Tuesday, May 18, 2010

“ ဆိုရင် ”

နွေဦးကို ခစားဖို့ ကျေးငှက်တို့ 
တေးသီတယ်
မိုးကို ခစားဖို့  တိမ်တိုက်တို့ 
ငိုကြွေးတယ်
ဆောင်းကို ခစားဖို့  နှင်းစက်တို့ 
မြေခတယ်
လမင်းကို အမွှန်းတင်ဖို့  ကြယ်တွေက
ဝန်းရံတယ်

ပန်းကလေးတွေ သရုပ်ပေါ်ဖို့  ပျားပတုန်းတို့ 
နားခိုတယ်

အချစ်တွေ မွေးဖွားဖို့  အကြင်နာ စကားတို့ 
ခွန်းချွေတယ်

အလျှံပယ်ပေါ့ ချစ်သူ
ကိုယ့်ရဲ့ အချစ်တွေ မင်းကိုသာ ရည်ရွယ်တယ်
ဒါဟာ အချစ်စစ် တစ်ခုသာ ဆိုရင်
ကိုယ် သေမင်းဆီကိုပဲ သုံးဘီးစီးပြီး သွားတော့မယ်
Bye Bye ......

9 comments:

ဆောင်းယွန်းလ said...

ဘန်ကောက်မှာ တုတ်တုတ်အရင်စီးလိုက်ပါဦး ညီလေးရယ်..း)

လင်းဒီပ said...

ညီလေး တုတ်တုတ်နဲ့ သွားမှာလား ....

mirror said...

ဘာတုန်းဟ.. အဆုံးကျမှ နင့်ဟာက...း)

မိုးခါး said...

အေးလေ
အစကတော့ ဟုတ်ပီ ဟုတ်ရဲ့နဲ့
အဆုံးကျ အမြဲဖောက်တယ် .. :D

ဝေလေး said...

သုံးဘီး ဆိုတာ ဆိုက်ကားလား.. ဆိုက်ကားလည်း သုံးဘီးပဲလေ..။ :P

ShwunMi- said...

ကဗျာက မောင်မျိုးစတိုင် အစစ်ပဲ =)
မောင်မျိုးစတိုင်ဆို သူပြောတဲ့သုံးဘီးက ဆိုက်ကားပဲနေမယ်.. ဝေလေးပြောတဲ့အတိုင်းပဲ
...
သုံးဘီးနဲ့ပဲသွားလို့ နှေးနှေးရောက်ပါစေ သယ်ရင်း ;)

Maung Myo said...

ကိုဆောင်း ၊ ကိုဒီပ ......ကျနော်တို့ဘက်မှာတော့ စံပလောလို့ပဲ ခေါ်တယ် တုတ်တုတ် ဆိုတာ ပဲခူးတို့ နေပြည်ဘက်မှာ ခေါ်တာပါ ။

မိုင်ရာ .....ငါက အဲ့လိုပဲ မသိတာကျနော်ပဲနော် နင်ကလည်း ဟွန်းး) ။


မိုးခါး... ငါက ဘယ်သူတုန်း မောင်မျိုးပါဆို ။

ဝေလေးနဲ့ မီ...ဟုတ်တယ် ဆိုက္ကားတော်တော်စီးချင်နေတယ် အခု လေညှင်းခံထွက်လိုက်ရ ဘယ်လောက်ကောင်းမလဲနော့် ။

ကျောပိုးအိတ် said...

ဟွန်းးးးးးးးးးး

ကောင်းပုံကောင်းရဲ့ နဲ့ တော် ...
နောက်ဆုံးကြမှ သုံးဘီးစီးသွားတော့မယ်တဲ့ ..
း)

အမလဲ လိုက်စီးမယ်နော် ..
း)

:P said...

အားလုံးပြောသလိုပြောရပါတော့မည်။
သုံးဘီးစီးသွားမယ်တဲ့။ အဆုံးသတ်မှာ ထ ထ ဖောက်သကိုး။


ပုံ/ သုံးဘီးစီးရမှာစိုးလို့ အချစ်စစ်ဖြင့် မချစ်ရဲသူတစ်ဦး
အမည်မဖော်လိုသူ (sdl)

LinkWithin

Related Posts Plugin for WordPress, Blogger...