Monday, May 24, 2010

ဖတ်ဖြစ်တဲ့စာအုပ်တွေ

ဟိုးအရင် ဆယ်ကျော်သက်တုန်းကတော့ အချစ်ဝတ္ထုတွေပဲဖတ်ဖြစ်တယ် ဘယ်လောက်တောင်ဆိုးသလဲဆို နောက်ဆုံးစာရွက်ကိုဖတ်ကြည့်လို့မညားဘူးထင်ရင် လုံးဝကိုမဖတ်တား) ။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ရွယ်အရ၊ ဖြတ်သန်းခဲ့တဲ့ဘ၀အတွေ့အကြုံတွေအရ စာအုပ်တွေဖတ်ရင်းနဲ့ပဲ ဘယ်လိုစာအုပ်တွေက ကိုယ့်အတွက် အနှစ်သာရရှိသလဲဆိုတာ ခွဲခြားသိမြင်တတ်သွားတာပါပဲ စာအုပ်ငှားက ၃၀၀ ဆိုရင်တောင် နှာခေါင်းတွန့်တတ်တဲ့ကျနော် ခုတော့ လိုချင်တဲ့စာအုပ်ဆိုရင် ဒီ့ပြင်အသုံးစရိတ်လျှော့ပြီး စာအုပ်တွေစုတတ်နေပါပြီး ။ အခုကျနော်ဝယ်သိမ်းဖြစ် ဖတ်ဖြစ်တဲ့စာအုပ်လေးတွေအကြောင်းပါ ။



ဂျူးစာအုပ်ကို ပထမဆုံးစဖတ်ဖူးတာ အင်တာနက်ကဒေါင်းလုပ်ဆွဲထားတဲ့ “အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ” အကြောင်း ပညာပေးရသပိုင်းဆိုတော့ ဗဟုသုတရတယ် ဆရာမကတော်တော် လေ့လာထားတာပဲလို့ အပေါ်ယံကောက်ချက်ချထားတာ ။ နောက်တစ်အုပ်က သူငယ်ချင်းစာအုပ်ဆိုင်က “သူမင်းကိုဘယ်တော့မှ ” ဆိုတဲ့စာအုပ် ဖတ်ပြီး အရမ်းကြိုက်သွားတယ် ကျနော်တို့ မြို့လေးမှာက ဂျာနယ်ဆိုင်တွေသာများတယ် စာအုပ်ဆိုင်တွေရှားပါတယ် ။ နောက်ထပ် ဆရာမဂျူးရဲ့ စာအုပ်တွေထဲက ကျနော့်အကြိုက်ဆုံးလို့ ပြောလို့ရတဲ့ “ မိန်းမတစ်ယောက်၏ဖွင့်ဟ၀န်ခံချက် ” ဖတ်ပြီးလက်ကမချချင်လောက်အောက်ကိုဖြစ်မိတယ်။ မိုင်ရာ့ သူငယ်ချင်း မဝေတာ ရဲ့စာအုပ် ကောင်းလွန်းလို့ ငှားသွားလိုက်တာ ပြန်တောင်မပေးချင်တော့ဘူးး) ဒါမယ့် ပြန်ပေးလိုက်ပါတယ် ( ဟုတ်တယ်နော် မညာဘူး ပိုင်ရှင်အသိဆုံး) ။ လက်ဆောင်ရတဲ့ နောက်ထပ်စာအုပ်က “ကြာတော့သည်လည်းမောင့်စကား ” ဒါလည်းကောင်းတာပဲ အဲ့ဒီက စပြီး ကျနော် ဂျူးစာအုပ်တွေ စုဖြစ်တာပါ ခုနောက်ဆုံးဖတ်ဖြစ်တဲ့ စာအုပ်က “စောင့်နေမယ်လို့မပြောလိုက်ဘူးတဲ့ ။ နာမည်နဲ့ ဇတ်သိမ်းနဲ့လိုက်တယ် ကြိုက်လည်းကြိုက်တယ် ဇတ်ကောင် တစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်တွေကိုလည်း ကြိုက်တယ် ။

ပုံထဲက နောက်ထပ်ဖတ်ဖြစ်တဲ့ တစ်အုပ်က လူထုဒေါ်အမာရေးတဲ့ သခင်ကိုယ်တော်မှိုင်း စာအုပ် ။မျက်နှာဖုံးကိုက ဆွဲဆောင်မှုရှိနေတာ ဒီစာအုပ်က ရာဇ၀င်နဲ့ လည်နေတာပဲ ခုတော့ ဟိုကောင်လေးင်္ဆီပြန်ရောက်သွားပေါ့ စာအုပ်သူရဲလေးလေ အဖြစ်သည်းနေတာ အတင်းကိုပြန်တောင်းလို့ ပေးလိုက်ရတယ် ။ မစန္ဒာ ရဲ့ ဂျီဟောသူ ကတော့ ကျောင်းသားဘ၀ရဲ့ ပျော်ရွှင်ဖွယ်အကြောင်းရာလေးတွေပါ ကိုယ်လည်း အဆောင်ကျောင်းသာဖြစ်ခဲ့ဖူးတာမို့ တကယ့်ကို အတိတ်ကိုပြန်ပြောင်းအောက်မေ့သွားပါတယ် ။ နောက်တစ်အုပ်က ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး အမျိုးသမီးများအကြောင်း စုံတော့စုံပါတယ် ဒါပေမယ့် တိုနေတယ် ဒီ့ထက်ပြည့်၂စုံ၂ဖတ်ရရင် ကောင်းမှာ စာအုပ်ဈေးကတော်နေတော့လည်း ဒီလောက်ပဲ လာမှာပေါ့လေ ။ အသိတစ်ယောက်ကို လက်ဆောင်ပေးတော့ အဲ့စာအုပ်တွေ့တာ ရုပ်ကြီးက စပ်ဖြီး၂ကြီးဖြစ်သွားတယ် ။ အဲ့...ငါဖတ်တဲ့စာတွေက ကလေးကလားများဆန်နေသလားလို့ စနိုးစနောင့်ဖြစ်သွားတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်တွေက ကိုယ့်အတွက်တော့ အဖော်မွန်ကောင်းပါ ဈေးရောင်းနေရင် ဖတ်နေလို့ သောက်သုံးသူက စိတ်မရှည်ပဲထွက်သွားတာမျိုး ကြုံရသလို ၊ ဟင်းအိုးခဏကြည့်ပေးနေတုန်း စာအုပ်က ကောင်းခန်းရောက်နေလို့ ငန်းနေတာနဲ့ ဟင်းအိုးတူးသွားတာမျိုးတွေလည်း ကြုံဖူးပါတယ် ။ ဘာပဲဖြစ်ဖြစ် စားဖို့လောက်ပဲ အာရုံထားတတ်တဲ့ကျနော် ခုတော့ စာအုပ်တွေ ၀ယ်စုဖြစ်နေပါပြီး စာအုပ်စာပေလူ့မိတ်ဆွေဆိုတာ တကယ့်ကိုမှန်တာပေါ့ ဒါပေမယ့် သူကတော့ ပိုက်ဆံချေးလို့မရပါဘူး :) ။

7 comments:

mirror said...

ဆက်သွယ်ဦး ဟရောင်..

ဝေလေး said...

:)
စာအုပ်တွေဖတ်ချင်တယ်။ ခုတော့ ကွန်ပျူတာမှာပဲ မျက်နှာအပ်ပြီးဖတ်နေရတယ်။ တစ်ခါတစ်လေတော့ စိတ်အဆာပြေ ငှားဖတ်တယ်။

မိုးခါး said...

နောက်ဆုံးစာရွက်ကိုဖတ်ကြည့်လို့မညားဘူးထင်ရင် လုံးဝကိုမဖတ်တာ (အဲလို စိတ်ကြီးတာ :P)
ခု စုထားတယ်ဆိုတော့ နောက်ငှားလို့ရဘီပေါ့ .. :D

ကျောပိုးအိတ် said...

မောင်မျိုးရေ

း)

ကျေးဇူးနော် ... မွေးနေ့ ဆုတောင်းအတွက် ...
ထူးခြားတယ်နော် ဒီမောင်မျိုးက .. မနှစ်က အမ မွေးနေ့ ပြီးတော့ မောင်မျိုးပျောက်သွားတယ် .. ဒီနှစ်အမ မွေးနေ့ မှာ မောင်မျိုး ပြန်ရောက်လာတယ် ..

း)

အမလဲလေ ဂျူးသိပ်ကြိုက်တာ .. တော်တော်များများလဲ စုထားတယ် သိလား ..
မောင်မျိုးပြောတဲ့ စာအုပ် အမ မှာ မရှိသေးဘူး ..

“စောင့်နေမယ်လို့မပြောလိုက်ဘူး
အဲဒါ အမ မဖတ်ရသေးဘူး ..

း)

pandora said...

စာတွေဖတ်တဲ့မောင်မျိုး.. ဘလော့ဂ်လင့်ခ် ကို update လုပ်ထားတယ်

မိုးယံ said...

စာဖတ်ချိန်ရနေတဲ့ လူတွေကို ဆိုရင် မနာလို ဘူး။ တစ်ကယ်။

nyine nyine said...

ဖတ်ရတာအရမ်းကောင်းပါတယ်။ပြည်တွင်းမှာဆိုဝယ်ယူအားပေးချင်ပါတယ်။အခုတော့အွန်လိုင်းကပဲစောင့်မျှော်နေပါတယ်။







LinkWithin

Related Posts Plugin for WordPress, Blogger...