Monday, March 14, 2011

ဘဝ

ခေါက်သိမ်းမယ်ဆိုတော့လဲ

ခေါက်ရိုးကျိုးမှာစိုးတယ် …


ဒီလိုနဲ့ ဖြန့်ခင်းထားလိုက်တာ

နွေ ... မိုး ... ဆောင်း …


သွားစရာရှိလို့ဝတ်မယ်လုပ်မှ

အရောင်တွေ … အရောင်တွေလေ …

… … လွင့် … … လို့ … …



တည်ညိမ်းကို



7 comments:

ညီလင်းသစ် said...

ဒီလိုနဲ့ပဲ ကြေမွနေတဲ့ ဘဝတွေလည်း တဖြည်းဖြည်းကို များလာနေခဲ့တယ် ထင်ပါရဲ့ဗျာ..၊

ကဗျာလေး ကြိုက်တယ်ညီရေ၊ မျှဝေတာ ကျေးဇူး...။

Angelhlaing(May everybody be happy and healthy! said...

အကိုရေ..ကဗျာလေးခံစား ပေးသွားတယ်နော်။
စာလုံးရေ နဲပေမယ့် ထိရှတဲ့ အတွေးတွေနဲ့..
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

ပန်ဒိုရာ said...

ခေါက်မသိမ်းလိုက်ပါနဲ့
ဒီလိုပဲ သွားရင်းလာရင်း လွင့်ရင်း.. အရောင်တွေ ပြောင်းပြောင်း သွား...

ဟန်ကြည် said...

ကောင်းလိုက်တဲ့ ကဗျာ တိုတိုလေးနဲ့ ရင်ထဲကိုရောက်တယ် ကျေးဇူးပဲ ညီလေး

လင်းဒီပ said...

ဒါမျိုးတွေလည်း ရေးတတ်အောင် လုပ်လေကွာ :))

ချော(အစိမ်းရောင်လွင်ပြင်) said...

အသိမ်းလွန်သွားရင်လဲ ခုလိုဖြစ်တတ်ပြန်တာဘဲလေ
ဒီတော့ မသိမ်းထားတာ ပိုကောင်းမယ်ထင်တယ်နော် ..
အတွေးလေးတစ်ချို့ရလိုက်တယ်
မျှဝေတာ ကျေးဇူးမောင်မျိုးရေ

Unknown said...

Hello Ko Myo ...
Nice to meet u again .
T Nyein Ko
htuntnyeinkohtun@gmail.com

LinkWithin

Related Posts Plugin for WordPress, Blogger...