Thursday, May 13, 2010

နှင်းဆီနက်

မုန်းတယ် နှင်းဆီ
အနက်ရောင် နှင်းဆီကိုပိုမုန်းတယ်
အချစ် ဆိုတာကိုလည်း မုန်းတယ်
ဘယ်လိုအငြိုးတွေကြောင့်များ ကိုယ့်ဘ၀ တစ်ခုလုံး မွမွကြေသွားအောင် ဆော့ကစားရက်ခဲ့တာလဲ
''မေ ''ကိုယ် တကယ် မခံစားနိုင်ဘူး၊ အချစ်ကြောင့် သေသွားတဲ့သူတွေကို မိုက်ရူးရဲ ဆန်တယ်လို့ ပြောကြမှာလား
ကိုယ်ကတော့သူတို့  လေးစားတယ် လူဆိုတာ မျှော်လင့်ချက်တစ်ခုနဲ့  အသက်ရှင်နေတာ မဟုတ်လား ''မေ့ ''ဆီက အချစ်ကို တစ်နေ့ ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့  ငါအသက်ရှင်နေတာလေ အခုတော သွားကုန်ပြီး ငါ့ဘ၀ အားလုံးဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပြီ
ဒါတွေ အားလုံး အနက်ရောင် နှင်းဆီကို စွဲစွဲလန်းလန်း ကြိုက်ပါတယ်ဆိုတဲ့ ''မေ ''ဆိုတဲ့ မင်းကြောင့်

ကိုယ့်အတွက် ဘ၀လမ်းကြောင်းမှန်ပေါ်ကိုရောက်အောင် တည့်မတ်ပေးခဲ့တဲ့  ၊ မေတ္တာ ငတ်မွတ်နေတဲ့ ငါလိုလူတစ်ယောက်ကို ဘာကြောင့်များ နွေးထွေးတဲ့မေတ္တာတွေ ပေးခဲ့တာလဲ ''မေ '' မင်းကြောင့် လှပခဲတဲ့ ငါ့ဘ၀ မင်းကြောင့်ပဲ မလှပစွာ ပျက်စီးသွားခဲ့ရပါပြီ အဲ့ဒီအတွက် မင်းကျေ နပ်တယ်ဆိုရင် ဒီကောင်က လှလှပပကြီး သေဆုံးပြီး နှုတ်ဆက်ခဲ့ပါတယ်
ကျေနပ် ပါတော့ ''မေ '' မင်းလွယ်လွယ်ကလေး ဆုံးဖြတ်ပြီးရွေချယ်ခဲ့ မင်းအတွက် ပန်းခင်းလမ်းဆိုတာ ထာဝရ သာယာဖြောင့်ဖြူးပါစေလို့  ဆုတောင်းပါတယ်။ ဖုန်းမြင့် ဆိုတဲ့ လူငယ်လေးတစ်ယောက် သူချစ်တဲ့ မေ့ ကြောင့် လူပေလူတေ လေးတစ်ယောက်အဖြစ်ကနေ အချစ်ဆိုတဲ့ ညှို့ အားပြင်း တဲ့အရာနဲ့ တွေ့ ပြီးတဲ့နောက် သူ့ ရဲ့စရိုက်တွေ လုံးဝပြောင်းလဲသွားခဲ့တယ် ပတ်ဝန်ကျင်ရဲ့ ကဲရဲ့မှုတွေလဲ ပျောက်ဆုံးပြီး အံ့သြတဲ့ အသံတွေ ၊ မိဘတွေရဲ့ ၀မ်းသာပီတိ ဖြစ်မှုတွေနဲ့  သူ့ ရဲ့ ဘ၀ လေးက သာယာစိုပြေခဲ့ပါတယ် အရင်က သူငယ်ချင်းတွေ ခေါ်ရင် ငေါက်ခနဲ လိုက်သွားတတ်တဲ့ ကောင်ကလေး အခုတော့...

“သူငယ်ချင်းရေ လမ်းထိပ်မှာ ဂစ်တာသွားတီးရအောင် လိုက်ခဲ့ပါလားကွ''

'' ငါမလိုက်တော့ဘူး သူငယ်ချင်းတို့ ရာ စာကျက်စရာရှိသေးလို့  ဆောရီးကွာ ''

စာကျက်မယ်ဆိုတဲ့ အသံကို တစ်ခါမှမကြားဖူးတဲ့ သူငယ်ချင်းတွေက ထူးဆန်းတဲ့ မျက်လုံးတွေနဲ့  သူ့ ကိုကြည့်နေကြတယ် ဒါပေမယ့် သူကတော့ ဂရုမစိုက်တော့ ပါဘူး အချစ်ကြောင့် သူပြောင်းလဲသွားပြီး '' မေ့  ''ကြောင့်သူပြောင်းလဲသွားပြီသွားပြီဆိုတာ သူကိုယ်တိုင်လဲ ကောင်းကောင်းကြီး နာလည်ပါတယ် ...။

သူ နဲ့  သူမ ရဲ့တွေ့ ဆုံမှုလေးက ရိုးရိုးလေပါပဲ ဒါပေမယ့် ပြန်စဉ်းစားလိုက်တိုင်း ရင်ထဲမှာ တစ်လှပ်လှပ် နဲ့  အခုထိအမှတ်ရနေတုန်းပါ ...
ဆောင်းတွင်ရဲ့ ညနေခင်းလေးတစ်ခုမှာ ဆေးရောင်စုံ အလှပပြင်ဆင်မှုတွေ မပါပဲ သနပ်ခါးပါးပါးလေး လိမ်းချယ် ပြီး မြန်မာဆန်ဆန် ကျော့ရှင်း လှပနေတဲ့ သူမရဲ့ ရှည်လျှားတဲ့ ဆံကေသာထပ်မှာတော့ အပြာရောင်ဖဲကြိုး ပုံသဏ္ဍန် ကလစ်လေး နဲ့ အရမ်းကို ကျက်သရေရှိတဲ့ မိုးပေါ်က နတ်သမီးလေးပါပဲ..။ ဖုန်းမြင့် သူလဲ ငေးကြည့်နေလိုက်တာ ဘယ်လောက်တောင်ကြာသွားသလဲမသိ လျှပ်တပြက် သူမရဲ့ ကေသာထပ်က ပြုတ်ကျလာတဲ့ အပြာရောင် ကလစ်ကလေးကိုတွေ့ မှ သူသတိဝင်ပြီး အသက်ရှုဖို့  သတိရပါတယ် သူမ ကတော့ ဘာကိုမှမသိလိုက်ပဲ တဖြည်းဖြည်း နဲ့  ပျောက်ကွယ်သွားပါတယ် ဘေးဘီကိုကြည့်တော့လဲတစ်ယောက်မှမရှိ သူလဲ ခြေလှမ်းတွေက အလိုလျှောက်နဲ့  လက်တွေကလဲ ကလစ်ကလေးကို ကိုင်ပြီး သူမ ထွက်သွားတဲ့ လမ်းကလေးတိုင်း ရှာကြည့်လိုက်တယ် သူမရဲ့ အရိပ်ယောင်ကို မတွေ့ ရပါဘူး ဒါကြောင့် သူလဲ ကလစ်ကလေးကို သိမ်းထားလိုက်တယ် ...ထိုနေ့ မှစပြီး သူမရဲ့ ပုံရိပ်၊ ဆံကေသာလေးတွေနဲ့  လှပတဲ့မျက်ဝန်းလေးတွေကို သူ့ ရဲ့အာရုံထဲကဖျော်ဖျက်မရတော့ ပါဘူး အပြာရောင် ကလစ်ကလေးကတော့ သူမရဲ့ ကိုယ်ပွားလေးသဖွယ် သူဘယ်သွားသွား ယူဆောင်သွားခဲ့တယ် ...တစ်နေ့  သူမနဲ့  ပြန်ဆုံတွေ့ နိုင်မလားဆိုတဲ့ အတွေးတွေနဲ့  အရူးကြီးရူးနေတော့တာပေါ့.......။

ကံကြမ္မာ ဆန်းကြယ်ပုံများ သူမနဲ့  သူ ပြန်ဆုံတွေ့ ခွင့်ရခဲ့တယ် အဲ့ဒီနေ့ က နှင်းတွေအရမ်းကျနေတဲ့ မနက်ခင်းတစ်ခု ကျောင်းသွားဖို့  စက်ဘီးကလေးစီးပြီး ထွက်လာတဲ့ သူ နဲ့  မျက်နှာချင်းဆိုင်ကနေ မဟာဆန်တဲ့ ခြေလှမ်းတွေနဲ့  သူ့ ရဲ့မျက်ဝန်းထဲမှာ တစ်သက်လုံး အလွတ်ရနေမယ့် ပုံရိပ်ကလေး တစ်ဖြည်းဖြည်း သူနဲ့ နီကပ်လာတယ် သူ ဘာလုပ်ရမလဲ ၊ဘယ်ကနေဘယ်လို စ စကားပြောရမလဲ သူမ နာမည်လဲ သူမသိ.....နောက်ဆုံးတော့ အရဲစွန့် ပြီး သူမနောက်ကို သူလိုက်သွားလိုက်တယ် ပြီးတော့ စွံအ နေတဲ့လူတစ်ယောက်လို....


''ဟို...လေ ''
''ဟို...........''

စွံအသွားပြီလား မသိ သူမနဲ့ ကျမှ ဒီလိုဖြစ်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ အံသြမိတယ် ....

''ဟုတ်ကဲ့...ဘာကိစ္စရှိလို့ လဲမသိ ''

အရမ်းကို ဆွဲဆောင်မှုရှိပြီး တည်ငြိမ်အေးချမ်းတဲ့ အသံကလေးပါ သူလဲ အိတ်ကပ်လေးထဲက အပြာရောင် ကလစ်ကလေးကို ထုတ်ပြလိုက်တယ်.....

'' ဟောတော့....အဲ့ဒါ ကျမပျောက်သွားတဲ့ ကလစ်ကလေးပဲ ''

''ဟုတ်ကဲ့ ကျနော် ကောက်ရထားတာ ပြန်ပေးချင်လို့ ပါ ''

'' ဟင်း....ကလစ်ကလေးက ပျောက်သွားတာ ကြာပြီနော် ယူကကော ဒို့ ကိုဘယ်လိုလုပ်ပြီးသိနေတာလဲ ''

'' အော်...ဒီလိုပါပဲ တစ်နေ့ ပြန်တွေ့ ရင် ပိုင်ရှင်ကိုပြန်ပေးမယ်ဆိုပြီး သွားလေရာ ယူသွားဖြစ်တာပါ ''

ထို့ နောက် သူရဲ့ အချစ်မျက်ဝန်တွေနဲ့  သူမကိုကြည့်လိုက်ပါတယ် အရမ်းကိုလှပတဲ့မျက်ဝန်တစ်စုံပါပဲ ကြာကြာတော့ သူမကြည့်နိုင်ဘူး ဘာကြောင့်ဆို သူမရဲ့ တန်ပြန်အကြည့်တွေရဲ့ အောက်မှာသူ မခံစားနိုင်လို့ ပါ အဲ့ဒီနောက်မှာတော့ ပျူငှာဖော်ရွေတတ်တဲ့ သူမရဲ့ ဆက်ဆံရေးကြောင့် သူမ နဲ့  သူ ခင်မင်မှုတစ်ခုရရှိခဲ့ပါတယ် သူမရဲ့ နာမည်ကလေးက '' မေဆူး ''
တဲ့ သူ့ အတွက်တော့ သူမ နဲ့ ပက်သက်သမျှ အရာအားလုံးက ကဗျာဆန်ပြီးလှပနေတာပါပဲ အပြာရောင် ကလစ်ကလေးကတော့ သူ့ ရဲ့ ပိုင်ရှင်ထံပြန်ရောက်သွားပါပြီး ။တစ်နေ့ နေ့ ပေါ့ အခွင့်ရှိလာတဲ့အချိန် ကျ အပြာရောင် ကလစ်ကလေးကို သူတစ်သက်လုံးအမှတ်တရ သိမ်းဆည်းသွားနိုင်ဖို့  သူ တောင်ဆိုမှာပါ .....။

သူမ နဲ့  ခင်မင်ခဲ့တဲ့ အချိန်တွေမှာ သူမရဲ့ အရာရာကိုလေးလေးနက်နက်တွေးခေါ်နိုင်မှု ၊ လူကြီးဆန်ပြီး မိန်းမပီသတဲ့ သူမ ကို သူ အရမ်းမြတ်နိုခဲ့ပါတယ် သူ ချစ်နေတယ်ဆိုတာကိုတော့ သူမ သိပေမယ့် မသိဟန်ဆောင်နေခဲ့တယ် သူမ ပြောတဲ့ စကားက သူ့ အတွက် တော့ လိုက်နာဖို့ အသင့်ပါ သူမ မကြိုက်တဲ့ အပေါင်းသင်တွေ၊ အရင်က ဆိုးခဲ့မိတဲ့ အပြုမူတွေ အားလုံး ပြောင်းလဲပစ်လိုက်တယ် ဒါသူမကို ချစ်လို့ ပေါ့ တစ်နေ့ သူ အရဲ့စွန့် ပြီးသူမ ကိုချစ်ခွင့်ပန်ခဲ့တယ် သူမပြန်ပြောတဲ့ စကားက စာကိုသာကြိုးစားစမ်းပါတဲ့ နောက်ဆုံး စာမေးပွဲဖြေတဲ့နေရောက်ရင် အဖြေပေးမယ်တဲ့ သူအရမ်းကိုပျော်သွားတယ် ဒါကြောင့်လဲ သူအပြင်ထန်ကြိုးစားပြီး စာမေးပွဲအတွက်ပြင်ဆင်ခဲ့တယ် အဲ့ဒီရက်ပိုင်းအတွင်းမှာတော့ သူမ ဘယ်တွေသွားနေလဲဆိုတာ သူလဲ သတိမထားမိပါဘူးး ဘာပဲဖြစ်ဖြစ် စာမေးပွဲနောက်ဆုံးရက်ရောက်ရင်တော့ သူမနဲ့ တွေ့ ရမှာဆိုပြီးမေ့မေ့ပျောက်ပျောက်နဲ့  စာကိုပဲကြိုးစားခဲ့တယ် .............။

စာမေးပွဲဖြေဆိုပြီးတဲ့နောက် သူ စက်ဘီးလေး စီးပြီး သူမချိန်ဆိုတဲ့နေရာကိုရောက်သွားခဲ့တယ် အဲ့ဒီနေ့ က ဇူလိုင်လ ၃၁ ရက်နေ့  မိုးတွေလဲအရမ်းရွာနေတယ် သူရောက်သွားတော့ သူမက မိုးရေတောထဲမှာ အပြာရောင်ထီးကလေးဆောင်းပြီး ရပ်စောင့်နေတယ် သူမရဲ့ ကေသာ ထပ်မှာတော့ အနက်ရောင် နှင်းဆီ တစ်ပွင့်က နေရာယူထားတယ် သူမရဲ့မျက်နှာ ပေါ်မှာကတော့ ထူးဆန်းတဲ့အရိပ်ယောင်တွေ သူတွေ့ မြင်နေရတယ် သူရောက်သွားတော့ မိုးရေထဲမှာ မတ်တပ်ရပ်နေမိတယ် နှဦးစလုံးရင်ခုန်နေမှာပဲဆိုပြီး သူပျော်နေတယ် ဘယ်သူက စကားအရင်စပြောမလဲဆိုတာကိုလဲ ပြိုင်တူစောင့်မျှော်နေကြတယ် တိတ်ဆိတ်နေတဲ့ ၀န်းကျင်ကို အရင်ဆုံးဖြိုခွဲလိုက်တာကတော့ သူမ ပါ............. သူမ ပထမဆုံးပြောတဲ့ စကားက ရှင့်အတွက် ကျမမှာ အဖြေမရှိဘူးတဲ့ မိုးသံတွေနဲ့ မို့ သူနားကြားများလွဲသလား...နောက်တစ်ခေါက်သူမထပ်ပြောပါတယ်..


'' ရှင့်အတွက် ကျမမှာ ပေးစရာ အဖြေမရှိပါဘူး ''

''မေ ..ဘာကြောင့် ကျနော့်ကို နားလည်မပေးနိုင်တာလဲ ''

'' ရှင့်ကို ကျမ ပြောပြီးပြီပဲ ''

'' ဒါက တို့ တွေအတွက် အဓိကကျလို့ လား မေ ''

'' ရှင့်အတွက်တော့ မသိဘူး ကျမ အတွက်တော့ အဆင့်တန်းဆိုတဲ့စကားက အဓိက ''

'' ..................................... ''

'' ကျမဘယ်တော့မှ နှလုံးသားနဲ့  ဆုံးဖြတ်မှာ မဟုတ်ဘူး ဦးနှောက်ဆိုတာ လူတွေအတွက် အလကား ထည့်ပေးထားတာမှမဟုတ်တာ ဒါကြောင့် ဘယ်လိုအခြေနေ ဘယ်လို အချိန်မျိုးမှာပဲဖြစ်ဖြစ် ကျမ ဦးနှောက်နဲ့ ပဲဆုံးဖြတ်မယ် ''

''ဒါဆို ကိုယ်မင်းကို ချစ်မိတာ အပြစ်တစ်ခုလား မေ ပြောစမ်ပါ ''

'' ဒါလဲ ကျမ မသိဘူး သိဖို့ လဲမကြိုးစားဘူး ကျမတို့ တွေ့ ဆုံတာဒါနောက်ဆုံး အကြိမ်ပါပဲ ရော့ ဒါ ရှင့်နဲ့ ပက်သက်ခဲ့ဖူးတဲ့ အရာလေးတစ်ခု ကျမအတွက် အသုံးမ၀င်တော့ဘူး ''

မေ...
ပြာလဲ့လဲ့ကောင်းကင်တွေကို
မော့ကြည့်ပြီး
ရူးခဲ့တဲ့ကောင်တစ်ယောက်
ဒဏ်ရာတွေကိုငုံ့မကြည့်ရဲဘူး။ ။

ရူးမိုက်စွာ ရှေ့ဆက်တိုးမိတယ်
နှလုံးအိမ်ရဲ့ လမ်းပြကြယ်ပေါ့
အထင်နဲ့အမြင် မှားနေမှန်း
အဆင့်တန်းက ခွဲလာမှ သိလိုက်ရတယ်။ ။

ငိုတော့လေ... မထူးဆန်းတဲ့ပြဇာတ်လို့
လူတွေပါးစပ်ဖျားမှာ ဘယ်လိုရွက်ဆိုပါစေ
ငါငိုနေတာ ငါပဲသိတယ် ။



သူမပြော ပြီး သူ့ ကိုကမ်းတဲ့ အရာလေးကတော့ အပြာရောင် ကလစ်ကလေးတစ်ခု သူ့ မှာ ပြန်ပြောဖို့ စွမ်းအားတွေ မရှိတော့ပါဘူး သူမ သူ့ ကို အရမ်းရက်စက်တယ်......ကလစ်ကလေး ပေးပြီးတာနဲ့  သူမ သူ့ နားကနေပျောက်ကွယ်သွားပါတယ် သူမ ငိုနေသလား မဲ့ပြုံးပြုံးနေလား သူမသိတော့ပါဘူး သူ အပြာရောင်ကလစ်ကလေးကိုင်ပြီး မိုးရေထဲမှာ အကြာကြီး ရပ်နေမိတယ် သူဘာဆက်လုပ်ရမလဲ သူဘ၀ရဲ့ လမ်းပြကြယ် သူမက သူ့ ဘ၀ထဲက အပြီးကိုင်ပျောက်ကွယ်သွားပြီး အခုသူ့ မှာ အားအင်တွေ ကုန်ခမ်း မျှော်လင့်ချက်တွေလဲ ပျောက်ဆုံးသွားပြီး ..ထို့ နောက် သူရဲ့ စက်ဘီးကလေးကိုတွန်း လက်ထဲမှာတော့ အပြာရောင် ကလစ်ကလေးကို တင်းတင်းဆုပ် ကိုင်ပြီး ယိုင်နဲ့ နေတဲ့ ခြေလှမ်းတွေနဲ့  လမ်းဖြတ်ကူးတဲ့အခိုက် ...........

*********ဒိန်းးးးးးးးးးးးးးးး*************

ဆိုတဲ့ အရှိန်ပြင်းပြင်း ကားတစ်စီဝင်တိုက်သွားတဲ့ အသံနဲ့ အတူသူ့ တစ်ကိုယ်လုံး မြောက်ကြွ သွားခဲတယ် သူ့ ရဲ့ စက်ဘီးကလေးတစ်စစီ၊ ဒါပေမယ့် လက်ထဲမှာ တင်းတင်းဆုတ်ထားဆဲ အပြာရောင်ကလစ်လေးကတော့ သူ လောကကြီးထဲကထွက်ခွာသွားပြီဖြစ်ပေမယ့် သူ့ ရဲ့ ၀ိညဉ်တွေကတော့ တင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ.....သူကတော့ ဇူလိုင် (၃၁) မိုးသည်းတဲ့ ညနေခင်းတစ်ခုမှာ လူ့ လောက ကနေ ထွက်သွာသွားခဲ့ရပါပြီး.....................။




အနက်ရောင်တွေ ဖန်ဆင်း
ဆူးအဆိပ်ခင်းတဲ့လမ်းမှာပန်းပွင့်တယ်...
အဲ့ဒါ နှင်းဆီနက်........................
ဒါပေမယ့်...သိမ်ငယ်သေးနုတ်တဲ့တန်ဖိုးမဲ့
မြက်ပင်ငယ်တာအနက်ရောင်ကို
မျှော်ကိုးကိုယ်ကြိုးတစ်ခုစွန့်ရင်းနဲ့သာ
မျက်ရည်ကို အချစ်ထင်
ဆူးတွေကို အနမ်းလို့မြင်လျက်
မှောင်မိုက်မိုက်ည
.နှင်းဆီနက်........မဟူရာအလှမာယာတွေ အနန္တနဲ့
မင်းရဲ့ဆူးတွေငါ့နှလုံသားကိုအဆိပ်သင့်စေခဲ့သလား.........။

ဒီစာလေးကို ကျနော်ရေးဖူးတာကြာပါပြီး ဟိုးတုန်းက ရေးခဲ့တာလေးကို ပြန်ဖတ်ပြီး ရယ်လည်းရယ်ချင်တယ် ၂၀ ၀န်းကျင်းတုန်းက စိတ်ခံစားမှုနဲ့ အခု ရွှေရတုနီးလားတဲ့ လူပျိုမသိုးတသိုး တစ်ယောက်ရဲ့ ခံစားမှုချင်းကတော့ လုံးဝမတူတော့တာ သေချာတယ် ။ ပြန့်ကျဲနေတဲ့စာတွေကို တစ်ပုဒ်ချင်း ပြန်ကောက်သိမ်းနေရတဲ့ ကျနော့် အတွက်တော့ အမှတ်တရပေါ့း)

2 comments:

မိုးခါး said...

ဇာတ်နာတယ် .. :D
စာမေးပွဲအောင်အောင်ဖြေထားပြီးတော့မှ သေတယ်ဆိုတော့ :D

စကားမစပ် နင်က ငါ့ကို မှတ်မိသေးတယ်လားး)

ရွှန်းမီ said...

အဟောင်းပေမယ့် လွမ်းစရာလေးတွေပေါ့လေ =)

LinkWithin

Related Posts Plugin for WordPress, Blogger...