပေမယ့် ပရိသတ် အားလုံးလက်ခံထားတာက အမ့် က ငိုရင်လည်း sexy ဖြစ်တယ် အဆိုးဆုံး ပြုတ်ကျရင်တောင် sexy ဖြစ်ပါတယ်တဲ့ ။ သူတို့ဆီမှာ sexy ဆိုတဲ့စကားတော်တော်ကို သုံးပါတယ် ဥပမာ ဒီနေ့လန်းလန်းလေးဝတ်ခဲ့တယ်ဆိုရင်တော့ ဒီနေ့ တကယ်ပဲ sexy ဖြစ်နေတယ်နော် လို့ စတတ်နောက်တတ်ကြပါတယ် ဥပမာ ရင်ဟိုက်အင်္ကျီမျိုး ခါးတိုအင်္ကျီမျိုးတွေ ၀တ်လာတဲ့ အခါကျရင်ပေါ့ ။

အမ့်” က အသက် ၃၃ နှစ်ရှိပါပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအမှတ်တံဆိပ်တွေဖြစ်တဲ့ Mistine , SunSilk တို့လို အလှအပအသုံးဆောင်တွေမှာတော့ သူမက ပင်တိုင်မော်ဒယ်ပါပဲ ။ ဒီမင်းသမီးဟာ ထိုင်းရဲ့နံပါတ်တစ်မင်းသမီးလို့ လူတိုင်းက လတ်တလောမှာတော့ သတ်မှတ်ခံထားရပါတယ် ။ သူမ ကိုယ်တိုင်ဖွင့်ပြောတာကတော့ “ ကျမ ထင်တာကတော့ ကျမ ဟာသာမန် မိန်းခလေးတစ်ဦးပါ sexy ဖြစ်အောင် နေတာမျိုး အထင်ခံရအောင်မျိုး ကျမ နေတာမဟုတ်ပါဘူး တကယ်ပါ အိမ်မှာဆို ကျမ ဖြစ်သလိုပဲနေနေတာ ဒါက လူတွေသတ်မှတ်ချက်တစ်ခုပါ မိန်းခလေးတိုင်း sexy ဖြစ်နိုင်တာပဲ ထိုင်းနိုင်ငံရဲ့ နံပါတ်တစ်မင်းသမီး ဆိုတာလည်း မင်းသမီးတိုင်းဖြစ်နိုင်တဲ့အရာပါ ကျမ ကိုယ် ကျမတော့ သာမန်မင်းသမီးတစ်လက်လို့ပဲ သတ်မှတ်ပါတယ် ” တဲ့ ။

ဘယ်လောက်ထိတောင်လဲဆိုရင် အင်တာဗျူးတစ်ခုမှာ ကြည့်လိုက်ရပါတယ် ရုပ်သံဇတ်လမ်းတွဲတစ်ခုပြီးကာနီးတိုင်း အဲ့ဇတ်ကားမှာပါတဲ့ မင်းသား မင်းသမီးတွေ အားလုံးကို အင်တာဗျူးတဲ့ အစီစဉ်ပါ ။ သူတို့ရိုက်တဲ့ဇတ်ကားက အက်ရှင်ဇတ်ကားပါ အဲ့မှာ မင်းသားက မင်းသမီးကို ဆိုင်ကယ်ပေါ်တင်ပြီး စွန့်စားပြရတဲ့ အခန်းကိုပြန်ပြရင်း မင်းသားပြောတာက “ ကျနော် အဲ့အချိန်မှာ တကယ်ပဲ ဖိအားတွေများနေခဲ့တယ် ငါ့နောက်မှာ လိုက်စီးနေတာ ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံးမင်းသမီးဆိုတဲ့ ဖိအားမျိုးပါ ဒီအချိန်မှာ တစ်ခုခုလွဲချော်သွားရင် ဆိုတဲ့အတွေးနဲ့ ကျနော်ကြောက်နေခဲ့တာ သူက ထိုင်းနိုင်ငံရဲ့ super sexy မင်းသမီးတစ်ယောက်လေ ”တဲ့ ။ သတင်းစာတွေရဲ့ ပထမဆုံးစာမျက်နှာမှာပဲ ထိုင်းမင်းသမီးတွေရဲ့ ရေကူးဝတ်ဆုံအလှတွေက နေ့တိုင်းမှာပါတယ် ။ “အမ့်” ကတော့ သူ့အောက်နှုတ်ခမ်းကို ကိုက်ပြီး ညှို့ကြည့်ကြည့်နေရင်တော့ သူ့ကိုသိပ်မကြိုက်တဲ့ ကိုယ်တောင် ရင်ထဲက လှပ်ခနဲဖြစ်ဖြစ်သွားတယ် ။

မီဒီယာ အင်အားကောင်းလွန်းတဲ့ ဒီနိုင်ငံမှား သူတို့တွေဟာလည်း နာမည်ကြီးပီပီ မီဒီယာရဲ့ သားကောင်တွေ ဖြစ်ဖြစ်တတ်သွားကြပေမယ့် “အမ့်” ကတော့ အေးဆေးပါပဲ သူမ မဟုတ်ပေမယ့် သူမ ပုံလို့ထင်ရတဲ့ ညစ်ညမ်း ပုံတွေ ထွက်ထွက်လာပေမယ့် အဲ့မေးခွန်းတွေနဲ့ ပက်သက်တဲ့မွေးခွန်းတွေကိုတော့ ပြုံးပြုံးလေးနဲ့သူမပြန်ဖြေတာက “ ကျမ မဟုတ်ဘူးရှင့် သူတို့ဘယ်လိုလုပ် လုပ်ကြတာလဲမသိပါဘူး ” တစ်ချို့မေးခွန်းတွေကိုလည်း “အဲ့တာက ခုမပြောသေးတာပဲ ကောင်းမယ်ထင်တယ် နောက်တော့ ပြောပြပါ့မယ် သေချာရင်ပေါ့ ” ဒီလိုလှလှပပလေး မဖြေချင်တဲ့ မေးခွန်းတွေကိုလည်း ရှောင်တတ်ပါတယ် ။သူမ နာမည်ကြီးရခြင်းရဲ့ အမှတ်သားဖြစ်တဲ့ sexy နဲ့ ပက်သက်တဲ့ ဆုတွေကိုတော့ 2006 ခုနှစ်မှာတော့ All time sexiest woman in Thailand ဆုနဲ့ 2009 The sexiest woman and sexiest forever in Thailand ဆုတွေ ရရှိခဲ့ပါတယ် တစ်ခြားရုပ်ရှင်ထူးချွန်ဆုတွေ မော်ဒယ်ဆုတွေလည်း အများကြီးရထားတဲ့ မင်းသမီးပါ ။သူမရဲ့ အပါတော်မြဲ ချစ်သူကတော့ သူမသွားလေရောက်နောက် တကောက်ကောက်နဲ့ပေါ့ သူမချစ်သူကတော့ အပြင်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ ။


အမ့်” ရဲ့ ချစ်စရာကောင်းတဲ့ ကြော်ငြာလေးတစ်ခုကိုလည်း တင်ပေးလိုက်ပါတယ် ။
သူမ sexy ဖြစ်မဖြစ်ကိုတော့ ကိုယ်တိုင်ပဲကြည့်ကြပါတော့ :)

မှတ်ချက် ။ ။ “အမ့်” အကြောင်း ကျနော် ကြားမိသလောက် နားထောင်မိ ကြည့်မိသလောက်ပဲရှိတဲ့ အကြောင်းတွေကို ကြိုးစားရေးကြည့်တာပါ သူမအကြောင်းအပြည့်စုံကို ဘာသာပြန်ခြင်းမျိုးမဟုတ်တဲ့အတွက် အမှားပါရင်လည်း နားလည်ပေးနိုင်မယ်ထင်ပါတယ် ကျေးဇူးပါ ။

9 comments:

မိုးယံ said...

ကြိုက်တယ် ကြိုက်တယ်.. နင်မကြိုက်လဲနေ ငါတော့ ကြိုက်တယ်ဟေ့.. စက်ဆီဖြစ်ပဲ ပဲဆီ နှမ်းဆီ ဖြစ်ဖြစ် အသုံးတော့ တည့်ပါတယ်။ ကိုယ့်မှာတောင် မရှိဆိုတော့ ရလျှင် လိုချင် ပါ၏။

ညီလင်းသစ် said...

မီဒီယာတွေရဲ့ တွန်းအားနဲ့ လူတိုင်းက ဝိုင်းပြီး အားပေး မြှောက်စားမှုတွေ ရှိပေမယ့် အောက်ခြေမလွတ်တဲ့ စိတ်ဓါတ်လေးက ပိုပြီး sexy ဖြစ်တယ်...၊ တခါတခါကျ အောင်မြင်မှုဒဏ်ကို ခံနိုင်ဖို့က သိပ်မလွယ်ဘူး မဟုတ်လား...။

ညိမ်းနိုင် said...

အကို ထိုင်းရောက်တုန်းက သူကတွေ့ချင်လွန်းလို့ဆိုလို့
သွားတွေ့ရပါရောလား....:)))

စက်ဆီနဲ့ စားအုန်းဆီက ဘာကွာသလဲ....:)

အုပ်ကြီး said...

သူ့ကိုသိပ်မကြိုက်တဲ့ ကိုယ်တောင် ရင်ထဲက လှပ်ခနဲဖြစ်သွား၏ .....
:D

ကိုဇော် said...

သြော် . . မကြိုက်ရှာလို့ ဘလော့ပေါ်တောင်မှ တကူးတက တင်ရေးရတော့တယ်။ ကိုယ်တို့ကတော့ သူနဲ့ ပတ်ပတ်သတ်သတ်ကို မနေတာ :D

Maung Myo said...

မိုးယံ...မင်းကတော့ ဒါမျိုးပြောမယ်ဆိုတာ ငါသိသားပဲး)

ကိုညီ....အစ်ကိုပြောတာဟုတ်တယ် သူက ကြံ့ကြံ့ခံနိုင်တဲ့ မင်းသမီးတစ်လက်ပဲ ဒါကြောင့်ထိပ်ဆုံးရောက်နေတာဖြစ်မယ် တစ်ချို့ဆို အင်တာဗျုးတွေမှာ ငိုပြီး မဟုတ်တဲ့အကြောင်းရှင်းပြတတ်တယ် သူကတော့ အေးဆေးပဲ လေးစားဖို့ကောင်းတယ် ။

မောင်လေး..... ယုံပါဘုးကွယ် မောင်လေး ညာတာပဲဖြစ်ရမယ် ဟဲဟဲ

ကိုအုပ်...လှောင်တာလား ပြောင်တာလား ဟွန်း ဟွန်း

ကိုဇော်...ဟဟား အဲ့အပြောတွေကြိုက်တယ်ဗျာ ဒါကြောင့်လည်း အပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကိုထိန်းထားတာပေါ့း) အယ်လေ လူပျိုကြီးပြောတာ ။

Anonymous said...

ကိုမျိုး
ကျွန်တော်သိတာဆိုလို့မင်းသမီး Ann ပဲ
သူလည်းအရမ်းနာမည်ကြီးတယ်နော်
Sawang Bing ဆိုတဲ့ဇာတ်လမ်းတွဲကိုရိုက်တဲ့
မင်းသမီးလေ တော်တော်ချောတယ်
မင်းသား Kenနဲ့ဆို အတွဲကညီမှညီ
Ann နဲ့ Kenဖယောင်းရုပ်ထုလည်းရှိတယ်လေ

Maung Myo said...

ဟုတ်တယ် ညီရေ အဲ့မင်းသမီးလည်း ကြည့်ဖူးတယ် သူလည်း လှတာပဲ မျက်နှာသွယ်သွယ်ရှည်၂လေးနဲ့ ပြုံးလိုက်ရင်တော်တော်လှတယ် တရုတ်ဝတ်စုံတွေနဲ့ အလှ၇ိုက်ထားတဲ့ပုံတွေဆိုရင် တရုတ်မလေးတွေနဲ့ တကယ်တူတယ် ။ သူက ထိုင်းလိုက် channel 3 ,5 တို့မှာပါလာတာများတယ် Aum တို့ကတော့ channel 7 က မင်းသမီးပေါ့ ။ မှတ်ချက်လေးအတွက် ကျေးဇူးပါ ။

Anonymous said...

off white outlet
golden goose outlet
black golden goose sneakers

LinkWithin

Related Posts Plugin for WordPress, Blogger...