Wednesday, July 14, 2010

သေခြင်းတရား နဲ့ ချစ်ခြင်း


ပန်းတစ်ပွင့် မျက်ရည် ငိုသံနဲ့
အဆိပ်တောက်မဲ့ အမုန်းတွေကြားမှာ
လူးလိမ့်ရင်း
ဟိုး ခပ်ဝေးဝေးကို ကျနော် မျှော်ငေးကြည့်လိုက်တယ်
အဲ့ဒီ ကျနော့်ရဲ့ နိဗ္ဗာန်ဘုံလေးမှာ
သေခြင်းတရား နဲ့ ချစ်ခြင်းတွေပဲရှိတယ်
ချစ်ခဲ့ဖူးတဲ့ ကောင်မလေးရေ
ဒီမှာ မင်းပေးခဲ့တဲ့ ဒဏ်ရာတွေ ပျောက်ခါနီးတော့
ငါ့ နှလုံးအိမ်ကလည်း လေသံမာမာနဲ့ စကားတစ်ခွန်းပါးလိုက်တယ်
“အချစ်ဆိုတာ တကယ်တော့ တစ်ဘ၀စာလုံးအတွက် အရေးမကြီးပါဘူး” တဲ့
ကဲ ..ချစ်ခဲ့ဖူးသူ မင်းကော ဘယ်လိုထင်လဲ ????



P>S = ကဗျာလို့သာ Label တပ်ထားတာ ကဗျာလည်းမဟုတ်တဲ့ စကားလုံးတွေပါ ဒီနေရာမှာတော့ ရေးချင်တာတွေရေးနေမိတယ် အပြင်မှာ ပြောဖို့နေပူနေလို့း) ။

4 comments:

သိင်္ဂါကျော် said...

“အချစ်ဆိုတာ တကယ်တော့ တစ်ဘ၀စာလုံးအတွက် အရေးမကြီးပါဘူး” တဲ့လား..
သဘောတူတယ်..

blackroze said...

အချစ်ဒွတ်ခမှလဲ..ကင်းဝေးပါစေကွယ်...

ရေသန့်  said...

မှန်လိုက်တာဗျာ အချစ်ဆိုတာနှလုံးအိမ်ကို
အမာရွတ်တွေနဲ့ လှပစေတဲ့  အရာတစ်ခုပါ...

နေ၀သန် said...

မှန်ပါတယ်ဗျာ။ အချစ်ဆိုတာ ဘ၀တစ်ခုလုံးအတွက် အရေးမကြီးပါဘူး။ ဒါပေမယ့် ဘ၀မှာတော့အ ချစ်က ပါဦးမှ...း)))

ခင်မင်တဲ့
နေ၀သန်

LinkWithin

Related Posts Plugin for WordPress, Blogger...