Thursday, March 17, 2011

ဒီနေ့အလွဲ

အလွဲသေးသေးလေးပါပဲ မနက်မိုးလည်းကတည်းက စလွဲတာပါ ဒီမှာမိုးတွေရွာတာ ၂ ရက်ရှိပြီ ချမ်းတယ်ဆိုတာထပ်ကို အေးပြီးစိမ့်နေတာမိုးကလည်းထိလိုက်ရင် ရေခဲရေထိသလိုပဲ စိမ့်နေတာ ပူတော့လည်း ပူလို့ အေးတော့လည်း အေးလို့ အစိုးမရတဲ့စိတ်ပါလားနော် ။ မိုးရွာတော့ ကွေးလို့ကောင်းပါတယ် စောင်လည်းခြုံထားတာပဲ အားမရလို့ နဖူးနဲ့ ဒူးထိအောင်ကိုကွေးပစ်လိုက်တယ် မနက်ကျတော့မထချင်ပါဘူး နှိုးစက်ပေးထားပေမယ့် အော်တိုင်းဒေါသတကြီးနဲ့ ပိတ်ပိတ်ပစ်လိုက်တာလည်း ကိုယ်ပဲ။ ဘော့စ်ရဲ့ သားလေးက တော်တော်ကိုဆိုးလာပါပြီး ၃ ၄ နှစ်ကျော်ကျော်တော့ရှိပြီး စာမေးပွဲတွေပြီးတော့ သူတို့ကျောင်းတွေပိတ်ထားတာ တစ်နေ့လုံး ရုံးခန်းတည်း မျက်လုံးတွေကို မူးနောက်နေတာပဲ သူနဲ့ရန်ဖြစ်ရတာကတစ်မှု မနက်က ၇ နာရီကျော်ကျော်လေးရှိသေးတယ် အဲ့ခလေး အိပ်ယာကနိုးနေပါပြီး ရုံးတောင်မဖွင့်ရသေး သူက ကစားဖို့ ကွန်ပျူတာ PW လာမေးနေပြီ မထူးမချင်း နှိုးနေတော့တာနဲ့ ရေးပေးလိုက်တယ် ။

ခလေး လာနှိုးတုန်းက မထတဲ့ ကိုယ် မိုးအေးအေးနဲ့ ထပ်ကွေးလိုက်တာများ ၉ နာရီထိုးတော့မယ် ဟူး မိုးအေးအေးနဲ့ ရေကို ၃ ခွက်ပဲချိုးလိုက်တယ် ( ရတနာ ၃ ပါး) ။ ဘောင်ဘီးကို အလောတကြီးနဲ့ဝတ်တော့လည်း ဘိုင်းကနဲလဲကျသေးတယ် နာလိုက်တာ အသားတွေက အေးလို့ကျင်နေပါတယ်ဆို *** မနက်စောစော ဘုရားစာမရွတ်ပဲ ပရိတ်ရွတ်မိပြီး ကော်ဖီသောက်ဖို့လုပ်တော့ နို့မှုန့်ကုန်နေတယ် မိုးတွေရွာတော့ ဈေးဆိုင်ပြေးရမှာလည်းပျင်းတယ် ကော်ဖီမသောက်ရရင် စိတ်ကမကြည်ဘူး ။

နေ့လည်ပိုင်းရောက်တော့ ဘလော့တွေဖတ် ဖေ့ဘွတ်ပေါ်တက် ဂျီတော့မှာချက် အဲ့တာလည်းဝပြီး အလုပ်ကလည်းမရှိ မိုးအေးတော့ ကွေးချင်ပြန်ပြီး ငပျင်းဇာတာပါ မိုးအေးရင် အိပ်ပဲအိပ်ချင်နေတယ် “ ကျနော် ခဏတက်ကွေးလိုက်အုံးမယ်ဗျ ဘော့စ်မေးရင် ထမင်းသွားစားနေတယ်ပြောလိုက်နော့် ” ရုံးက အစ်ကိုကိုမှာပြီး ခဏလေးတက်ကွေးပါတယ် လာလိုက်တဲ့ဖုန်းတွေ စောနကဖြင့်လာပါလားကွာ ခုမှ မှေးရုံပဲရှိသေးတယ် *** ရွတ်ပြန်ပြီ တစ်ခေါက် မိုးကြိုးတွေတော့ ပစ်တော့မှာပဲ ။

ညနေပိုင်း စာသွားသင်ဖို့ကျ စက်ဘီးကတစ်ဖက် ကားတွေလည်းများ မသွားရင်လည်း စာကလိုက်မမှီရင် ဖတ်မတတ်တော့ပြန်ဘူး ပျင်းနေလို့မရဘူးလေ သွားမှဖြစ်မယ် အနွေးထည်ထူထူဝတ် ထီးတစ်ချောင်းနဲ့ လှုပ်စိ လှုပ်စိ တကယ်ပါ မိုးက မသိရင် ရေခဲမိုးကျနေတာပဲ တစ်ဖက်က ထီးကို ကျန်လက်တစ်ဖက်နဲ့ စက်ဘီးခေါင်းကိုကိုင်ပြီးနင်းနေတာ လက်ကကျင်ပြီး တအားအေးလာတယ် အဲ့တော့ ရေတွေတအားစိုနေတဲ့လက်ကို သုတ်မယ်ဆိုပြီး လွှတ်လိုက်တာ ဂျိမ်းစဘွန်းကျနေတာပဲ စက်ဘီးကလဲကော စိတ်တွေလေနေတာပြောပါတယ် တစ်ဖက်က ထီးကိုင်ထားတာကိုမေ့နေတာ နှစ်ဖက်လုံးလွှတ်ထားတဲ့နောက်တော့ လဲပြီပေါ့ ဒီမိုးကတော့ကွာ *** ။

စာသင်တဲ့ဆီက ပြန်လာတော့ ဒီနေ့ အိမ်မှာ ဂေါ်ဘီပဲကြော်တယ်လို့ ဟင်းချက်တဲ့ အစ်မကြီးက ကြေငြာထားတယ် ( အဲ့ ဂေါ်ဘီက ၁၂ ရာသီပတ်လုံးကိုရနေတော့တာပဲ ကုန်ကိုမကုန်နိုင် ) ။ ဆိုတော့ ဟင်းဆိုင်ဝင်ပြီး ဟင်းဝယ်လိုက်သေးတယ် ၀က်စွတ်ပြုတ်က ၂၀ဖိုး ငါးခြောက်က တစ်ကောင် ၀ယ်လာတာတွေ စက်ဘီးခြင်းထဲထည့် လူက တစ်ကိုယ်လုံးစိုနေပြီး စက်ဘီးကိုမြန်မြန်နင်း အိမ်ေ၇ာက်တာနဲ့ အ၀တ်စားလဲပြီး ဗိုက်ဆာတာကိုဖြည့်ဖို့လုပ်တော့ ငါးခြောက်မရှိတော့ဘူး ဟမ်း ၀ယ်ခဲ့တုန်းက ပါပါတယ် ဘေးနားကို မသကာင်္လို့ ဝေ့ကြည့်လိုက်တော့ ဒီမှာထည့်ရေးဖူးတဲ့ ခွေးပုကြီင်္းက ကိုယ့်ကို အူကြောင်ကြောင်နဲ့ကြည့်နေတယ် သူပဲဖြစ်ရမယ် ငါတောင်မစားရသေးဘူး မင်းက အလစ်သုတ်ရမလားဆိုပြီး ၃ ချက်တီးထည့်ပေးလိုက်တယ် သူက ကိုယ့်ကိုတောင်မကြည်ချင်တော့ဘူး ခပ်ဆွေဆွေနဲ့ကြည့်နေတယ် စိတ်ထဲမှာတော့ ဘလိုင်းကြီးပါလားလို့ဖြစ်နေမှာ ။နောက်တော့ ဘယ်ဟုတ်မလဲ ဟင်းထုတ်တွေယူထုတ်တုန်းက စက်ဘီးခြင်းထဲ ငါးခြောက်ကြော်ကကျန်ခဲ့တာ သူ့ကို သနားသွားလို့ တစ်ပိုင်း ဖဲ့ကျွေးလိုက်တယ် ကျန်တဲ့တစ်ပိုင်းကိုယ်စား ။ အဲ့တော့ ဒီနေ့ အလွဲတွေ ခပ်များများနဲ့ ကျနော် ညစာကို စွတ်ပြုတ်နဲ့ ငါးခြောက်ကြော်စားရင်း ဒီပို့စ်လေးရေးဖို့ အိုင်ဒီယာ ရသွားတယ် ကျေးဇူးပါ အလွဲရေ ဒါပေမယ့် မင်း ငါ့ဆီခဏခဏမလာစမ်းပါနဲ့ ငါ ကြက်သီးထလွန်းလို့ ။




14 comments:

Anonymous said...

မောင်လွဲလို့ပြောင်းလိုက်ပါလား

Angelhlaing(May everybody be happy and healthy! said...

အလွဲလေးတွေ လာဖတ်သွားတယ်အကို...။
အကိုကမှ အလွဲတွေကြား ငါးခြောက် စားရသေးတယ်
ညီမလေးကတော့ ..ငါခြောက်တောင် ဘယ်ဆီနေမှန်း
မသိ:P:P:P အဟီး
အားပေးသွားလျှက်အကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

လပြည့်ရိပ် said...

မောင်မျိုးရဲ့ အလွဲများကို အသံထွက်ရယ်မိတော့မလို့။ ဘေးမှာ လုပ်ဖော်ကိုင်ဖက် ၁ ယောက်ရှိနေလို့ ပါးစပ်ပိတ်ပြီး စပ်ဖြီးဖြီးလုပ်နေရတယ်..

Mon Petit Avatar said...

သွားမယ် သွားမယ် ဆိုပြီးမသွားဖြစ်သေးဘူး မဲဆောက်ကို။

Sunny said...

အလွဲတွေ လာဖတ်သွားပါတယ်.. ကိုယ်လည်း လွဲနေကျမို့ အဖော်ရပြီဆိုပြီး တွေးမိသွားတယ်..

ကိုဇော် said...

ငါ သုံးခါ ပြန်ကိုက်မယ်။ မင်းကျွေးတာကိုလည်း ပြန်ထွေးပေးမယ် ဆိုပြီး ခွေးကြီးက ပြောရင် ဘယ်လိုလုပ်မလဲ။ နောက်တစ်ခါဆို ကိုယ့်ကိုယ်ကိုယ် အရင်ရိုက် . . :D

ညီလင်းသစ် said...

အစကတည်းက ပြုံးစိစိနဲ့ ဖတ်လာတာ နောက်ဆုံးအပိုဒ် လည်းကျရော 'ဝါး'ကနဲကို ရီချလိုက်မိတယ် ညီရေ..၊ :D
အလွဲတွေကို ရေးထားတာလေး သဘောကျလွန်းလို့..၊ ဒီတခါလည်း ခွေးပုကြီး ပါလာပြန်ပြီ၊ အင်း..သူ့တော့ အတော်လေးတောင် စိတ်ဝင်စားလာပြီ၊ နောက်တခါ ပြန်လာဖတ်ရင် ထူးအိမ်သင်ရဲ့ 'နဲနဲလေးတော့ လွဲနေ မယ်'ကိုပါ ဖွင့်ထားပြီး ဖတ်ဦးမှ....။း)

Unknown said...
This comment has been removed by the author.
Unknown said...

မနေ့ က လျှာကိုက်ထားရတယ်...
ဒီနေ့ တော့ အဲဒီက animal abuse အဖွဲ့ ကို ဒီပို့ စ်လေး ပို့ ပေးလိုက်မယ်...
ဟားဟား...

ချစ်ကြည်အေး said...

ဟဲ့ ပလုတ်တုတ်....အလွဲ လာဖတ်တာ ဘယ့်နှယ် ဖေ့ဘွတ် ဘက်ခ်ျက နထူပြုံးလေးနဲ့ ဝင်းဦးအငယ်စားလေးကို ကြည့်မိပါလိမ့်.....ဟဟဟဟဟဟ

အပြင် လျှောက်သွားနေ တော်ကြာ အက်စစ်မိုး ဖြစ်နေဦးမယ်....ငါးခြောက်ကြော်ထဲမှာ ရေဒီရေးရှင်း ပါ မပါ စစ်ပြီးမှ စားပါရန်.....:)

မိုးယံ said...

နည်းနည်းတော့လွဲနေတယ်(ခွေးကို အသားလွတ်ကန်တာ) လွဲလွဲလေးလဲ ကောင်းပါတယ်. (ပို့စ်တစ်ပုဒ်ဖတ်မှတ်ရတာပေါ့)

ကိုယ့်အပြစ်ကို စကားမပြောတတ်တဲ့ ခွေးပုကြီးကို ပုံချတဲ့ ငပျင်းဇာတာရှင်...မိန်းမ ကိုးယောက် ရပါစေတော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖွဟဲ့ လွဲပါစေ
တော်ကြာ သူ့အလွဲလာဖတ်ပြီး ကျုပ်ပါတစ်နေကုန်လွဲနေရင် ဒုက္ခ
တော်သေး ငါးခြောက်စားမလို့ ဒီနေ့
တော်ပြီ စားတော့ဘူး
ကြက်ဥလေးဘဲပြုတ်စားတော့မယ်။
ကော်ဖီမသောက်ရရင် စိတ်မကြည်ဘူးဆိုတာတော့ တူသကွဲ့..
မျက်နှာမသစ်ခင် ကော်ဖီနဲ့ အရင် တွေ့ရတယ် ပြောရမယ်..
ကဲ.. ဒီနေ့တော့ အလွဲတွေ ကင်းတဲ့နေ့ဖြစ်ပါစေ..း)

Than Lae said...

ဟား ဟား မောင်မျိုးရေ အဆုံးကျမှ ကျွန်တော် ယောင်ပြီး အသံထွက်ရီမိလို့ ဘေးပတ်လည်စားပွဲတွေက လှမ်းစပ်စုတာ ခံလိုက်ရတယ်။ တော်လိုက်တဲ့ ရေးချက်ဗျာ။ ကြိုက်တယ်။ ပြီးတော့ ခွေးပုကြီးရဲ့ ခပ်ဆွေဆွေ အကြည့်ကို မြင်ဖူးချင်တယ်။ အဟိ,,ဟီး

Anonymous said...

ခွေးလေးသနားပါတယ်..

LinkWithin

Related Posts Plugin for WordPress, Blogger...