Sunday, May 2, 2010

ရော်နယ်ဗေဗေမောင်မောင်မျိုး


ကမ္ဘာမကျော်ပါ နိုင်ငံမကျော်ပါ
ဒါပေမယ့် ကိုယ်ပိုင်တည်ထောင်ထားတဲ့
ဘ၀ ဘောလုံးပွဲစဉ်မှာတော့
တိုက်စစ်မှူးတစ်ယောက်
အဝေကွင်းမကန်ချင်လို့ အိမ်ကွင်းပြောင်းကန်းတော့
ပရိသတ်က
“ဆာဟာ” လို အသားမဲလို့ 
“ရွန်းနီ”လို ထစ်ခနနဲရှိ ဒေါသထွက်တက်လို့ 
“ဘက်ဟမ်း”လို ရုပ်မချောလို့  ဆိုပြီး
ရေသန်းဘူးနဲ့ ဝိုင်းပေါက်ကြတဲ့အဖြစ်...
တော်ပါပြီး နစ်နာကြေးမယူချင်တော့ဘူး
အိမ်ကွင်းလည်း မဟုတ် အဝေးကွင်းလည်းမဟုတ်တဲ့ ကြားကွင်းရှိရင်ကောင်းမယ်
နည်းပြမရှိ ကွင်လယ်ဒိုင်မရှိ အရန်ကစားသမားမရှိ
အနီကဒ် အ၀ါကဒ်မရှိ
တစ်ယောက်တည်း တစ်ကွင်းလုံးပတ်ပြေးနေမယ်
နောက်ဆုံးအမောဆို့ ပြီး Half Time နဲ့ ရပ်ဆိုင်းမယ်
ဒါပဲကောင်းတယ် စူပါကော်ဖီမစ် :)



4 comments:

khin oo may said...

စိတ်ကူးပေါက်ရာတွေဖတ်ပြီးထင်ချင်တာထင်သွားတယ။်

khin oo may said...

စောစောကတစ်ခေါက် မင်္ဂလာဆောင်ဓါတ်ပု့ကိုလာကြည့်ပြီးပြီး ကွန်မက်မရေးခဲု့မိတာ။

ရွှန်းမီ said...

hey..
နင့်ကဗျာကို ကြိုက်သွားပြီ
ကြားကွင်းမှာ ခြေစွမ်းပြတယ်လား :D

နေ့အိပ်မက် said...

တစ်ယောက်တည်းကန်မှတော့ ဘောလုံးပွဲက ဘယ်အရသာရှိတော့မလဲ

LinkWithin

Related Posts Plugin for WordPress, Blogger...