Tuesday, March 8, 2011

ဈေးဆစ်ခြင်း

စာရေးဖို့ ဘာရေးရမှန်းမသိရင် ကိုယ်ကြိုက်တဲ့ ဘလော့ကစာဟောင်းတွေသွားသွားပြန်ဖတ်တတ်ပါတယ် ။ ပြီးရင် ကုန်ကြမ်းလေးတွေရရလာတယ်း) သူများဦးနှောက်ဖေါက်စားတာမဟုတ်ဘူးနော် ဒီလိုပဲ အိုင်ဒီယာလေးရလာတယ်ပြောရမှာပေါ့ ကျနော်ရခဲ့တဲ့ကုန်ကြမ်းမှာတော့ စာရေးသူက ဈေးမဆစ်ရဲတဲ့အကြောင်းရေးထားတာပါ (ဘယ်သူလဲဆိုတာမပြောတော့ဘူး ဟဲဟဲ) ။ ကျနော်ကတော့ သူနဲ့ပြောင်းပြန်ပါ အငယ်လေးထဲက ဈေးရောင်းဈေးဝယ်နဲ့ကြီးပြင်းခဲ့ရလို့လားမသိ ဈေးမှန်လား အင်ဈေးလားဆိုတာ မှန်းတတ်ပါတယ် ။ ဒီအမွေကတော့ အစ်မဆီက ကောင်းသောလက်ဆင့်ကမ်းခြင်းတွေရခဲ့တာပါ တစ်ခါတလေ အစ်မ မအားတဲ့ အခါကျ ဈေးစာရွက်လေး ရေးပေးလိုက်တယ် ကျနော်က ၀ယ်ရုံပဲ ဘယ်လိုမျိုးလတ်တာကိုဝယ် ပုတ်နေရင်မ၀ယ်ခဲ့တဲ့ ဘယ်ဟာကတော့ ဘယ်ဈေးလောက်ပဲရှိမှာ များရင် တစ်ခြားဆိုင်ပြောင်းဝယ် ဆိုတာမျိုးတွေမှာတတ်ပါတယ်။

အစ်မမှာလိုက်တဲ့ဈေးနဲ့ ကွာနေရင် ဆိုင်အနှံ့လိုက်မေးလိုက်တယ် ကျနော်တို့မြို့က ဈေးကို မြို့သူမြို့သားတွေတင်စားခေါ်ဝေါ်ကြတာက “ယောက်ခမ နဲ့ ချွေးမ ရန်ဖြစ်တဲ့ဈေး” တဲ့ ဒီနေ့ ၁၀၀ တန်တဲ့ဈေးက နက်ဖန်ကျရင် ၅၀၀ လောက်ဖြစ်ချင်ဖြစ်သွားလို့ပါ ဈေးထဲမှာ ယောက်ခမ နဲ့ ချွေးမ ရန်ဖြစ်ကြတာမဟုတ်ပါဘူး ။ပိုနေရင်တော့ ကိုယ့်အတွက် ဘတ်ငွေလေးရတာပေါ့ “ ၅၀ သားလောက် ယူမှာမလျှော့တော့ဘူးလား ကျနော် ....မောင် နော်ဈေးပိုမပြောနဲ့ ” အဲ့လို ဆိုးတာပါ။ ဈေးလျှော့ခိုင်းလို့မရရင်တောင် ချိန်ခွင်လျှာလေး ဇောက်ထိုးဖြစ်နေမှး) ။ မုန့်ဖိုးရလို့ မုန့်ဆိုင်ပြေးဝယ်ရင်လည်း ကိုယ့်မှာပါတာက မုန့်တစ်ထုတ်ဖိုးလောက်ပဲ ဈေးဆိုင်မှာရှိသမျှမုန့်ကို လက်စမ်း နှိပ်လို့ရရင် နှိပ်ကြည့်လိုက်သေးတယ် ။ နောက်ဆုံးယူဖြစ်တာက ဈေးအပေါဆုံးမုန့် ကိုယ့်မှာပါတာ အဲ့တာလောက်ပဲရတာကိုး ။

တစ်ချို့ကတော့ ယောက်ျားလေးဈေးဆစ်ရင်ပဲ သိက်ခါ ကျသလိုလို ကျနော်ကတော့ သူများပစ်စည်း အလကားတောင်းတာလည်းမဟုတ်တော့ အဲ့တာတွေလည်းမတွေးပါဘူး အဓိက က သူများဈေးမတရားတင်ထားတာမခံရဖို့ပဲလေ ။မော်လမြိုင် ၂ ထပ်ဈေးက ဈေးအင်မတန်တင်တဲ့ဈေးလို့နာမည်ကြီးပါတယ် လူတိုင်းနီးပါးပြောတဲ့ဈေးပေါ့ သူငယ်ချင်းတွေကျောင်းပိတ်ရက် ဈေးသွားကြတော့ ကိုယ်တွေနယ်မြို့မှာတောင် ၅၀၀၀ တန်လောက်ပဲရှိတဲံ့အကျီ င်္က ဒီမှာကျ ၇၀၀၀ လောက်ရှိနေတယ် တွေ့ပြီး တကယ်တော့ ကျနော်ဝယ်မှာမဟုတ်ပါဘူး သူငယ်ချင်းဝယ်မှာပါ ကိုယ့်ရဲ့ငုံစိတ်လေးက မနေနိုင်တော့ “ ကျနော်တို့ ဟိုနားကဆိုင်မှာဝင်မေးခဲ့ပြီးပြီး ၇၀၀၀ ကတော့များတာပေါ့ ၃၅၀၀ ရရင်ယူမယ် မရရင်လည်းနေပါစေ ဟိုဆိုင်ပဲသွားပြန်ဝယ်မယ် ” အတည်ပေါက်နဲ့ တုတ်ထည့်လိုက်တာပါ ကျနော်တို့ဈေးရောက်ရောက်ချင်း ဒီဆိုင်ကိုစ၀င်တာပါ ။သူငယ်ချင်းကတော့ ကျနော့်ကိုမျက်လုံးကြီး ပြူးလို့ “ မင်းကလည်းကွာ အားနာလိုက်တာ ထက်ဝက်ကြီးတောင်ဆစ်ချလိုက်တယ်” တဲ့ သူ့ကိုအသာနေဆိုပြီး မျက်စိမှိတ်ပြလိုက်တယ် “ဒါဆိုလည်းနောက်မှပြန်လှည့်လာတော့မယ် လိုက်ကြည့်အုံးမယ် ” ဆိုတော့ ဆိုင်ရှင်က ယူသွားယူသွားတဲ့ ပိုင်တယ်ဟုတ် ။ ကိုယ်လည်းဈေးရောင်းဖူးတဲ့သူပဲ အရှုံးခံပြီးတော့ ဘယ်သူကရောင်းမတုန်း ဒါက ဈေးမှန်ပဲး) ။

ဈေးဝယ်ရင်လည်း သတိထားရတယ် ပုပ်နေတဲ့သားငါးတွေမထိဖို့ ၀ယ်ခဲ့ပြီးမှ အနာဆာတွေ့လို့စိတ်ညစ်ရတဲ့ဒဏ်ကိုလည်းမခံနိုင်ပါဘူး ဆိုင်ရှင်စိတ်ရှည်ချင်ရှည် မရှည်ချင်နေ ကျနော်ကတော့ အကျီ င်္ဝယ်လည်း ချုပ်ရိုးတွေ ကြယ်သီးတွေကအစကြည့်တာပဲ မကြိုက်ရင်တော့ မ၀ယ်ဘူး ကောင်းကွက်လား ဆိုးကွက်လားမသိပါဘူး ကျန်တဲ့နေရာတွေ အားနာတတ်ပေမယ့် ဈေးဝယ်တဲ့နေရာတော့ အားမနာတတ်ပါဘူး ။အဲ့ထက်ဆိုးတာလေးက မုန့်ဟင်းခါးစားပြီးရင် ဟင်းရည်တောင်းသောက်တဲ့ပြသနာ အပိုလေး မပါရင် ဗိုက်အောင့်တတ်လို့ပါ တစ်ခါခါ ဟင်းရည်က အရမ်းကောင်းနေရင် ကိုယ်တောင်းထားတဲ့ ဟင်းရည်က ကုန်ပြီး သူငယ်ချင်းက ဟင်းရည်မကြိုက်တတ်တော့မတောင်း ကျနော်က သူ့ကိုပန်းကန်င်္ကြိးထိုးပေးပြီး ”ရော့ ငါသောက်မယ် မင်းတောင်းပေး” သူက အကြောင်းသိတွေဆိုတော့ အပြစ်မဆိုတော့ဘူး ဟင်းရည် ၂ ခါတောင်းရင်တော့ ဆိုင်ရှင်က ရိုက်တော့မှာမဟုတ်လား :)။

ဒီမှာဈေးဝယ်ရတာတော့ သိပ်ကောင်းပါတယ် ဈေးလည်းချိုတယ် ပေါလည်းပေါတယ် ။အင်းး....ဒီလောက်ထိ ဈေးဆစ်နေလို့လည်း ဂျီးထူနေလို့လည်း ခုချိန်ထိ အငယ်တုန်းက မုန့်ဝယ်စားသလို ကိုင်ကြည့်လို့လည်းမရ နှိပ်ကြည့်လို့လည်းမရ နမ်းကြည့် ရှူကြည့်လို့တဲ့မရ ပြီးတော့ မုန့်ဟင်းခါးစားပြီးရင် ဟင်းရည်အဆစ်တောင်းလို့မရတဲ့ ဈေးဆစ်လွန်လို့ ဈေးဦးမပေါက်တဲ့ ဈေးသည်ကြီးဖြစ်နေပါတယ် :P ။




14 comments:

မေဓာဝီ said...

အမတော့ ဈေးမဆစ်ရဲပေါင် မောင်မျိုးရယ်။ ဈေးသည်တွေက နှုတ်ရဲ လျှာရဲနဲ့ တော်ကြာ လူကြားထဲ အော်ဆဲခံနေရမှာ စိုးပါတယ်။
မောင်မျိုးဈေးဆစ်တာဖတ်ပြီး ဟာသတခု သွားသတိရတယ်။
လူတယောက်က မြို့တက် ဈေးဝယ်တော့ ခေါက်ချိုးဆစ်ရမယ် ကြားဖူးတာနဲ့ ၁၀၀ တန်ကို ၅၀ နဲ့ဆစ်သတဲ့။ ဈေးသည်က ယူသွား ဆိုတော့ ... ဒါဆို အစိတ်ထားတဲ့ ... ။ နောက်ဆုံး ဈေးသည်က စိတ်တိုပြီး အလကားသာ ယူသွားပေတော့ လဲ ပြောရော .... ဒါဆို ၂ ခုပေးတဲ့။
မောင်မျိုးလဲ အဲလိုဖြစ်နေအုံးမယ်နော်။ :)

နေ၀ဿန် said...

နောင်ကျရင် အိမ်မှာ မောင်မျိုးကို ဈေးဝယ်ခေါ်ထားဦးမှ... :P


ခင်မင်တဲ့
နေ၀ဿန်

ညီလင်းသစ် (ကုန်ကြမ်းကုန်သည်) said...

ကျနော်ကတော့ ဝယ်မယ့်ပစ္စည်းကို စေ့စေ့စပ်စပ် အကြာကြီး ကြည့်လေ့ရှိပေမယ့် ဈေးဆစ်ဖို့တော့ အခုထိ ဝန်လေးတုန်းပဲဗျ၊ ဒီမှာကျတော့ မဆစ်ရလို့ အဆင်ကိုပြေလို့..၊ ထိုင်းရောက်ရင်တော့ ဈေးမဝယ်ခင် ညီ့ကို အရင်လာခေါ်မှပဲနဲ့ တူတယ်၊း)

ပုဂံက ကလေးတွေက နိုင်ငံခြားသားတွေကို ဈေးရောင်းရင် ဈေးဦးမပေါက်သေးလို့ပါဆိုပြီး morning lucky လို့ ပြော,ပြောရောင်းတယ်၊ ဧည့်သည်တွေက အဓိပ္ပါယ်သိသွားတော့ ပေါက်သွားပါစေတော့ဆိုပြီး အားပေးကြတယ်၊ ညီလည်း ဒီတခါ စိတ်ဝင်စားသူလေး တွေ့ရင် မောနင်းလပ်ကီး လို့ စမ်းပြောကြည့်ပါလား၊ သဘောကောင်းတဲ့ ဈေးဝယ်သူလေး ဖြစ်ချင် ဖြစ်နေမှာနော...ဟားဟား။

ကိုတွဋ် said...

ဒီမှာတော့ ခေါက်ချိုးဆစ်မှဈေးမှန်ရမှာ.. နိုမို့ဆို.. ဈေး
ကြီးမိရောဘဲ..

Angelhlaing(May everybody be happy and healthy! said...

ညီမလေးက
ဈေးဆစ်ဖို့ဝန်လေးတက်သူတစ်ယောက်ပါ။
အမြဲတမ်းလည်းဈေးကြိးမိတက်ပါတယ်:P:P
....အားပေးသွားတယ်အကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Anonymous said...

ကျွန်မလည်း ကုန်ကြမ်းယူပြီးပြန်သွားပြီ :P

လပြည့်ရိပ်

မေကျောက်အချစ်ဈေးမဆစ်နဲ့ said...

ရည်းစားစကားပြောရင် ဈေးဆစ်ပြီးမှပြော..
ပါးရိုက်မှာလား...နှစ်ချက်ရိုက်မယ်ဆိုရင် တချက်ပဲရိုက်ပါတို့ ဘာတို့ပေါ့..
သူက လက်ခံရင်လဲ အဖေါ်နောက်တယောက်ရှာခဲ့ နှစ်ယောက်မှ ယူမယ်လို့ ပြောလိုက်..

မိုးယံ said...

အိုင်ဖုန်း တစ်လုံးတွေ့ထားတယ်.. လိုက်ဝယ်ပေးစမ်းပါကွယ်...

ကိုအောင်(ပျူနိုင်ငံ) said...

ဈေးဆစ်ကောင်းလို့ တခါက မြန်မာ့အလေးမ
ချန်ပီယံတစ်ဦး ရန်ကုန်က မင်္ဂလာဈေးထဲမှာ
အရိုက်ခံရဖူးတယ်၊ အချစ်တော့ ဈေးမဆစ်နဲ့
နော် လူပျိုးကြီးဘ၀က ကျွတ်ချင်ရင်ပေါ့ ...

Mon Petit Avatar said...

ဈေးဆစ်ရမှာ အခုထက်ထိဝန်လေးတုန်းဘဲ။ ရုပ်ကလဲ သံပုရာသီးလို အချဉ်ရုပ်ကိုထွက်လို့ဆိုတော့ ဘယ်တော့မှဈေးချိုချိုရတယ်မရှိဘူး။

မိုးခါး said...

ဒီဈေးသည်ကြီး တိုင်ဖက်နေတာ တွေ့တည်းက ဈေးဦးမပေါက်ဘူးဆိုတာ သိသားပဲ .. :P

ငါကတော့ ဈေးမဆစ်တတ်ဘူးဟ .. ဒါကြောင့် တခွန်းဆိုင်ပဲ ၀ယ်ဖြစ်တာများတယ် .. ဆစ်ရမှာ အားနာတာလေ .. :D ငါမှမဟုတ်ဘူး ငါ့သူငယ်ချင်း မိန်းကလေးတွေအကုန် အဲ့လိုပဲ .. နဲနဲလေး ဆစ်ကြည့်လိုက်လို့ ၁၀၀ ၂၀၀ သက်သာသွားရင်ပဲ ကိုယ့်ကို တော်လှ မှတ်နေကြတလေ .. :P ဆစ်ပြီး ပစ္စည်း ကိုယ့်လက်ထဲ ရောက်ပီဆို ခေါင်းချင်းဆိုင်ပြီး ငါတို့ ဆစ်တာနဲသွားပြီလား မသိဘူးနော်ဆို ခေါင်းကိုက်ကြပြန်ရော .. :P

တကယ်ကတော့ အချဉ်ဖမ်းခံရတယ် ဆိုပါတော့ကွယ် .. :P

Than Lae said...

ကျွန်တော်လည်း ဈေးမဆစ်တတ်ဘူးဗျာ။ ဘာရယ်မှန်းမသိ လျော့ဖို့ ပြောရမှာ အားတွေနာနေလို့ အိမ်ကဆို လုံးဝ ဈေးမဝယ်ခိုင်းဘူး။ ကိုယ်ကိုယ်တိုင်တော့ ဈေးကပ်ပြီးသား(တစ်ခွန်းဈေး)ပဲ ဝယ်ဖြစ်တယ်။ ဟင်းရည်ကို မရမက နှစ်ခါရအောင် သောက်တဲ့မောင်မျိုး,,,ဟ ဟား ဟား။ တော်ချက်!

အုပ်ကြီး said...

နဲနဲရှည်ရှည်လေးထပ်ဖတ်ချင်တာ ..
ဈေးဆစ်တယ်ပြောနေဦးမှာစိုးလို့ 

nYi ThU E@in said...

ဈေးဦးမပေါက်သေးလို့ပါ မျိုးမျိုးရယ်း)
အလကားတော့ မရဘူးကွယ်

LinkWithin

Related Posts Plugin for WordPress, Blogger...