Tuesday, May 25, 2010

အဖြည့်ခံများ

ကျနော် (၄) နှစ်သား အပြင်းဖျားတုန်းက လူသူအရောက်ပေါက်နည်းတဲ့ တောရွာလေးကနေ အဖေက ကျောပိုး ၊ အမေက မီးအုပ်ဆောင်းကို ကိုင် သားသမီးဇော နဲ့ ညသန်းခေါင်ကျော် မြို့က ဆေးရုံးကို အပြင်းခရီးနှင်ခဲ့ကြတယ်။ အချိန်မှီ ရောက်လာလို့  သေကံမရောက် သက်မပျောက်ခဲ့တာတဲ့ အဲ့ဒီထဲက ကျနော်က မိဘ အတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုဖြစ်ခဲ့လေသလားး ဒါပေမယ့် အဖေ နဲ့  အမေကတော့ တစ်ခါမှ ယခုလိုမတွေးခဲဖူးဘူးတဲ့ ။ စကားနည်းတဲ့ အဖေ က သူ့ ရဲ့ မေတ္တာတရားတွေကို ဘယ်တော့မှ မထုတ်ပြခဲ့ပါဘူး သံသရတွေနဲ့  "အမေ.....အဖေက သားကို ချစ်ကောချစ်ရဲ့လား '' မေးတဲ့ အခါ အမေက ပြုံးရိပ်သန်းပြီး သားသမီးတွေအပေါ်ထားတဲ့ အဖေ ရဲ့ ပုံရိပ်တွေကို မြင်ယောင်လာအောင် ညအိပ်ယာဝင် ပုံပြင်အဖြစ် ပြောပြခဲ့ဖူးတယ်။


အဖိုး အဖွား တွေ ရဲ့ စကားတစ်ခွန်းက အဖေ နဲ့  အမေ့အတွက် အတော် သြဇာ ညောင်းခဲ့တယ် ။
"ပညာတက်လည်း စပါးတစ်စီး ပညာမတက်လည်း စပါးတစ်စီး " ဆိုတဲ့ စကားအတိုင်း ရေးတက်ဖတ်တက် တော်ပြီး ကျောင်းထွက် ဆိုတဲ့ စကားက ကျနော့်ရှေ့က မောင်နှမတွေ အတွက်တော့ ကံဆိုးစွာနဲ့  အဖေ နဲ့  အမေ က ကျင့်သုံးခဲ့တယ် ။ နေပူမိရင် ဖျားတယ် ၊ အအေးပက်ရင် ဖျားတယ် မွေးကတည်းက ရောဂါနဲ့  နပန်းလုံးလာခဲ့တဲ့ ဒီကောင့် အလှည့်လည်း ရောက်တော့ သူတို့ ရဲ့ ကျင့်စဉ်ကြီးကို ပြောင်းပစ်ခဲ့ကြတယ်လေ ။ အဖေပြောခဲ့တဲ့ စကားကို ကြားယောင်နေသေးတယ်
'' သားငယ် အတွက်ကတော့ တို့ တွေပေးနိုင်တာ သူ့ အတွက် ပညာအမွေတစ်ခုပဲ " ကံကောင်းစွာနဲ့  ပညာတက်ကြီးတစ်ယောက် မဖြစ်ခဲ့ပေမယ့် ကျနော် လူကြားထဲ မျက်နှာမငယ်ခဲ့ရဘူး။

ကျနော် လူပျိုပေါက်စ အ၀တ်စား လှလှ ၀တ်ချင်တဲ့ အရွယ် အဖြည့်ခံ လူသားနှစ်ဦး အဖေ နဲ့  အမေ က အရာရာမပြည့်စုံပေမယ့် တက်စွမ်းသလောက် ဆောက်ရွက်ပေးခဲ့ကြတယ် ။ ကျနော် မသိတက်တာလား တကယ်မသိတာလား အခုချိန်ပြန်စဉ်းစားလည်း သေချာတိကျတဲ့ အဖြေတစ်ခု ထွက်မလာပါဘူး ကျနော့်တို့ အတွက် အဖေ မနက်စောစော ထင်းလှည်းကိုမောင်း ဆောင်းတွင်အေးအေးမှာ အနွေးထည်မပါ စောင်ထူထူကို ခြုံပြီး ပင်ပန်စွာနဲ့  ကျွေးမွေးစောင့် ရှောက်ခဲ့တာကိုပေါ့ ။ တောဓလေ့ " စိတ်ညစ်တော့ အရက်ကို သောက်တယ် အရက်သောက်တော့ သိပ်စိတ်ညစ်တယ် " တိုင်းရင်းသားသံ ၀ဲဝဲနဲ့  အဖေ့ရဲ့ သီချင်းသံ၊'' အဖေ အရက်သောက်တာ သားရှက်တယ် '' လို့ ပြောတော့ '' အေးပါ ...သားရယ် အဖေ နောက်မသောက်တော့ပါဘူး '' ဆိုပြီး သားသမီးတွေကို စိတ်ချမ်းသာစေခဲ့တယ် ။

ယခု ကျနော် (၂၀) ကျော်သက်အရွယ် လူ့ လောကမှာ ခြေဖ၀ါး ၂ချပ်ချစရာ နေရာလေးတစ်ခုရလာတဲ့အချိန်
'' အဖေ နဲ့  အမေ နေကောင်းလား ''
'' ကျနော် ဖုန်းဆက်တယ် သတိရတယ်ပြောလိုက်နော် '' ဆိုတဲ့ အမှာစကား နှစ်ခွန်းက လွဲပြီး ဘာစကားမှ မပြောနိုင်ခဲ့ဘူး ဘာတာဝန်မှလည်း မကျေသေးဘူး အခုတော့ ကျနော့်ဘ၀ အတွက် အဖြည့်ခံ လူသားနှစ်ဦးက အမေ့ခံလူသားတွေ ဖြစ်သွားကြပြီလား ။
ကျနော် မတွေးပြရပါစေ နဲ့  ။ငယ်ငယ်ကအကြောင်းတွေကိုပြန်စဉ်းစားပြီး ပြန်လိုချင်မိတဲ့ အချိန်လေးတွေကတော့ အဖေ က အမေ့ကို နောက်ပိုးတုန်းက မယ်ဒလင် တီးပြီးဆိုခဲ့တဲ့သီချင်းလေ ကျနော် တို့ အငယ်တုန်းက လသာတဲ့ ညတွေမှာ အိမ်ရှေ့ကွပ်ပစ်မှာ ထိုင်ပြီး အဖေ က မယ်ဒလင်တီး အမေက သီချင်းဆိုခဲ့ကြတာ အဲ့ဒီအချိန်လေးတွေကို ပြန်လိုချင်တယ် ။ တမ်းတမက်မောခဲ့ရတဲ့ ခလေးဘ၀နေ့ရက်တွေကို သတိရမိပါတယ် ။

1 comment:

aye aye said...

Facebook မှာလို Like ဆိုတာပါရင်တော့ Click လိုက်မယ်...Like မပါတော့လည်း comment မှာဘဲရေးလိုက်ပါတယ်...ကျနော့်ဘ၀ အတွက် အဖြည့်ခံ လူသားနှစ်ဦးက အမေ့ခံလူသားတွေ ဖြစ်သွားကြပြီလား ။ ဒီစာသားလေးကိုအရမ်းကြိုက်ပါတယ်...မိဘတိုင်းဟာဒီလိုပါဘဲလေ

LinkWithin

Related Posts Plugin for WordPress, Blogger...