Friday, March 11, 2011

ဗမာသီချင်းကို မွန်သံဖြင့်ဆိုသည်။

MgMyo.mp3


ရယ်သောသူ အသက်ရှည်၏တဲ့ ခဏခဏ စိတ်ညစ်အောင် လုပ်နေရတာ အားနာလို့ ရယ်စေချင်လို့ ဗမာသီချင်းကို မွန်+ကရင် သံပေါင်းပြီး ဆိုလိုက်ပါတယ်း) ဂစ်တာလည်းမတီးတတ်ဘူး အသံကလည်း ညှောင်တောင်တောင် ပျင်းပျင်းနဲ့ အရှက်မရှိဆိုပြီး တင်လိုက်တာပါ ဒီည အိပ်မပျော်ရင် တောင်းပန်ပါတယ် ။အဲ့တုန်းက သူငယ်ချင်း ဆရာဝံ ပေါက်စ က အတင်းဆိုခိုင်းတာနဲ့ပါ :P ရှက်လိုက်တာဗျာ ။

22 comments:

Anonymous said...

တရေးနိုး ဖွင့်လိုက်တာ လန့်နိုးသွားတယ်ဟ
အတော်ပဲ မနက် အိပ်ရာထတဲ့ အလန်းမှာ အဲ့အသံထည့်လိုက်ရင် ပြီးပြီ .. :P

ဟဲဟဲ
အလယ်ကားပြောတာနော် .. :P

မိုးခါး

Maung Myo said...

အလယ်ကားလည်း မပြောနဲ့ အနောက်ကားလည်းမပြောနဲ့ နင်မပြောလည်း ငါ့ကိုယ်ငါ သိပါတယ်ဟ မျောက်မ ငါက ရှက်နေပါတယ်ဆို နင်ကတစ်မျိုး ဟဟား ဘာသိလို့တုန်း ဂီတလောကကိုထိုးဖောက်မယ့် မွန်ပြည်နယ်က အဆိုတော်လက်သစ်ဟး)

အင်္ဂါဟူး said...

ဂီတလောက ကို ထိုးဖောက်မယ် မွန်ပြည်နယ်က အဆိုတော် လက်သစ်လေးခဗျာ... အားပေးလျှက်ပါ.

ခွိခွိ.. ဟီဟိ ခွစ်ခွစ် ဟာ ဟ (နားထောင်ရင်း)

ဖြောင်းဖြောင်းဖြောင်း ဝေး ရွှီရွှီ (နားထောင်ပြီး)

မေဓာဝီ said...

ဟဲ့ ပလုတ်တုတ် ...

သီချင်းအစ ဂစ်တာသံက တိုးနေတာနဲ့ အသံကို တဆုံးတင် နားကျပ်ကို နားမှာကပ်ပြီး နားလဲ ထောင်လိုက်ရော
...............................................
...............................................
...............................................
အဟဲ ......... ကောင်းပါတယ် ...
ရုတ်တရက် အသံအကျယ်ကြီး ထွက်လာလို့ လန့်ပြီး ယောင်အော်မိတာပါ။
တကယ်ကတော့ .... အင်း .... မကောင်းဘူးလို့ မပြောပါဘူး။ ဒီလိုပဲ ပြောရမှာပေါ့လေ ... လူမှုရေးကရှိသေးတာကိုး ... ဟဲ ... နောက်တာပါ။

မောင်မျိုးရဲ့ အင်မတန်မှ သာယာနာပျော်ဖွယ် ကောင်းပြီး သြဇာတိက္ကမ - ပြည့်ဝသော အသံက မလျှော့မတင်း စောင်းကြိုးညှင်းသကဲ့သို့ ဗျိုးဗျိုးဗျင်းဗျင်း တီးခတ်နေသော ဂစ်တာသံကို ဖုံးလွှမ်းသွားတဲ့အတွက် ဂစ်တာသံ ကြားရတော့တာလေးတခုပဲ ပြောစရာ ရယ်လို့ ရှိတာ ... အဟုတ် ... ။ :)))

ညီလင်းသစ် said...

ဟား...မိုက်တယ်ညီရေ့....၊ တကယ် တကယ်...၊း)

မူရင်းက ကိုမှိုး ထင်တယ်နော်၊ ပြန်ဆိုသူက ကိုမျိုး ဆိုတော့ သီချင်းတင်မဟုတ်ဘူး၊ နာမည်ကအစ လိုက်နေတာ...၊ ညီ့အသံက ဒီလောက် မဝဲပါဘူးဗျ..၊ ဂစ်တာသံ မကြားရတော့လို့ a cappella လို့ ထင်မိတာ တခုတည်း...၊ ဒီအသံက အနည်းဆုံး အဆောင်ထဲက လက်ဖက်သုတ်လောက်တော့ ထွက်လာစေနိုင် လောက်တဲ့ အသံမျိုး...။ :D အားပေးတယ်ဗျို့...။

Anonymous said...

ကျေနပ်ပါတယ်သူငယ်ချင်း...
ကောင်းတယ်...

Angelhlaing(May everybody be happy and healthy! said...

စာရေးကောင်းတာအပြင်အဆိုလည်းကောင်းတာပဲနော်အကို..။အားပေးသွားတယ်အကို။
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

Anonymous said...

ငါ့နှယ် ကောမန့်အရင်ဖတ်ပြီး နားထောင်လိုက်ရင်
အကောင်းသား အခုတော့ နေကောင်းခါစ လိပ်ပြာ
ပြန်လွင့်သွားပြီး ပြန်လျော်ပေးဒါဗြဲ


Baby taster

ကိုဇော် said...

အသံကလည်း ကောင်း
ရုပ်ကလည်း ချော
စာရေးကလည်း သွက်
စိတ်ဓါတ်ကလည်း ဂွတ် . .. .

သြော် . .သူများ သားသမီးတွေများ ကောင်းလိုက်တာနော်။
သေချာတယ် ဒီညတော့ အိပ်မပျော်တော့ဘူး။
( ဘယ်ပျော်မလဲ အလုပ်က ညဆိုင်းပါ ဆိုနေမှ. . )

မာမီကျောက် said...

ဟယ်...သူ့အသံကြားတာနဲ့ တခါထဲ ရင်သိမ့်တုန်..ဖင်သိမ့်ခုန်တွေ ဖြစ်သွားတာပဲ...

Anonymous said...

သီချင်းဆိုတော့လဲ အသံမဝဲပါဘူး။
ဂွတ်သားပဲ..။ ဂစ်တာသံမကြားရတော့ ဒီတိုင်းသီချင်းညည်းနေလားတောင်ထင်မိတယ်..။ သီချင်းဆိုတာ နားမထောင်ဖူးလို့ လာနားထောင်တာ.. ပြန်ပြီ.. တာ့တာ..။

ဝေလေး

Than Lae said...

အယ် ကောင်းပါတယ်။ မောင်မျိုးဆိုတာ သီးချင်း ကီးပျက်သွားလောက်အောင် မဆိုးပါဘူး။ ကျွန်တော့် မောင်လေးဆို သူဂစ်တာတီးပြီး သီချင်းဆိုရင် ကိုယ်ကြားဖူးတဲ့သီချင်းမှ ဟုတ်ပါလေစဆိုပြီး နင်ဆိုနေတာ ဘာသီချင်းလဲလို့ ပြန်မေးယူရတယ်။ ဟိ ဟိ။ တကယ်ပြောတာ ကောင်းတယ်။ ဆက်ဆို။ ဆရာဝံနဲ့ ပေါင်းဆိုပေါ့။

ညီသူအိမ် said...

အားပေးတဲ့သူတွေ များနေပြီဘရာ..
ဝမ်းစမိုး တူးစမိုး သရီးစမိုး:P

လပြည့်ရိပ် said...

အဆိုကောင်းတယ်... နောက်တခါ ဆိုတဲ့လူပါတဲ့ ဗီဒီယို ဖိုင် တင်ပေးပါ.. :)

လပြည့်ရိပ်

rose said...

မြောင်မျိုး သီချင်း ဆိုတာ လာ နားထောင်တယ်ဝေ့...။ တီးလုံး အသံ မပါဘဲ အလွတ် ဆိုထားတာတောင် ဒီလောက် ကောင်းနေတာ သေသေချာချာ ရီကောဒင်း လုပ်လိုက် လို့ကတော့ လွှတ်ကောင်းမှာဗျို့။ (မှတ်ချက်။ ။ နားပိတ်ပြီး အားပေးသွားပါတယ် ခိခိး)

http://redroseofburma.blogspot.com/

Anonymous said...

ရှက်စေ ရှက်စေ..နောင်တော်..

အုပ်ကြီး said...

လက်စသက်တော့ မကြင်နာလေသူကိုမှ သွားခြစ်မိတာကိုး ....
:D

Maung Myo said...

မိုးယံ..ရယ်ပေါ့ အောင်မာ...မင်းဆိုစမ်းပါအုံး အဲ့ကျမှ လှောင်အုံးမယ်း)


မမေ....ဟဟား အဲ့လိုကြီးတောင် ဖြစ်သွားတာလားဗျ အားနာလိုက်တာ ဘာပဲဖြစ်ဖြစ် ရှက်ပေမယ့် အစ်မ ကော့မန့်လေးဖတ်င်္ပြီး ကျနော် ပျော်သွားတယ် အစ်ကို အစ်မတွေကို ရယ်စေချင်လို့ ကျနော်တင်လိုက်တာဗျး)

ကိုညီ.... အစ်ကိုကတော့ ကိုယ့်ညီလေးစိတ်ချမ်းသာအောင် တော်တော်ပြောတတ်တာပဲဗျား) အစ်ကိုကောင်းတယ်ပြောလဲ ကျနော် နောက်တစ်ခါဆိုတော့ဘူး ဟဟ အားနာလို့ အဆောင်မှာတုန်းကတော့ လူအုပ်နဲံ့ အားဖြည့်ပြီး လိုက်အော်ဖူးတယ် အစ်ကိုး) ပျော်စရာကောင်းတယ် .


ကိုရဲ... တကယ်လား ကိုယ့်ကိုယ်ကို သိပေမယ့် ကျေးဇူးဗျး)

အိန်ဂျယ်လှိုင်.... အဆိုမကောင်းပါဘူးဗျာ မိုးတွေရွာအောင် အဲ့လိုမပြောပါနဲ့ ဒွတ်ခေါ

မဘေဘီ....ဟဟား ဆောရီးဗျာ တကယ်း)

ကိုဇော်.... အဲ့တာကတော့ မမဇော် တို့မြှောက်တာပဲး) ညဆိုင်းတွေံ များများဆင်းရပါစေ အဲ့တာမှ ၀ိတ်ကျမှာ ။

မေကျောက်..... ဖင်တော့ မခုန်လိုက်ပါနဲ့ အမေရယ် နေလည်းကောင်းတာမဟုတ်ပဲနဲ့း)

ဝေလေး...အေး အစ်ကိုလည်း ဒါပထမဆုံးဆိုဖူးတာပဲ ညီမရ ကျေးဇူးပါ မအားတဲ့ကြားက လာနားထောင်ပေးတာ ။။

မလဲ့...ဒါက ဆရာဝံကြောင့်ပေါ့ ကျနော့်ကို ရစ်နေတာနဲ့ သူ့ကိုမခင်ဘူးလေး ဘာလေးဆိုတော့ ဆိုပြလိုက်ရတာဗျ ။

ညီသူအိမ်....... ပေါက်ကရ မဆိုတော့ဘူး သူများတွေ အားနာစရာ ။

လပြည့်ရိပ် .... အသံနဲ့ နှိပ်စက်ခိုင်းပြီးတော့ ရုပ်နဲ့ နှိပ်စက်ခိုင်းမလို့လားဗျ လုပ်ပါနဲ့ ကျနော့် ဘလော့လေး ဧည့်သည်မရှိတော့ပဲနေအုံးမယ်း)

ရို့စ်.... နားပိတ်ထားတော့ တော်သေးတာပေါ့ ကြောင်အော်သံတွေကြားနေရအုံးမယ် ဟဟား ။။

ခရေတွန်လေး...သီချင်းလေး လုပ်ပေးတာ ကျေးဇူးညီ ဘွာဇ်း)

ကိုအုပ်.... ဟုတ်ပါ့ဗျာ ခြစ်မိသွားတာလေ ကြောင်မလေး ခြစ်သွားတားx)

မေသိမ့်သိမ့်ကျော် said...

မဆိုးဘူး အကို။ ကီးချော် ၊ ဘားကျိုးမှ မဟုတ်တာ။ ကီးလည်း ဝင်တယ် ၊ ဘားလဲ အိုကေပါတယ်။ ဆက်ကြိုးစားအစ်ကို ။ မကြင်နာသူက ကြင်နာလာပါလိမ့်မယ်....း)


ခင်မင်လေးစားလျက်

Maung Myo said...

မေသိမ့်.... ဘာပဲဖြစ်ဖြစ် သည်းခံပြီးနားထောင်ပေးသွားပုံရတယ်း) ကျေးဇူး ကြင်နာသူက ခုမကြင်နာတော့တာတဲ့ဗျ ဟဟား ။

Anonymous said...

ကလေးသံလေးနဲ့ပါကွယ်။ အဟီးး

ရတနာ

Anonymous said...

goyard bag
supreme
goyard bags
golden goose shoes sale
off white
off white outlet
supreme hoodie
russell westbrook shoes
kobe byrant shoes
fear of god outlet

LinkWithin

Related Posts Plugin for WordPress, Blogger...