Friday, May 14, 2010

တစ်လုံးချိုင့်

ပျော်ရွှင်ခြင်းကို လိုချင်လို့
လိုက်ရှာလိုက်တာ
ဒုက္ခမျက်ရည်တွေကိုပဲ တွေ့မိတယ် မေမေ
ချမ်းသားခြင်း အစစ်မှန်ကို ကျနော်မရဘူး
တစ်ချို့ချို့တွေအတွက်
အရာရာဟာ လက်တစ်ကမ်းမှာ ရှိတတ်ကြပေမယ့်
ကျနော့်အတွက် အရာရာဟာ မိုင်းပေါင်းများစွာ
ဟိုး...............အဝေးမှာ
မိုလ်းဇော် ရဲ့ ကဗျာမှာတော့
တောင့်ထားလိုက် တောင့်ထားလိုက်
တကယ်တော့ လူ့ဘ၀ဆိုတာဘာမှမဟုတ်ဘူးတဲ့
သိလိုက်ပြီး မေမေ
တကယ်တော့ ကျနော်ဟာ အဆင့်မရှိတဲ့တစ်လုံးချိုင့်လေးပေါ့ ။

3 comments:

mirror said...

ရောပြွမ်း ပြွတ်သိပ်ထည့်ထားတဲ့ ကဗျာ...
သတိရတယ် သူငယ်ချင်း။ဒါပါပဲ။

ဝေလေး said...

အားမလျော့ပါနဲ့အစ်ကိုရာ။ နေဝင်ပြီးရင် နေထွက်တတ်တာပဲ။

Maung Myo said...

မိုင်၇ာ နဲ့ ညီမ ဝေလေးရေ့ ကဗျာတွေကရေးရင် အဲ့လိုဖြစ်ဖြစ်သွားတာ တကယ်တော့ အဲ့လောက်ကြီးလည်းမဟုတ်း) ၂ ယောက်လုံး ကျေးဇူးပါ ။

LinkWithin

Related Posts Plugin for WordPress, Blogger...