မနေ့က လှည်းတန်းက အင်းဝစာအုပ်တိုက်မှာ မ99စနေရဲ့ စာအုပ်လက်မှတ်ထိုးပွဲလေး လုပ်တယ် ကိုယ်လေးစားရတဲ့ ဘလော့ဂါမမကြီးဖြစ်တာကော အပြင်မှာလည်းတွေ့ဖူးချင်တာနဲ့ ပြီးတော့ ရန်ကုန်ရောက်နေတုန်း တိုက်ဆိုင်နေတာကြောင့် သွားဖြစ်ခဲ့ပါတယ် ။ ၀င်လိုက်တည်းက မှတ်တော့မှတ်မိတယ် ဘယ်လိုနှုတ်ဆက်ရမှန်းမသိလို့ ဆိုင်ထဲအရင်ဝင်သွားလိုက်တယ် ။ ဘလော့ဂါတွေထဲက ကိုသက်တန့်ချို ၊ တောကျောင်းဆရာတို့ကိုလည်းတွေ့လိုက်သေးတယ် ။
စာအုပ်ဝယ်ပြီးတော့  မ9  နဲ့ စကားခဏပြောဖြစ်တယ် “ဘယ်သူလဲမသိဘူး” တဲ့   မောင်မျိုး ဆိုတော့  တယ်ပျောက်နေပါလား တဲ့ ဘလော့ဂါတွေက အပြင်မှာလည်း   တကယ်ခင်တတ်ကြပါတယ်။ တိုင်းရင်းသားသံဝဲ၀ဲနဲ့  မ9 ကအပြင်မှာလည်းခင်ဖို့ကောင်းသား   မာနကြီးမယ်ထင်နေတာမဟုတ်ဘူးပဲ  ။ပြီးတော့  အအေးနဲ့ မုန့်ပြန်ကျွေးတယ်   စာအုပ်တစ်အုပ်ဝယ်တာနဲ့တင်တန်နေပြီး  =)  ခဏလေးပဲရှိသေးတာ စကားဆက်ပြောချင်သေးပေမယ့်  စိတ်မရှည်တော့တဲ့ သူငယ်ချင်းက   ဆွေကြည့်နေတာနဲ့  နှုတ်ဆက်ပြီးပြန်လာခဲ့ရတယ် ။
အမှတ်တရ လက်မှတ်ထိုးပေးနေတဲ့ မ99စနေ
မော်ဒယ်စိမ်း ဖက်ရှင်နဲ့  ဘလော့ဂါ မောင်နှမ    ( မော်ဒယ်ဆိုတဲ့အတိုင်း ပိန်လိန်နေတာပဲ အရိုးတွေပြိုင်းပြိုင်းထလို့ )
မ9 ဒီ့ထက်မက အောင်မြင်ပါစေလို့ ဆန္ဒပြုလျှက် ။
မ9 ဒီ့ထက်မက အောင်မြင်ပါစေလို့ ဆန္ဒပြုလျှက် ။
3 comments:
ဟိုတုံးကလိုဆလိုက်ရှိုးလေးထည့်တာမဟုတ်ဘူးကြောင်မျိုး။
များများစား။
အဲလိုမျိုးလေး ပိန်ချင်နေတာ ....
mie nge
ကိုမျိုး တော်တော်ပိန်သွားတယ်..။ အရင်ကတည်းက ပိန်ပါတယ်ဆိုမှ..။ ကျန်းမာရေးဂရုစိုက်... များများစား၊ များများအိပ် ၀လာအောင်..။ မပြောနိုင်ဘူး တစ်နေ့နေ့ တကယ်ဝချင်ဝလာမှာ..။
မှတ်မိသလောက် ရုပ်ပြောင်းသွားသလိုဘဲ..။
Evergreen Phyo
Post a Comment